ကျွန်တော့်နာမည်က ‘စမစ်’ ပါ။ ကျွန်တော်ဟာ အင်္ဂလန်နိုင်ငံတောင်ပိုင်း နယ်စွန်နယ်ဖျားက တော မြို့ကလေးတစ်မြို့ဆီ အစိုးရဝန်ထမ်းတစ်ဦးဘဝနဲ့  သွားရောက်နေထိုင်ခဲ့စဉ်က ကြုံတွေ့ခဲ့ရတဲ့ အဖြစ် အပျက်တစ်ခုကို ပြန်ပြောင်းပြီး ဖောက်သည်ချလို ပါတယ်။ သရဲခြောက်တယ်ဆိုတာကို တစ်ခါမှမတွေ့ ခဲ့ဖူးတဲ့ကျွန်တော်ဟာ အဲဒီမြို့ကလေးရောက်မှ သရဲ ဆိုတာကို ကိုယ်တွေ့ကြုံလိုက်ရတာပါ။

ရောက်ခါစဆိုတော့ အဲဒီမြို့က လမ်းတွေကို သိပ်မကျွမ်းကျင်သေးပါဘူး။ ကျွန်တော်နေခွင့်ရတဲ့ အိမ်နဲ့ ရုံးကိုသာ ခေါက်တုံ့ခေါက်ပြန် ဆိုင်ကယ်စီးပြီး သွားတတ်ပါတယ်။ ဒါနဲ့ တနင်္ဂနွေတစ်ရက်ကျတော့ ညနေစောင်းအချိန်မှာ မြို့ပတ်ဝန်းကျင်ကို ဆိုင် ကယ်စီးပြီး ပတ်ကြည့်ဦးမယ်ဆိုတဲ့ရည်ရွယ် ချက်နဲ့ ထွက်လာခဲ့ပါတယ်။

Read more...

(ယခင်အပတ်မှအဆက်)

သူမက ခေါင်းတဆတ်ဆတ် ညိတ်ပါတယ်။ ပြီးတော့ သူ့ဝတ်ရုံအိတ်ထဲကနေ တစ်ခုခုကို ဆွဲ ထုတ်ပြီး ကျွန်တော့်ဆီ လှမ်းပေးပါတယ်။ ကျွန်တော် က လက်ဝါးဖြန့်ပြီး ခံယူလိုက်ပါတယ်။ တွန့်ကြေနေ တဲ့ ဆိတ်သားရေအပိုင်းအစကလေးတစ်ခုပါ။

‘‘အဲဒါလေးကို သားသားရဲ့ အိတ်ထဲမှာ ထည့် ပြီးဆောင်ထားလိုက်၊ ညနေဘက်ရေချိုးလို့ အကျီ အသစ်လဲရင် အကျီအဟောင်းအိတ်ထဲကနေ အသစ် အိတ်ထဲ ပြောင်းထည့်၊ ဒါ သားသားအတွက် အကာ အကွယ်ပဲ၊ ‘ဟာချီ’ လာကပ်လို့မရတော့ဘူး ...’’

ကျွန်တော် သူ ပြောသလို လုပ်လိုက်ပါတယ်။

Read more...

ကျွန်မကိုယ်တိုင် တွေ့ကြုံခဲ့ရသော သရဲ ခြောက်ခံရသည့် ဖြစ်ရပ်မှာ လွန်ခဲ့သော နှစ် ၃ဝ ကျော်လောက်က ဖြစ်ပါတယ်။ ကျွန်မ အသက် ၁၃ နှစ်ခန့်ကဖြစ်၍ အဖေ၏ညီမတစ်ယောက်နှင့် အတူ အခြောက်ခံရခြင်းဖြစ်ပါတယ်။ ကျွန်မတို့ရွာ အနီးတစ်ဝိုက်ရှိ ရွာများသည် ဧရာဝတီမြစ်ကမ်းဘေး မှာ များသောအားဖြင့် တည်ရှိပါတယ်။ ကျွန်မတို့ရွာ၏ မြောက် ဘက်ကပ်လျက် ထီးကုန်းရွာ ရှိပါတယ်။ ထီးကုန်းရွာ၏မြောက်ဘက်ထိပ်မှာ ဘုန်းကြီးကျောင်း ရှိပါတယ်။ ထိုဘုန်းကြီးကျောင်းမှာ သရက်၊ ပိန္နဲ၊ အုန်းပင် စသည့် နှစ်ရှည်သစ်ပင်များနဲ့ အုံ့မှိုင်းလို့နေပါ တယ်။ ဘုန်းကြီးကျောင်းဝင်း မြစ်နဖူးမှာလည်း စေတီတစ်ဆူ ရှိပါတယ်။ စေတီရဲ့တောင်ဘက်မှာ လူတိုးဝင်လို့မရတဲ့ ဝါးရုံတောရှိပါတယ်။ ထီးကုန်းရွာ မြောက်ဘက်မှ ဆက်သွားလျှင် ဧရာဝတီမြစ်ကမ်း ဘေးမှာရှိတဲ့ ကြာဥယျာဉ်ရွာကို ရောက်ပါတယ်။ ကြာ ဥယျာဉ်ရွာနဲ့ ထီးကုန်းရွာ ခြေကျင်သွားရင် ၄၅ မိနစ် မိနစ် ၅ဝ လောက် ကြာပါတယ်။ ကြာဥယျာဉ်ရွာ၏ အရှေ့ထိပ်မှ မြောက်ဘက်ကျွန်းသို့ကူးသောလှေကူး တို့ဆိပ် ရှိပါတယ်။ ထိုလှေကူးတို့ဆိပ်တွင် ပေါက်ပင် ကြီး ထီးထီးတစ်ပင်ရှိပါတယ်။ ထိုပေါက်ပင်ကြီး သည် သရဲခြောက်သည်ဟု လူကြီးများပြောသံ ကြား ဖူးခဲ့ပါတယ်။

Read more...

ပြောစကားတစ်ခု ကြားဖူးပါတယ်။ ‘‘မပိုင် ရင် ခြင်ထောင်ထဲက ခြင်တောင်မရိုက်ဘူး။ ခြင် လွတ်ရင် လက်နာမှာစိုးလို့ ...’’ဆိုတဲ့ စကားပါ။

ဒါကတော့ လူတချို့ လုပ်ငန်းတစ်ခုကို ပိုင် ပိုင်နိုင်နိုင် လုပ်နိုင်လိုက်တဲ့အခါမျိုးမှာ ပြောလေ့ ရှိတဲ့စကားပါ။ 

ဒီလိုပါပဲ ဂမီ္ဘရနဲ့ ပတ်သက်လာရင်လည်း ဒီစကားဟာ အကျုံးဝင်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဂမ္ဘီရလောကမှာ ကိစ္စတော်တော်များများ ဟာ မပိုင်ဘဲ မလုပ်သင့်ပါဘူး။ မပိုင် မနိုင်ဘဲ လုပ် လိုက်ရင် ခုနစ်ရက်သားသမီးမှာ ဒုက္ခရောက်တတ်ပါ တယ်။ မပိုင်ဘဲ လုပ်ခဲ့ကြလို့ ငွေကုန်ကြေးကျများပြီး စီးပွားပါပျက်မတတ်ဖြစ်ရသူတစ်ယောက်အကြောင်းကို တင်ပြပေးပါမယ်။

တစ်နေ့ အင်္ဂါသမီးတစ်ယောက် ရောက်လာ ပါတယ်။ အသားအရည်ဖြူလွလွနဲ့ ရုပ်ကလေးက သနားကမား စကားပြောတာဆိုတာကအစ ခပ်ပျော့ ပျော့ပါပဲ။

‘‘သမီးကို ကယ်ပါဆရာရယ်၊ သမီးတို့ တော် တော် ဒုက္ခရောက်နေပါတယ်။ ဘာမှလည်း လုပ်လို့ မရဘူး။ လုပ်သမျှ ကိုင်သမျှ အကုန်ပျက်နေလို့ စိတ်တွေလည်း တော်တော်ညစ်ရပါတယ်။ ပြီးတော့ ယောက်ျားအလုပ်ကလေး ကောင်းလို့ ငွေလေး ဝင် တော့မယ်ကြံရင် ကျွန်မ ဆေးခန်းပြရ၊ သမီးကြီးက ဖြစ်လိုက်၊ သားငယ်က ဖြစ်လိုက်နဲ့ ငွေကုန်သွား ပြန်ရော ... အဲဒါ သူများ လုပ်ထားတာလား။ ကျွန်မတို့နဲ့ မတည့်တဲ့မိန်းမရှိတယ်ဆရာ ...သူလုပ် ထားတယ်လို့ ကျွန်မထင်တယ် ...’’

‘‘ညည်းဖြစ်ရပ်ကို နားထောင်ရတာ သိုက်က နှောင့်ထားတာ ဖြစ်ဖို့များတယ်။ သေချာအောင် စစ် ဆေးကြည့်လိုက်မယ်လေ ...’’

သူမ ပြောပြတာကို နားထောင်ပြီး သူမကို စစ်ဆေးကြည့်လိုက်ပါတယ်။

သူမ ထင်သလို သူများ အတိုက်အခိုက် မဟုတ်ပါဘူး။ သိုက်က နှောင့်ထားတာပါ။

‘‘အိမ်ထောင်မပြုခင်ကရော သိုက်ကို ဘာ တွေလုပ်ပေးဖူးလဲ ...’’

‘‘အင်း ...လုပ်တယ်ဆရာ ... အမေတို့ လုပ်ပေးတာ။ အိမ်ထောင်ပြုမယ်ဆိုတော့ အမေတို့က သူတို့ဘာသာ သွားမေးကြပြီး သမီးအတွက် လုပ်ပေး ထားတယ် ... ဒါပေမဲ့ ဆရာရယ် ... အိမ်ထောင် စကျကတည်းက မကောင်းလိုက်တဲ့ကံ ခုထိပါပဲ’’

‘‘မင်းတို့ သိုက်ကို မှားထားတယ်၊ ဆရာ့ အထင် ပြောရရင် မင်းအမေက သိုက်ကို ဖြတ်လိုက် တာလားမသိဘူး ...’’

‘‘မသိပါဘူး ဆရာရယ်၊ ပွဲပေးပြီးလုပ်တာပါပဲ၊ ဘာလုပ်တာလဲတော့ သမီးလည်း မသိပါဘူး ...’’

အဲဒီအချိန်မှာ အင်္ဂါသမီးစိတ်ထဲမှာ ယောက်ျား ယူဖို့ အဓိကဖြစ်နေတော့ ဘာပဲလုပ်လုပ် ယောက်ျား ရပြီးရော ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် မိခင် လုပ် သမျှ လိုက်လျှောနေခဲ့တာပါ။ ခုတော့ ပြသနာက အနီးဆုံးကို ရောက်နေပြီမို့ ဘယ်လိုမှ မတတ်နိုင် တော့တဲ့အဆုံး ကျွန်ုပ်ဆီရောက်လာတာ ဖြစ်နိုင်ပါ တယ်။

နဂါးသိုက်ကလာတဲ့ ဒီမိန်းကလေးခမျာ ဘာမှ မသိရှာဘဲ နဂါးတွေရဲ့လှည့်စားခြင်းကို ခံနေရတာပါ။ နတ်နဲ့ နဂါး မလှည့်စားနဲ့ဆိုတာ နဂါး အကောင် လိုက်ကြီးကို ပြောတာမဟုတ်ပါဘူး။ နဂါးသိုက်ကို ပြောတာဖြစ်မယ်လို့ ကျွန်ုပ်ထင်မိပါတယ်။ ဘာ ကြောင့်လဲဆိုတော့ နဂါးသိုက်ကို လှည့်စားသလို လုပ်ခဲ့သူမှန်သမျှ ဒုက္ခရောက်တတ်တာကြောင့် ထင် မြင်ယူဆမှုတစ်ခုအနေနဲ့ ပြောလိုက်တာပါ။

‘‘ကောင်းပြီ ...ဒီအင်္ဂါသမီးလေးရဲ့ ဘဝ ဟောင်း သိုက်နန်းက သိုက်ချုပ် ဘိုးတော်ပဲဖြစ်ဖြစ် တာဝန်ခံနိုင်မယ့် သိုက်နန်းရှင်တစ်ယောက်ယောက် ဖြစ်ဖြစ် ကိုယ်ထဲကိုလူစိတ်ပျောက်အောင်ဝင်စီးပေးပါ’’

အင်္ဂါသမီးသိုက်က တစ်ယောက်ရောက်လာ ပါပြီ ...။ သူ့မျက်နှာမှာ ဒေါသရိပ်တွေ တွေ့နေရ ပါတယ်။ တော်တော်လေးကို စိတ်ဆိုးနေပုံရပါတယ်။

‘‘မကျေနပ်ဘူး ...မကျေနပ်ဘူး ငါ လောင် သလို သူတို့ ပူလောင်စေရမယ် ...’’

‘‘အဲဒါတွေ နောက်မှပြော ...။ ခု ဘုရား ကန်တော့လိုက်ပါဦး’’

မကျေနပ်ဘူးဆိုပေမယ့် ကျွန်ုပ်ခိုင်းတဲ့အတိုင်း ဘုရားကန်တော့လိုက်ပါတယ်။ 

‘‘အင်း ... ဘာတွေ ဒီလောက် မကျေမနပ် ဖြစ်နေတာလဲ ပြောပြပါဦး’’

‘‘သူတို့ သူတို့တွေ ကျုပ်တို့ကို မီးနဲ့တိုက် ထားတယ်၊ အားလုံးမီးလောင်နေတာကြာပြီ ...’’

‘‘ဘယ်လောက်ရှိပြီလဲ ...’’

‘‘ကြာပြီ ...ကြာလှပြီ ...’’

‘‘သူတို့ သိုက်နန်းရှင်တွေ မီးလောင်အောင် ဘာလို့ဖြစ်ရတာလဲ သိလား’’

ကျွန်ုပ် အင်္ဂါသမီးကို မေးလိုက်ပါတယ်။ သူမ မသိကြောင်း ခေါင်းခါရင်းပြောပါတယ်။

‘‘မင်းတို့က မသိဘူးဆိုပေမယ့် ခံနေရတဲ့သူ တွေက တော်တော်ပြင်းပြင်းထန်ထန်မို့ ဒီလောက် ဒေါသကြီးနေကြတာပေါ့ ...။ ညည်းအမေ သွား လုပ်ထားတဲ့ ပြသနာရဲ့ အဖြေပဲ’’

‘‘ဘာအဖြေလဲ ဆရာ ... သမီး နား မလည်လို့ပါ’’

‘‘သမီးအမေ သွားလုပ်ခဲ့တဲ့ပုဂ္ဂိုလ်က သိုက် နန်းကို မီးလောင်တိုက်သွင်းပြီး သိုက်ဆက်ကို ဖြတ် လိုက်တာ ဖြစ်မယ်၊ ဒီတော့ သိုက်နန်းတစ်ခုလုံး မီးလောင်သွားတာပေါ့ ...သမီးစဉ်းစားကြည့်လေ ညည်းအိမ်ကိုမီးလာရှို့ရင် ဘယ်လိုခံစားရမလဲ’’

‘‘ဟာ ...ဆရာကလည်း မပြောကောင်း မဆိုကောင်း’’

‘‘အေး ...သူတို့အိမ်မီးလောင်သွားတယ်။ သမီးတို့ကို စိတ်ဆိုးတာပေါ့ ...ဒီတော့ သမီး လုပ် သမျှကိုင်သမျှ မဖြစ်အောင်၊ စီးပွားကျအောင်၊ အကြံ အစည် မအောင်မြင်အောင်၊ ကျန်းမာရေးမကောင်း အောင် လုပ်ထားတာလေ ...’’

‘‘သမီးတောင်းပန်ပါတယ် ဆရာ ... တောင်းပန်ပါတယ် ...’’

‘‘အင်း ခုရောက်လာတာဘယ်သူပါလဲ ...’’

‘‘အစ်ကိုကြီး သူ့အစ်ကိုကြီး ...’’

‘‘ကလေးက တောင်းပန်နေပါတယ်၊ ကလေး ကို ကြေအေးလိုက်ပါ ...ဆရာတို့ဘက်က နဂါးစာ ချပေးမယ်၊ သိုက်နန်းရှင်ဒါနပွဲ လှူပေးမယ်၊ သူတို့ ပြုသမျှ ဒါန၊ သီလ ကောင်းမှုအစုစုအတွက် အမျှ အတန်းပေးခိုင်းပေးမယ်၊ သိုက်နန်းရှင်တွေဘက်က ဒီကလေး ကိုယ်တွင်းကိုယ်ပ မင်းတို့လုပ်ထားသမျှ တွေ အကုန်သိမ်းပေးပါ ဆရာ မေတ္တာရပ်ခံပါတယ်’’

သိုက်နန်းရှင်လည်း အင်္ဂါသမီး ကိုယ်တွင်း ကိုယ်ပ သူတို့ပညာစက်တွေကို သိမ်းနေပါတယ်။

‘‘ပြီးရင် ဒီကလေးအတွက် လူ့ဘဝသက် တမ်းစေ့ပေးဖို့ ...’’

‘‘မပေးဘူး ...ခု မပေးသေးဘူး ...သူတို့ ငါတို့ကို ရိုသေလေးစားမှပေးမယ် ...’’

‘‘ကြားတယ်နော် သူတို့ကို ရိုရိုသေသေနဲ့ နဂါးစာချ၊ သိုက်ပွဲလှူ၊ ကိုယ်မှားခဲ့တာတွေအတွက် တောင်းပန်ပါ ...’’

တစ်ပတ်လောက်ကြာတော့ မိန်းကလေးတို့ မိသားစု ပြန်ရောက်လာကြပါတယ်။ သူတို့ မိသားစု ကျန်းမာရေးလည်း ကောင်းသွားကြကြောင်း၊ စိတ် လည်း ချမ်းသာရကြောင်း ပြောပြီး သိုက်ပွဲ လာ လှူတာပါ။ ထိုအချိန်ကြမှ ကျွန်ုပ် သိုက်တွေနဲ့ညှိပြီး မိန်းကလေးကို လူ့ဘဝသက်တမ်းစေ့ တောင်းပေး လိုက်ပါတယ်။

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂) ၈-လမ်း (၁ဝ)ရပ်ကွက်

တောင်ဥက္ကလာပမြို့နယ်

ဖုန်း- ဝ၉ ၄၂ဝ ၇၄၄ ၁၁၂။ ဝ၉ ၂၅၄၈၁၁ဝဝ၇

ကျွန်ုပ်သည် အင်ဂျင်နီယာတစ်ဦးဖြစ်ပါ သည်။ ရတနာသုံးပါးကို ယုံကြည်သက်ဝင်သူလည်း ဖြစ်သည်။ နာနာဘာဝနှင့် ပရလောကသားများ အပေါ်တွင်လည်း စိတ်ဝင်စားခြင်းမရှိခဲ့ပါ။ သို့သော် သရဲစီးခံထားရသူတစ်ဦးနှင့် လက်ပွန်းတတီးနေမိ၍ သရဲစီးခံရသောအခါ ကြက်သီးမွေးညင်းများ တဖြန်း ဖြန်းထအောင်ပင် ကြောက်ရွံ့ခြင်း ဖြစ်ခဲ့ရလေသည်။

ကျွန်ုပ်၏ အလုပ်တာဝန်ထမ်းဆောင်နေ သော ဆောက်လုပ်ရေးစီမံကိန်းသည် ကြီးမားကျယ် ပြန့်လှသည်။ အထက်က အရာရှိကြီးများမှနေ၍ အောက်ခြေနေ့စားဝန်ထမ်းများအထိ လူအင်အားက လည်း မနည်းပေ။ ကျွန်ုပ်၏ ရာထူးအဆင့်မှာ အလယ်အလတ်တန်းအဆင့်ဖြစ်၍ အထက်အရာရှိ များနှင့်လည်းကောင်း၊ အောက်ခြေဝန်ထမ်းများနှင့် လည်းကောင်း ဆက်ဆံလုပ်ကိုင်ရ၏။ လူပျိုလူလွတ် ဖြစ်သောကြောင့် အရာရှိလူပျိုဆောင်တွင် နေရလေ သည်။ ကျွန်ုပ်တို့၏အဆောင်နှင့် မနီးမဝေးတွင်အ လုပ်သမား ဝန်ထမ်းတန်းလျားများ အစီအရီရှိသည်။

‘‘ဒုန်း ...အုန်း ...ဘုန်း ...ခွမ် ... ဂလွမ် ...’’

အလုပ်သမားတန်းလျားများ၏ တတိယအ ဆောင် မောင်ငွေ၏အခန်းမှ ထွက်ပေါ်လာသောအသံ များဖြစ်သည်။ ဆူညံလွန်းသဖြင့် ကျွန်ုပ်တို့၏ အဆောင်အထိ အသံများက ကြားနေရသည်။ ည ဆယ်နာရီခန့်ဖြစ်၏။ ကျွန်ုပ်သည် အသံလာရာဆီသို့ အပြေးအလွားသွားလိုက်သည်။ မောင်ငွေ၏အခန်း ရှေ့တွင် အလုပ်သမားများ စုပြုံတိုးဝှေ့နေကြ၏။ ကျွနု်ပ်ကိုမြင်သည်နှင့် အားကိုးတကြီး လမ်းဖယ်ပေး ကြသည်။ ကျွန်ုပ်သည် မောင်ငွေ၏အခန်းတွင်းသို့ လှမ်းကြည့်လိုက်သောအခါ -

‘‘ငါ ....သား၊ ဘာဖြစ်နေတာလဲ၊ ငါ လုပ် လိုက်ရ သေတော့မယ် ...’’ 

ကိုအုန်းတင်က မောင်ငွေ၏လည်ပင်းကို သူ ၏ဘယ်လက်မောင်းသန်သန်ကြီးဖြင့် ဖြစ်ညှစ်ချုပ် နှောင်ထားလျက် ညာလက်သီးကို ကျစ်ကျစ်ပါ အောင် ဆုပ်ထားပြီး မောင်ငွေ၏မျက်နှာကို ထိုးချမည့် ဟန်ပြုနေသည်။ ကျွန်ုပ်က အလျှင်အမြန်ပင် ‘‘ဟေ့ လူ ကိုအုန်းတင် ...မလုပ်နဲ့ မလုပ်နဲ့ ...’’ ဟု အော်ပြောကာ အပြေးအလွား သူတို့နှစ်ဦးကို သိုင်း ဖက်ဖြန်ဖြေပေးရသည်။ မောင်ငွေ၏မိန်းမနှင့် သမီး လူမမယ်ကလေးနှစ်ဦးမှာ သူတို့အနားတွင် ငိုယိုနေ လေသည်။ မောင်ငွေသည် ခန္ဓာကိုယ် သေးသေး ညှက်ညှက်ဖြစ်၍ အရက်မူးသမားလည်း ဖြစ်သော ကြောင့် အန္တရာယ်ပေးနိုင်သည့် လူစားမျိုးမဟုတ်။ နဂိုကလည်း ပြုံးပြုံး ပြုံးပြုံးဖြင့် သဘောကောင်း ပုံရသည်။ ကျွန်ုပ်သည် ကိုအုန်းတင်ကိုသာလျှင် အတင်းဆွဲဖက်၍ အခန်းအတွင်းမှ တွန်းထိုးခေါ်ထုတ် ခဲ့သည်။ ကိုအုန်းတင်နှင့်မောင်ငွေတို့သည် ညီအစ်ကို အရင်းဖြစ်၏။ ကိုအုန်းတင်က အကြီးဖြစ်၍ စီမံကိန်း တွင် အားကိုးရသူဖြစ်သည်။ အရက်မသောက်၊ အပျော်အပါးမလိုက်စားသူ ဖြစ်သည်။ ညီဖြစ်သူ မောင်ငွေသည် အလုပ်အကိုင်အဆင်မပြေ၊ စီးပွား ရေး အဆင်မပြေသဖြင့် ကိုအုန်းတင်မှ လူကြီးများကို ပြောဆိုပြီး ဤစီမံကိန်းကြီးတွင် အလုပ်သွင်းပေးထား ခြင်းဖြစ်သည်။ သူတို့နှစ်ဦးနှင့် ကျွန်ုပ်သည် လုပ်ငန်း ခွင်တူသဖြင့် 

အလွန်ခင်မင်ကြသည်။ အခန်းအပြင် ရောက်သောအခါ ကျွန်ုပ်က ကိုအုန်းတင်ကို မေး ရသည်။

‘‘ဘယ်လိုဖြစ်တာလဲဗျ ...၊ ညီကို ဒီ လောက်ချစ်တဲ့ အစ်ကိုကလည်း ...’’

‘‘ဟာ ...ဆရာရယ်၊ သရဲစီးတာတဲ့ဗျာ၊ ကျွန်တော် မယုံပါဘူး၊ ဒီကောင် အရက်မူးကြောင် ရူးကြောင်နဲ့ သရဲစောင့်တဲ့ ဟိုကုန်းအောက်က ညောင် ပင်အောက်မှာ မတ်တတ်သေးပေါက်တယ်တဲ့ဗျာ’’

ကျွန်ုပ်က ‘‘အဲဒါနဲ့ ဘာဖြစ်လဲ’’

‘‘ဆရာ ကိုယ့်ဘာသာကိုယ်သွားကြည့်’’

ကျွန်ုပ် မောင်ငွေ၏အခန်းတွင်းသို့ လူအုပ် ကြားမှ ပြန်၍တိုးဝှေ့ဝင်လိုက်သည်။ မောင်ငွေသည် လေးခွတစ်ချောင်းနှင့် လက်တွင် အဆင်သင့်ဆုပ် ကိုင်ထားပြီး အခန်းကျဉ်းကလေးအတွင်း ကြောက် ရွံ့သည့်မျက်နှာအမူရာဖြင့် ဟိုချောင်းသည်ချောင်း လုပ်နေသည်ကို မြင်ရသည်။ ကျွန်ုပ် ဝင်လာသည်ကို မြင်သည်နှင့် မောင်ငွေသည် လှမ်းပြော၏။

‘‘ဆရာ အဲဒီမှာနေ၊ ဒီကိုမလာနဲ့၊ ဒီမှာ ဟို ကောင်တွေ ရောက်နေတယ်’’

လေးခွဖြင့် ခုတင်အောက်ဘက် အမှောင်ထဲ သို့ ပစ်ချလိုက်သည်။

ကျွန်ုပ်က ‘‘ဟေ့ကောင် မောင်ငွေ ...၊ ဆရာ့ကို မှတ်မိလား’’

ခုတင်အောက်သို့ စူးစူးစိုက်စိုက်ကြည့်နေ ရင်းမှ ကျွန်ုပ်ဘက်လှည့်ကြည့်၍ ပြုံးပြ၏။ ကျွန်ုပ် သည် ရဲဝင့်စွာပင် မောင်ငွေအနားသို့ တိုးသွားလိုက် သည်။ ထို့နောက် ရင်းနှီးစွာ သူ၏ပခုံးကို သိုင်းဖက် လိုက်၏။ မောင်ငွေက ကျွန်ုပ်ကို ပြုံး၍ပြန်ကြည့်လေ သည်။

ကျွန်ုပ်က ‘‘လာပါကွာ ...၊ ဘာမှမရှိပါ ဘူး၊ အပြင်မှာ လေညင်းလေးဘာလေး ခံရအောင်၊ မင်းလေးခွကြီးကို ထားခဲ့’’

‘‘မဖြစ်ဘူးဆရာ၊ ဟိုမှာတွေ့လား၊ ကျွန် တော့်ကို ပြောင်ပြနေတယ်’’

ကျွန်ုပ်သည် မောင်ငွေညွန်ပြရာသို့ ကြည့်မိ ရာ ဘာမျှမရှိ။ နံရံအတိုင်းသာဖြစ်သည်။ မောင်ငွေက လေးခွဖြင့်ချိန်လိုက်ပြန်သည်။ ကျွန်ုပ်က ချော့မော့၍ 

‘‘ဘာမှမရှိပါဘူးကွ၊ သေသေချာချာကြည့် ပါဦး၊ ပေး ...ပေး ...မင်းလေးခွပေး’’

ကျွန်ုပ်သည် မောင်ငွေကို ချော့မော့၍ အခန်း ဝရှိ လူအုပ်ကြားမှ ခေါ်ထုတ်ခဲ့သည်။ အခန်းတွင်း ဝယ် မောင်ငွေ၏ဇနီးနှင့် ကလေးများသည် ငို၍သာ နေတော့၏။ ကျွန်ုပ်သည် လရောင် ကြယ်ရောင်တို့၏ အလင်းကို အားပြုလျက် မောင်ငွေကို လမ်းတစ် ဖက်ရှိ တောင်ကမူပေါ်သို့ ခေါ်သွား၏။ လေပြည် ညှင်းက ကျွနု်ုပ်တု့ိ၏ပန်းလျမှုများကို ဖြေလျော့ပေး နေ၏။ နှစ်ဦးသား ကမူပေါ်ထိုင်မိသောအခါ မောင် ငွေသည် ရှေ့တူရှုအမှောင်တွင်းသို့ လက်ညှိုးညွန်ပြရင်း-

‘‘ဆရာ ဟိုမှာ တွေ့လား၊ သရဲတွေခြင်းလုံးခတ်နေတယ်’’

ကျွန်ုပ် အမှောင်ထဲသို့လှမ်း ကြည့်လိုက်သည်။ ကြက်သီးမွေး ညင်းများလည်းတဖြန်းဖြန်းထအောင် ကြောက်ရွံ့သွားပါတော့သည်။ မောင်ငွေပြောတာ ဟုတ်နေသည်။

 

ဌေးအောင်စိန်(အင်းမ)

 

မနောမယဝိုင်းတော်သား ဆရာဒိဗ္ဗာန်((ဂမ္ဘီရ))၏ ပြန်လည်သုံးသပ် တင်ပြချက် . . . . .

ဆရာဌေးအောင်စိန်(အင်းမ) သည် မနောမယ ဂျာနယ်တိုက်သို့ စာမူ ပေးပို့နေကျဖြစ်သည်။ မနောမယ ဂျာနယ်အနေဖြင့် စာမူဖိတ်ခေါ်ရာတွင် ကိုယ် တွေ့ဖြစ်ရပ်မှန်များကိုသာ ရေး သားပေးပို့ကြရန် ဖြစ်သော်လည်း ချွင်းချက်အနေဖြင့် ကိုယ်တိုင်ကြုံတွေ့ ခြင်းမဟုတ်သော် လည်း ကိုယ်တိုင်ကြုံ တွေ့ခဲ့ရသူက စာပေအရေးအဖွဲ့ အလေ့ အကျင့်မရှိခြင်း၊ ကျွမ်းကျင်မှုမရှိခြင်းတို့ကြောင့် ရေးလေ့ရေးထရှိ၍ စာရေးတတ်သူများအား တစ်ဆင့်ပြော ၍ ရေးသားပေးပို့သော စာမူများသည်လည်း စာဖတ်သူ များအတွက် တစ်ဖက်တစ်လမ်းက သင်ခန်းစာရယူနိုင်ဖွယ် အကျိုးရှိနိုင်သောစာမူဖြစ်ပါက ရွေးချယ်ဖော်ပြ သွား မည် ဖြစ်ပါသည်။

ယခု ဆရာဌေးအောင်စိန်(အင်းမ) ရေးသား ပေးပို့သော ‘‘သရဲစီးသော ညတစ်ည’’စာမူမှာ ဖြစ် တတ် ကြုံတွေ့ရတတ်သည့် သာမန်အဖြစ်အပျက် ကလေးတစ်ခုဟု ထင်စရာရှိပေသည်။

စာမူထဲတွင် ပါဝင်သည့် အဓိကဇာတ်ကောင် မောင်ငွေဆိုသူမှာ အရက်သမားဖြစ်၏။ အရက် ကြောင်, ကြောင်၍ အမြင်မှောက်မှားလျက် ထင်ရာမြင်ရာ လျှောက်ပြောနေခြင်းဖြစ်သည်ဟု ထင်ရ၏။

သို့သော် စာမူ၏အဆုံးသတ်တွင် ဖော်ပြထား သော လသာညတစ်ည၊ ကြယ်ရောင်များဖြင့် လင်းနေသော အချိန်တွင် သရဲများ ခြင်းလုံးခတ်နေခြင်းကို စာရေးသူကိုယ် တိုင် မျက်စိဖြင့် တပ်အပ်မြင်တွေ့ ရခြင်း ဖြစ်သောကြောင့် သာမန်အဖြစ်အပျက် မဟုတ်။ အရက်ကြောင်ကြောင်၍ ဟိုသည်ထင်ရာ လျှောက်ပြောခြင်းမဟုတ်။ တကယ်ပင်မြေ ကြမ်းသော သရဲတစေ္ဆကျက် စားသည့် ဖုန်းဆိုးကျတ်တီး မြေတွင် စီမံကိန်းတာဝန် ထမ်းဆောင်နေရသောအလုပ် သမားများ၏ကိုယ်တွေ့ဖြစ်ရပ်မှန်ဖြစ်သဖြင့် ဖော်ပြပေး လိုက်ခြင်း ဖြစ်ပါသည်။                         

ဒိဗ္ဗာန်(ဂမ္ဘီရ)

ဂျပန်နိုင်ငံက ကောလိပ်ကျောင်းသားတစ်ဦးရဲ့ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

(ယခင်အပတ်မှအဆက်)

ကောင်မလေးက ကျွန်တော့်လက်ကို လှုပ်ခါ တယ်။ ကျွန်တော်က ငုံကြည့်တော့ သူက ပြုံးပြ တယ်။ ပြီးတော့ ‘‘သမီးနဲ့ အတူတူ လိုက်ကစား ရမယ်နော် ...’’လို့ပြောတယ်။

ကျွန်တော်က သူမကိုတော့ စိတ်မညစ်စေချင် ဘူး။ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ ဒီ ကလေးမလေးကို ကျွန်တော်က မြင်မြင်ချင်း သနား မိနေလို့ဖြစ်ပါတယ်။ ဒါကြောင့် ကောင်မလေးကို ပြန်ပြောလိုက်တယ်။

‘‘ကစားမှာပေါ့ မီးမီးရယ်၊ ဒါပေမယ့် ခဏ စောင့်ဦးနော်၊ ဦးလေး မီးမီးရဲ့အမေနဲ့ ခဏ စကား ပြောလိုက်ဦးမယ် ...’’

ကျွန်တော်မေးချင်နေတာက ကောင်မလေးကို လွတ်ပြီး ခေါ်ခိုင်းလိုက်တာ ဘာအကြောင်းကိစ္စ ရှိ လို့လဲဆိုတာပါပဲ။

Read more...

ဂျပန်နိုင်ငံက ကောလိပ်ကျောင်းသားတစ်ဦးရဲ့ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

(ယခင်အပတ်မှအဆက်)

ကောင်မလေးက ကျွန်တော့်လက်ကို လှုပ်ခါ တယ်။ ကျွန်တော်က ငုံကြည့်တော့ သူက ပြုံးပြ တယ်။ ပြီးတော့ ‘‘သမီးနဲ့ အတူတူ လိုက်ကစား ရမယ်နော် ...’’လို့ပြောတယ်။

ကျွန်တော်က သူမကိုတော့ စိတ်မညစ်စေချင် ဘူး။ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ ဒီ ကလေးမလေးကို ကျွန်တော်က မြင်မြင်ချင်း သနား မိနေလို့ဖြစ်ပါတယ်။ ဒါကြောင့် ကောင်မလေးကို ပြန်ပြောလိုက်တယ်။

‘‘ကစားမှာပေါ့ မီးမီးရယ်၊ ဒါပေမယ့် ခဏ စောင့်ဦးနော်၊ ဦးလေး မီးမီးရဲ့အမေနဲ့ ခဏ စကား ပြောလိုက်ဦးမယ် ...’’

ကျွန်တော်မေးချင်နေတာက ကောင်မလေးကို လွတ်ပြီး ခေါ်ခိုင်းလိုက်တာ ဘာအကြောင်းကိစ္စ ရှိ လို့လဲဆိုတာပါပဲ။

Read more...

(အမှန်စင်စစ် စာရေးဆရာဆိုသူတို့သည် တစ်ဆင့်စကား တစ်ဆင့်နားဆိုသကဲ့သို့ တစ်ဦးတစ် ယောက်၏ အဖြစ်သနစ်အား အခြားတစ်ဦးတစ်ယောက်သို့ ဖောက်သည်ချပေးသူများသာ ဖြစ်ကြပေသည်။ အကြင်သူတစ်ဦးသည် ၎င်း၏ ဘဝဖြတ်သန်းမှု၌ ထူးကဲစွာ ကြုံတွေ့ခဲ့ရသည်ရှိအံ့၊ ဤအတွေ့အကြုံကို လူ့သဘာဝအားဖြင့် အခြားတစ်ပါးတို့အား သိစေချင်ကြသည်ဖြစ်၏။ သို့ရာတွင် စီကာပတ်ကုံး နားဝင်လွယ် အောင် ပြောမပြတတ်သည်ဖြစ်ရာ စာရေးဆရာဆိုသူက ကြားဝင်လျက် နားထောင်ကောင်းအောင် စီကာစဉ်ကာ တစ်ဆင့်ခံ ပြန်ပြောကြရပေ၏။ ထို့သို့ရှိပေရာ ကျွန်ုပ်သည်လည်း စာရေးဆရာတစ်ဦး ဖြစ်နေခြင်းကြောင့် ရင်းနှီးပတ်သက်ရာတို့သည် ကျွန်ုပ်ထံသို့ တခုတ်တရ ရောက်ရှိလာကြပြီးလျှင် သူတို့၏ထူးခြားဖြစ်စဉ်များကို စာတစ်စောင်ပေတစ်ဖွဲ့ ရေးပေးပါမည့်အကြောင်း အာဘောင်အာရင်းသန်စွာ ပြောပြတတ်ကြပေ၏။

Read more...

မှတ်မှတ်ရရ ဒီအဖြစ်အပျက်က ၁၉၆၅-၆၆ ခုနှစ်လောက်က ကျွန်တော့်အသက် ၁၁ နှစ်၊ ၁၂ နှစ်သားအရွယ်၊ အတန်းပညာက ဆဋမတန်း တက်နေပြီး ကျောင်းဖွင့်ရင် သတ္တမတန်းတက်ရတော့ မည်။ ခေတ်က နလကခေတ်။ (နလက ဆိုတာ နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီပါ။) အ ကြောင်းအရာ ကြုံတွေ့ရတဲ့မြို့က ကျွန်တော်တို့နေ တဲ့ မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့မှာ၊ ရပ်ကွက်က အမှတ်(၃)ရပ်ကွက်၊ အုပ်ချုပ်ရေးရုံးနှင့် လွတ်လပ်ရေးကျောက်တိုင် အခြေစိုက်တဲ့ ရုံးကုန်း ရပ်ကွက်။ အရေးကြီးတဲ့ရုံးတွေ စုပေါင်းနေထိုင်တဲ့ ကုန်းမို့မို့အရပ်မို့ ရုံးကုန်းရပ်ကွက်လို့ ခေါ်တွင်တာလား မသိ။ ပတ်ဝန်းကျင်မှာလည်း အိမ်ခြံဝိုင်းတွေ ရှိ တယ်လေ။ ရုံးကြီးရဲ့ လမ်းခြားပြီး တောင်ဘက်မှာက နလက ဥက္ကဋ ဗိုလ်ကြီးရဲ့အိမ်။ သူ့သားသမီးတွေနဲ့ ကျုပ်တို့ နယ်ခံမြို့သားတွေနဲ့က သူငယ်ချင်းတွေ လေ။ ရုံးကြီးဝန်းထဲမှာက ရုံးစောင့်ဖြစ်တဲ့ ဦးမောင် ဟန်ဆိုတဲ့ အဘိုးကြီးရဲ့ ဝန်ထမ်းအိမ်လေးရှိတယ်ဗျ။

Read more...

တစ်နေ့မှာ သောကြာသား တစ်ယောက် နယ်ဘက်ကနေ ကျွန်ုပ်ဆီ ရောက်လာပါတယ်။ သူ ရောက်လာကတည်းက မျက်စိမျက်နှာပျက်နေပြီး သူတို့ မိသားစုအရေးကို ရင်ဖွင့်ပါတော့တယ်။ ‘‘ဒီလိုပါဆရာရယ် ...၊ ကျွန်တော်တို့မိသား စု ခုတလောမှာ လုပ်ငန်းတွေလည်းမကောင်း၊ ကျန်းမာရေးကလည်း တစ်ယောက်ပြီးတစ်ယောက် ဖြစ်နေတယ်၊ ရှာသမျှငွေလည်း မလောက်အောင် ဖြစ်နေရပါတယ်။ အဲဒါ သူများလုပ်ထားတယ်ထင်လို့ စစ်ဆေးကြည့်ချင်တာပါ ...’’ ‘‘ဒါဆို ခင်ဗျားကို မေးပါဦးမယ်၊ ခင်ဗျားတို့ အမိရိုးရာ၊ အဖရိုးရာတွေရော လုပ်သလား ...’’ ‘‘ရိုးရာ မလုပ်တော့ဘူးဆရာ ...ကျွန်တော့် အမေ မသေခင်ကတည်းက ရိုးရာတွေကို တောင်း ပန်သွားတယ်၊ သားသမီးတွေ ဆက်မလုပ်ရင်လည်း ခွင့်လွတ်ပေးဖို့ ...’’ ‘‘ခင်ဗျားတို့အမေ တောင်းပန်တော့ သူတို့က ဘာပြောလဲ၊ ခွင့်ပြုတယ်တဲ့လား ...ဒါမှမဟုတ် ခွင့်မပြုဘူးတဲ့လား ...’’ ‘‘မသိပါဘူး ဆရာရယ် ...အမေ မသေခင် ပြောတာကတော့ သားတို့ မသိမှာစိုးလို့ အမေ တောင်းပန်ခဲ့တယ်။ မလုပ်ရင်လည်း ရတယ်ဆိုတာနဲ့ မလုပ်ဘဲ နေခဲ့တာပါ ...’’ သူတို့မိသားစုအိမ်တွင်းရေး ဘာကြောင့် ပူနေ တာလဲဆိုတာ ကျွန်ုပ် သိလိုက်ပါတယ်။

Read more...