ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ် တလင်းမြို့နယ်၊ ချောင်းသုံးခွအုပ်စု၊ မိုးညိုမြို့နယ် နှင့် နတ်တလင်းမြို့နယ်အစပ် မယင်းငယ်ကျေးရွာ အနီးတွင် ဉာဏ်တော်အမြင့် ၇၂ ပေရှိသော ရှေး ဟောင်း ငွေပြည်တောင်စေတီတော်မြတ်ကြီးအား တည်ထားကိုးကွယ်လျက်ရှိရာ လုပ်ငန်းများ ပြီးစီးနေ ပြီဖြစ်၍ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလထဲတွင် ရွေထီး တော်တင် မင်္ဂလာအခမ်းအနားကို စည်ကားသိုက် မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။

Read more...

(က) ဦးအောင်ချစ်အား ပွဲထုတ်ခြင်း

ကျွန်ုပ်သည် ဦးအောင်ချစ်နှင့်တွေ့ဆုံပြီး မိုး ကုတ်တရားတော်ဘုရားကြီး၏ တရားတော်များကို ဆွေးနွေးကြသည်။ ဦးအောင်ချစ်၏ ကိုယ်တွေ့များ သည် ကျွန်ုပ်အဖို့ အားတက်စေခဲ့သည်။ အား ဆေးတစ်ခွက်လည်းဖြစ်ပါသည်။ ကျွန်ုပ် မသိသော သဘောတရားများကို ဦးအောင်ချစ် ရှင်းပြသောအခါ လွယ်လွယ်လေး ဖြစ်သွားသည်။ အတော် လေးစား စရာကောင်းသော ပုဂ္ဂိုလ်ဖြစ်ပါသည်။

Read more...

ဦးမင်းအောင်သည် စနေနေ့နံနက်ပိုင်း တာ ဝန်မှနား၍ အိမ်သို့ပြန်ရောက်လျှင် သူအလွန်ကြိုက် သော အရက်ကို ဖန်ခွက်တစ်လုံးစာမျှသောက်ပြီး အိမ်ရှေ့ဝရံတာတွင် အကျီချွတ်ကြီးနှင့် လေညင်းခံ ရင်း အိပ်ပျော်သွားပါသည်။

ညနေ သုံးနာရီခွဲတွင် သမီးဖြစ်သူက ‘‘အဖေ ရေ ...ရေလာနေပြီ၊ ရေချိုးရအောင် ...’’ ဟု ခေါ်၍နှိုးပါသည်။ လှုပ်၍နှိုးပါသည်။ အဖေ့ထံမှ လုံးဝ စကားမပြန်တော့ပါ။ ထိုအခါ အော်ဟစ်ပြီး အကူ အညီတောင်းပါသည်။ ဦးမင်းအောင်သည် မည်သည့် အချိန်က သေသွားပြီလဲ မသိပါ။ တစ်ကိုယ်လုံး တောင့်တင်းနေပါသည်။ ဆေးရုံမှတစ်ဆင့် ရင်ခွဲရုံ သို့ အလောင်းကိုပို့လိုက်ရပါသည်။

Read more...

နွားနင်းမောင်းသူ ..၊

နွားပြေးမောင်းသမား ..၊

ကြက်တိုက်တဲ့ ကြက်ဆွဲ ..၊

နွားချင်းဆွဲနေရမှ ပျော်နေသူ ..။

သူဟာ ကျွန်ုပ် အဘိုး ဦးစိန်ဒိုင်နဲ့ ဘဝတူ လယ်သမားများထဲမှာ မတွဲမဖြစ် တွဲနေရသူတွေက ဦးချမ်းအေး၊ ဦးအေးမောင်ကြီး၊ ဦးမောင်ထွန်း၊ ဦးဘိုးချယ်ဆိုတဲ့ တကယ့်နွားသမား၊ ကြက်သမားကြီး များ ဖြစ်ကြတယ်။

သူ ဆိုသည့်သူက ဦးချစ်လှိုင် ...

နွားအကြောင်း၊ ကြက်အကြောင်းဆိုရင် သူ တို့လောက် နားလည်တတ်ကျွမ်းတဲ့သူ မရှိသလောက် ပဲ။ အဲဒီခေတ်တုန်းက မောင်းလှည်း၊ လှည်းယာဉ်၊ လှည်းကြမ်းတွေက ခေတ်အမီဆုံးပဲ။ ကျွန်ုပ်ငယ်ငယ် က ကျွန်ုပ်အဖေနဲ့လည်း သူတို့တွေအားလုံး နွားပြေး၊ ဇုံတုံးမောင်းကြတော့ အိမ်မှာ တရုန်းရုန်း ...၊ အိမ် မှာက တက်တိုးနဲ့ ယုန်ရှန်ဆိုတာ ဒီနွားတွေထဲမှာမှ မောင်းဖက် မရှိဘူး။ အဲဒါကို အသုတ်က ဦးငတေက  သူနွားနဲ့ဆွဲဖို့ ချောင်းနေလေရဲ့။ ဒါပေမဲ့ ‘ငတေ ငါးကျပ်’ဆိုတာ အလိုက်မပေးရင် မရဘူး။ အလိုက် ငါးကျပ်ပေးရင် ဆွဲတာပဲ။ ဟုတ်ပါပြီ ..၊

Read more...

(ယခင်အပတ်မှအဆက်)

‘‘မကောင်းဆိုးဝါးတွေ ဆိုတာ ဘာကို ဆိုလို တာလဲ ဦးလေး’’

‘စတန်လေ’ က ဆက်ပြီး စပ်စုပါတယ်။ သူ စပ်စုတဲ့မေးခွန်းက ကျွန်တော်လည်း စိတ်ဝင်စားတာ မို့ သူ့ကို မဟန့်တော့ဘဲ အသာ နားထောင်နေလိုက် ပါတယ်။

‘‘မကောင်းဆိုးဝါးတွေ ဆိုတာ တစေ္ဆတွေ သရဲ တွေ ဝိညာဉ်တွေကို ပြောတာပေါ့၊ လူသေပြီး ဆက် ဖြစ်နေတဲ့ဘဝတွေပေါ့၊ ဦးတို့ ငယ်ငယ်ကတည်းက အဲဒီရေတွင်းထဲကို သမီးရည်းစားစုံတွဲတစ်တွဲ ခုန်ချ ပြီး သတ်သေသွားကြတယ်၊ ညဘက်ကြီး ခုန်ချကြ တာဆိုတော့ သူတို့အလောင်းတွေကို မနက်ရေလာ ခပ်တဲ့လူတွေလာမှ တွေ့သွားကြတာ၊ ဒါနဲ့ အဲဒီရေ တွင်းကို ဘယ်သူမှ မသုံးကြဘဲ ခြံခတ်ထားလိုက် ကြတယ်၊ နောက်ပိုင်း အဲဒီနားမှာ တစေ္ဆခြောက် တယ်လို့ နာမည်ကြီးသွားပြီး ဘယ်သူမှမသွားကြ တော့ဘူး၊ တချို့လူတွေ ပြောတာတော့ နေ့ခင်း ဘက်တောင် မည်းမည်းအရိပ်ကြီးတွေ ထွက်ထွက် လာတယ်လို့ ပြောတာပဲ၊ ရိုးရိုး ထွက်လာတာမဟုတ် ဘဲ လူတွေနောက်ကို ထွက်လိုက်တာမို့ ထွက်တောင် ပြေးရသေးတယ်တဲ့’’

Read more...

နှစ်တွေကြာလွန်းနေပြီဖြစ်သော်လည်း ကျွန် မ၏တစ်သက်တာ၌ မေ့ပျောက်နိုင်စွမ်းမရှိသည့် ဤ ဖြစ်ရပ်မှန်ကို ရေးသားဖော်ပြလိုက်ပါတယ်။ ကျွန်မ သည် ငယ်စဉ်ကပင် သရဲ၊ တစေ္ဆ၊ ဝိညာဉ် စသည် တို့ကို ယုံကြည်မှုလည်းမရှိ။ ကြောက်ရွံ့ခြင်းလည်း မရှိခဲ့ပါ။ မိဘများကလည်း ထိုအရာများကို ကြောက် ရွံ့ရန် လုံးဝ မသွန်သင်ခဲ့ပါ။

၁၉၆၈ ခုနှစ် ကျွန်မ ဆယ်တန်းကျေင်းသူ ဘဝ၌ ဖြစ်ပါသည်။ ကျွန်မ၏သူငယ်ချင်း မဗျိုင်း၏ အဘွားလေးတော်သူ ဒေါ်ခလေးပုသည် နေ မကောင်းသဖြင့် မဗျိုင်း၏အိမ်တွင် ဆေးဝါးကုသမှု ခံယူနေသည်မှာ တစ်လလောက်ရှိနေပြီဖြစ်ပါသည်။

Read more...

‘ကျွန်တော်သည် လှပသော အောက်ခံပင် လယ်ပြင်နှင့် ဝင်းထိန်နေသော လရောင်အောက်တွင် ချစ်သူလေးနှင့်အတူ စကားလက်ဆုံကျနေသည်။ လွမ်းမောတသဖွယ် အိပ်မက်ကို မြင်မက်နေစဉ် ပျဉ်နံရံကို ခပ်ပြင်းပြင်း ထုသံကြားရသဖြင့် လန့်နိုးလာသည်။ အသံမှာ လူနှစ်ယောက် သတ်ပုတ်လုံး ထွေးနေသည့်အသံနှင့် တူနေသည်။ သို့သော် ထိုအသံ ထွက်လာသည့်နေရာမှာ တစ်နေရာတည်းမှ မဟုတ်။ တစ်ခါတစ်ရံ ကြမ်းပေါ်မှလည်းကောင်း၊ တစ်ခါတစ်ရံ အိမ်ကြီးအမိုးပေါ်မှလည်းကောင်း စသည်ဖြင့် နေရာအမျိုးမျိုးမှ ထွက်ပေါ်နေလေသည်။ မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို တိတိကျကျ မပြောနိုင်ပါ။

Read more...

စံနမူနာပြ ဦးဆောင်ပါ

‘စံနမူနာပြ ဦးဆောင်ပါ’ ဆိုသည့်ဒသနအမြင် ဆိုင်ရာ စကားတစ်ခုကို ဒသနိကဗေဒစာအုပ်ကြီး ထဲကစကားလုံးများဖြင့် တင်ပြ ဆွေးနွေးမည်ဆိုလျှင် လိုရင်းကိုထိမိဖို့ပင် မလွယ်ဟုထင်ပါသည်။ ထို့ကြောင့် အောက်ဖော်ပြပါ ကြေကွဲဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ပြလိုပါသည်။ ဇာတ်လမ်းရေးသူမှာ ဂီတပညာရှင်လည်းဖြစ်၊ တေး ရေးဆရာလည်းဖြစ်၊ အဆိုတော်လည်းဖြစ်သည်။ သူက အောက်ပါ အတိုင်း ရေးသားတင်ပြခဲ့ပါသည်။

Read more...

ပြီးခဲ့တဲ့ တစ်ပတ်က လမိုင်းအကြောင်း ရေးရင်း စိတ်ထဲပေါ်လာတဲ့သူ တစ်ယောက်အကြောင်း ထပ်ရေးပြချင်ပါတယ်။ သူကတော့ လမိုင်းကြောင့် ဘဝင်မြင့်နေပြီး ကျွန်ုပ်ကိုပါ ပညာစက်နဲ့ လာ ရောက် စမ်းခဲ့သူလို့ပဲ ပြောပါရစေ။

တစ်နေ့မှာ ညီအစ်မနှစ်ယောက်နဲ့ အမျိုး သားတစ်ယောက် ရောက်လာပါတယ်။ အမျိုးသား တစ်ယောက်က ခပ်အေးအေးပုံနဲ့ စကားလည်း မ ပြောပါဘူး။ တစ်ယောက်ကတော့ မျက်နှာမှာ အရက် ခိုးပျံနေပြီး ဖောသွပ်သွပ်ကြီး ဖြစ်နေပါတယ်။ အရက် ကို တော်တော်သောက်ထားသူမှန်း ကြည့်လိုက် တာနဲ့ သိသာလောက်ပါတယ်။

Read more...

(ယခင်အပတ်မှအဆက်)

ကျွန်ုပ်တို့၏ ဇာတ်လိုက်ကြီး ဓနုထွန်းပေါ်တို့ လေးဦးသားက ယခုအခါ ဝတ်ပြုဆောင် ခန်းမကြီး တစ်ခု အတွင်းသို့ ရောက်ရှိသွားခဲ့ကြသည်။ 

ဓနုထွန်းပေါ်တို့ လေးဦး ကျောင်းတော် ခန်းမ ထဲသို့ ခြေချ လှမ်းဝင်သည်နှင့် လုလင် အရွယ် လားမားပျို တစ်ဦးက ခါတန် ခေါ် ပိုးပုဝါပါးလေးတွေ တစ်ထည်စီ လည်ပင်းမှာ လွမ်းပေးသဖြင့် ဦးညွတ် လက်အုပ်ချီပြီး ခံယူကြသည်။ လားမား လုလင်က ကိုယ်ရောင်ကိုယ်ဝါ လင်းနေသောကြောင့် သာမန် လူသားနှင့်ပင် မတူချေ။ အဖြူရောင် ခါတန် ပုဝါပါး ကလည်း အရောင် တဖျတ်ဖျတ် လက်နေချေသည်။

ဝတ်ပြုဆောင်၏ နေရာအနှံ့မှာ ဝဇီရာ မိုး ကြိုးသွားပုံများ ရေးဆွဲထားသဖြင့် မိုးကြိုး ကျောင်း တော်ကြီးပင် ဖြစ်လိမ့်မည်ဟု မှတ်ယူရလေသည်။ အမြင့်ဆုံး အမြတ်ဆုံး ကျောင်းတော်ကြီး ဖြစ်ပြီး သွေးသားနှင့် လူသားတို့ ယခုလို ခြေချ လှမ်းဝင်ဖို့ မဆိုထားနှင့် ရှာဖွေတွေ့ရှိဖို့ပင် မဖြစ်နိုင်။

Read more...