၁၉၈၇ ခုနှစ်၊ လကတော့ မေ့တေ့တေ့ဖြစ် နေပါပြီ။ မိဘများနှင့်အတူ ကလေးမြို့နယ် မြို့တိမ်း ချောင်းကျေးရွာမှာ စိုက်ပျိုးရေး၊ မွေးမြူရေးအလုပ် ကို တွင်ကျယ်စွာလုပ်နေခိုက် စိမ်းညို့ညို့ဂျစ်ကား တစ်စီး ကျွန်ုပ်တို့အိမ်ရှေ့ထိုးရပ်ပြီး ကားပေါ်ကလူ နှစ်ယောက်က ကလေးဝမြို့မှာ စိတ်ရောဂါသည်လူ နာတစ်ယောက် ကုသဖို့ ဆရာ့ကိုလာပင့်တာဖြစ် ကြောင်း၊ ဝေဒနာဖြစ်စဉ် အသေးစိတ်ကိုလည်း ပြော ပြပါတယ်။ ဒါနဲ့ ကျွန်ုပ် အဲဒီနေ့ညနေပိုင်းနဲ့တူပါ တယ်။ ကားရှေ့မှန်ပြင်မှာ ဒေါက်တာဇော်ဝင်းလို့ ရေးသားထားတာကိုလည်း အမှတ်ရမိပါသေးတယ်။ ကျွနု်ပ်တို့ခြံရှိရာ မြို့တိမ်းချောင်းနှင့် ကလေးဝက ၁၈ မိုင်လောက် ဝေးမယ်ထင်ပါတယ်။ လိုအပ်တဲ့ ဆေးတွေကိုယူပြီး လိုက်သွားတော့ ညနေ မိုးမချုပ် တစ်ချုပ်လောက်မှာ ကလေးဝ လူနာအိမ်ကို ရောက် ပါတယ်။

 

ကျွန်ုပ်နှင့်အတူ ကျောက်မီးသွေးထွက်တဲ့ သစ်ခြောက်ရွာက တပည့်ဖြစ်သူ ကိုစန်းအောင်နှင့်  ကိုသာဟန်တို့ကိုလည်း တစ်ပါတည်းခေါ်ခဲ့ပါတယ်။ အဲဒီည ကျွန်ုပ်တို့ ဆရာတပည့်သုံုးယောက်ကို နှစ် ထပ်အိမ် အပေါ်ထပ်အိမ်ရှေ့ခန်းမှာ သိပ်ပါတယ်။ ကျွန်ုပ်က ခေါင်းရင်းမှာ၊ ကျွန်ုပ်ခြေရင်းမှာက တပည့် နှစ်ယောက်။ ခုလို ကတ္တရာလမ်းမျိုးမဟုတ်သေး တော့ ကြမ်းတမ်းလှတဲ့ ကားလမ်းမပေါ် ပင်ပမ်းကြီး စွာ လာရတာမို့ မောမောနှင့်အိပ်ပျော်ကြရာက ဘယ် မှာလဲ အဲဒီဆရာ ...၊ ဘယ်ပြန်ညာပြန် ပါးကိုရိုက် လိုက်ဦးမယ်လို့ လူခြေတိတ်ချိန် နံနက်တစ်နာရီ လောက်မှာ ကျယ်လောင်တဲ့အသံမျိုးနှင့် အမျိုးသမီး တစ်ယောက်က အိမ်ပေါ်ထပ်အဝင် တံခါးပေါက်က ကြိမ်းမောင်းသံကို ကြားလိုက်ရလို့ ကျွန်ုပ်တို့အားလုံး လန့်နိုးပြီး တံခါးရှိရာကို ပြိုင်တူကြည့်လိုက်မိကြတဲ့ အခါ ဝုန်းဒိုင်းဆိုတဲ့အသံကြီးနဲ့ တံခါးမကြီးကို အတွင်း က ပျဉ်းကတိုးသား သုံးလက်မ နှစ်လက်မ ထုထည် ကြီးမားတဲ့ တံခါးတန်း(မင်းတုံး)နှင့် ကန့်လန့်ခံထား တာကို အပြင်ကနေပြီး ဆူပူအော်ဟစ်နေသည့် အမျိုးသမီးက ခြေနှင့်ကန်လိုက်တာကြောင့် ယုံမလား မသိဘူး။ အဲဒီ သုံးလက်မနှစ်လက်မ ပျဉ်းကတိုးသား တုံးအလယ်ကနေ ကျိုးထွက်သွားတာကို ဓာတ်မီး ထိုးမြင်လိုက်ရတဲ့ ကျွန်ုပ် တပည့်နှစ်ယောက်က ‘‘ဆရာ ပြေးပြေး ...၊ ကျွန်တော်တို့လည်း ပြေး တော့မယ်တဲ့ ..’’ ဒီလိုပြောပြီး သူတို့ ဘယ်အပေါက် က ဆင်းပြေးကြတယ်မသိဘူး။ အပေါ်ထပ်မှာ ကျွန်ုပ် တစ်ယောက်တည်း။ အိမ်အောက်ထပ်မှာ လူတွေရဲ့ အသံတွေလည်း ကြားနေရတယ်။

မြန်လိုက်တဲ့အမျိုးသမီးကြီး အိမ်ထဲဝင်လာ တယ်။ လက်ထဲမှာလည်း ဓားရှည်ကြီးကိုင်လို့။ ကျွန်ုပ် ကို သတ်မယ့်ဖြတ်မယ့်ပုံစံမျိုး။ မျက်လုံးတွေကလည်း နီရဲတွတ်နေတာပဲ။ ဒါ လူမဖြစ်နိုင်ဘူး။ ကျွန်ုပ် ကိုင် ထားတဲ့ သုံးတောင့်ထိုး ဓာတ်မီးအရှည်နဲ့ သေချာချိန် ရွယ်ပြီး ပစ်ထည့်လိုက်တာ နဖူးတည့်တည့်ကို မှန်ပါ လေရော။ ‘အမေ့ ...’’ ဒီအသံတော့ ကြားလိုက် တယ်။ လျှပ်တစ်ပြက် ကျွနု်ပ်ဟာ အဲဒီအမျိုးသမီးရဲ့ ဓားကိုင်တဲ့လက်ကို ပုတ်ထုတ်လိုက်ပြီး ဦးခေါင်းက ဆံပင်ကို ဘယ်ဘက်လက်နဲ့ ရစ်ဆွဲပြီး ကြမ်းပြင်နှင့် မျက်နှာကို သုံးလေးချက် ဆွဲဆောင့်နေစဉ်မှာ အောက်ထပ်က  ပြေးတက်လာကြတဲ့ လူအုပ်ကြီးက ‘‘ဆရာ မလုပ်နဲ့ လွန်မယ် ...၊ ဒါက အိမ်ရှင် အမျိုးသမီးပါ ...၊ နာမည်က ဒေါ်ဖြူတဲ့ ...၊ ဆရာကုပေးဖို့လာတဲ့ လူနာရဲ့အမေ ...၊ ဟာ ... အားနာစရာတွေတော့ ဖြစ်ကုန်ပါပြီ ...’’လို့ ကျွနု်ပ် ဒီလိုညည်းတွားလိုက်သံကို ဒေါ်ဖြူကြားတော့ တစ်သက်လုံး စံခဲ့ရလေသမျှ ဒီဆရာနဲ့ကျမှ ခံရတယ် တ့ဲ။ ကျွနု်ပ် အဲဒီအခါမှ သတိဝင်ပြီး ဒေါ်ဖြူအပေါ် ဝင်ရောက်ပူးကပ်နေတဲ့ အောက်လမ်းဆရာကို ချုပ်နှောင်ပြီး မေးမြန်းကြည့်တော့ သူဟာ ဘီဇမ်း ရပ်ကွက်က ဦး(----)ဖြစ်ကြောင်း၊ ဒီအိမ်က လူတွေ မာနကြီးလွန်းလို့ တစ်အိမ်လုံးကို ရူး အောင်လုပ်ခဲ့ပေ  မယ့် ကံညှိုးသူနှစ် ယောက်ကိုသာ ထိကြောင်း ...၊ နောက်ထပ် တစ်ဖန် အင်းမြှုပ်ပြီး စီးပွားပါပျက်အောင် တိုက်ခိုက်ဖို့ ကြံရွယ်ထားခဲ့ပေ မယ့် ညက ကိုယ့်ရှေ့မှာတွေ့တဲ့ ခလုတ်လို့မှတ်ထင် ပြီး ဆရာ့ကို ဓားနဲ့ခုတ်ပိုင်းဖို့ မဖြူ အပေါ် ဝင်ရောက် ခဲ့ပေမယ့် မအောင်မြင်တဲ့အပြင် ကျွန်တော့်မာန်စွယ် ပါ ကျိုးပျက်ခဲ့ရပါကြောင်း ပြောပါတယ်။ နောက် ဆက်လက်ပြီး အောက်လမ်းဆရာ နှုတ်စီးပြောတာ က အောက်လမ်းပညာ သင်ဖြစ်တာက ကျွန် တော့်ကို အမြဲတမ်း ချိုးချိုးနှိမ်နှိမ်လုပ်နေကျ လူ တစ်ယောက်ရှိတယ်။ သူဟာ အဘက်ဘက်က ပြည့်စုံသူတစ်ယောက်ဆိုတော့ နေရာတိုင်းမှာ ဗိုလ်ပဲ။ သူ့ကို လွန်ဆန်နိုင်သူ မရှိလှဘူး။ တစ်နေ့ ကျွန်တော့် ကို မင်းလို သားရေပေါ်အိပ် သားရေနားစားတဲ့ ကောင်ကို ငါ လူရာမသွင်းဘူးလို့ လူကြားအလယ် မှာ ပိုးစိုးပက်ဆက်ပြောရက်တဲ့ သူ့စကားကြောင့် ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုများ ကလဲ့စားချေရပါ့ မလဲဆိုတဲ့ အာဃာတအမုန်းတရားက နေ့စဉ်နေ့တိုင်း လိုလို ကိန်းအောင်းနေလာရာက တစ်နေ့တော့ ယောက်ျားက တံပိုးကို ပခုံးပေါ်ထမ်း၊ မိန်းမဖြစ်သူ က နှီးတောင်းကို ခေါင်းပေါ်ရွက်ပြီး ရွာစဉ် ဗေဒင် ဟောနေတဲ့ အောက်လမ်းဆရာလင်မယား အဘိုး ကြီး၊ အဘွားကြီးနှစ်ယောက်နှင့်ဆုံပြီး ရင်ဖွင့်တဲ့ အခါ ဒါတော့ မပူပါနဲ့ကွယ် ...၊ လွယ်ပါတယ်တဲ့ ...၊  မီးနေထမီနှင့် သင်္ကန်းကြီးစကို မီးရှို့ပြချပြီး တံစက် လက်ပြန်ရေနှင့် ပျော်တဲ့ခွက်ထဲမှာ လူ အရိုးပြာကို ထည့်ပါတယ်။ ပြီးတော့ ကျွန်တော့်ရန်သူရဲ့ အရိပ်ကျ တဲ့မြေကို ဖျော်ထားတဲ့ရေနှင့် ရွံ့လိုနယ်ပြီး လူရုပ် လုပ်ပါတယ်။ အဲဒီအပေါ်မှာ ကျီးကန်းရဲ့  မွေးတံ အရင်းနှင့် နာမည်ကိုရေးသားပြီးတော့ တောင်ပို့ ထဲကိုသွင်းပြီး အရုပ်ကို ဖုတ်စာကျွေးတာပါ။

တစ်ပတ်ကျော်လောက်ကြာတဲ့အခါ အဲဒီလူ ဟာ ဗိုက်ဝေဒနာ ခံစားရတော့တာပါပဲ။ အစွဲတို့ အမှောင့်တို့၊ စုန်းတစေ္ဆတို့ဆိုတာကို အယုံအကြည် ရှိသူ မဟုတ်တော့ သွားလိုက်တဲ့ ဆေးခန်းဆိုလည်း ကုန်ပြီးရင်းကုန်ရင်း တစ်နှစ်လောက်ကြာတော့ သေ တော့တာပါပဲ ...။ ကျွန်ုပ်လည်း အဲဒါကိုမြင်ပြီး အတော်အားရသွားတာနှင့် အောက်လမ်းပညာကို သင်ခဲ့ကာ လူပေါင်း ၄ဝ သတ်ခဲ့ပြီးပါပြီ။ စီးပွားပျက် အောင်၊ အိမ်ထောင်ကွဲအောင်၊ တော်ရုံဝေဒနာမျိုးက တော့ စာရင်းဇယားကို မှတ်မထားနိုင်တော့ဘူး။ 

ခုတော့ ဘယ့်နှယ်ဗျာ ...၊ ဆရာနှင့်ကျမှ  ပွဲတိုင်းကျော်ခဲ့တဲ့ ကျွန်တော်ဟာ ငါးပါးကိုမှောက် တော့တာပါပဲ ...။ ဒီလို ရှည်လျားစွာပြောတဲ့သူ့ စကားက ပျင်းစရာမကောင်းလှသလို ဗဟုသုတ လည်း ရစေပါတယ်။ အဲဒီအခါ ကျွန်ုပ်က -

‘‘ကောင်းပြီ ...လောကမှာ ကိုယ့်ထက် သာလွန်မြင့်မြတ်သူတွေ တကယ်ပဲရှိပါတယ်လို့ မင်း ဝန်ခံနိုင်မယ်ဆိုရင် မနက်ဖြန်မနက် ၉ နာရီမှာ မင်း ကိုယ်တိုင်၊ ကိုယ်ပွားမလို ငါ့ဆီအရောက်လာပြီး မင်း လုပ်ရပ် မှားယွင်းကြောင်းနှင့် အောက်တန်းကျတဲ့ မင်းရဲ့အောက်လမ်းပညာရပ်တွေကို ငါ့အရှေ့မှာ သစ္စာပြုဆုတောင်းပြီး ဘုရားကိုလှူဒါန်းရမယ် ...၊ မင်း လက်ခံလား ...’’လို့ ဒီလိုမေးတော့ -

‘‘ဟုတ်ကဲ့ပါ ဆရာ ...၊ ကျွန်တော် ကတိ ပေးပါတယ် ...၊ မနက်ဖြန်မနက် ၉ နာရီမကျော် စေရပါဘူး ...’’ တဲ့။ ဒီလိုပြောပြီး ဒေါ်ဖြူရဲ့ ခန္ဓာ ကိုယ်ထဲက ထွက်ခွာသွားသလို မနောပါ ရုပ်သိမ်း သွားတာကို တွေ့လိုက်ရပါတယ်။ 

သတိရလာတဲ့ ဒေါ်ဖြူတစ်ယောက် လူတွေ ကိုကြည့်ပြီး ကြောင်အမ်းအမ်းဖြစ်နေတယ်။ နောက် မှ အကျိုးအကြောင်းကို သဘောပေါက်ပြီး သူ့သား ကို လာကုပေးတဲ့ဆရာမှန်းသိလို့ ဦးချကန်တော့ခဲ့ တဲ့ ဒေါ်ဖြူရဲ့တောင်းပန်သံကိုလည်း ခပ်သဲ့သဲ့ကြား ယောင်နေဆဲ ...။

နောက်တစ်ရက် မနက်ပိုင်းမှာ ပွဲထိုး၊ ပွဲအပ်၊ မနောဖောက်တဲ့ ကျောင်းသားနှစ်ယောက် ကျော်ဆင့် နှင့် ကျော်တင့်ကို ဆေး၊ အင်း၊ လိုအပ်တဲ့ဂါထာ၊ မန္တန်ကျူးရင့်ပြီးတဲ့အခါ ဝင်းသန့်၊ အင်းကပ်၊ သဲ၊ ဆန်မန်း၊ ပေါက်ပေါက်မန်းများကို အိမ်ဝိုင်းပတ်လည် ပက်ဖြန်းပြီးချိန် ၈ နာရီသာသာအချိန်မှာ လုပ်စရာက မကျန်တော့တဲ့အတွက် သိပ်တော့ မမျှော်လင့်ပေ မယ့် လာလိုလာငြား ၉ နာရီထိုးလောက်အထိတော့ အောက်လမ်းဆရာကို စောင့်ကြည့်လိုက်ဦးမယ်ပေါ့။ ၉ နာရီလည်းထိုးရော အဟုတ်ပါ၊ တကယ့်ကိုရောက် လာတာက အဲဒီအောက်လမ်းဆရာ။ ကျွန်ုပ်နှင့်အတူ ဝိုင်းဖွဲ့ထိုင်နေသူ လူပေါင်းနှစ်ဆယ်ကျော်ရဲ့အလယ် မှာ သူ့ရဲ့မကောင်းတဲ့အတတ်ပညာရပ်တွေကို လှူ  ဒါန်းပါကြောင်းနှင့် ရှေ့တစ်သက်တာလုံး ကျွန်ုပ်ရဲ့ ဝိဇ္ဇာပညာရပ်အပေါ် 

ခိုလှုံပြီး မြတ်ဗုဒ္ဓရဲ့လမ်းစဉ် အတိုင်း ဗြဟ္မာ့ဝိဟာရတရားကို ကျင့်သုံးသွားပါလို  ကြောင်း ပြောလာတဲ့သူ့စကားကို အကောင်အထည် ဖော်တဲ့အနေနှင့် လွတ်လွတ်ကျွတ်ကျွတ်ကို တရားရ ပြီး ကျွန်ုပ်ထံ ရဟန်းဝတ်နှင့် ကြွရောက်လာတတ် တဲ့ အောက်လမ်းဆရာဘဝမှာ ကျင်လည်ဖူးတဲ့ ဦးဇင်း ဦးသုနန္ဒရကိုယ်တော်ကြီးဟာ တစ်ချိန်က မိစ္ဆာအဖြစ်မှ ခုလို ဝိဇ္ဇာအစစ်ကို ရှာဖွေလှမ်းနိုင်တဲ့ အထုံပါရမီကြောင့် ရှမ်းပြည်ဘက်မှာ တောရဆောက် တည်ရင်း ဓုတင်အကျင့်ကို ထုံမွမ်းနေတဲ့ နောက် ကြောင်း အတိတ်ရာဇဝင်ကို တွေးတောက အောက် မေ့ရင်းနှင့် ...။          

 ဆရာဦးကျော်ဝင်း

(ပယောဂအထူးကုသမှုပါရဂူ)

စေပိုင်သူဆေးတိုက်၊ အမှတ်(၁၄)၊ နယ်မြေ(၁၁)၊ ချမ်းမြေ့ အောင်စည်လမ်း၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ ကောလင်းမြို့။ ဝ၇၃-၂၂၄၆၉၊ ဝ၉ ၄၉၂၆၇ ၄၇၁

Share