(ယခင်အပတ်မှအဆက်)

အဲဒီနောက် ကလေးမြို့နယ်တွင်းက တန်ခိုး ကြီးတောင်များတဲ့ တိလောကမာရဇိန်ဘုရားတောင်၊ မြသိန်းတန်ဘုရားတောင်၊ ကျားတက်တောင်၊ တောင်ဖီလာဘုရားတောင်၊ ရှားတောင်၊ ရေတံခွန် တောင်၊ ရှုခင်းသာတောင်၊ စခန်းကြီးဘုရားတောင်၊ မြစ်သာကမ်းခြေတောင်တို့မှာ အဓိဋာန်ဝင်ခဲ့ပါတယ်။ တောင်တစ်လုံးကို နံနက် ၉ နာရီက စဝင်တယ်ဆိုလို့ ရှိရင် ညနေပိုင်း ၆ နာရီဆို အဓိဋာန်ဝင်ချိန် ၉ နာရီဖြစ်ပါတယ်။ ကျားတက်တောင်မှ ကိုယ်တွေ့ ဖြစ်ရပ်ဆန်းများဆိုတဲ့ ကျွန်ုပ်ရေးသားထုတ်ဝေပြီးဖြစ် တဲ့ စာအုပ်ထဲက အရဟံဂုဏ်တော်ကွန်ချာကို တစ် လုံးတစ်ပါဒမျှ မမှားစေဘဲ ဂုဏ်တော်ကို ပွားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ 

Read more...

ကျွန်ုပ်ထံလာကုတဲ့ လူနာတွေထဲမှာ မကြာ ခဏဆိုသလို ရောက်လာတတ်တာက သိပ္ပံနည်း ပညာနှင့် တိုင်းထွာလို့မရတဲ့ ရောဂါဆန်းတွေဖြစ်ပါ တယ်။ နာမည်ကျော် အထူးကုသမားတော်ကြီးများ နှင့် ပြသ ရောဂါရှာဖွေစမ်းသပ်ရာမှာ ဝေဒနာတော့ အလူးအလဲပဲ။ သို့သော် ဇာစ်မြစ်ကို ရှာဖွေလို့မတွေ့ရ ဘူး။ ဒါမျိုး ဖြစ်ရပ်တွေအချို့ကျတော့ ကုသလိုက် ပေမယ့် တဒင်္ဂဟန် ဆေးအာနိသင် ပြရုံလေးသာ၊ ထူးထူးခြားခြား သက်သာတာမျိုး ရှိမလာဘူး။ တတ် နိုင်သူများအနေနှင့် ပြည်တွင်းမှာ ကုသခံယူရခြင်းကို အားမရတဲ့အတွက် ပြည်ပအာဆီယံနိုင်ငံတွေထဲက အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်နဲ့ စင်ကာပူနိုင်ငံတွေမှာ သွားရောက်ကုသခံယူခဲ့ပေမယ့် သက်သာတဲ့ အရိပ်အယောင်လောက်မျှနဲ့ ပြန်ခဲ့ရပြီး တချို့ကျတော့ အရှင်းသား ပျောက်ကင်းခဲ့ကြသူတွေ လည်း အများအပြားပါပဲ။ ရိုးသားမှုမရှိဘဲ ပယောဂ အနှောင်အဖွဲ့မကင်းတဲ့ ရောဂါရှင်များဟာ ငွေကုန် လူပန်းရုံသာ အဖတ်တင်တာမျိုးလည်း တွေ့မြင်ရ တတ်ပါတယ်။

Read more...

ဒီဆောင်းပါးကို မရေးခင် ကြိုတင်ပြောချင် တာကတော့ ဆောင်းပါးရေးရခြင်းရဲ့ ရည်ရွယ်ချက် ပါပဲ။ ဒီနေ့ သက်ရှိလောကမှာ လူသားတွေ လျှောက် နေကြတဲ့လမ်းကို ပြန်လည်းစမ်းစစ်ကြည့်တဲ့အခါ ကြီးသူကိုရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဆိုတာမျိုးတွေ တော်တော်လေး ပျောက်ကွယ် နေတာ တွေ့ရပါတယ်။ ဒါကြောင့် ကြီးသူကလည်း ငယ်သူကို ချစ်ခင်သနားစိတ်နဲ့ လုပ်ကိုင်ဆောင်ရွက် စေလိုတာရယ်၊ ငယ်သူကလည်း ကြီးသူကို လေးစား စေလိုတာရယ်ကြောင့် ရေးသားလိုက်ရခြင်း ဖြစ်ပါ တယ်။

Read more...

ကျွန်ုပ်သည် မိုးကုတ်ဆရာတော်ဘုရား ဟောကြားသောတရားတော်ကို နာနေပါသည်။ ၁၉၆၁ ခုနှစ်က ဟောကြားခဲ့သော တရားဖြစ်ပါ သည်။ တရားတော်ကို နာနေစဉ် ဧည့်သည်လာ သည်ဟု ပြောသဖြင့် ဖွင့်ပေးလိုက်ရာ ဦးမြင့်သိန်းကို တွေ့ရပါတော့သည်။

‘‘ဦးမြင့်သိန်း ...လာလာ ဝင်ပါခင်ဗျာ ...၊ ဝမ်းသာလိုက်တာ ...’’

‘‘အဏ္ဏဝါကြီးရေ အိမ်ကိုမနည်းရှာရတာ’’

‘‘လိပ်စာက ဘယ်ကရတာလဲ။ ဖုံးဆက်လိုက် ပါလား ...၊ လာခေါ်မှာပေါ့ ...’’

‘‘လိပ်စာက ကိုကျော်ဇောက ပေးတာ။ ဖုန်း နံပါတ်က မှတ်ထားထားဖုံးထဲမှာ ပျောက်သွားတာနဲ့ မဆက်တာပါ ...’’

Read more...

စာဖတ်ပရိသတ်များထံမှ ကိုယ်တွေ့ဝိညာဉ် လောက သရဲတစေ္ဆများနှင့် ပတ်သက်တွေ့ကြုံရသည့် အဖြစ်အပျက်များ စာမူအဖြစ် ရေးသားပေးပို့ရန် တောင်းဆိုစဉ် အစကပင် ရေးနေခဲ့သော်လည်း ဘယ် ကစရေးရမှန်းမသိ၍ မရေးဖြစ်ပါ။ ကျွန်မကိုယ်တွေ့ ဖြစ်စဉ် ရှိခဲ့ပါသည်။ ယခုအကြောင်းအရာမှာ အတို ဆုံးနှင့် ပထမဆုံး ရေးသားခြင်းပါ။

ယခု ကျွန်မအသက် ၆၉ နှစ်ပါ။ ခုနှစ်တော့ မမှတ်မိတော့ပါ။ ကျွန်မ အိမ်ထောင်ကျပြီး ကလေး  ငါးယောက်တော့ ရနေပါပြီ။ ကျွန်မ စာတွေဖတ်သူပါ။ ဒါပေမဲ့ အဲဒီတုန်းက ဂမ္ဘီရစာမျိုးတော့ မဖတ်ပါ။ လူသေရင် လူသေကိုကြောက်တာလောက်ပဲရှိတယ်။ မကျွတ်မလွတ်တာတွေ၊ ဝိညာဉ်တွေဆိုတာ ကြား တော့ ကြားဖူးပါသည်။ သရဲပူးတာ၊ နတ်ပူးတာ လောက်တော့ ကြုံဖူးသိဖူးတာပဲ ရှိတယ်။ ဒါတွေ မသိလို့ ကျွန်မပြောမိတာ ဖြစ်မယ်။ ဒီလောက်ကြီး လွယ်လွယ်သိနိုင်လိမ့်မယ် မထင်ဘူး။ 

Read more...

ကျွန်ုပ်ထံလာကုတဲ့ လူနာတွေထဲမှာ မကြာ ခဏဆိုသလို ရောက်လာတတ်တာက သိပ္ပံနည်း ပညာနှင့် တိုင်းထွာလို့မရတဲ့ ရောဂါဆန်းတွေဖြစ်ပါ တယ်။ နာမည်ကျော် အထူးကုသမားတော်ကြီးများ နှင့် ပြသ ရောဂါရှာဖွေစမ်းသပ်ရာမှာ ဝေဒနာတော့ အလူးအလဲပဲ။ သို့သော် ဇာစ်မြစ်ကို ရှာဖွေလို့မတွေ့ရ ဘူး။ ဒါမျိုး ဖြစ်ရပ်တွေအချို့ကျတော့ ကုသလိုက် ပေမယ့် တဒင်္ဂဟန် ဆေးအာနိသင် ပြရုံလေးသာ၊ ထူးထူးခြားခြား သက်သာတာမျိုး ရှိမလာဘူး။ တတ် နိုင်သူများအနေနှင့် ပြည်တွင်းမှာ ကုသခံယူရခြင်းကို အားမရတဲ့အတွက် ပြည်ပအာဆီယံနိုင်ငံတွေထဲက အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်နဲ့ စင်ကာပူနိုင်ငံတွေမှာ သွားရောက်ကုသခံယူခဲ့ပေမယ့် သက်သာတဲ့ အရိပ်အယောင်လောက်မျှနဲ့ ပြန်ခဲ့ရပြီး တချို့ကျတော့ အရှင်းသား ပျောက်ကင်းခဲ့ကြသူတွေ လည်း အများအပြားပါပဲ။ ရိုးသားမှုမရှိဘဲ ပယောဂ အနှောင်အဖွဲ့မကင်းတဲ့ ရောဂါရှင်များဟာ ငွေကုန် လူပန်းရုံသာ အဖတ်တင်တာမျိုးလည်း တွေ့မြင်ရ တတ်ပါတယ်။

Read more...

ကျွန်ုပ်သည် မိုးကုတ်ဆရာတော်ဘုရား ဟောကြားသောတရားတော်ကို နာနေပါသည်။ ၁၉၆၁ ခုနှစ်က ဟောကြားခဲ့သော တရားဖြစ်ပါ သည်။ တရားတော်ကို နာနေစဉ် ဧည့်သည်လာ သည်ဟု ပြောသဖြင့် ဖွင့်ပေးလိုက်ရာ ဦးမြင့်သိန်းကို တွေ့ရပါတော့သည်။

‘‘ဦးမြင့်သိန်း ...လာလာ ဝင်ပါခင်ဗျာ ...၊ ဝမ်းသာလိုက်တာ ...’’

‘‘အဏ္ဏဝါကြီးရေ အိမ်ကိုမနည်းရှာရတာ’’

‘‘လိပ်စာက ဘယ်ကရတာလဲ။ ဖုံးဆက်လိုက် ပါလား ...၊ လာခေါ်မှာပေါ့ ...’’

‘‘လိပ်စာက ကိုကျော်ဇောက ပေးတာ။ ဖုန်း နံပါတ်က မှတ်ထားထားဖုံးထဲမှာ ပျောက်သွားတာနဲ့ မဆက်တာပါ ...’’

‘‘အေးဗျာ ... မတွေ့ရတာလည်း အတော် ကြာပြီဗျာ ...၊ ခုလို လာတာကိုပဲ ကျေးဇူးတင်နေ တာ ...၊ ဒီမှာပဲ ထမင်းစားရမယ် ...’’

‘‘တွေ့ရအောင် လာခဲ့တာပါ ...၊ စကားတွေ လည်း ပြောကြမယ် ...၊ ထမင်းလည်း စားမယ်’’ 

‘‘ဝမ်းသာတယ်ဗျို့ ...ညီမရေ ဒီမှာ ဦးမြင့် သိန်းကြီး လာတယ်ဟေ့။ ဒီမနက် ဒီမှာပဲ ထမင်း စားမယ် ...’’

‘‘ဟုတ်လား ဝမ်းသာပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေကော ပါလား ...’’

Read more...

ကျွန်မအတွက် အခုအရွယ်မှာ သရဲဆိုတာ ကို ငယ်ငယ်ကလို အကြောက်ကြီးကြောက်မနေ တော့ပါဘူး။ ဒါပေမဲ့ စိတ်အားငယ်တဲ့အချိန်မျိုးတွေ ဆို အသက်အရွယ်ဘယ်လောက်ပဲ ရှိနေပါစေ စိုးရွံ့ ထိတ်လန့်မှုတော့ ရှိနေတတ်ပါတယ်။ အခုချိန် နဖူး တွေ့ ဒူးတွေ့ တွေ့ရင်တော့ ဘယ်လိုနေမလဲဆိုတာ ကိုယ့်ကိုယ်တောင် သေသေချာချာတော့ မသိပါဘူး။ ဒါပေမဲ့ ကျောင်းဆရာမ ဖြစ်ခါစ အသက်နှစ်ဆယ် ကျော်အရွယ်လောက်ကတော့ ထူးထူးဆန်းဆန်း ကြုံ ခဲ့ရပါတယ်။ အဲဒီတုန်းကတော့ ငယ်ရွယ်စဉ်ကာလ မို့လားမသိ အသည်းတုန် အူတုန်ပါပဲ။ ကြောက်လိုက် တာ မပြောပါနဲ့တော့။ အဖြစ်ကတော့ ဒီလိုပါ။

Read more...

မင်းပြားမြို့နယ်၏ တောင်ဘက်အစွန်တွင် တည်ရှိနေသော ခွေးတောင်ချောင်းရွာတွင် ကျွန် တော်တို့မိသားစုသည် လယ်ယာလုပ်ငန်းကို လုပ်ကိုင် လျက် နေထိုင်ကြပါသည်။

တစ်နေ့သ၌ လယ်ယာလုပ်ငန်းသုံးပစ္စည်း များ၊ ရိက္ခာအတွက် လိုအပ်သော ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ ဆေးရွက်ကြီး၊ ဆေးပေါ့လိပ် များဝယ်ရန် ကျွန်တော့်အဖေ၏ညီ ဦးမောင်ထွန်းနှင့် ကျွန်တော်တို့နှစ်ဦးသည် နံနက်စောစော ရေတက် ချိန်၌ မင်းပြားမြို့မစျေးကြီးသို့ လှေတစ်စင်းဖြင့် လာခဲ့ ကြပါသည်။

မင်းပြားမြို့သို့ နေ့လယ် ၂ နာရီခန့်တွင် ရောက်ပါသည်။ လိုအပ်သောပစ္စည်းများကို ဝယ်ယူ ကြပြီး စျေးအတွင်းရှိ ထမင်းဆိုင်တစ်ဆိုင်တွင် နံနက် စာ စားကြပါသည်။

ရွာသို့ပြန်ရန် ဒီရေကျချိန်ကို စောင့်နေကြပါ သည်။ ရေကျချိန်သည် ညနေ ၅ နာရီလောက်မှ ဖြစ်မည်ဖြစ်သော်လည်း ညနေစာကိုပင် မစားကြ တော့ပါ။ ကျွန်တော်တို့သည် လှေကြိုးဖြုတ်နေစဉ် လူနှစ်ဦး၊ တစ်ဦးက ပိန်ပိန်ရှည်ရှည်၊ နောက်တစ်ဦး က ခပ်ဝဝရှိသော လူနှစ်ယောက်သည် လှေအနီးသို့ ကပ်လာပြီး -

Read more...

လူဟူသည် တစ်ခါတစ်ရံတွင် ဝေဝေဝါးဝါး အိပ်မက်များကို မက်တတ်ကြသလို ထင်ထင်ရှားရှား အပြင်မှာကဲ့သို့ အိပ်မက်ထဲတွင်ပင် အမှတ်ရစရာတွေ တစ်ပုံတစ်ပင် မက်နေတတ်ကြသည်။ သို့ပါသော် လည်း အများစုက ‘‘အိပ်မက်’’ကို အိပ်မက်လိုပဲ သဘောထားကာ ဂရုမမူကြတော့ပေ။ သို့သော် တစ် ခါတရံတွင် ထိုအိပ်မက်များက မိမိကို အကျိုးပြုတတ် သလို ကျရောက်လာမည့် အန္တရာယ်ကိုလည်း ပြသ ပေးတတ်လေသည်။

မည်သို့ပင်ဖြစ်စေ လူတိုင်း အိပ်မက်မက်ကြ ပါလား၊ အိပ်မက်ထဲမှ အရာတချို့ အပြင်တွင် အကျိုးသက်ရောက်မှု ရှိခဲ့ဖူးပါသလား။ မိမိကိုယ်တိုင် အိပ်မက်ကို မယုံကြည်ခဲ့ပါ။ အိပ်မက်ဟူသည် သွေး လေချောက်ချား၍ လည်းကောင်း၊ အိပ်ခါနီးတွင် ထိတ်လန့်၍သော်လည်းကောင်း၊ သို့မဟုတ် အစား အများကြီးစားမိ၍သော်လည်းကောင်း မက်တတ် ကြသည်ဆို၏။ မိမိအတွက်တော့ မည်သည့်အ ကြောင်းအရာမျှ မရှိပါဘဲ အိပ်မက်ထဲသို့ရောက်လာ သည့် လူတစ်ယောက်ကြောင့် တွေးစရာများ ဖြစ်ခဲ့ရသည်။

Read more...