(ယခင်အပတ်မှအဆက်)

သူတို့နှစ်ယောက်က အဲဒီလို ဝိညာဉ်ပူးကပ် နေ တဲ့အရုပ်ကလေးကို မွေးထားတာနဲ့ပတ်သက်လို့ ‘အန်ဂီ’ရဲ့ချစ်သူ‘လို’ ဆိုတဲ့ကောင်လေးက သဘော မကျပါဘူး။ သဘာဝချင်းမတူတဲ့အတွက် အဲဒီလို ခေါ်ထားမယ့်အစား အမှိုက်ပုံမှာ သွားလွင့်ပစ်လိုက် ဖို့ အမြဲတိုက်တွန်းပါတယ်။

Read more...

တောင်းပန်လွာ

မနောမယဂမ္ဘီရဂျာနယ်မှ အယ်ဒီတာအဖွဲ့ရှင့်- ကျွန်မရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန် ဇာတ်လမ်းလေးမှာ စိတ်ကူးယဉ်သက်သက် မဟုတ်ပါ။

Read more...

(ဤ အင်းသရဲကြီး ဦးတာတီး စာရေးသူ ဆရာ ကျော်မင်းနိုင်သည် ဆိုင်ကယ် မတော်တဆ ဖြစ်မှု ကြောင့် စာမူကို ဆက်လက်မရေးနိုင်ခဲ့ဘဲ ယခု ကျန်းမာရေးပြန်လည် ကောင်းမွန်လာမှ စာဖတ်သူ ပရိသတ်များအတွက် ယခုမှ နောက်ဆုံးအပိတ် စာမူကို ဖော်ပြနိုင်ခြင်းအတွက် စာဖတ်ပရိသတ်များ အား တောင်းပန်အပ်ပါသည်။

အယ်ဒီတာ)

Read more...

အခန်း(၁)

‘‘ကလင် ...ကလင် ...ကလင် ...’’

‘‘ဟဲလို ...အမိန့်ရှိပါ ...၊ မြို့နယ်ရဲတပ်ဖွဲ့ မှူးရုံး တာဝန်မှူး ဒုရဲအုပ် ထက်ထက်ဇော်ပါ ...၊ ဟုတ်ကဲ့ ပြောပါခင်ဗျာ ...’’

တစ်ဖက်မှ ဖုန်းဖြင့်သတင်းပေးပို့မှုများကို ဒုရဲ အုပ်ထက်ထက်ဇော် ရေးမှတ်လိုက်ပါတော့သည်။

အချိန်က ၂ဝ၁၂ ခုနှစ်၊ မေလ ၁၆ ရက်၊ နံနက် ၉ နာရီခန့်။ တောင်တွင်းကြီးမြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်မှူးထံသို့ တောင်တွင်းကြီးဘူ တာ မီးရထားစက်ဗိုလ်မှ ဘူတာအဝင် ရေစက်ဘေး ခြုံပုတ်အတွင်း၌ ပုပ်ပွနေသော လူသေအလောင်း တစ်လောင်း တွေ့ရှိကြောင်း သတင်းပေးပို့လာမှု ဖြစ်ပါသည်။ ဒုရဲအုပ်ထက်ထက်ဇော်၊ သူက ရုံး၌ ရုံးဦးစီး။ ဒုမြို့နယ်မှူးတာဝန်ပါ ပူးတွဲထမ်းဆောင်နေ သူ။ လုပ်ရည်ကိုင်ရည်နှင့် လုပ်ငန်းကျွမ်းကျင်သူတစ် ဦးလည်းဖြစ်သည်။ ဒီနေ့ တာဝန်မှူးကျသည့်နေ့မှ လူသေအလောင်းပေါ်တယ်။ ထီတော့ပေါက်ပြီ။ စခန်းကို တိုက်ရိုက်မတိုင်ဘဲ မြို့နယ်မှူးရုံးကိုမှ တိုင် လာရတယ် စသည်ဖြင့် ဒုရဲအုပ်ထက်ထက်ဇော် ပါးစပ်မှ ရေရွတ်ပြီး မြို့နယ်မှူးထံ သတင်းပို့ တင်ပြ အမိန့်နာခံပြီးနောက် ချက်ချင်း ...။

Read more...

ရန်ကင်းမြို့နယ်မှ အပျိုကြီး ဒေါ်ပြုံးရီသည် ကင်ဆာရောဂါနှင့် ဆုံးသွားပါသည်။ ကျန်ရစ်ခဲ့တဲ့ ညီအစ်ကို မောင်နှမတွေက ထုံးစံအတိုင်း ရက်လည် နေ့တွင် အလှူအတန်းလုပ်ပြီး အမျှဝေ ရေစက်ချ လိုက်ကြပါသည်။

ကိစ္စတွေပြီးတော့ မေ့မေ့ပျောက်ပျောက်နေ လိုက်ကြတာ တစ်နေ့ကျတော့ ညီမဖြစ်သူကို အိပ် မက်လိုလို ဘာလိုလိုနဲ့ ‘‘ညီမလေးထထ’’ဆိုပြီး နှိုး ပါတော့တယ်။ ညီမဖြစ်သူက ‘‘ဘာကိစ္စလဲ ...’’ ဟု မေးရာ - 

‘‘နင်တို့ ရက်လည်မှာ အလှူအတန်းလုပ် အမျှဝေ ရေစက်ချတဲ့နေ့က အမျှအတန်းမရလိုက် ဘူး ...၊ သာဓုမခေါ်လိုက်ရဘူး ...’’လို့ ပြော တော့ ညီမက -

‘‘အစ်မ ဘယ်သွားနေလို့လဲ ...’’ ဟု မေး ပါသည်။

‘‘ငါသေတဲ့နေ့က စိတ်လွတ်ကိုယ်လွတ် ဝိညာဉ်လောကကြီးထဲကို ငါလျှောက်သွားနေမိတာ၊ ဆယ်ရက်ကျော်ကျော် ကြာသွားတယ် ...၊ အခု တစ်လပြည့်ခါနီးလို့ အိမ်ကိုဝင်လာတာ ...၊ အိမ် ထဲကို ဝင်လို့မရဘူး ...၊ အိမ်ရှေ့ မာလကာပင် မှာ မှီနေရတယ် ...၊ အိမ်စောင့်နတ်ကို တောင်းပန် ပြီး အခု ဝင်လာခဲ့ရတာ ...၊ နေရတာလည်း ဆင်းရဲ ဒုက္ခတွေ့ရပါတယ် ...၊ လေတွေတိုက်ပြီး မိုးမလုံ လေမလုံ နေရတာ ...၊ တတ်နိုင်ရင် ငါ့အတွက် အလှူလုပ်ပေးပါ ...’’ ဟု ပြောပြီး အစ်မ ပျောက် သွားပါတယ်။

Read more...

လူပုံက ခပ်ချောချော၊ မျက်လုံး၊ မျက်ဆံ၊ အသားအရေ၊ အရပ်အမောင်းစလို့ လူအများကြားမှာ  ယောက်ျားပီသစွာ ပေါ်ထင်ရှားတဲ့အလှမျိုး။ ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီတစ်ခိုင်ကို တွေ့မြင်ခဲ့ရဖူးပါတယ်။ သို့သော် သူဟာ အိမ်ထောင်သည်တစ်ယောက်ဆို တာ ဖုံးဖိဟန်ဆောင်မှုကောင်းတာကြောင့် အတွင်းလူ တွေကလွဲပြီး သိသူရှားလို့လည်း ပျိုပျို အိုအိုတွေ ချဉ်းကပ်လာကြတာ ထင်ပါရဲ့။ တစ်မြို့တည်းနေ တော့လည်း လူသတင်း လူချင်းဆောင်တာကြောင့် သူနှင့်ပတ်သက်တဲ့ အကြောင်းအရာတွေက ကောင်း သတင်းထက် မြာပွေတဲ့သတင်းတွေက သူသူကိုယ် ကိုယ် မကြားချင်တဲ့အဆုံး။

Read more...

(မှော်ဘီမြို့ အသောကကျောင်းတိုက်၊ မြေ ဇင်းတောရ တရားစခန်းဝင် ကိုယ်တွေ့ဖြစ်ရပ်မှန်)

စာရေးသူသည် မှော်ဘီမြို့၊ ရှမ်းစု (၁)ရပ် ကွက်၊ အသောကကျောင်းတိုက်၊ မြေဇင်းတောရ တရားစခန်းတွင် သမထနှင့် ဝိပသနာတရား ကျင့် စဉ်များကို ကျင့်ကြံအားထုတ်ရာတွင် တွေ့ကြုံခဲ့ရ သည့် တွေ့ရှိချက်တို့ကို ဓမ္မမိတ်ဆွေတို့အား အတွေ့ အကြုံဖလှယ်သည့်အနေဖြင့် ရေးသားဖော်ပြခြင်းဖြစ် ပါသည်။ ထိုသို့ရေးသားဖော်ပြရာတွင် စာရေးသူ အနေနှင့် ကိုယ်တွေ့၊ လက်တွေ့ သိရှိခံစားရသည်ကို သာ အသိပေး ရေးသားခြင်းဖြစ်ပြီး မိမိနှင့်အတူ လက်တွေ့ တရားကျင့်ကြံ ပွားများအားထုတ်ခဲ့သည့် အခြားယောဂီများ၏ တွေ့ရှိချက်များ၊ အတွေ့အကြုံ များကို ရေးသားဖော်ပြခြင်းမပြုခဲ့ပါ။ ထိုကဲ့သို့ မဖော် ပြခြင်းမှာ မိမိ၏အတွေ့အကြုံများကိုသာ စာဖတ်သူ များ သိရှိခံစားစေလိုခြင်းဖြစ်ပြီး အခြားအကြောင်း တစ်ခုမှာ ကာယကံရှင်၏ ခွင့်ပြုချက် မတောင်းခံဘဲ မရေးသားလိုခြင်းနှင့် အမှားအယွင်းဖြစ်ပါက မသင့် လျော်ခြင်းတို့ကြောင့် ဖြစ်ပါသည်။

Read more...

တစ်ခုသောနေ့ တစ်နေ့တွင် နဂါးမာန်ဝင်း ဂိုဏ်း ဆရာဦးတင်ဦးနှင့် ကျွန်တော်တို့ နေထိုင်ရာ မင်္ဂလာဒုံမှ ဆရာကြီးဦးအောင်ဌေးတို့ နေထိုင်သော သာကေတမြို့နယ်သို့ ထွက်ခွာလာခဲ့ကြပါသည်။

သာကေတသို့ရောက်လျှင် ဆရာကြီးဦး အောင်ဌေး၏နေအိမ်တွင် ပရိသတ်များ များစွာတွေ့ ပါသည်။ ဆရာကြီးသည် ကျွန်တော်တို့နှစ်ဦးကိုမြင် လျှင်မြင်ချင်း ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီး ‘‘လာ ကြ လာကြ ...၊ ငါ မင်းတို့လာမလားလို့ မျှော်နေ တာ ...၊ ဒီမှာ အမြင်ကြည့်စရာတစ်ခုရှိနေတယ်’’ ဟု ပြောပါသည်။

ကျွန်တော်တို့နှစ်ဦးသည် ကန်တော့ပွဲများဖြင့် ပြည့်နှက်နေသော ဆရာကြီးအိမ်၏ ဘုရားစင်ကို ကြည်ညိုစွာဖြင့် လက်အုပ်ချီမိုး ကန်တော့ကြပြီး ဆရာကြီးကိုလည်း ကန်တော့ကြပါသည်။

Read more...

တစ်နေ့သ၌ ရန်ကုန်မြို့၊ ကုက္ကိုင်းဘက်ရှိ ‘‘ရွေဂဲ’’အမည်ရှိ အထည်စက်ရုံကြီးတစ်ရုံ၏ အရိပ် တွင် လူငါးယောက်တို့သည် စကားလက်ဆုံကျလျက် ရှိ၏။ ထိုငါးယောက်အနက် တစ်ယောက်သောသူသာ လျှင် ယောကျ်ားဖြစ်ပြီး ကျန်လေးယောက်မှာမူ မိန်းမ များဖြစ်ကြကုန်၏။ ယောကျ်ားဖြစ်သော ထိုသူမှာ ရွေဂဲစက်ရုံသူဌေး၏ ကားကိုမောင်းရသော ဒရိုင်ဘာ ကိုသန်းမောင်ဆိုသူ ဖြစ်၏။ မိန်းမလေးယောက် အနက် သုံးယောက်မှာ စက်ရုံအလုပ်သမားများဖြစ် ကြကုန်၏။ ကျန်တစ်ယောက်မှာမူ မကြာသေးမီ အချိန်ကမှ အလုပ်ခန့်ထားခြင်းခံရသော စက်ရုံစာရေး မကလေး မမြတ်လှဖြစ်၏။ ၎င်းတို့ငါးယောက်သည် စက်ရုံ၏အရိပ်တွင်ခို၍ ပါလာသောထမင်းဘူး၊ ထမင်း ချိုင့်များကိုဖွင့်ကာ နံနက်စာစားသောက်နေကြခြင်း ဖြစ်၏။ ထမင်းစားပြီးသောအခါ၌ ထမင်းဘူးများ၊ ချိုင့်များကို ဆေးကြောပြီးနောက် စက်ရုံအတွင်းသို့ မဝင်ကြသေးဘဲ ရောက်တတ်ရာရာ စကားများကို ပြောဆိုနေကြခြင်းဖြစ်၏။

Read more...

(ယခင်အပတ်မှအဆက်)

ရဲအရာရှိတစ်ယောက်နဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ယောက် က ‘လီဆာ’ တို့အိမ်ထဲကို သတိအနေအထားတွေ နဲ့ ဝင်ရောက်ရှာဖွေကြတယ်။ နာရီဝက်လောက် ပိုက်စိတ်တိုက် စစ်ဆေးကြပေမယ့် ဘာမှမတွေ့ရ တဲ့အပြင် အိမ်ထဲကို လူဝင်တဲ့ခြေရာလက်ရာ ဘာ တစ်ခုမှ မတွေ့ကြဘူး။ ရဲအရာရှိက ‘‘အစ်မကြီး အိပ်မက်မက်တာ ဒါမှမဟုတ် ထင်ယောင်ထင်မှား ဖြစ်တာ ဖြစ်ပါလိမ့်မယ်’’ လို့ ‘လီဆာ့’ ကို ပြော တယ်။ ကျွန်တော် ကြုံတွေ့ခဲ့ရတာကို ပြောပြမိရင် လည်း အဲဒီလို အပြောခံရမှာ သေချာတယ်။

Read more...