ဂျပန်နိုင်ငံက ကောလိပ်ကျောင်းသားတစ်ဦးရဲ့ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

(ယခင်အပတ်မှအဆက်)

ကောင်မလေးက ကျွန်တော့်လက်ကို လှုပ်ခါ တယ်။ ကျွန်တော်က ငုံကြည့်တော့ သူက ပြုံးပြ တယ်။ ပြီးတော့ ‘‘သမီးနဲ့ အတူတူ လိုက်ကစား ရမယ်နော် ...’’လို့ပြောတယ်။ ကျွန်တော်က သူမကိုတော့ စိတ်မညစ်စေချင် ဘူး။ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ ဒီ ကလေးမလေးကို ကျွန်တော်က မြင်မြင်ချင်း သနား မိနေလို့ဖြစ်ပါတယ်။ ဒါကြောင့် ကောင်မလေးကို ပြန်ပြောလိုက်တယ်။ ‘‘ကစားမှာပေါ့ မီးမီးရယ်၊ ဒါပေမယ့် ခဏ စောင့်ဦးနော်၊ ဦးလေး မီးမီးရဲ့အမေနဲ့ ခဏ စကား ပြောလိုက်ဦးမယ် ...’’ ကျွန်တော်မေးချင်နေတာက ကောင်မလေးကို လွတ်ပြီး ခေါ်ခိုင်းလိုက်တာ ဘာအကြောင်းကိစ္စ ရှိ လို့လဲဆိုတာပါပဲ။ ဒါပေမယ့် ကောင်မလေးက ကျွန်တော့်လက် ကို လှုပ်ခါပြီး အတင်းဆွဲခေါ်နေပါတယ်။ ‘‘သမီးနဲ့ လိုက်ကစားရမယ်၊ အခု လိုက်ကစား ရမယ် ...’’ ‘‘အင်းပါ မီးမီးရယ်၊ လိုက်ကစားပေးပါ့မယ်၊ ခဏလေးပါ၊ မီးမီးရဲ့အမေနဲ့ ခဏလေး စကားပြော ချင်လို့ပါ ...’’

Read more...

ဂျပန်နိုင်ငံက ကောလိပ်ကျောင်းသားတစ်ဦးရဲ့ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

(ယခင်အပတ်မှအဆက်)

ကောင်မလေးက ကျွန်တော့်လက်ကို လှုပ်ခါ တယ်။ ကျွန်တော်က ငုံကြည့်တော့ သူက ပြုံးပြ တယ်။ ပြီးတော့ ‘‘သမီးနဲ့ အတူတူ လိုက်ကစား ရမယ်နော် ...’’လို့ပြောတယ်။ ကျွန်တော်က သူမကိုတော့ စိတ်မညစ်စေချင် ဘူး။ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ ဒီ ကလေးမလေးကို ကျွန်တော်က မြင်မြင်ချင်း သနား မိနေလို့ဖြစ်ပါတယ်။ ဒါကြောင့် ကောင်မလေးကို ပြန်ပြောလိုက်တယ်။ ‘‘ကစားမှာပေါ့ မီးမီးရယ်၊ ဒါပေမယ့် ခဏ စောင့်ဦးနော်၊ ဦးလေး မီးမီးရဲ့အမေနဲ့ ခဏ စကား ပြောလိုက်ဦးမယ် ...’’ ကျွန်တော်မေးချင်နေတာက ကောင်မလေးကို လွတ်ပြီး ခေါ်ခိုင်းလိုက်တာ ဘာအကြောင်းကိစ္စ ရှိ လို့လဲဆိုတာပါပဲ။

Read more...

ဤအဖြစ်မှာ ကြာလှပြီဖြစ်ပါသည်။ ကုန်း ဘောင်နောက်ဆုံးမင်းဆက်တို့၏ နိုင်ငံရေးပင်စင်များ အကြောင်းကို ရေးနေစဉ်အချိန်က ဖြစ်သည်။ တစ်ညတွင် စာရေးသူ၏အိပ်မက်ထဲ၌ အမျိုး သမီးတစ်ဦးနှင့် တွေ့သည်။ ထိုသူမှာ အရပ်ရှည်ရှည် နှင့်ဖြစ်ပြီး ထိုင်မသိမ်းအင်္ကျီ ဝတ်ထားသည်။ သူ့တွင် ပုဝါမပါ။ ဆံပင်ကို တစ်ပတ်လျှိုထုံးထား၏။ အသက် ၃ဝ ကျော် ၄ဝ ခန့်လောက်သာ ရှိသေးသည်။ အိပ် မက်ထဲတွင် သူက စာရေးသူကို - ‘‘ရှင်ကြီးကလည်း ကျုပ်အကြောင်း ရေးဦး လေ ...’’ ဟု ပြောသည်။ သို့နှင့် စာရေးသူ အိပ်ရာမှလန့်နိုးသွားပါ သည်။ ကိုယ်လက်သန့်စင်ပြီးသောအခါ ပြန်အိပ်၏။ ထိုအိပ်မက်ကိုပင် ပြန်မက်ပြန်ပါသည်။

Read more...

သြောင်း အအာဘူထာ အဟိသဟ ဥဦးသုလိတ္တိစ ဒီဃံဧကဲစတ္ဃနလာဘကံ

သြသြော်သိဒ္ဓိ ကာမရာကကာ နာမရာဇာ ဣဒံမိတ္တံသရဟ သုခဝဟံ သစ္စန ဘဂဝတော

ပတေ္တာ ဂြုတေ္တာမရာဇာ သဗ္ဗာ။

အထက်ပါဂါထာတော်ဖြင့် အဓိဌာန်ဝင်ရပါသည်။ အဓိဌာန်ဝင်ပုံမှာ - ၁။ မိမိမွေးနေ့ကစ၍ စားဖွယ်သောက်ဖွယ်ဟူသမျှအား အထက်ပါဂါထာဖြင့် ၃၇ ခေါက်ရွတ်ပြီးမှ စားသောက်ရပါသည်။ ၂။ အသားမပါသော အစာအာဟာရများ ဖြစ်ရပါမည်။ ၃။ ကိုးရက် အဓိဌာန်ပြုလုပ်ရပါမည်။ ၄။ အဓိဌာန်ကာလအတွင်း ကာမဂုဏ်ကိစ္စ၊ အရက်သေစာသောက်စားခြင်းတို့ကို ရှောင်ကြဉ်ရမည်။ ၅။ ညစဉ် ဘုရားဂုဏ်တော်ကို ပုတီး ကိုးပတ် ပွားများရမည်။ ၆။ နံနက်ည သူရသတီမယ်တော်ကိုလည်း မေတ္တာပွားပို့ရမည်။ ၇။ နေ့စဉ် မယ်တော်အား အမျှအတန်းပေးဝေရမည်။

Read more...

အိန္ဒိယနိုင်ငံ၊ ကွန်ကန်ဒေသက အလီဘက်မြို့နဲ့ နာဗာဂါယွန်မြို့အကြားမှာရှိတဲ့ ပင်လယ်ကမ်းခြေတစ်ခုက ဖြစ်ရပ်မှန်တစ်ခု ဖြစ်ပါတယ်။

(ယခင်အပတ်မှအဆက်)

ညသန်းခေါင်ယံအချိန်လောက်ကျတော့ မီးပုံ ဘေးမှာအိပ်နေတဲ့သူငယ်ချင်းတစ်ယောက်ရဲ့ အော် သံကြောင့် ကျွန်တော် လန့်နိုးလာပါတယ်။ ကားထဲ ကနေ လှမ်းကြည့်လိုက်တော့ မီးပုံဘေးမှာအိပ်တဲ့ သူငယ်ချင်းနှစ်ယောက်လုံး ထထိုင်နေကြတာကို လ ရောင်အောက်မှာ တွေ့လိုက်ရတယ်။ ကားရှေ့ခန်း မှာအိပ်တဲ့သူငယ်ချင်းလည်း နိုးလာတာမို့ ကျွန်တော် တို့နှစ်ယောက်စလုံး ကားထဲကထွက်ပြီး သူတို့ရှိရာ သဲသောင်ပြင်ဆီ အပြေးသွားခဲ့ကြပါတယ်။ မီးဖိုဘေးက သူငယ်ချင်းတစ်ဦးက အသံတုန် တုန်နဲ့ ကျွန်တော်တို့ကို ရှင်းပြပါတယ်။

Read more...

ယခင်အပတ်မှအဆက်

သားနှင့်သမီးအား ကျောခိုင်း၍ ထွက်ခွာလာခဲ့ ရသော နော်ဖော့ယာ၏ မျက်ဝန်းအစုံတို့မှ မျက်ရည် စီးသံနှင့် ရှိုက်သံတို့သည်လည်း လွတ်လပ်ကျယ် လောင်စွာ ပွင့်ထွက်လာခဲ့လေသည်။ စပ်ဖော့ပျောက် ရှေ့မှောက် (သို့မဟုတ်) အိမ်သို့မရောက်မချင်း အား ပါးတရ ငွေကြွေးခွင့်ရှိနေသေးသည်ပင်။ အိမ်သို့ရောက် သည်နှင့် ပိပိရိရိ ဟန်ပါပါ သရုပ်ဆောင်နိုင်ပါမှ မိမိ၏ ရင်သွေးလေးများ အသက်ရှင်ခွင့်ရကြမည် ဖြစ်လေသည်။ "နင် ငါ့ကို ကွဲဖို့ကွာဖို့လည်း မစဉ်းစားနဲ့၊ ငါ့ကို မပေါင်းရင် နင့်ကိုလည်း သတ်မယ် ...၊ နင့်ကလေးတွေလည်း အရှင်မထားဘူ ..." ဟု ဓားတရမ်းရမ်းဖြင့် မကြာခဏ ခြိမ်းခြောက်ပြောဆို လေ့ရှိသော စပ်ဖော့ပျောက်၏ စကားသံများကိုလည်း ပြန်လည်ကြားယောင်နေမိလေသည်။

Read more...

(ယခင်အပတ်မှအဆက်)

ဒေါသမီးအရောင်များဖြင့် နီရဲလျက်ရှိသော မျက်ဆန်ကြီးများကို ထောင့်ကပ်လျက် အဝေးသို့ စိုက်ကြည့်နေသော စပ်ဖော့ပျောက်၏စိတ်တွင် "ရန် သူဆိုတာ အငုတ်ပါမကျန်မှ စိတ်ချရမယ် ...၊ ြွေမမသေ တုတ်မကျိုးလုပ်နေလို့ မရဘူး ...၊ ငါ့ အတွက် အနှောင့်အယှက်ဖြစ်နေတဲ့ ဒီအပိုလေး နှစ် ကောင်ကို မျိုးစေ့ပါမကျန်အောင် ခလုတ်ကန်သင်း လို အပြတ်ရှင်းမှ စာရင်းပြတ်မယ်ဟေ့ ..." ဟု တီးတိုးရေရွတ်နေလေသည်။ ကလေးနှစ်ယောက်အပေါ်တွင် မေတ္တာစိတ် တို့ ဆိတ်သုဉ်းလျက်ရှိသော စပ်ဖော့ပျောက်သည် အကျိုးအပြစ် အမှားအမှန်၊ သင့်မသင့်ကိုပင် ဝေဖန် ပိုင်းခြားနိုင်သော အသိဉာဏ်တို့ လွင့်ပျောက်လု မတတ် ဖြစ်နေလေတော့သည်။ ထို့နောက်တွင် စပ်ဖော့ပျောက်သည် ညာသံပေးလျက် ကျယ်လောင်သော ရယ် မောသံနှင့်အတူ လူ့ဘီလူးတစ်ယောက်နှယ် ရုပ်အ သွင်ပြောင်းကာ ကလေးနှစ်ယောက်အား တောင် စောင်းထက်မှ တွန်းကန်ချခဲ့လေတော့သည်။

Read more...

အိန္ဒိယနိုင်ငံ၊ ကွန်ကန်ဒေသက အလီဘက်မြို့နဲ့ နာဗာဂါယွန်မြို့အကြားမှာရှိတဲ့ ပင်လယ်ကမ်းခြေတစ်ခုက ဖြစ်ရပ်မှန်တစ်ခု

လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဖြစ်ပါတယ်။ အတန်းတင်စာမေးပွဲကြီး ပြီးသွားတာမို့ ကျွန်တော် နဲ့ သူငယ်ချင်းတစ်စုဟာ ပင်လယ်ကမ်းခြေခရီး တစ်ခု ထွက်ကြမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ တစ် နှစ်တာလုံး ကျောင်းစာတွေနဲ့ လုံးနေခဲ့ရတာကို အပန်းဖြေကြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါ။ ကျွန်တော် အပါအဝင် လေးယောက်ဖြစ်ပါတယ်။ ကားရှိတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ကားနဲ့ ခရီးထွက်ခဲ့ကြ ပါတယ်။ လမ်းမှာ တိုင်ပင်သွားကြတာက ကမ်းခြေ ရောက်ရင် ဘယ်ဟိုတယ်မှမတည်းဘဲ သဲသောင်စပ် တစ်နေရာမှာစခန်းချကြမယ်ဆိုတာပဲ။ ဟိုတယ် စရိတ်အကုန်မခံချင်လို့ဖြစ်ပါတယ်။ ကွန်ကန်ပင် လယ်ကမ်းခြေရောက်တော့ စျေးတန်းမှာ ညနေစာ ဝင်စားရင်း ဒေသခံတွေကို စူးစမ်းမေးမြန်းရပါတယ်။ ဘယ်ကမ်းခြေက လူနည်းပြီး လွတ်လပ်မှုရှိသလဲ ဆိုတာပါ။ ကျွန်တော်တို့ လေးယောက်စလုံး ဒီကွန် ကန်ပင်လယ်ကမ်းခြေကို ရောက်ဖူးကြသူတွေ မဟုတ်လို့ မြေပုံဖြန့်ကြည့်ပြီး စုံစမ်းမေးမြန်းရတာဖြစ်ပါတယ်။ ဒေသခံတွေ တစ်ညီတစ်ညွတ်တည်း ထောက် ပြကြတဲ့ကမ်းခြေက အလီဘက်မြို့နဲ့ နာဗာဂါယွန် မြို့အကြားကကမ်းခြေဖြစ်ပါတယ်။ အပန်းဖြေတဲ့လူ နည်းပြီး အရမ်းလွတ်လပ်တယ်လို့ပြောကြပါတယ်။ ဒါနဲ့ ကျွန်တော်တို့ဟာ အဲဒီနေရာကို သွားကြမယ် လို့ ဆုံးဖြတ်လိုက်ကြပြီး ကားနဲ့ ခရီးဆက်ခဲ့ကြပါ တယ်။

Read more...

နော်ဖော့ယာသည် တစ်နေဝင်၍ တစ်မိုးချုပ် လျှင် ညအမှောင်နှင့်အတူ ချောက်ချားရင်မောရ သည်က ရက်မခြားဆိုသလိုပင် ဖြစ်လာလေသည်။ ညနေစောင်းလျှင် အိမ်၌ နေရာယူထားမြဲဖြစ်သော အရက်ခွက်ကလည်း နေ့နေ့ ညည အိမ်ပေါ်မှမဆင်း တော့ပေ။ တစ်ချိန်ကဆိုပါလျှင် နော်ဖော့ယာတို့ မိသားစုလေးမှာ တစ်နေ့တာပင်ပန်းကြသမျှ ညစာ ထမင်းဝိုင်းကလေးတွင် ကြိုက်တာလေးနှင့် ဖွယ်ဖွယ် ရာရာ ရှိတာလေးနှင့် သာသာယာယာ ပျော်ရွှင်စွာ စားသောက်နေထိုင်ခဲ့ကြဖူးလေသည်။ ယခုဆိုပါလျှင်မူ ထမင်းဝိုင်းတွင် ကလေးနှစ် ယောက်အား စပ်ဖော့ပျောက်မှ - "ဘာများပြောဦးလေမလဲ ...၊ ဘယ်လို များ ရန်ရှာလိမ့်ဦးမလဲ ..." စသည်ဖြင့် စိုးထိတ် ကြောင့်ကြနေရလေသည်။

Read more...