Image result for သရဲကျွန်တော်ကိုယ်တိုင် ကြုံရသည်တော့မဟုတ် ပါ။ ကိုယ်တွေ့မဟုတ်သော်လည်း စိတ်ကူးယဉ် လည်း မဟုတ်ပါ။ ကိုယ်တိုင်ကြုံရသူက ကျွန်တော် ၏အမေ့အစ်ကို ဦးရီး ဦးပြားမောင်ဖြစ်သည်။ ဦးရီး ဦးပြားမောင်ဆိုသူမှာ အကြောက်အလန့်မရှိသူ။ ရွတ် တေတေညာဉ်ရှိ၍ လွန်စွာစိတ်မြန်လက်မြန်ရှိသူ။ ထိ လွယ်ရှလွယ်ရှိသူ ထစ်ခနဲဆိုလျှင် ထိုးလိုက်ရိုက်လိုက် ရမှ ကျေနပ်သော လက်ယဉ်သူဖြစ်သည်။

သို့သော်-
မဟုတ်မမှန်သော အလုပ်ကို သူ မလုပ်။ သူတစ်ပါးအပေါ် မတရားအပြုအမူမျိုး မကျူးလွန်။ သူ့အပေါ် မတရားပြုမူလာလျှင်လည်း ဆတ်ဆတ်ထိ မခံတတ်။ သူသည် ဘုရား၊ တရား၊ သံဃာတည်းဟူ သော ရတနာသုံးပါးကိုတော့မူ မမေ့မလျော့ ဦးပုသ် သီတင်းတိုင်း သီလဆောက်တည်သည်။ နေ့စဉ်ဘုရား ရှိခိုး၍ ငါးပါးသီလကို စောင့်ထိန်းသူဖြစ်ပြီးလျှင် ဘု ရားရှိခိုးပြီးတိုင်း အမျှအတန်းပေးဝေတတ်သူဟု ဆို၏။ သာရေးနာရေးရှိလျှင်လည်း ရှေ့ဆုံးမှ ပါဝင်ကူညီ တတ်သူ ...။
 
ဤသို့ အဖြူနှင့်အမည်း အကောင်းနှင့်အဆိုး စသည့် အစွန်းတရားနှစ်ဖက်ကို မခွဲခြားနိုင်ဘဲ တစ် ပြိုင်တည်း လက်ခံထားသည့် လူ့ကန့်လန့်ကြီးဟု ခေါ်လျှင်လည်း ရသူဖြစ်၍ လူရိုးလူအေးကြီးပါဟူ၍ ပြောလျှင်လည်းရသူ ဦးရီး ဦးပြားမောင်သည် အလုပ် နှင့်ပတ်သက်လျှင်လည်း ဇီဇာမကြောင် ကြုံရာ ကျပန်းလုပ်သူဖြစ်၏။ မကောင်းမှု ဒုစရိုက်အလုပ်မှ လွဲ၍ ရရာအလုပ်လုပ်၍ ဘဝရပ်တည်သည်။ ယခု ပြောမည်မှာ ထိုသို့သော စရိုက်မျိုးရှိသည့် ကျွန် တော်တို့၏ ဦးရီး လူထူးဆန်း ဦးပြားမောင်တို့ အကြောင်းဖြစ်ပါသည်။ တစ်နေ့ ဦးပြားမောင်သည် အလုပ်အားနေသဖြင့် ပျင်းပျင်းနှင့် ရွာလယ်လမ်း အတိုင်း လျှောက်လာစဉ် အစ်မဝမ်းကွဲ မုဆိုးမ ဝိုင်း ရှေ့အရောက် -

" ပြားမောင်ရေ ခဏ "ဟု ခေါ်သံကြားသဖြင့် အိမ်ဝိုင်းထဲဝင်လိုက်သည်။
"ဘာလဲအစ်မ " ဟု သူက မေးလိုက်လျှုင် အစ်မဖြစ်သူက " ငါဒီနေ့နေမကောင်း လို့ဟယ် " ဟူသော စကားအဆုံး ကိုပြားမောင်က-
  
" အဲဒီတော့ ကျွန်တော် ဘာလုပ်ပေးရမလဲ "
" ငါဈေးရောင်းမထွက်နိုင်ဘူး ဟယ်။ မုန့်ဖက် ထုပ်တွေလည်း ပြုတ်ထားပြီးပြီ။ နင်ရောင်းပေးမလား "

ကိုပြားမောင် တစ်ချက်စဉ်းစားသည်။ အလုပ် မရွေးသူဖြစ်သော်လည်း ဈေးတောင်းထမ်း၍ ရွာစဉ် လှည့်လည်ရောင်းချရသည့်အလုပ်မျိုးတော့ အမှန်ပင်  သူ မလုပ်ခဲ့ဘူး။  ယခုအစ်မဖြစ်သူ မုဆိုးမအခက်အခဲ ဖြစ်နေသည်ကို ကူညီသင့်သည်မှာလည်း အမှန်။ သည်တော့
" အင်းလေ ရောင်းပေးဆိုလည်းရောင်း ပေးရတာပေါ့ " ဟု ခေါင်းညိတ်လိုက်ရုံသာပင်။

" ငါနင့်ကို အလကားမခိုင်းပါဘူးဟယ်၊ ငါ့ တောင်းထဲမှာ မုန့်ထုပ်ငါးဆယ် ထည့်ထားတယ်။ နင် တစ်ထုပ်တစ်ကျပ်နဲ့ရောင်း။ ငါ့ကို သုံးမတ်ပဲ ပြန်ပေး။ နင်တစ်မတ် (၂၅ပြား)စား " ဆိုသောကြောင့် အစ်မ ရောင်းခိုင်းသည့် မုန့်ဖက်ထုပ် ၅၀ ကုန်လျှင် သူ့အတွက် ၁၂ ကျပ်ပြား ငါးဆယ်ကျန်မည်။ အလုပ် ကြမ်း လုပ်ခ သုံးကျပ်ဆယ့်ငါးပြားရသော ခေတ်တွင် ၁၂ ကျပ် ကျော်ကျော်ကိုယ့်အတွက်ကျန်မည့် အလုပ် မို့ သူ ချေး(ဂျီး)များမနေတော့ဘဲ အသင့်ရှိနေသော မုန့်ဖက်ထုပ်တောင်းကို ကောက်ထမ်းလိုက်၏။

" ဟဲ့ ပြားမောင် ညနေအပြန်နောက်ကျရင်  ရေတွင်းကုန်းလမ်းက မပြန်နဲ့။ ရေတွင်းကုန်းရွာပြင်  ကြို့ပင်က သရဲချောက်သတဲ့ " ဟု အစ်မဖြစ်သူက   စိုးရိမ်တကြီးမှာ၏။ ကိုပြားမောင်နေသည့် ကျီးချောင်း ရွာ၏ ပတ်ဝန်းကျင်တွင် ဂွေးတောက်ကုန်း၊ ကျွန်း ကုန်း၊ ရေတွင်းကုန်းဟူသောရွာများ ရှိ၏။ ထိုရွာသုံး ရွာလှည့်ရောင်းလျှင် မုန့်ဖက်ထုပ်အထုပ် ၅၀ ကုန် လောက်သည်ဟူသော အတွေးဖြင့်ထွက်ခဲ့သည်။
 
ညနေ ၆ နာရီသာသာ နွားရိုင်းသွင်းချိန်တွင် ၁၀ ထုပ်ကျန်နေသေး၏။ ထပ်ရောင်း၍လည်း မဖြစ် တော့ ညစာထမင်းစားချိန်ရောက်နေပြီမို့ မည်သူမှ ဝယ်စားတော့မည် မဟုတ်။ ပြန်တာပဲ ကောင်းပါ တယ်လေ ဟူ၍ဆုံးဖြတ်လျက် သူရောက်နေသည့်    ရေတွင်းကုန်းရွာထဲမှ ထွက်ခဲ့သည်။ မုန့်ဖက်ထုပ် တောင်းကို ပခုံးမှာထမ်း၍ အစ်မမှာလိုက်သည်ကို    ဖျတ်ခနဲ သတိရ၏။ ကိုပြားမောင် ပြုံးမိ၏။ သည်အ သက်အရွယ်ထိ တစ်ခါမှ သရဲအခြောက် မခံဖူး။ ခြောက်ရဲလျှင် ခြောက်ကြည့်ဟု တွေးရင်း ပုံမှန်ခြေ လှမ်းများဖြင့် ကြို့ပင်ကောက် လူသွားလမ်းအတိုင်း လျှောက်လာစဉ် ကြို့ပင်ကြီး သိမ့်သိမ့်လှုပ်ရမ်းသွား သည်ကို မြင်လိုက်၏။ ကြို့ပင်ပေါ်မှ မိန်းမတစ် ယောက်ဆင်းလာသည်။ ဆံပင်ဖားလျားချထား၏။ အင်္ကျီမပါထမီ ရင်လျားကြီးနှင့်ဖြစ်၏။ မြေပေါ်အ ရောက် ကိုပြားမောင်သွားမည့်လမ်းကို ပိတ်ရပ်လိုက် ရင်း

" နင့်မုန့်ဖက်ထုပ် ငါ့ကိုပေးခဲ့ "
" အလကားတော့ မပေးနိုင်ဘူး။ ပိုက်ဆံပေး ရင်ရောင်းမယ် "
" ငါကသရဲဟဲ့ ...ပိုက်ဆံပေးစရာမလိုဘူး "
" ပိုက်ဆံမပေးရင် ငါကလည်း မုန့်ဖက်ထုပ် မပေးနိုင်ဘူး "
" နင်မပေးရင် ငါလုမှာနော် "
" လုရဲရင် လုကြည့်ပေါ့ ...သရဲမရဲ့ "
သရဲမနှင့် သူရပ်နေသည့်နေရာမှာ ၁၀ ပေမျှ ကွာ၏။ သရဲမ၏လက်တစ်ဖက်သည် နဂိုနေရာမှ ထွက်လာလျက် ကိုပြားမောင် မုန့်ဖက်ထုပ်တောင်း ထဲမှ မုန့်ဖက်ထုပ်ကို နှိုက်ယူရန် လှမ်းလိုက်၏။ ကို ပြားမောင် ဒေါသဖြစ်သွား၏။ သရဲမလက်ကို သူ့ လက်နှင့် ရိုက်ချလိုက်သည်။ အကြောက်အလန့် မရှိ သော ကိုပြားမောင်ပင် ...။

Image result for သရဲ
 
" အောင်မယ် နင်က ငါ့ကိုစမ်းတယ်ပေါ့လေ။    သိကြရောပေါ့ဟယ်။ နင်သေပြီသာ မှတ် "
သရဲမက လက်နှစ်ဖက်ဆန့်တန်းလျက် ကို ပြားမောင်၏ လည်ပင်းကို ညှစ်သတ်ရန် တရွေ့ရွေ့ ချဉ်းကပ်လာသည်။  ကိုပြားမောင်ကလည်း အသင့် စောင့်နေ၏။ သရဲမလက်က ကိုပြားမောင်လည်ပင်း ကို ကိုင်လိုက်စဉ်မှာပင် စိတ်ပေါက်ပေါက်နှင့် ကို ပြားမောင် လက်သီးနှင့် အားကုန်ထိုးလိုက်၏။
" ကဲဟယ် သေစမ်း "
" အား အအ "
သရဲမထံမှ ငယ်သံပါအောင် အော်လိုက်သံ နှင့်အတူ တစ်စုံတစ်ရာကအားနှင့် ဆောင့်တွန်းထုတ် လိုက်သလိုပင် သရဲမ အရှိန်နှင့် လွင့်ထွက်သွားလျက်   မြင်ကွင်းမှ ဝေး၍ဝေး၍ ပျောက်ကွယ်သွားသည်။ ကိုပြားမောင်ရွာသို့ အေးအေးဆေးဆေးပင် ပြန်ခဲ့   ၏။ ထူးခြားသည်မှာ ထိုနေ့မှစ၍ ကြို့ပင်ပေါ်မှ သရဲမ ခြောက်လှန့်သည်ကို မည်သူမျှ မခံရခြင်းဖြစ်၏။ လူကြမ်းလျှင် နတ်ကြမ်းမခံနိုင်ဟူသော စကားပုံကဲ့ သို့ပင်ဖြစ်သည် ထင်၏။ ဤသည်မှာ ကျွန်တော်၏ ဦးရီးတော် ဦးပြားမောင်၏ ကိုယ်တေစ်ပါ၏။


အုန်းလေး(သုံးဆယ်)

မနောမယဝိုင်းတော် သား ဆရာဒိဗ္ဗာန်(ဂမ္ဘီရ)၏ ပြန်လည်သုံးသပ် တင်ပြချက် . .

ဆရာအုန်းလေး(သုံးဆယ်)၏ လူကြမ်းလျှင် နတ်ကြမ်းမခံနိုင်စာမူမှာ စိတ်ဝင်စားစရာကောင်းသော စာမူဖြစ်ပါသည်။ ဆရာအုန်းလေး(သုံးဆယ်) ၏ဦးရီး တော်သူ  ဦးပြားမောင်မှာ ဆိုးစရာရှိလျှင် ဆိုး ၍ ကောင်း စရာရှိရင်လည်း သူမတူအောင်ကောင်းသော အစွန်းနှစ်ခုကို တစ်ပြိုင်တည်း ပိုင်ဆိုင်ထားသည့် လူထူးလူဆန်းကြီးဖြစ် သည်ဟု ဆို၏။ သူသည် ဘုရား တရား သံဃာတည်းဟူသော ရတနာမြတ်သုံးပါးကို ရိုသေကိုင်းရှိုင်း၍ ဥပုသ် သီတင်း တိုင်း သီလစောင့်တည်သူ နေ့စဉ်မှန်မှန် ဘုရားရှိခိုး၍ အမျှအတန်းပေးဝေသူ ငါးပါးသီလ မြဲသူဟုဆိုထား၏။ ထို့ကြောင့်ဆရာအုန်းလေး (သုံးဆယ်)၏ လူကြမ်းလျှင် နတ်ကြမ်းမခံနိုင်ဟူသော    မှတ်ချက်သည် မှန်ကန်သည်ဟု မယူဆပါ။ စင်စစ် ဦးပြားမောင်လူကြမ်းသော်လည်း စိတ် မကြမ်းပါ။ သူ၏ပကတိ အဇ္ဈတ္ထ အမှန်မှာ ရတနာသုံးပါးကို ယုံကြည်လေးစားသူဖြစ်သည်။ သရဲမနှင့် ကြုံတွေ့စဉ်၌ သူ့လက်သီးချက်ကြောင့်    သရဲမ လွင့်ထွက်သွားခြင်း မဟုတ်ပါ။  သာမန်လူ တစ်ယောက်၏ လက်သီးပြင်းအား သည် ဤမျှပြင်း ထန်မည်မဟုတ်ပါ။ တကယ်က ဦးပြား မောင်၏ သီလဂုဏ်၊ သမာဓိဂုဏ်များကြောင့် ဦးပြားမောင်ကို စောင့်ရှောက်နေသော သမ္မာဒေဝနတ်မြတ် နတ် ကောင်းတို့၏ ဒဏ်ခတ်ခြင်းကို သရဲမခံသွားရခြင်း ဖြစ်သည်။ ထို့ကြောင့်သာ သရဲမသည် စကြဝဠာ အပြင်ဘက် ထိ အရှိန်ပြင်းစွာ လွင့်ထွက်သွားခြင်း ဖြစ်ပေလိမ့်မည် ဆိုလျှင် ရနိုင်လောက်သည်ဟု ယူဆမိပါကြောင်း။

ဒိဗ္ဗာန်(ဂမ္ဘီရ)

Share