<<< မနောမယဂမ္ဘီရဂျာနယ်သို့ ရေးသားပေးပို့သည့် ကိုယ်တွေ့ဖြစ်ရပ်မှန် >>> 

အမဲသားတောင်းတယ်

လင်းမြတ် (မင်းတပ်) 

၁၉၉၀ ခုနှစ် ဇူလိုင်လ၏ ရက်တစ်ရက် ညနေ ၅း၃၀ ချိန်ခန့်တွင် ကျွန်တော်သည် လှည်းကူး ဈေးထဲမှ အမဲသားတစ်ပိသာဝယ်ပြီး စက်ဘီးစီးကာ တာဝန်ကျရာ အမှတ်(၂၁၅) ခြေလျင်တပ်ရင်းသို့ ပြန်လာခဲ့ပါသည်။ 

 အမှတ်(၂၁၅)ခြေလျင်တပ်ရင်းတွင် တပ် ကြပ်ကြီးတာဝန်ဖြင့် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါသည်။ 

ဒရယ်ဘိုကျေးရွာနှင့် လှည်းကူးဆရာအတတ် သင်ကျောင်းကို ကျော်ပြီးချိန်တွင် လေထန်နေသဖြင့် စက်ဘီးပေါ်မှဆင်းကာ တွန်းလာခဲ့ပါသည်။ ကျွန် တော်သည် လှည်းကူးမြို့မှတစ်ဆင့် ပဲခူးဘက်သို့ ရန်ကုန်-မန္တလေးလမ်းမကြီးအတိုင်း ပြန်လာစဉ်တွင် မိုးကလည်း တဖွဲဖွဲရွာ လေကလည်း အရှေ့ဘက်မှ အနောက်ဘက်သို့တိုက်နေသည့်အတွက် လေဆန် ကို အားစိုက်ထုတ်ပြီး တွန်းလာရပါသည်။

လျှပ်စီးလက်သဖြင့် လမ်းဘေးရှိ ထိ်န်ပင်နှင့်  ပူးလျက်ရှိသည့် ညောင်ပင်ကြီးတစ်ပင်အား လျှပ်စီး အရောင်ဖြင့် မြင်လိုက်ရပါသည်။ ၎င်းင်းညောင်ပင်ကြီး သည် နာမည်ကြီးညောင်ပင်ဖြစ်ပါသည်။ သွားနေကြ မြင်နေကြ ညောင်ပင်ဖြစ်၍ စိတ်ထဲမှာတော့ဘယ်လို မှမနေပါ။

ထိုစဉ်တွင် စက်ဘီးအားနောက်မှဆွဲထား သလို တုန့်ခနဲ ဖြစ်နေသည်ဟု စိတ်ကထင်ပြီး လေထန်နေလို့ ဖြစ်ပါလိမ့်မယ်ဆိုကာ အားစိုက်ပြီး တွန်းသော်လည်း စက်ဘီးမှာမရွေ့ပါ။ နောက်ကနေ တစ်ယောက်ယောက်ကများ နောက်သလားဟု လှည့်ကြည့်လိုက်ရာ လက်လိုလို အရာတစ်ခုက စက်ဘီးကိုဆွဲထားပြီး လွတ်နေသည့် တစ်ဖက်က လက်ဖြင့် စက်ဘီးရှေ့ဘားတန်းတွင် ဆွဲထားသည့် အမဲသားတွဲအား ထိုးပြပါသည်။ 

ကျွန်တော်လည်း ကြက်သီးတဖြန်းဖြန်းထ ကာ အမဲသားတွဲအားဖြုတ်ယူနေစဉ် ဆွဲယူသွားခြင်း ခံရပါသည်။ ဤသို့ဖြင့် စက်ဘီးပေါ်ကတန်းတက်ပြီး အားကုန်နင်းကာ တာဝန်ကျရာတပ်ရင်းသို့ အရောက် ပြန်ခဲ့ရပါတော့သည်။

 

လင်းမြတ်(မင်းတပ်)

 

မနောမယဝိုင်းတော် သား ဆရာဒိဗ္ဗာန်(ဂမ္ဘီရ)၏ ပြန်လည်သုံးသပ် တင်ပြချက် . .

 

ဆရာလင်းမြတ်(မင်းတပ်)၏အမဲသားတောင်း တယ်စာမူမှာ ကြက်သီးထစရာဖြစ်၏။ အသည်းငယ် သူများ ညမဖတ်ရဟူ၍ပင်ဆိုလျှင် ရနိုင်ပေသည်။ ဆရာ့စာမူထဲတွင် ပါသော ညနေ ၅ နာရီခွဲ ၆ နာရီ ဆိုသည်မှာ နွားရိုင်းသွင်း ချိန်ပရလောကသားများစတင်လှုပ်ရှားသောအချိန်ဖြစ်သည်။ 

မြို့ပေါ်ရပ်ကွက်များတွင် ထိုအချိန်မှာ မပြော ပလောက်သော်လည်း လှည်းကူးကဲ့သို့သော မြို့ ကလေး၏ မြို့ပတ်လမ်းတစ်နေရာတွင်ဆိုပါလျှင် ဆရာလင်းမြတ်(မင်း တပ်)တင်ပြသကဲ့သို့ပင် မကောင်းဆိုးဝါးပရလောကသားက အတင့်ရဲစွာ အမဲသားထုပ်အားလုယူခံရခြင်းမှာ ထူးဆန်း သလိုလိုနှင့် မထူးဆန်းသလိုလို ဖြစ်နေပေသည်။ 

 

အမဲသားကဲ့သို့သော အညှီအဟောက်စား စရာ မျိုးကို အစိမ်းသရဲ မကောင်းဆိုးဝါးပရလောက သားများ လွန်စွာနှစ်သက်ကြသည်။ အချိန်မှာလည်း နေဝင်ရီတရော မကောင်းဆိုးဝါး ပရလောကသားများ မြူးထူးချိန်၊ နေရာမှာလည်း လူသူပြတ်လပ်သည့် မြို့ပြင် အစိမ်းသရဲတို့၏ ပိုင်နက်နယ်မြေဖြစ် နေသဖြင့် စားချင်သောက်ချင်သော အစိမ်းသရဲက ဆရာတွန်းလာသည့် စက်ဘီးအား နောက်မှ ဆွဲထားရာမှ ဘားတန်းတွင်ချိတ်ထားသော အမဲသားတွဲ အား လုယူသွားခြင်းဖြစ်၏။ လက်မည်းမည်းကြီးကိုသာ မြင်နိုင်ရသော ဆရာလင်းမြတ်(မင်းတပ်)မှာ လိပ်ပြာ လွင့် မသွားခြင်းမှာ လွန်စွာကံကောင်းသည်ဟု ဆိုရမည်ဖြစ်၏။ ယခုကဲ့သို့ အမဲသားတွဲကိုသာ အလုခံရ လျက် ကာယကံရှင် ဖြစ်သော ဆရာလင်းမြတ် ဘာမှမဖြစ်သည်မှာ ဆရာ၏ ကိုယ်ကျင့်တရားနှင့် ဆရာကျင့်ကြံအားထုတ်ထားသော စရဏအားတို့ ကြောင့် ဖြစ်လိမ့်မည်ဟူ၍ ဆိုရမည်ပင်။ 

 

ဒိဗ္ဗာန် (ဂမ္ဘီရ)

Zawgyi Version

<<< မေနာမယဂမၻီရဂ်ာနယ္သို႔ ေရးသားေပးပို႔သည့္ ကုိယ္ေတြ႕ျဖစ္ရပ္မွန္ >>>

 

အမဲသားေတာင္းတယ္

လင္းျမတ္ (မင္းတပ္)

 

၁၉၉၀ ခုႏွစ္ ဇူလိုင္လ၏ ရက္တစ္ရက္ ညေန ၅း၃၀ ခ်ိန္ခန္႔တြင္ ကြၽန္ေတာ္သည္ လွည္းကူး ေစ်းထဲမွ အမဲသားတစ္ပိသာ၀ယ္ၿပီး စက္ဘီးစီးကာ တာ၀န္က်ရာ အမွတ္(၂၁၅) ေျခလ်င္တပ္ရင္းသို႔ ျပန္လာခဲ့ပါသည္။ 

အမွတ္(၂၁၅)ေျခလ်င္တပ္ရင္းတြင္ တပ္ ၾကပ္ႀကီးတာ၀န္ျဖင့္ တာ၀န္ထမ္းေဆာင္ေနဆဲ ျဖစ္ပါသည္။ 

ဒရယ္ဘိုေက်းရြာႏွင့္ လွည္းကူးဆရာအတတ္ သင္ေက်ာင္းကို ေက်ာ္ၿပီးခ်ိန္တြင္ ေလထန္ေနသျဖင့္ စက္ဘီးေပၚမွဆင္းကာ တြန္းလာခဲ့ပါသည္။ ကြၽန္ ေတာ္သည္ လွည္းကူးၿမိဳ႕မွတစ္ဆင့္ ပဲခူးဘက္သို႔ ရန္ကုန္-မႏၲေလးလမ္းမႀကီးအတိုင္း ျပန္လာစဥ္တြင္ မိုးကလည္း တဖြဲဖြဲရြာ ေလကလည္း အေရွ႕ဘက္မွ အေနာက္ဘက္သို႕တိုက္ေနသည့္အတြက္ ေလဆန္ ကို အားစိုက္ထုတ္ၿပီး တြန္းလာရပါသည္။

လွ်ပ္စီးလက္သျဖင့္ လမ္းေဘးရွိ ထိ္န္ပင္ႏွင့္  ပူးလ်က္ရွိသည့္ ေညာင္ပင္ႀကီးတစ္ပင္အား လွ်ပ္စီး အေရာင္ျဖင့္ ျမင္လိုက္ရပါသည္။ ၎င္းေညာင္ပင္ႀကီး သည္ နာမည္ႀကီးေညာင္ပင္ျဖစ္ပါသည္။ သြားေနၾက ျမင္ေနၾက ေညာင္ပင္ျဖစ္၍ စိတ္ထဲမွာေတာ့ဘယ္လို မွမေနပါ။

ထိုစဥ္တြင္ စက္ဘီးအားေနာက္မွဆြဲထား သလို တုန္႔ခနဲ ျဖစ္ေနသည္ဟု စိတ္ကထင္ၿပီး ေလထန္ေနလို႔ ျဖစ္ပါလိမ့္မယ္ဆိုကာ အားစိုက္ၿပီး တြန္းေသာ္လည္း စက္ဘီးမွာမေရြ႕ပါ။ ေနာက္ကေန တစ္ေယာက္ေယာက္ကမ်ား ေနာက္သလားဟု လွည့္ၾကည့္လိုက္ရာ လက္လိုလို အရာတစ္ခုက စက္ဘီးကိုဆြဲထားၿပီး လြတ္ေနသည့္ တစ္ဖက္က လက္ျဖင့္ စက္ဘီးေရွ႕ဘားတန္းတြင္ ဆြဲထားသည့္ အမဲသားတြဲအား ထိုးျပပါသည္။ 

ကြၽန္ေတာ္လည္း ၾကက္သီးတျဖန္းျဖန္းထ ကာ အမဲသားတြဲအားျဖဳတ္ယူေနစဥ္ ဆြဲယူသြားျခင္း ခံရပါသည္။ ဤသို႔ျဖင့္ စက္ဘီးေပၚကတန္းတက္ၿပီး အားကုန္နင္းကာ တာ၀န္က်ရာတပ္ရင္းသို႔ အေရာက္ ျပန္ခဲ့ရပါေတာ့သည္။

 

လင္းျမတ္(မင္းတပ္)

 

မေနာမယ၀ိုင္းေတာ္ သား ဆရာဒိဗၺာန္(ဂမီၻရ)၏ ျပန္လည္သံုးသပ္ တင္ျပခ်က္ . .

 

ဆရာလင္းျမတ္(မင္းတပ္)၏အမဲသားေတာင္း တယ္စာမူမွာ ၾကက္သီးထစရာျဖစ္၏။ အသည္းငယ္ သူမ်ား ညမဖတ္ရဟူ၍ပင္ဆိုလွ်င္ ရႏိုင္ေပသည္။ ဆရာ့စာမူထဲတြင္ ပါေသာ ညေန ၅ နာရီခြဲ ၆ နာရီ ဆိုသည္မွာ ႏြား႐ိုင္းသြင္း ခ်ိန္ပရေလာကသားမ်ားစတင္လႈပ္ရွားေသာအခ်ိန္ျဖစ္သည္။ 

ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ ထိုအခ်ိန္မွာ မေျပာ ပေလာက္ေသာ္လည္း လွည္းကူးကဲ့သို႔ေသာ ၿမိဳ႕ ကေလး၏ ၿမိဳ႕ပတ္လမ္းတစ္ေနရာတြင္ဆိုပါလွ်င္ ဆရာလင္းျမတ္(မင္း တပ္)တင္ျပသကဲ့သို႔ပင္ မေကာင္းဆိုး၀ါးပရေလာကသားက အတင့္ရဲစြာ အမဲသားထုပ္အားလုယူခံရျခင္းမွာ ထူးဆန္း သလိုလိုႏွင့္ မထူးဆန္းသလိုလို ျဖစ္ေနေပသည္။ 

 

အမဲသားကဲ့သို႔ေသာ အညႇီအေဟာက္စား စရာ မ်ဳိးကို အစိမ္းသရဲ မေကာင္းဆိုး၀ါးပရေလာက သားမ်ား လြန္စြာႏွစ္သက္ၾကသည္။ အခ်ိန္မွာလည္း ေန၀င္ရီတေရာ မေကာင္းဆိုး၀ါး ပရေလာကသားမ်ား ျမဴးထူးခ်ိန္၊ ေနရာမွာလည္း လူသူျပတ္လပ္သည့္ ၿမိဳ႕ျပင္ အစိမ္းသရဲတို႔၏ ပိုင္နက္နယ္ေျမျဖစ္ ေနသျဖင့္ စားခ်င္ေသာက္ခ်င္ေသာ အစိမ္းသရဲက ဆရာတြန္းလာသည့္ စက္ဘီးအား ေနာက္မွ ဆြဲထားရာမွ ဘားတန္းတြင္ခ်ိတ္ထားေသာ အမဲသားတြဲ အား လုယူသြားျခင္းျဖစ္၏။ လက္မည္းမည္းႀကီးကိုသာ ျမင္ႏိုင္ရေသာ ဆရာလင္းျမတ္(မင္းတပ္)မွာ လိပ္ျပာ လြင့္ မသြားျခင္းမွာ လြန္စြာကံေကာင္းသည္ဟု ဆိုရမည္ျဖစ္၏။ ယခုကဲ့သို႔ အမဲသားတြဲကိုသာ အလုခံရ လ်က္ ကာယကံရွင္ ျဖစ္ေသာ ဆရာလင္းျမတ္ ဘာမွမျဖစ္သည္မွာ ဆရာ၏ ကိုယ္က်င့္တရားႏွင့္ ဆရာက်င့္ႀကံအားထုတ္ထားေသာ စရဏအားတို႔ ေၾကာင့္ ျဖစ္လိမ့္မည္ဟူ၍ ဆိုရမည္ပင္။ 

 

ဒိဗၺာန္ (ဂမၻီရ)

Share