စာရေးသူသည် နွားဦးတိုက်ဆရာတော်၏ သာသနာပြုလုပ်ငန်းများ၊ ရပ်ရွာဒေသဖွံ့ဖြိုးမှုလုပ် ငန်းများကိုလည်းကောင်း၊ ကျောင်းဝင်းအတွင်းရှိ ရွေ ညောင်ပင် ဘိုးဘိုးကြီးနှင့် ပတ်သက်၍လည်းကောင်း

မေးမြန်းလျှောက်ထားခဲ့ရာ ဆရာတော်က ရှင်းလင်း မိန့်ကြားခဲ့သည်မှာ မှတ်သားနာယူဖွယ်ကောင်းလှပါ သည်။

ဇရစ်ရိုးကြီးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များတွင် နေထိုင်သူများမှာ ကရင်နှင့်ဗမာတိုင်းရင်း သားများဖြစ်ကြပြီး ခရစ်ယာန်ဘာသာနှင့် ဗုဒ္ဓဘာသာကိုးကွယ်မှုမှာ မိရိုးဖလာသဘောမျိုးဆန်ပါသည်။ ဓမ္မ ဒူတ ရွေညောင်ပင်ရိပ်သာကျောင်းတိုက်ကြီးကို စတင် တည်ထောင်တော်မူခဲ့သော ဓမ္မဒူတဆရာတော်ကြီး အရှင်ပညာဇောတသည် ဇရစ်ရိုးကြီးကျေးရွာသို့ စတင်ရောက်ခါစ ၎င်းရွာတွင် ဘုန်းတော်ကြီးကျောင်း မရှိပါ။ ၎င်း၏ပတ်ဝန်းကျင် ကျေးရွာများဖြစ်သော ဇရစ်ရိုးလေး၊ ကမ်းနား၊ ဇရစ်ရိုး၊ ဂျမ်းကုန်း၊  ဒေါင်း အိုင်၊ လှေဆွဲရွာများအားလုံးတွင်လည်း ဘုန်းကြီး ကျောင်းမရှိသဖြင့် တရားပြမည့် ဘုန်းကြီးများလည်း မရှိကြောင်း တွေ့ရှိရပေသည်။ ထို့ကြောင့် တရား စခန်း ဖွင့်ရန်ရည်ရွယ်ပြီး လက်ရှိကျောင်းဝင်းအတွင်း ရှိ ညောင်ပင်ကြီးအောက်တွင် ယာယီတဲထိုး၍ တရား စခန်းဖွင့်ရန် ရည်ရွယ်ပြီး လက်ရှိကျောင်းဝင်းအတွင်း ရှိ ညောင်ပင်အောက်တွင် ယာယီတဲထိုး၍ တရား စခန်းဖွင့်ခြင်း၊ ကျေးရွာသူကျေးရွာသားများအား တရားဟောခြင်း၊ တရားပြခြင်းတို့ကို ပြုလုပ်တော်မူ ခဲ့ပါသည်။

ဆရာတော်ကြီး အရှင်ပညာဇောတသည် ကား နွားဦးတိုက်ဆရာတော် အရှင်ဉာဏလင်္ကာရ၏ ဆရာရင်းဖြစ်ခဲ့ပြီး ဆရာတော်ကြီးသည် သာသနာ ပြုလုပ်ငန်းများကို ဆက်လက်ရှင်သန် ပွားများစေရန် နွားဦးတိုက်ဆရာတော်ကို အမွေအဖြစ် လက်ဆင့် ကမ်းပေးခဲ့ခြင်း ဖြစ်ပါသည်။ ဆရာတော်ကြီး အရှင် ပညာဇောတသည် ဇရစ်ရိုးကျေးရွာသို့ သာသနာပြု  စတင်ရောက်ရှိစဉ်က သပိတ်တစ်လုံး၊ သင်္ကန်းသုံး ထည်သာ ပါလာပြီး ထန်းရွက်ယပ်ကြီးကိုထမ်းကာ ညောင်ပင်ကြီးအနီးတွင် တစ်ပါးနေ ကျောင်းဆောက် လုပ်ပြီး တောရဆောက်တည်နေခဲ့ခြင်း ဖြစ်ပါသည်။ ထိုနေရာကား ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ် သက်ကာ အိမ်၊ ယာမြေများမရှိဘဲ တောအတိသာ ဖြစ်ပါသည်။ ထို့ကြောင့်လည်း ဆရာတော်ကြီးသည် မိမိကိုယ်တိုင် တရားဓမ္မဖြင့် မွေ့လျော်ကာ ပရိပတ္တိ သာသနာဖြင့် ကျင့်ကြံပွားများရင်းဖြင့် ဒေသခံရွာသူ ရွာသားများကိုလည်း တရားကျင့်ကြံပွားများနိုင်ရန် တရားစခန်းဖွင့်၍ တရားဒေသနာများ လက်တွေ့ဟော ပြောပို့ချပေးခဲ့ပါသည်။

နွားဦးတိုက်ဆရာတော် အရှင်ဉာဏလင်္ကာရ သည် ဆရာတော်ကြီး၏တပည့်အရင်းပီပီ သာသနာ ပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့ရာ တဖြည်း ဖြည်း အောင်မြင်မှုများ ရရှိခဲ့ပါသည်။ ဇရစ်ရိုးကြီး ကျေးရွာ၊ ရွေညောင်ပင်ရိပ်သာကျောင်းတိုက်ကြီး တွင် ဘုရားအဆူဆူ တည်ထားပူဇော်ထားရှိခြင်း၊ တရားစခန်းဝင် ယောဂီများနေထိုင်ရန် ယောဂီဆောင် များ၊ ဆွမ်းစားဆောင်များ၊ တရားကျင့်ကြံ အားထုတ် ရာဓမ္မာရုံတော်ကြီးများ၊ သံဃာတော်များ နေထိုင်ရန် ဓမ္မဒူတ သုံးထပ်ကျောင်းတော်ကြီးနှင့် အခြားသော ကျောင်းဆောင်များဖြင့် တိုးတက်ဖွံ့ဖြိုးလျက် ရှိပါ သည်။

ဆရာတော်ကား ကျေးရွာသူကျေးရွာသား များအပေါ် ထားရှိသော စေတနာ မေတ္တာ ကြီးမား လှပေသည်။ ကျေးရွာ၏ ဖွံ့ဖြိုးရေးအတွက် ရွာလယ် ကောင်တွင် ညီညာပြန့်ပြူးသော ရွာလယ်လမ်းမ ကြီးမှာ ဖြောင့်တန်းစွာ ဖောက်လုပ်ထားလျက်ရှိပါ သည်။ ထို့အပြင် ရွာထိပ်တွင် ဆရာတော် ဦးဆောင် လျက် မေတ္တာပေါင်းကူး(ကွန်ကရစ်) တံတားကြီးကို လည်း အလှူရှင်ဒကာ၊ ဒကာမများ၏ အကူအညီ ဖြင့်ဆောက်လုပ်ပြီးစီးလျက် အဆင်ပြေစွာ ယာဉ် အမျိုးမျိုးနှင့် လူအများ ဖြတ်သန်းသွားလာလျက် ရှိကြပါသည်။ ယခင်အခါများကမူ ချောင်းကို ဖြတ် ကူးရာတွင် လှေ၊ ကူးတို့များဖြင့် သွားလာရသဖြင့် အခက်အခဲများ၊ ကြန့်ကြာမှုများ ရှိကြပါသည်။ ထို့ပြင် ထိုမေတ္တာပေါင်းကူးတံတားကြီးအနီးတွင် ကျေးရွာ လူထု အသိပညာပြန့်ပွားရေးကို အထောက်အကူ ပြုနိုင်ရန် ကျေးရွာစာကြည့်တိုက်ကိုလည်း ဆရာ တော်က ဆောက်လုပ်ပေးထားပါသည်။ စာရေးသူတို့ ရောက်ရှိချိန်တွင် ဆရာတော်က စာကြည့်တိုက်ဖွင့်ပွဲ မပြုလုပ်ရသေးကြောင်း၊ အဆောက်အအုံမှာမူ ပြီးစီး နေပြီဖြစ်ကြောင်း မိန့်ကြားပါသည်။ ဆရာတော်သည် ထိုမျှတင် မကသေးပါ။ တနင်္သာရီတိုင်း၊ တနင်္သာရီ မြို့တွင် ခုတင် ၁ဝ လုံးဆန့် ဇီဝိတဒါန သံဃာဆေးရုံ တော်ကြီးကို ဆောက်လုပ် လှူဒါန်းသည့်အပြင် မိမိဇာတိဖြစ်သော မုတ်ဆိတ်ကွင်း ကျေးရွာတွင် 

ဓမ္မ သိဂီဗိမာန်တော်ကြီးကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့ ပါတယ်။

စာရေးသူသည် ဆရာတော်၏ထူးခြားသော လုပ်ဆောင်မှုအချို့ကို သတိပြုမိပါသည်။ ၎င်းတို့ကား ဒကာ၊ ဒကာများ၏ ပင့်လျှောက်ချက်အရ နယ်လှည့် တရားဟောရာတွင် ရရှိလာသော အလှူငွေများမှ အချို့ကို ၎င်းဒေသအကျိုးအတွက် ပြန်လည် လှူ ဒါန်းခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် ကျန်သော အလှူငွေ များကိုလည်း ရွေညောင်ပင်ရိပ်သာကျောင်းတိုက် အတွင်းရှိ တည်ဆောက်မှု မပြီးပြတ်သေးသော စေတီ တော်များ၊ ယောဂီဆောင်များအတွက် ပြန်လည် လှူဒါန်း လျက်ရှိပါသည်။ ဆရာတော်သည် တရားစခန်းဖွင့်လှစ် ရာတွင်လည်း တရားစခန်းဝင်သံဃာတော်များ၊ သီလ ရှင်များ၊ လူပုဂ္ဂိုလ်ယောဂီများအတွက် ဆွမ်းစရိတ်များ ကိုလည်း ကျခံသုံးစွဲလျက်ရှိပါသည်။ ဆရာတော်သည်  မည်သည့်ပုဂ္ဂိုလ်သတ္တဝါမဆို မေတ္တာထားခြင်း၊ မေတ္တာပို့ဆုတောင်းခြင်းနှင့် သာသနာ့အကျိုး ဆောင် ရွက်မှုကြောင့် ခရစ်ယာန်ဘာသာဝင်များကပင် ဆရာ တော်အား လေးစားကြည်ညိုကြလျက်ရှိပါသည်။

ဆရာတော်၏ သာသနာပြုလုပ်ငန်းကို တစ် ဖက်တစ်လမ်းကို ကူညီစောင့်ရှောက်မှုပေးနေသူမှာ ရွေညောင်ပင်ရိပ်သာကျောင်းတိုက်အတွင်းရှိ ရွေ ညောင်ပင်ဘိုးဘိုးကြီး ဖြစ်ပါသည်။ ကျောင်းဝင်းအ တွင်း စေတီတော်အများအပြား တည်ထားကိုးကွယ် ရာတွင် ရွေညောင်ပင်ဘိုးဘိုးကြီး၏ အကြံပြုချက် များနှင့် တိုက်တွန်းချက်များ ပါရှိလေသည်။ ထို့ပြင် ဆရာတော်သည် တစ်ချိန်သောအခါက အစာအိမ် ရောဂါပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ ရွေညောင်ပင်ဘိုး ဘိုးကြီး၏ ဆေးဝါးကုသပေးမှုကြောင့် သက်သာ ပျောက်ကင်းခဲ့ပါသည်။

ညောင်ပင်ကြီးကို အကြောင်းပြု၍ ရွေ ညောင်ပင်ရိပ်သာကျောင်းတိုက်ဟူ၍လည်း အမည် တွင်ခဲ့လေသည်။ ထိုရွေညောင်ပင်ကြီးမှာ ရွက်သစ် များထွက်ချိန်တွင် အလယ်အကိုင်းမှထွက်သော အရွက်များမှာ အနီရောင်ထွက်၍ ကျန်အကိုင်းများမှ ပုံမှန်အဖြူရောင် ထွက်ရှိပါသည်။ ဆရာတော်ကြီး အရှင်ပညာဇောတမှ ဗောဓိညောင်ပင်အစစ်ဟု မိန့် ကြားဖူးကြောင်း သိရှိရပါသည်။ 

ထိုရွေညောင်ပင်ကြီးမှာ များစွာကြီးမားပြီး လုံးပတ်မှာ ၂၇ တောင်ကျော်ခန့် ရှိပါသည်။ထို ရွေညောင်ပင်ကြီး၏သက်တမ်းကိုမူ မည်သူမှအတိ အကျ မပြောနိုင်ကြပါ။ ရွေညောင်ပင်ကြီးမှာ အကိုင်း အခက်များဖြင့် ဝေဖြာလျက်ရှိပြီး အရိပ်အာဝါသ ကောင်းလှပါသည်။ ထိုရွေညောင်ပင်ကြီး၏ဘေးတွင် ကျောင်းဆောင်တစ်ခုရှိပြီး ညောင်ပင်စောင့် ဘိုးဘိုး ကြီး ဓာတ်နန်းဟုမှည့်ခေါ်ထားပါသည်။ ၎င်းဘိုးဘိုး ကြီး ဓာတ်နန်းထဲတွင် ဘိုးဘိုးကြီး၏ ရုပ်တုကိုလည်း တွေ့ရှိရပါသည်။

ရွေညောင်ပင်ဘိုးဘိုးကြီးသည်ကား နတ် ဆေးဆရာတစ်ဦးပင် ဖြစ်ပါသည်။ အဘယ်ကဲ့သို့သော နတ်ဆေးဆရာ ဖြစ်နေပါသနည်း။ ထူးခြားလှသော အဖြစ်အပျက်များကြောင့်လည်း ရွေညောင်ပင် ဘိုးဘိုး ကြီးကို နတ်ဆေးဆရာဟု ခေါ်ဆိုကြသကဲ့သို့ ၎င်း ပေးသော ဆေးများကိုလည်း နတ်ဆေးဟု ခေါ်ဝေါ် သမုတ်ကြပေသည်။

ကျုံပျော်မြို့မှ ဒေါ်ခင်ကြွေခေါ်သော အမျိုး သမီးသည် ခြေထောက်တွင် မြွေကိုက်ခံရပြီး ကျုံ ပျော်မြို့ဆေးရုံတွင် တက်ရောက်ကုသခဲ့ရပေသည်။ထိုသို့ကုသနေစဉ်အတွင်း ဆရာတော်ကြီး အရှင် ပညာဇောတသည် ဇရစ်ရိုးကြီးကျေးရွာရှိ ညောင်ပင် ကြီးအောက်တွင်တဲထိုး၍ ဇရစ်ရိုးကြီး ကျေးရွာ၊ ရွေ ညောင်ပင်ရိပ်သာစခန်းကို ပထမဆုံးအကြိမ် တရား စခန်းဖွင့်သည့်အချိန်နှင့် တိုက်ဆိုင်ခဲ့ပေသည်။ ဒေါ်ခင် ကြွေသည် ထိုတရားစခန်းသို့ဝင်ရောက်ရန် ဆန္ဒပြင်း ပြသဖြင့် ဆရာဝန်ထံ ခွင့်ပန်ကြားကာ တရားစခန်းသို့ ဝင်ရောက်ခဲ့ပါသည်။ ဒေါ်ခင်ကြွေ၏မြွေကိုက်ရောဂါ မှာ မပျောက်သေးပါ။ သူမ၏ အသားအရည်မှာ ညိုမည်းနေပြီး ခြေထောက်မှာလည်း ယောင်ကိုင်းနေ ပါသည်။ ဆရာဝန်ကြီးက အနာအတွက် ထိုးဆေး၊ စားဆေးများလည်း ပေးလိုက်ပါသည်။ ဒေါ်ခင်ကြွေ သည် တရားစခန်းဝင်သည့်နေ့တွင် ညပိုင်းတွင်လည်း ကောင်း၊ နောက်နေ့ နံနက်စောစောတွင်လည်း ကောင်း တရားထိုင်ခြင်း၊ တရားရှုမှတ်ပွားများခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ နံနက်စောစော တရားထိုင်ပြီးနောက် ၎င်း၏အနာများအား ကြည့်ရှု စစ်ဆေးခဲ့ရာ အနာများ လုံးဝ ပျောက်ကင်းနေသည် ကို တွေ့ရှိခဲ့ရပေသည်။ ထိုသို့ အနာများပျောက်ကင်း သွားသည်ကို ၎င်းနှင့်အတူ တရားစခန်းဝင်နေသော ၎င်း၏ညီမဖြစ်သူ ဒေါ်ခင်အေးလည်း စစ်ဆေးကြည့် ရှုခဲ့ပြီး အံ့သြမှု ဖြစ်ခဲ့ရပါသည်။

ထိုကဲ့သို့ ရောဂါပျောက်ကင်းသွားမှုနှင့် ပတ် သတ်၍ ဒေါ်ခင်အေးမှ မေးမြန်းခဲ့ရာတွင် ဒေါ်ခင် ကြွေမှ မိမိနံနက်စောစော တရားထိုင်နေစဉ်တွင် အိပ်မက်လိုလို တကယ်လိုလိုဖြင့် ထိုရွေညောင်ပင် စောင့် ရုက္ခစိုးကြီးက ကိုယ်ထင်ပြပြီး လက်ယပ်ခေါ် ကြောင်း၊  ရုက္ခစိုးကြီးက နင့်ခြေထောက်ကိုမြွေကိုက် ထားတာ မပျောက်သေးဘူးလားလို့ မေးတဲ့အတွက် မပျောက်သေးပါဘူးလို့ ဖြေလိုက်တဲ့အခါ ရုက္ခစိုး ကြီးကရော ဒီဆေးလုံးသုံးလုံးကို သောက်လိုက်ဟု ပြောကာ ပေးပါသည်။ မိမိအနေနှင့် ဆေးသုံးလုံး သောက်ပြီးသည်နှင့် တရားထိုင်သည့် နေရာသို့လာ ပြီး ဆက်လက် တရားထိုင်ခဲ့ပါသည်။ ထို့နောက်တရား ထိုင်ခြင်း ပြီးဆုံးသောအခါ မိမိခြေထောက်ကို စစ် ဆေးကြည့်ရာ ခြေထောက်ယောင်ခြင်း အသားအ ရည်ညိုမည်းနေခြင်းများ မရှိတော့ဘဲ လုံးဝပျောက် ကင်းသွားသည်ကို တွေ့ရပါသည်။

ဒေါ်ခင်ကြွေ၏ခြေထောက် မြွေကိုက်သည့် အနာပျောက်ကင်းသွားမှုနှင့် ပတ်သက်ပြီး အနီးကပ် သိရှိသွားသည့် ဒေါ်ခင်ကြွေ၏ညီမဖြစ်သူ ဒေါ်ခင်အေး မှာလည်း ယုံကြည်မှုရှိသွားသဖြင့် ၎င်းတွင်ဖြစ်ပွား နေသော လည်ပင်းကြီးရောဂါကို ကုသရန်ဆန္ဒပြင်း  ပြခဲ့ပါသည်။ ထို့ကြောင့် ဒုတိယအကြိမ်တရားစခန်း ဖွင့်သောအခါ တရားစခန်းသို့ဝင်ရောက်ခဲ့ပြီး တရား ထိုင်ရာတွင် ရွေညောင်ပင်ဘိုးဘိုးကြီးအား အာရုံပြု ရာ၌ တရားထိုင်နေစဉ်မှာပင် အိပ်မက်လိုလို ရွေ ညောင်ပင်ဘိုးဘိုးကြီးက နင်လည်ပင်းကြီးရောဂါ ပျောက်ချင်သလားဟုမေးခဲ့သဖြင့် ပျောက်ချင်ပါ သည်ဟု ဖြေကြားခဲ့ရာ ‘‘ပျောက်ချင်ရင်ရော့ ဒီဆေး သောက်’’ဟုပြောကာ ဆေးလုံးလေးများ ပေးခဲ့ပါ သည်။ ဒေါ်ခင်အေးသည် အိပ်မက်ထဲမှာပင် ဆေး လုံးကလေးများကို သောက်ခဲ့ပါသည်။ ထို့နောက် တရားဖြုတ်ပြီးနောက် မိမိလည်ပင်းကို စစ်ဆေး ကြည့်သောအခါ ရောဂါပျောက်ကင်းနေသည်ကို တွေ့ရပါသည်။

ရွေညောင်ပင်ဘိုးဘိုးကြီး (ရွေညောင်ပင် ရုက္ခစိုးကြီး)သည် တရားလာရောက်ထိုင်သူများ၏ ရောဂါများကိုလည်းကောင်း၊ အကြောင်းကြောင်း ကြောင့် လာရောက်အကူအညီတောင်းသူ ဝေဒနာရှင် များကိုလည်းကောင်း ကုသပေးလေ့ရှိပါသည်။ ထိုသို့ ကုသရာတွင် ရောဂါကိုမူတည်ပြီး ဆေးဝါး၊ ဓာတ်စာ တို့ကိုကျွေးမွေးလေ့ရှိကြောင်း၊ အိပ်မက်လိုလို တကယ် လိုလိုဖြင့် ခံစားကြရပြီး ရောဂါများမှာမူ ပျောက် ကင်းသွားတတ်ကြောင်း သိရှိရပါသည်။

ရွေညောင်ပင်ရိပ်သာကျောင်းတိုက်တွင် အခြားသော ထူးခြားမှုကလေးများလည်း ရှိနေပါ သည်။ ထိုထူးခြားမှုများအနက် ဆရာတော်ထံတွင် ထူးခြားဆန်းကျယ်သော ဆံတော်တစ်ဆူ တွေ့ရ ပါသည်။ ထိုဆံတော်မှာ သုံးလက်မခန့်ရှည်ပြီး အလယ်တွင် အနည်းငယ်ကောက်ပါသည်။ စာရေးသူ သည် ဆရာတော်၏ ခိုင်းစေချက်အရ ထိုဆံတော် အား ညာဘက် လက်ညှိုးနှင့် လက်မကြားညှပ်၍ သပိတ်ထဲသို့ ရေထည့်ပြီး ဆံတော်ကိုနှစ်လိုက်ပါ သည်။ ထို့နောက် ဆံတော်ကို ပြန်ထုတ်၍ အတန် ကြာကိုင်ထားရာ ဆံတော်သည် နာရီလက်တံ လှည့် သကဲ့သို့ လှည့်ပါသည်။ ထိုသို့ လေးငါးပတ် လှည့်ပြီး ပြန်ရပ်သွားပါသည်။ ထို့နောက် ခဏကြာသောအခါ ဆံတော်သည် ပြောင်းပြန်လှည့် ပြန်ပါသည်။ဆရာ တော်မှ မိန့်ကြားသည်မှာ ဆံတော်သည် ထူးခြားသော စွမ်းရည်သတ္တိများရှိကြောင်း၊ မိမိ၏သာသနာပြုလုပ် ငန်းများသည် တိုးတက်အောင်မြင်ရေးတွင်လည်း အထောက်အကူပြုနေပါကြောင်း ရှင်းလင်းမိန့်ကြားခဲ့ ပါသည်။ ထို့ပြင် တစ်ရက်သောအခါက ဆရာတော် တည်ထား ကိုးကွယ်နေသော စေတီတော်တစ်ဆူမှ ရောင်ခြည်တော်များ ကွန့်မြူးနေပြီး အထက်သို့လည်း သိသာ ထင်ရှားစွာ မီးလုံးဝိုင်းကဲ့သို့ ထောင်တက်နေ သည်ကို တွေ့မြင်ရပါသည်။ စေတီအနီးအနားတွင် ရှိကြသော ဒကာ၊ ဒကာမများ ကြည်ညိုစွာဖူးမြင်ရ ကြောင်း သိရှိရပါသည်။

စာရေးသူတို့သည် ဆရာတော် သီတင်းသုံး ရာ ဓမ္မဒူတ သုံးထပ်ကျောင်းတော်ကြီးအား လှည့်ပတ် လေ့လာခဲ့ရပါသည်။ ဓမ္မဒူတ သုံးထပ်ကျောင်းတော် ကြီး၏ တတိယထပ်(အပေါ်ဆုံးထပ်)တွင် သက်ရှိ ထင်ရှား မြတ်စွာဘုရားကို အာရုံပြုလျက် လှူဒါန်း ပူဇော်ထားမှုများရှိပါသည်။ မြတ်စွာဘုရား အသုံးပြု ရန် ညောင်စောင်းနှင့် ခြင်ထောင်၊ ခေါင်းအုံး၊ အိပ်ရာ ခင်းများ လှူဒါန်းပြုလုပ်ထားခြင်း၊ ထို့ပြင် မြတ်စွာ ဘုရား၏အသုံးအဆောင်၊ သပိတ်၊ သင်္ကန်း၊ ပရိက္ခ ရာ၊ ပစ္စည်းအစုံ လှူဒါန်းထားခြင်း၊ မြတ်စွာဘုရား အသုံးပြုရန် ရေချိုးခန်း၊ ကုဋီ၊ သွားတိုက်တံ၊ သွား တိုက်ဆေး၊ မျက်နှာသုတ်ပုဝါ၊ ဆပ်ပြာတို့ကိုသီးသန့် ပြုလုပ်လှူဒါန်းထားရှိခြင်း စသည့်တို့သည် တစ်မူထူး ခြားသော ဆရာတော်၏ ယုံကြည်မှုသဒ္ဒါအားကြီးမှု  ကို တွေ့မြင်နေပါသည်။

ဆရာတော်သည် မြတ်စွာဘုရား၏ ဓာတ် တော်များ၊ ရဟန္တာအရှင်မြတ်များ၏ ဓာတ်တော် များကိုလည်း ပုလင်းကြီးပေါင်းများစွာ ထည့်သွင်းပူ ဇော်ထားသည်ကို တွေ့မြင်ရပါသည်။ စာရေးသူတို့ သည် ဆရာတော်၏ခွင့်ပြုချက်ဖြင့် သုံးထပ်ကျောင်း ဆောင်ကြီး၏ ထပ်ခိုးတွင်ရှိသော ထိုက်သူဖူး လိုဏ် ဓာတ်တော်တိုက်သို့လည်း တက်ရောက်ပြီး မြတ်စွာ ဘုရားရှင်နှင့် ရဟန္တာအရှင်မြတ်ကြီးများ၏ဓာတ်တော် တို့ကို ဖူးမြော်ခဲ့ရပါသည်။ ထိုဓာတ်တော်များနှင့် ပြည့်နေသော ဖန်ပုလင်းပေါင်းများစွာသည် ဓာတ် တော်တိုက်နှင့်အပြည့် နေရာယူထားပါသည်။ အချို့ သောဒကာ၊ ဒကာမများမှာအကြောင်းအမျိုးမျိုးကြောင့် ဤဓာတ်တော်တိုက်ကို မဖူးမြော်ရဘဲ ပြန်သွားသူများ ရှိကြောင်း ဆရာတော်မှ မိန့်ကြားခဲ့ပါသည်။

ဆရာတော်သည် စာရေးသူတို့အား ကျောင်း ဝင်းအတွင်း လှည့်လည်ပြသပါသည်။ တရားစခန်း ဝင်ယောဂီများ စုပေါင်းတရားထိုင်ရာ ဓမ္မာရုံတော် ကြီး၊ တရားစခန်းဝင် သံဃာတော်များ သီတင်းသုံး ရာ သံဃာ့ဗိမာန်တော်ကြီးနှင့် ဆွမ်းစားရုံများဆောက် လုပ်ပြီးစီးနေပြီ ဖြစ်ပါသည်။ သို့သော်လည်း သီလရှင် ဆရာလေးများနှင့် လူပုဂ္ဂိုလ်ယောဂီများအတွက် မပြီး ပြတ်သေးပါ။ ဆက်လက် လုပ်ဆောင်နေလျက်သာ  ရှိပါသေးသည်။ ဒကာ၊ ဒကာမများ၏ လှူဒါန်းငွေရရှိ မှုအပေါ် ဖြည်းဖြည်းချင်း ဆောက်လုပ်လျက်ရှိပါ ကြောင်း ဆရာတော်က ရှင်းပြပါသည်။

စာရေးသူသည် ဓမ္မဒူတဟူသော စကားရပ် နှင့်ပတ်သတ်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ဓမ္မဟူသည် တရား၊ ဒူတဟူသည် တမာန်တော်၊ ဓမ္မဒူတဟူသည် တရား၏တမန်တော်ဆိုသည့် အဓိပ္ပာယ်ရမည်ဖြစ်ပါ သည်။ သာသနာတော်ထွန်းကားနေသည့်နေရာတွင် ပိုမိုတိုးတက်စည်ပင်အောင် သာသနာပြုခြင်း၊ သာသ နာတော် မထွန်းကားသေးသည့် နေရာတွင် သာသနာ တော်ထွန်းကားအောင် သာသနာပြုခြင်းသည်ပင်လျှင် ဓမ္မဒူတဖြစ်ပေသည်ဟု ယူဆမိပါသည်။ စာရေးသူ အနေနှင့် သာသနာ့အောင်မြေတစ်ခုဖြစ်သော ဓမ္မ ဒူတ အရှင်ဉာဏလင်္ကာရ(နွားဦးတိုက်ဆရာတော်) ၏ ရွေညောင်ပင်ရိပ်သာ ကျောင်းတိုက်ကြီးသို့ မည် သူမဆို လာရောက်ကုသိုလ်ယူလှူဒါန်းနိုင်ပါကြောင်း  နိဗ္ဗာန်အကျိုးမျှော်ကိုး၍ တိုက်တွန်းလိုက်ရပါသည်။ 

မင်းဘုန်းရွေ

Share