၂ဝ၁ဝ ခုနှစ် နယ်ကိုသွားပြီး သာသနိက အဆောက်အအုံတွေ သွားပြင်သည်။ အစားမှားကာ လေဖြန်းပြီး ရန်ကုန်ပြန်လာခဲ့ရသည်။ ပါရမီလမ်း အခြေခံပညာစာအုပ်သိုလှောင်ရုံမှာ နေထိုင်ရစဉ် ဖြစ် သည်။ မိန်းမက ပညာရေးဌာနက လ/ထ ညွန်ကြား ရေးမှူးတာဝန် ထမ်းဆောင်နေစဉ် နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။ တာဝန်ခံဆရာကြီးက စာအုပ်သန်းပေါင်း လေးထောင်ကျော်ရှိကြောင်း ပြောဖူးသည်။

Read more...

(ယခင်အပတ်မှအဆက်)

အပေါ်အောက် တစ်ဆက်တည်း ချုပ်ထားတဲ့ လိမေ္မာ်ရောင် ဂါဝန်အရှည်ကြီး ဝတ်ထားပါတယ်။ တောင့်တောင့်ကြီးဖြစ်နေလို့ လူနဲ့မတူဘဲ လူသေ အလောင်းနဲ့ တူနေပါတယ်။ ပခုံးပေါ်ဝဲကျနေတဲ့ ဆံပင်ဖြူတွေကလည်း ဖွာလန်ကြဲနေပါတယ်။ မျက် နှာကလည်း အရိုးပေါ် အရေတင်နေပြီး ဟောက်ပက် ဖြစ်နေတဲ့မျက်တွင်းကြီးတွေနဲ့ ကျွန်တော့်ကို စိုက် ကြည့်ပြီး သွားတွေကလည်းအဖွေးသားနဲ့ သွားဖြဲပြ နေသလိုပါပဲ။

Read more...

နေရာကား ပဲခူးရိုးမအရှေ့ဘက်ခြမ်း တောင် တန်းများပေါ်ရှိ လူဦးရေသုံးဆယ်မျှရှိသော ကျေးရွာ စုလေးဖြစ်သည်။ သစ်ကြီးဝါးကြီး၊ ကျောက်ဆောင် အငူအချွန်းများနှင့် အေးချမ်းသာယာလှပေသည်။

ရာဘာစိုက်ခင်းများ၊ ကွင်းပြင်ကျယ်များမှာ စပါးများ ဝမ်းစာအတွက် စိုက်ပျိုးကြသည်။ တော လိုက်မုဆိုးအဖြစ်လည်း အသက်မွေးကြသည်။ ကျေး ရွာအုပ်ချုပ်သူက ဦးစောကောင်းစံဖြစ်သည်။ ရွာ၏ ကျန်းမာရေး၊ လူမှုရေး၊ အစွမ်းကုန်ကူညီတတ်ပြီး မြို့မှာကျောင်းပညာသင်၊ ကျောင်းဆရာအဖြစ် ရွာနီး ချုပ်စပ်မှ ကလေးများကို ပညာသင်ပေးနေသူလည်း  ဖြစ်သည်။

ရွာသူရွာသားများအစုကား ဗုဒ္ဓဘာသာလည်း မမည်၊ အခြားဘာသာလည်း နားမလည်ချေ။ ဦးစော ကောင်းစံအိမ်မှာသာ ဗုဒ္ဓဘာသာဘုရားစင်နှင့် ကိုး ကွယ်သည်။ သို့သော် သူ့ဇနီးနန်းကျင်ကတော့ အယူဝါဒမဲ့တစ်ဦးပမာပင်။ သူ့ညီမ စောကျင်ကတော့ ခဲအိုကဲ့သို့ ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပေသည်။ နေ့စဉ် ဆွမ်း၊ ရေချမ်း ကပ်လှူ၊ ဘုရားပန်း မှန်မှန် လဲသည်။

Read more...

ဒီတစ်ကြိမ်ရေးမယ့် အကြောင်းကတော့ လူ တော်တော်များများ စိတ်ဝင်စားကြတဲ့အကြောင်း ဖြစ်မယ်ထင်ပါတယ်။ အဲဒါ တခြားမဟုတ်ပါဘူး။ သေသူတွေရဲ့အကြောင်းပါ။ လူတွေက သရဲဆို ကြောက်ကြတယ်။ ဒါပေမဲ့ သရဲကားဆိုရင် စိတ်ဝင် တစား ကြည့်ချင်ကြတယ်။ သရဲခြောက်မှာကို စိုးရိမ် တယ်၊ ကြောက်တယ်။ ဒါပေမဲ့ သရဲခြောက်တယ်ဆို တဲ့ အိမ်ပေါ်ကို သွားကြည့်ချင်ကြတယ်။ ဒါ လူ့ မနောပါ။

Read more...

‘‘ကိုအောင်စိန် ...ခင်ဗျား ဘေလုံးကြီးက တဖြည်းဖြည်း ကြီးလာပြီနော် ...၊ ဆေးရုံတက်ခွဲ ဖို့ကောင်းတယ် ...’’

‘‘ပိုက်ဆံမရှိသေးဘူးမောင် ...၊ ဒီတစ်ခါ အင်းဖော်ပြီးရင် အင်းသူကြီးက ဆေးရုံတင်ပြီး ခွဲပေး မယ်လို့ ပြောတယ် ...’’

‘အင်း’ဆိုတာမျိုးက မြို့ပေါ်မှ‘အင်း’များကဲ့ သို့မဟုတ်။ ကျေးရွာချောင်းများတွင် မိုးရာသီအခါ ရေတက်ချိန်၌ အင်းကိုလေလံဆွဲ၍ ယင်းလိပ်များကို ကာရံထားပြီး သူ့အပိုင်နှင့်သူ သဘာဝငါးများ၊ ပုစွန် များကို ထောင်၍ သူတို့ဘာဝ ပွားများပျော်မြူးစေရန် ဗေဒါများ၊ ဒိုက်များဖြင့် အလေ့ကျမွေးမြူ၍ စီးပွား ဖြစ်လုပ်ကိုင်ခြင်းဖြစ်သည်။

Read more...

ခုနှစ်သက္ကရာဇ်ကတော့ အတိအကျ မမှတ်မိ တော့ပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ နှစ် က ဖြစ်မယ်လို့ ခန့်မှန်းမိပါတယ်။ ကျွန်ုပ်တို့နေတဲ့ ကလေးမြို့ရဲ့ အထက်ဘက် ချင်းတွင်းမြစ်ရိုးအတိုင်း ဆန်တက်ရင် မြစ်အရှေ့ဘက်ကမ်းမှ အိမ်ခြေ ၇ဝဝ ကျော်ရှိတဲ့ မစိန်ရွာဆိုတာ ရှိပါတယ်။ အဲဒီရွာမှာ အင်မတန်ချော အင်မတန်လှပါတယ်ဆိုတဲ့ ကွမ်း တောင်ကိုင်မလေးတစ်ဦး ရှိတယ်။ နာမည်မေ့နေတဲ့ အတွက် ဥမ္မာလို့ပဲ ကင်ပွန်းတပ် မှည့်ခေါ်ကြပါစို့။ သူမရဲ့ လှပမှုစွဲငင်အားကြောင့် ဥမ္မာကို ပိုးပန်းတဲ့ ကာလသားများကလည်း အပြိုင်အဆိုင်။ ရွာမှာပြု လုပ်တဲ့ ပွဲလမ်းသဘင်မှာ အလှပဂေး ဥမ္မာသာ သွား လိုက်ပြီဆိုရင် ပွဲပြီးလို့ အိမ်ပြန်ကြတော့ ကြည့်ခဲ့ရ တဲ့ပြဇာတ်မင်းသား မင်းသမီးတို့ရဲ့ လှပမှု၊ စွဲဆောင် မှု၊ အသံနေ အသံထား စတဲ့ကောင်းချက်တွေကို အရေးပေးပြောဆိုကြခြင်းထက် မစိန်သူ ဥမ္မာရဲ့ ပြိုင် ဘက်ကင်း ကျော့ရှင်းလှတဲ့ ကမ္ဘာပေါ်မှာရှိတဲ့ အလှ အပတွေက ဥမ္မာအပေါ်မှာ စုပုံနေလို့ ကမ္ဘာပေါ်မှာ သူသာအလှဆုံးလို့ ပြောသူက ရှိသေး။

Read more...

မိုးလကုန်ကာ ဆောင်းသို့ကူးပြီမို့ နှင်းများ တဖွဲဖွဲကျနေ၏။ နွေမဟုတ်သော်လည်း ရွက်ရော်တို့ အကြွေများလွန်းသည်ဟု စိတ်မှာထင်ပြန်သည်။ တောလမ်းတစ်လျှောက် မှန်မှန်လျှောက်လှမ်းရင်း နှင်းရည်များဖြင့် စိုကာရွဲနေသည့် ရွက်ကြွေများ နင်း မိပြန်၍ ပြုံးမိပါ၏။ ပြုံးရသည်က ချမ်းပုံမှာ ကမ်းကုန် အောင် ချမ်းလွန်းလှ၍ လမ်းဆုံလမ်းခွကပင် ဟစ် အော်ချင်ပါသည်ဆိုသော အချုပ်တန်းဆရာဖေ၏ ‘ဆောင်းရတုကဗျာ’ စိတ်ကူးအတွေးကို သဘောကျ မိခြင်းသာ ...။ ဝန်ထမ်းဘဝ ကျရာတာဝန် ကျေ ပွန်စွာ ထမ်းဆောင်ရင်း မြန်မာပြည်တစ်ခွင် တော် တော်နှံ့နှံ့ ခြေဆန့်ကာ ရောက်ခဲ့ဖူးပါသည်။ ဖြတ်သန်း ကျင်လည်ရသော ဘဝခရီးလမ်းက များသောအား ဖြင့် တောတောင်တို့နှင့် ဆက်စပ်နေသော ရွာလေး များသာ ဖြစ်ပါသည်။ ကျွန်တော့်အဖို့ သူ့အရပ်နှင့် သူ့ဇာတ်ဆိုသောစကား မှန်ပေလိမ့်မည်။ အရပ် ဒေသတိုင်း မတူညီနိုင်ကြသည့် ဓလေ့စရိုက် သဘာဝ နှင့် အတတ်ပညာတို့ ကွဲပြားစွာ ရှိနေတတ်ခြင်း ကြောင့် ဖြစ်ပါသည်။ ချောင်းချောက်ကလေးဘေး သဲသောင်ပြင်သို့ ဖြတ်အတက် ချောင်းဆုံရွာသား ကိုအဲပိုဆိုသူနှင့် ဆုံပါသည်။

Read more...

တစ်နေ့ည ကျွန်ုပ်ဆီကို ဖုန်းတစ်ကော ဝင် လာပါတယ်။ ထုံးစံအတိုင်း နေ့ဘက်ဆေးကုပြီး ည ရောက်တဲ့အခါ ပုတီးစိပ်၊ မေတ္တသုတ်ရွတ်၊ ပဌာန်း ရွတ် စသဖြင့် ထိုင်လိုက်၊ လမ်းလျှောက်လိုက်လုပ် နေချိန် ဝင်လာသောဖုန်း ဖြစ်ပါတယ်။

‘‘ဆရာရှင့် ...ကျွန်မ ----မြို့ကပါ၊ ဆရာ့ ကို အကူအညီတောင်းချင်လို့ ...’’

‘‘ဟုတ်ကဲ့ ...ပြောပါ ...’’

ပြောပါလို့သာ ပြောလိုက်မိတယ်။ ဒီလို ဖုန်း တွေဆို သိပ်မကောင်းတတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တချို့သောသူတွေက သူတို့ကိစ္စ၊ သူတို့ ဖြစ်ချင်တာကိုသာ ပြောပြီး ကိုယ့်ဘက်ကို မကြည့်၊ မသိ၊ လုပ်သွားတတ်ကြပါတယ်။ (ကိုယ်တွေ့များစွာ ကြုံခဲ့လို့)

Read more...

(ယခင်အပတ်မှအဆက်)

‘‘အရင်ကရော ကြုံဖူးလား’’

‘‘ကျွန်မက ဒီအိမ်မှာ မနေတော့ ကိုယ်တွေ့ တော့ မကြုံဖူးဘူး၊ အရင်အိမ်ငှားတွေတုန်းက အခု လို ‘ဟောလိုးဝီးန်’ ညမှာ တံခါးကို တဝုန်းဝုန်းနဲ့ လာထုနေတာတဲ့၊ သူတို့က မဖွင့်ပေးတော့ တစ်နာ ရီလောက်ထုပြီး ပြန်သွားကြတယ်တဲ့’’

‘‘လူရှုပ်လူနောက်တွေက လာနောက်ကြတယ် ထင်ပါရဲ့၊ တစေ္ဆသရဲဆိုတာ ကျွန်တော်တို့လို ရုပ် ခန္ဓာမျိုးမှမဟုတ်တာ၊ တံခါးပိတ်ထားရင်လည်း နံရံ တွေကို ဒီအတိုင်း ဖြတ်ပြီး ဝင်လာလို့ရတာပဲဥစ္စာ၊ တံခါးလာထုတာတော့ လူတွေပဲဖြစ်မှာ၊ သက်သက်မဲ့ ခြောက်လှန့်ချင်လို့ လာလုပ်တာပဲနေမှာ’’

Read more...

(ယခင်အပတ်မှအဆက်)

ဦးအောင်ချစ်နှင့် ကျွန်ုပ်တို့သည် မိဘ အရိပ်အောက်တွင် ခေတ္တနားခိုပြီး အမောဖြေခဲ့ရ၏။ ရွာသူကြီး တင်စိုးနှင့် အကျိုးတော်ဆောင်များ၊ ဝေယျာ ဝစ္စ လုပ်အားပေးမည့် လူငယ်အဖွဲ့များ၊ ဆရာတော် ကျောင်းမှ စောင့်နေကြောင်း သိရလေသည်။ ကိုသန်း ရှိန်မှ ရွာဦးကျောင်းတွင် လူစုံနေပြီဖြစ်ကြောင်း လာ ရောက် သတင်းပို့သဖြင့် ရွာဦးကျောင်းသို့ထွက်ခွာ လာခဲ့သည်။ ကျောင်းပေါ်သို့ရောက်သောအခါ ဥက္ကဌ တင်မိုးနှင့် ဆယ်အိမ်ခေါင်းများ၊ မိတ်ဆွေ အပေါင်း အသင်းများ၊ အကျိုးတော်ဆောင်အဖွဲ့များ စုံစုံညီညီ တွေ့လိုက်ရ၏။ ခင်မောင်ဝင်း၊ မောင်သိန်းနှင့် ကျေး ရွာမှ အသက်အရွယ်ကြီးကြီး လေးစားကြည်ညိုရ သော ဦးသောင်းတင့် ဦးချစ်အေးတို့ ကျောင်းပေါ် တွင် ထိုင်နေကြသည်။

Read more...