အင်္ဂလန်နိုင်ငံ လူထုသည် လန်ဒန်မြို့မှ ၁၉၇၇ ခုနှစ် စက်တင်ဘာလ ၈ ရက်ထုတ် ဒေးလီးတယ်လီဂရပ် သတင်းစာပါ ‘သစ်ခွရိပ်သာ တစေ္ဆခြောက်မှုကြီး’

ဟူသော စီးစီးပိုင်ပိုင်ရှိလှသည့် ခေါင်းစဉ်အောက်မှ ဓာတ်ပုံအထောက်အထားနှင့် ဝေဝေဆာဆာ ဖော်ပြထားသော သတင်းတစ်ပုဒ်ကို ဖတ်ရှုကြရသဖြင့် တအံ့တသြ ဖြစ်ကြရ၏။ ထိုသတင်းမှာ ဤသို့ဖြစ်၏။

‘‘ယမန်နေ့ညနေပိုင်းမှ ထူးဆန်းသောတစေ္ဆ ခြောက်မှုဟု လူအများက ယူဆထားသောဖြစ်ရပ် ဆန်းတစ်ခု လန်ဒန်မြို့တော် မြောက်ပိုင်း အင်ဖီးလ် မြို့နယ် ဆင်ခြေဖုံး၊ အဏ္ဏဝါရိပ်သာလမ်း ‘သစ်ခွ ရိပ်သာ’နေအိမ်တွင် ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိ သည်။ ထိုအိမ်ကြီး၏ ပိုင်ရှင်မှာ မုဆိုးမ မစ္စက်ပက်ဂီ ဟောဆင်ဆိုသူဖြစ်သည်ဟု သိရ၏။ မစ္စက်ပက်ဂီ ဟောဆင်၏ ခင်ပွန်းဖြစ်သူမှာ မကွယ်လွန်မီက လူ သိများသော အသက်အာမခံကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ သူကွယ်လွန်သွားသော်လည်း ဇနီးဖြစ် သူ မစ္စက်ပက်ဂီဆင်နှင့် မိသားစုများသည် ထိုသစ်ခွ ရိပ်သာနေအိမ်တွင် ဆက်လက်နေထိုင်ခဲ့သည်ဟု ဆိုကြောင်း၊ ထိုအိမ်ကြီး၏ပိုင်ရှင်ဟောင်းမှာ ကျောက် မီးသွေးတွင်း အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ထိုရပ်ကွက် တွင် အများနှင့်ခပ်ကင်းကင်း ခပ်ကွာကွာနေခဲ့သည်။ လွန်ခဲ့သောတစ်နှစ်ခန့်က ထိုကျောက်မီးသွေးပိုင်ရှင် ကြီး မိသားစုမှာ ဝေလပြည်နယ်တစ်နေရာသို့ အပန်း ဖြေခရီးထွက်စဉ် မော်တော်ကား မတော်တဆဖြစ်မှု ကြောင့် ယင်းကျောက်မီးသွေးပိုင်ရှင်ကြီးမှာ ကွယ် လွန်ခဲ့ရကြောင်း၊ သို့ဖြစ်၍ ကျန်ရစ်သူမိသားစုသည် ‘‘သစ်ခွရိပ်သာ’’အိမ်ကြီးအား ရောင်းချ၍ ဆွေမျိုး သားချင်းများရှိရာ ဒီဗွန်ရှိုင်းယားပြည်နယ်သို့ ပြောင်း ရွေ့သွားခဲ့သည်ဟု သိရ၏။

Read more...

၁၉၈၇ ခုနှစ်၊ လကတော့ မေ့တေ့တေ့ဖြစ် နေပါပြီ။ မိဘများနှင့်အတူ ကလေးမြို့နယ် မြို့တိမ်း ချောင်းကျေးရွာမှာ စိုက်ပျိုးရေး၊ မွေးမြူရေးအလုပ် ကို တွင်ကျယ်စွာလုပ်နေခိုက် စိမ်းညို့ညို့ဂျစ်ကား တစ်စီး ကျွန်ုပ်တို့အိမ်ရှေ့ထိုးရပ်ပြီး ကားပေါ်ကလူ နှစ်ယောက်က ကလေးဝမြို့မှာ စိတ်ရောဂါသည်လူ နာတစ်ယောက် ကုသဖို့ ဆရာ့ကိုလာပင့်တာဖြစ် ကြောင်း၊ ဝေဒနာဖြစ်စဉ် အသေးစိတ်ကိုလည်း ပြော ပြပါတယ်။ ဒါနဲ့ ကျွန်ုပ် အဲဒီနေ့ညနေပိုင်းနဲ့တူပါ တယ်။ ကားရှေ့မှန်ပြင်မှာ ဒေါက်တာဇော်ဝင်းလို့ ရေးသားထားတာကိုလည်း အမှတ်ရမိပါသေးတယ်။ ကျွနု်ပ်တို့ခြံရှိရာ မြို့တိမ်းချောင်းနှင့် ကလေးဝက ၁၈ မိုင်လောက် ဝေးမယ်ထင်ပါတယ်။ လိုအပ်တဲ့ ဆေးတွေကိုယူပြီး လိုက်သွားတော့ ညနေ မိုးမချုပ် တစ်ချုပ်လောက်မှာ ကလေးဝ လူနာအိမ်ကို ရောက် ပါတယ်။

Read more...

အားလပ်ရက်မှာ အပျော်စီးသင်္ဘောစီးရင်း ကြုံ တွေ့ခဲ့ရတာပါ။ အဲဒီတုန်းက ကျွန်တော်ဟာ အိပ် ခန်းနံပါတ် ၁ဝ၅ ကို ရပါတယ်။ တစ်ယောက်အိပ် အခန်းရယ်လို့မရှိဘဲ နှစ်ယောက်အိပ်အခန်းတွေချည့် ပဲဖြစ်တာမို့ ကျွန်တော်ဟာ အဖော်တစ်ယောက်နဲ့ အိပ်ရမှာဖြစ်ပါတယ်။ ကျွန်တော့်အခန်းဖော်ဟာ ‘မစ္စတာ ဆင်း’ ဆိုသူ လူလတ်ပိုင်းအရွယ်တစ်ဦး ဖြစ်တယ်လို့ လက်မှတ်ရောင်းသူက ပြောထားပါ တယ်။

Read more...

ရှေးပဝေသဏီကစ၍ အဏ္ဏဝါပျော်သင်္ဘောသားတို့၏ ဒဏ္ဏာရီများ၊ ပုံပြင်များတွင် လည်းကောင်း၊ နယ်သစ်ရှာဖွေ စွန့်စားသွားလာသူများ၏ ပါးစပ်ပြောသမိုင်းများ၊ မှတ်တမ်းများတွင် ရေဇလာအတွင်း ခြောက်လှန့်လျက်ရှိသော တစေ္ဆသင်္ဘောများ ပါဝင်လေ့ ရှိပါသည်။ တစ်ချိန်က နာမည်ကျော်ကြား လူသိများခဲ့သော တစေ္ဆသင်္ဘောအချို့သည် ယခုအခါတွင်ပင် ရေစီးအတိုင်း မျောပါနေသည်ကို တွေ့ကြရသည်ဟု ဆိုကြ၏။ ထိုထူးခြားဖြစ်စဉ်များကို ယနေ့ သိပ္ပံပညာ အံ့မခန်းတိုးတက်နေသောခေတ်တွင် ဖွားမြင်လာကြသည့် မျိုးဆက်သစ်လူငယ်များအဖို့ သူပြောကိုယ်ပြော ယုံတမ်း ကောလာဟလ သတင်းများဟု ထင်မှတ်ဖွယ်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုဖြစ်ရပ်ဆန်းများသည် သိပ္ပံနိယာမတရားနှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။

Read more...

ယခင်နေသောရုံးဝင်းမှ သင်္ဃန်းကျွန်းတွင် နေရာပေးပါသည်။ ဝန်ထမ်းများ သင်္ဃန်းကျွန်းမှ ရန်ကင်းသို့ ရုံးတက်ရပါသည်။ လိုင်းခန်းတွင်နေ သော ဝန်ထမ်းများကတော့ မရွေ့ပြောင်းရပါ။ လိုင်း ခန်းတစ်ခန်းလျှင် အိမ်ခန်းခြောက်ခန်းပါ သုံးလိုင်း ရှိသည်။

တနင်္လာနေ့တစ်နေ့ ကျွန်မ ရုံးရောက်တော့ လိုင်းခန်းမှ ကြီးရွေ သရဲကုပ်ချိုးလို့ပြောကြတာနဲ့ ကျွန်မလည်း အပြေးအလွားသွားကြည့်ပါသည်။ ရုံး ပိတ်ရက် ငါးရက်ပိတ်၍ ဘယ်နေ့ကဖြစ်လည်းတော့ မသိပါ။ ကျွန်မသွားတဲ့အချိန်မှာ ဆရာရောက်နေလို့ အကျီလဲပေးနေကြတာ ကျွန်မပါကူပြီးလဲပေးရတယ်။ ခေါင်းက ငုံနေ့လို့ အကျီလဲရခက်လို့ ဝိုင်းကူရတာ။

Read more...

(ယခင်အပတ်မှအဆက်)

လက်စသပ်တော့ သူကြိုက်မိတဲ့ လူစိမ်းက စိတ္တဇလူသတ်သမားပဲ၊ မိန်းမလှလေး တွေကိုမှ လိုက်သတ်နေတာ၊ အဲဒီညက ‘နှင်းဆီ မယ်’ လေးကို သတ်ပြီး အလောင်းဘေးမှာ ‘လှရင် သေရမယ်’ ဆိုတဲ့စာတစ်စောင် ချထားခဲ့တာတဲ့၊ အဲဒီအချိန်ကစပြီး ‘နှင်းဆီမယ်’ လေးဟာ တစေ္ဆ ဘဝနဲ့ ပင်လယ်ကမ်းခြေမှာ လှည့်လည်သွားလာနေ တယ်လို့ အဆိုရှိတယ်၊ အပြင်မှာ ကိုယ်ထင်ပြပြီး ခြောက်တာလှန့်တာမျိုးမရှိဘဲနဲ့ သူ့ကို အိပ်မက်မက် ကြတာပဲရှိတယ်၊ အိပ်မက်မက်တဲ့လူတိုင်းဟာလည်း ကံကောင်းပြီး တစ်နည်းနည်းနဲ့ ကြီးပွားသွားကြတဲ့ လူချည့်ပဲ၊ ဒို့မြို့ကလူတွေကတော့ အဲဒီလို ယုံကြည် နေကြတာပေါ့’’

Read more...

‘သက်ရှိသတ္တဝါမှန်သမျှကား ပဋိသနေ္ဓနေရခြင်းနှင့် ကင်းကွာ၍ မရချေ။ ပဋိသန်ဓေနေရခြင်းမှာ (၁) ဥပပတ်ပဋိသန်ဓေဟူ၍ ယခင်ဘဝက ဝိညာဉ်ချုပ်သည်နှင့် တစ်ပြိုင်နက် နတ်၊ ဗြဟ္မာ၊ ပြိတ္တာများကဲ့သို့ နောက်ဘဝတွင် ဘွားခနဲ မားမားမတ်မတ် ရုပ်သဏ္ဏာန်ပေါ်လာခြင်း၊ (၂) သံသေဒဇ ပဋိသန်ဓေဟူ၍ အညှိကိုစွဲ၍ အလွန် သေးငယ်သော ကလာပ်စည်း တစ်ခုမှ တဖြည်းဖြည်း ကြီးထွားလာခြင်းသည် ပိုးလောက်တို့ကဲ့သို့ ပဋိသန်ဓေမျိုး၊ (၃)အဏဇပဋိသန်ဓေဟူ၍ ကြက်၊ ငှက်တို့ ပေါက်ဖွားရသကဲ့သို့ ဥအခွံမှ ပေါက်ဖွားရသည့် ပဋိသန်ဓေမျိုး ဇလာဖုဇ (သို့မဟုတ်) (၄)ဂဗ္ဘသေယျက ပဋိသန်ဓေမျိုး ဟူ၍ လေးမျိုးပိုင်းခြားလျက် ရှိလေသည်။

Read more...

၂ဝဝ၅ ခုနှစ် အလွန်ချမ်းအေးတဲ့ ဇန်နဝါရီ လမှာ ချင်းပြည်နယ် တီးတိန်မြို့က အကောက်ခွန်ရုံး မှာ ထူးဆန်းတဲ့ ရုပ်ရှင်ဆန်ဆန် ဖြစ်ရပ်မှန်တစ်ခု  ကြုံခဲ့ရဖူးပါတယ်။ မှတ်မှတ်ရရ ကျွန်ုပ်ထံ တစ်ခု သော နံနက်ပိုင်းအချိန် ရောက်လာသောပုဂ္ဂိုလ်က ဝန်ထောက်ဦးခင်စိုးလို့ ဆိုပါတယ်။ သူနဲ့အတူ ကိုသန်းနိုင် ရာထူးက ကာကြပ်၊ သူလည်း ပါတယ်။ အကြောင်းက ကျွန်တော်တို့အကောက်ခွန်ရုံးမှာ မနေ ရဲလောက်အောင် သရဲခြောက်နေလို့ပါတဲ့ ...။ အကြောင်းစုံကို မေးမြန်းကြည့်တော့ အဖြစ်အပျက် က တော်ရုံလူတွေ ခြောက်ခြားစရာ ဖြစ်နေပါတယ်။

Read more...

(ယခင်အပတ်မှအဆက်)

‘‘မင်းတို့ ဒါရယ်စရာမဟုတ်ဘူးကွ။ ခင် မောင်စန်းက တကယ်ဝင်လာတာ။ သူအကြောင်း ကို ပြောလို့ဝင်လာတာ။ သူမကျွတ်ဘူးဖြစ်နေတယ်’’

‘‘ဗျာ ...’’

‘‘ဦးမြင့်သိန်း ရော့ရော့ ... ဒီရေမန်းလေး သောက်လိုက်ပါ။ ကျွန်တော်ရှိတယ်။ ဘာမှမဖြစ်စေရ ဘူး’’

ဦးစိုးမင်းသည် လူကြီးပီပီ အဖြစ်မှန်ကို သုံး သပ်ပြ၏။ ကြောက်အားပိုသော ဦးမြင့်သိန်းကို ရေ မန်းတိုက်လေသည်။ ထိုအခါကြမှ ချွေးစီးတွေကျပြီး အေးစက်နေသော ခန္ခာကိုယ်မှာ အကြောက်ပြေ သွားလေသည်။ ဦးမြင့်သိန်း တကယ်ကြောက်တာကို တွေ့ရသောအခါ အပေါင်းအသင်းများက ဆက် မနောက်တော့ပါ။ ကိုမြင့်သိန်းကို အားနာနေလေ သည်။

‘‘ခင်မောင်စန်း ...မင်းနဲ့ငါတို့က လူ့ဘဝ တုန်းက အပေါင်းအသင်းဆိုတာ မှန်တယ်။ အခု မင်းနဲ့ ငါတို့က ဘဝခြားသွားပြီ။ မင်းငါတို့ထဲ မလာနဲ့။ ငါအမိန့်ပေးနေတယ်။ မင်းပြန်ပါတော့ ... ငါခွင့်ပြု ချက်မရဘဲ နောက်ဘယ်တော့မှ မဝင်လာနဲ့ လိုက် မနှောင့်ယှက်ပါနဲ့’’

Read more...

ပဲခူးမြို့မှ သနပ်ပင်မြို့ဘက်သို့အထွက် လမ်းတစ်နေရာတွင် ရှေးဟောင်းသစ်သားအိမ်အို ကြီးတစ်လုံး ရှိလေသည်။ ထိုအိမ်ကြီးမှာ နှစ် ပေါင်းများစွာ လူမနေဘဲ ပိတ်ထားသော အိမ် ကြီးဖြစ်လေသည်။

တစ်ခါသော် ပဲခူးမြို့၌ တာဝန်ကျသော ကျွန်ုပ်၏သူငယ်ချင်း လင်မယားနှစ်ဦးသည် ကျွန်ုပ်ထံသို့ အမောတကောနှင့် ရောက်လာခဲ့ ကြလေ၏။

‘‘ငါတို့ကို ကယ်ပါဦး ...၊ သူငယ်ချင်း ရယ် ... ငါတို့ဝန်ထမ်းဆိုတာက ထားရာနေ၊ စေရာသွား မဟုတ်လား ...၊ အခု ပဲခူးကို တာဝန်ကျလို့ ပြောင်းရတာ နှစ်လလောက်ရှိ သွားပြီး၊ အိမ်ထောင်ကျစဆိုတော့ တို့လက်ထဲ မှာ စုမိဆောင်းမိကလည်း ဘာမှ မရှိသေးလေ တော့ အပြောင်းအရွေ့တွေကြုံတဲ့အခါ ဒုက္ခများ တာပေါ့ သူငယ်ချင်းရာ ...၊

Read more...