ခရီးသွားဆောင်းပါးများ(၁)

စာရေးသူတို့ကားကလေးသည် ရန်ကုန်- ပုသိမ်ကားလမ်းမကြီးတွင် တရိပ်ရိပ်ပြေးလျက်ရှိပါ သည်။ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ဇရပ်ရိုး ကြီးကျေးရွာ၊ ဓမ္မဒူတရွေညောင်ပင်ရိပ်သာကျောင်း တိုက်၊ ဆရာတော်ဉာဏာလင်္ကာရ(နွားဦးတိုက်ဆရာ တော်)မှ နံနက်စောစောထွက်လာမှ အဆင်ပြေနိုင် မည်ဖြစ်ကြောင်း ပြောပြထားသဖြင့် ရန်ကုန်မှ နံနက် ၄ နာရီကျော်ခန့်တွင် ခရီးထွက်ခွာခြင်းဖြစ်ပါသည်။ ဆရာတော်မှာ ဒကာဒကာမများ၏ ပင့်လျှောက်ချက် အရ နယ်လှည့်တရားဟောနေသဖြင့် အချိန်အားလပ် မှုမရှိသကဲ့သို့ ကျောင်းတွင်လည်း ကြာရှည်စွာမနေ ဘဲ ဧည့်သည်ဒကာ၊ ဒကာမများနှင့် တွေ့ဆုံရာတွင် များစွာအချိန်မပေးနိုင်ပါ။ ထို့ကြောင့်လည်း စာရေးသူ အနေဖြင့် စောစောခရီးထွက်ခဲ့ခြင်းဖြစ်ပါသည်။

စာရေးသူနှင့် အတူမိသားစုလည်း လိုက်ပါ လာပါသည်။ ရန်ကုန်၊ လှိုင်သာယာမှတစ်ဆင့် ပန်းတနော်၊ ကျောင်းကုန်းမြို့လေးများကို ဖြတ် ကျော်၍ ကျောင်းကုန်းမြို့အလွန်တွင် ကျုံပျော်လမ်းခွဲ (ရှစ်မိုင်လမ်းခွဲ)မှတစ်ဆင့် အသုတ်၊ ရေကြည်၊ မြို့ ကလေးများကိုဖြတ်သန်းကာ ကျုံပျော်လမ်းဆုံသို့ ရောက်ရှိလာပါသည်။ ကျုံပျော်လမ်းဆုံတွင် ကျုံ ပျော်မြို့သို့ မဝင်တော့ဘဲ မြို့ရှောင်လမ်းအတိုင်း ကျုံပျော်-ဟင်္သာတ ကားလမ်းအတိုင်း ဆက်လက် ကားမောင်းလာခဲ့ရာ ကျုံပျော်မြို့နှင့် မဝေးလှသော သောင်ကြီး ကျေးရွာသို့ ရောက်ရှိလာပါသည်။

သောင်ကြီးကျေးရွာတွင် သောင်ကြီးဒိုက် ပက်ကျေးရွာဖွံ့ဖြိုးရေးလမ်းရှိပါသည်။ မြေသားလမ်း လေးဖြစ်ပြီးနွေရာသီဖြစ်သဖြင့် ဖုံထူပါသည်။ ထို လမ်းဖြင့် ဆက်သွယ်သွားရာတွင် လေးမိုင်ခန့်သွားပြီး သောအခါ လမ်းခွဲတစ်ခုမှတစ်ဆင့် ဇရစ်ရိုးကြီးကျေး ရွာသို့ရောက်ရှိခဲ့ပါသည်။ ရွာ၏ထိပ်တွင် ချောင်းကူး တံတားကြီးရှိပြီး ကွန်ကရစ်ဖြင့် အခိုင်အမာတည် ဆောက်ထားပါသည်။ ဆရာတော်မှ ဦးဆောင်ဦး  ရွက်ပြု၍ ဆောက်လုပ်ခဲ့ရာတွင် အလှူရှင် ဒကာ၊ ဒကာမတို့၏ လှူဒါန်းငွေများဖြင့် စုစုပေါင်းကျပ်သိန်း ၈ဝဝ ခန့်ကုန်ကျခဲ့ပြီး ကားကြီးများပင် ဖြတ်ကျော် မောင်းနှင်သွားလာနိုင်ပါသည်။ ချောင်းကူးတံတား ကြီး၏ အမည်ကိုလည်း တံတားထိပ်တွင် မေတ္တာ ပေါင်းကူးတံတားဟု စာတန်းကြီးရေးဆွဲထားပါသည်။

ဓမ္မဒူတရွေညောင်ပင်ရိပ်သာကျောင်းသည် ရွာ၏တစ်ဖက်ထိပ်တွင် ရှိပါသည်။ ဆရာတော်အရှင် ဉာဏလင်္ကာရ(နွားဦးတိုက်ဆရာတော်)အား ဓမ္မဒူတ သုံးထပ်ကျောင်းတော်ကြီးတွင် ဖူးတွေ့ရပါသည်။ စာရေးသူသည် ဆရာတော်အား ရန်ကုန်သို့ တရား ဟောကြွရောက်လာစဉ် မြောက်ဥက္ကလာပတွင် နှစ် ကြိမ် တွေ့ဆုံဖူးပြီး ဆရာတော်၏ခွင့်ပြုချက်ဖြင့် ကျောင်း သို့လာရောက်ခြင်း ဖြစ်ပါသည်။ ဆရာတော်သည် မကြာခဏရန်ကုန်သို့ကြွရောက်ပြီး တရားဒေသနာ များ ဟောကြားတော်မူလေ့ရှိပါသည်။ ဆရာတော်၏ သာသနာပြုလုပ်များနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း များကို စာရေးသူနှင့် ကိုယ်တိုင်ကိုယ်ကျ လေ့လာနိုင် ရန်နှင့် ဆရာတော်အားအမြဲရှိခိုးလေ့ရှိသော နွား လေး နောင်ဖြူနှင့် ဆရာတော်တို့၏အကြောင်းကို သိရှိနိုင်ရန်ဖြစ်ပါသည်။

နွားဦးတိုက်ဆရာတော်သည် ဧရာဝတီတိုင်း ဇာတိမဟုတ်ပါလေ။ ဆရာတော်ကို တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေး ရွာအုပ်စု၊ မုတ်ဆိတ်ကွင်းကျေးရွာမှ ခမည်းတော် ကြီးဦးအင်ကြည်၊ မယ်တော်ကြီးဒေါ်ထူးရွေတို့မှ မွေးဖွားသော သားရတနာဖြစ်ပါသည်။ ငယ်နာမည် မှာ မောင်မြင့်စိုး(ခ)မောင်စိုးငယ်ဖြစ်ပါသည်။ အသက် (၁၁)နှစ်အရွယ်၌ မွေးဖွားရာဇာတိရွာဓမ္မသိဂီဘုန်း တော်ကြီးတွင် ရှင်သာမဏေဝတ်၍ ပရိယတ္တိစာပေ တို့ကို သင်ကြားခဲ့ပါသည်။ အသက်(၂ဝ)အရွယ်တွင် မြင့်မြတ်သော ရဟန်းဘဝသို့ရောက်ရှိခဲ့ပြီး မွန်ပြည် နယ်ဘီးလင်းမြို့နယ် တောင်စွန်းဓမ္မဒူတတောရ ကျောင်းတိုက်သို့ ပြောင်းရွေ့ရောက်ရှိခဲ့ပါသည်။

ဆရာတော်၏ ပြောပြချက်အရ ဆရာတော် နှင့် နွားလေးနောင်ဖြူတို့၏ တွေ့ဆုံမှုသည်လည်း စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။ ဆရာတော်သည် အခါအားလျော်စွာ မိမိဇာတိဖြစ်သော တနင်္သာရီ တိုင်းဒေသကြီးသို့ကြွချီ၍ တရားဒေသနာများ ဟော ကြားလေ့ရှိပါသည်။ ထိုသို့မကြာခဏ ကြွချီဟော ကြားတော်မူခဲ့ရာတွင် တစ်ရက်သောအခါတွင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ညောင် ပင်ကွင်းကျေးရွာအုပ်စု၊ အနောက်ညောင်ပင်ကွင်း ကျေးရွာမှ ဆရာဦးကြင်ပို+ဒေါ်ကြူ အိမ်သို့ ဆရာ တော်ရောက်ရှိစဉ် ခြံဝင်းအတွင်းရှိနွားလေးနောင်ဖြူမှ ဆရာတော်အား ဒူးကိုအတွင်းသို့ခေါက်၍ ဦးခေါင်း ကို မြေကြီးနှင့် ထိလျက်ရှိခိုးခဲ့ပါသည်။ ထိုနွားလေး နောင်ဖြူမှာ ပိုင်ရှင်မှနွားခြံတွင် မွေးမြူထားသော နွားကလေးသာဖြစ်ပြီး နွားကလေးမှာ တစ်နှစ်သား အရွယ်သာရှိပါသေးသည်။ နွားကလေးမှာ ဆရာ တော်အား ရှိခိုးစဉ် မျက်ရည်ကျလျက်ရှိပါသည်။ ဆရာတော်သည် ထိုအချိန်က ခေတ္တခဏသာ နွား ကလေးနှင့် တွေ့ဆုံခဲ့ပြီး ကျုံပျော်မြို့နယ်၊ ဇရပ်ရိုး ကြီးကျေးရွာရှိ ဓမ္မဒူတရွေ ညောင်ပင်ရိပ်သာကျောင်း တိုက်သို့ ပြန်ကြွခဲ့ပါသည်။

ထိုသို့ဆရာတော်နှင့် နွားလေးနောင်ဖြူတွေ့ ဆုံပြီးနောက်ပိုင်းတွင် ညောင်ပင်ကွင်းကျေးရွာရှိ ဆရာတော်၏ ဆွေမျိုးများမှ နွားလေးနောင်ဖြူသည် ဆရာတော်အား လွမ်းဆွေးလျက်ရှိကြောင်း၊ ပျော် ရွင်မှုမရှိကြောင်း အသိပေးလျှောက်ထားကြပါသည်။ထို့ကြောင့်လည်း ဆရာတော်သည်  တနင်္သာရီမြို့ နယ် ညောင်ပင်ကွင်းကျေးရွာသို့ နောက်တစ်ခေါက် ပြန်ကြွ၍ နွားလေးနောင်ဖြူနှင့် ထပ်မံတွေ့ဆုံခဲ့ပါ သေးသည်။ နွားလေးနောင်ဖြူသည် ဆရာတော်နှင့် တွေ့ဆုံတိုင်း ရှိခိုးဦးချခြင်း၊ မျက်ရည်များကျခြင်း တို့ကြောင့် ဆရာတော်မှ ပိုင်ရှင်များ၏ ခွင့်ပြုချက် ဖြင့် ဇရစ်ရိုးကြီးကျေးရွာ ဓမ္မဒူတရွေညောင်ပင်ရိပ် သာကျောင်းတိုက်သို့ ခေါ်ဆောင်လာခဲ့ပါသည်။

နွားလေးနောင်ဖြူကားဆရာတော်နှင့်တွေ့ဆုံ တိုင်း ရှိခိုးဦးချခြင်းကို ဝတ်မပျက်ပြုမူလေ့ရှိပါသည်။ စာရေးသူမှာ နွားကလေးနောင်ဖြူနှင့် တွေ့လိုကြောင်း ဆရာတော်အား ရှိခိုးဦးချခြင်းကို တွေ့ဆုံမြင်လို ကြောင်း လျှောက်ထားခဲ့ရာ တပည့်တစ်ဦးအား နွား လေး နောင်ဖြူကို သွားရောက်ခေါ် ယူစေပါသည်။

စာရေးသူမိသားစုနှင့် ဆရာတော်သည် သုံး ထပ်ကျောင်းနောက်ရှိ ကွင်းကလေးတွင် စောင့်ဆိုင်း နေစဉ်တပည့်တစ်ဦးမှ နွားကလေးနောင်ဖြူအား အနားသို့ ခေါ်ဆောင်လာပါသည်။ နွားကလေးနောင် ဖြူသည် ခုံပေါက်ပြေးလွားခြင်းမရှိဘဲ တည်တည်  ငြိမ်ငြိမ်ပင်လိုက်လာပါသည်။ အနီးအနားသို့ရောက်ရှိ လာပြီး ဆရာတော်ရှေ့ရောက်သောအခါ ရပ်လိုက်ပါ သည်။ စာရေးသူတို့လည်း နွားလေးနောင်ဖြူဘာလုပ် မည်လဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်နေကြ ပါသည်။ နွားကလေးနောင်ဖြူကား တဖြည်းဖြည်းရှေ့ ဒူးကလေးကို ကွေးကာဒူးနှင့် မြေကြီးကို ထောက် လိုက်ပါသည်။ ထို့နောက် လည်ပင်းကလေးကို ဆန့် ကာ အောက်မေးရိုးကိုလည်းဆန့်၍ မြေကြီးနှင့်ထိ ကပ်ထားလိုက်ပါသည်။ စာရေးသူ၏ သဘောထား အမြင်မှာ နွားလေးနောင်ဖြူ၏ အပြုအမူသည် သာမန်ရိုသေမှုပြုခြင်းနှင့် မတူဘဲ ဆရာတော်အား လက်နှစ်ဖက်ယှက်လျက် လူသားများသကဲ့သို့ ရှိခိုးဦး ချခြင်းပင်ဖြစ်ပါသည်။ ထို့နောက် အတန်ကြာသော အခါ နွားလေးနောင်ဖြူသည် ဦးခါင်းကလေးကို မြေကြီးမှ ခွာလိုက်ပြီး မတ်တပ်ရပ်လိုက်ပါသည်။ ထိုသို့နွားလေးမတ်တပ်ရပ်ပြီးသည်နှင့် ဆရာတော် ၏တပည့်မှ ခပ်လှမ်းလှမ်းသို့ ဆွဲခေါ်သွားပါသည်။ ထို့နောက် တစ်ဖန် ဆရာတော်အနားသို့ ပြန်လည် ခေါ်ဆောင်လာပါသည်။ နွားလေးနောင်ဖြူသည် ဆရာတော်၏ရှေ့သို့ရောက်

သည်နှင့် ယခင်အတိုင်း  ပြန်၍ရှိခိုးပါသည်။ စာရေးသူတို့အဖွဲ့သည် နွားက လေးနောင်ဖြူအား ကိုင်တွယ်ပွတ်သပ်ခြင်း၊ ဦးခေါင်း နှင့် ဦးချိုအားကိုင်တွယ်ပွတ်ခြင်းတို့ကို ပြုလုပ်သည့် အခါ ငြိမ်သက်စွာခံယူနေပါသည်။ စာရေးသူသည် နွားကလေး၏ မျက်လုံးအား ဂရုတစိုက် ကြည့်ရှုခဲ့ရာ မျက်ရည်လည်နေပြီး ဝမ်းနည်းသည့် အဓိပ္ပာယ် ဆောင်နေပါသည်။ ထိုကဲ့သို့သုံးကြိမ်ရှိခိုး ပြီးသော် ဆရာတော်မှ နွားလေးနောင်ဖြူအား ပြန်လည် ခေါ် ဆောင်စေပါသည်။

ဆရာတော်မှ နွားလေးနောင်ဖြူသည် ခဏ ခဏ ဒူးတုတ်ရှိခိုးပါးက မြေကြီးနှင့်ထိသော ဒူးဆစ် နေရာသည် နာနေတတ်ကြောင်း ဂရုစိုက်ရကြောင်း ရှင်းပြပါသည်။ ဆရာတော်နှင့် နွားလေး နောင်ဖြူ တို့ကား သံယောဇဉ်ကြီးမားလှပါသည်။ နွားလေး နောင်ဖြူနေထိုင်ရန် အုတ်တိုက်ကလေးတစ်လုံး ဆောက်လုပ်ပေးထားပြီး လုံလုံခြုံခြုံနေနိုင်ပါသည် နွားလေးနောင်ဖြူက လွန်ခဲ့သော ဘဝပေါင်းများစွာ က ဆရာတော်နှင့် မည်သို့ရင်းနှီးကျွမ်းဝင်ခဲ့သည်ကို စာရေးသူတို့ မသိရှိနိုင်ပါ။ ဘဝပေါင်းများစွာမှ တစ်ခု ထက်မကသော ဘဝများတွင် နီးနီးစပ်စပ် တွေ့ဆုံ ခဲ့လိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်။

ဆရာတော်သည် နွားလေးနောင်ဖြူအား နယ်လှည့်တရားဟောရာတွင် ခေါ်သွားလေ့မရှိပါ။ သို့သော်လည်း ဒကာ၊ ဒကာမများ၏ ဆန္ဒအရခေါ်ယူ ပါက ခွင့်ပြုပေးပါကြောင်းဆရာတော်မှ ရှင်းပြပါ သည်။

စာရေးသူသည် ရွေညောင်ပင်ရိပ်သာကျောင်း အတွင်းရှိ ရွေညောင်ပင်ဘိုးဘိုးကြီးနှင့် ပတ်သက်၍  ထူးခြားသောအဖြစ်အပျက်များကို၎င်း၊ ဆရာတော် ၏သာသနာပြုလုပ်ငန်းများ၊ ကျေးလက်လူထု၏လူမှု ရေးဖွံ့ဖြိုးမှုလုပ်ငန်းများအပေါ် ဆရာတော်၏ မေတ္တာ စေတနာထားလုပ်ဆောင်ချက်တို့ကို ဆရာတော်အား မေးမြန်းလျှောက်ထားခဲ့ရာ ဆရာတော်မှ ရှင်းလင်း မိန့်ကြားခဲ့သည့်အပြင် စာရေးသူတို့အဖွဲ့အား ကျောင်း ဝင်းအတွင်း လှည့်လည်ပြသခဲ့ပါသည်။ ဆရာတော် ၏သာသနာပြုလုပ်ငန်းများကို စာဖတ်သူများ ကုသိုလ် ပွားများနိုင်ရန် ဆက်လက်ရေးသားဖော်ပြပေးမည်ဖြစ်ပါသည်။

မင်းဘုန်းရွေ

Share