ယခင်နေသောရုံးဝင်းမှ သင်္ဃန်းကျွန်းတွင် နေရာပေးပါသည်။ ဝန်ထမ်းများ သင်္ဃန်းကျွန်းမှ ရန်ကင်းသို့ ရုံးတက်ရပါသည်။ လိုင်းခန်းတွင်နေ သော ဝန်ထမ်းများကတော့ မရွေ့ပြောင်းရပါ။ လိုင်း ခန်းတစ်ခန်းလျှင် အိမ်ခန်းခြောက်ခန်းပါ သုံးလိုင်း ရှိသည်။

တနင်္လာနေ့တစ်နေ့ ကျွန်မ ရုံးရောက်တော့ လိုင်းခန်းမှ ကြီးရွေ သရဲကုပ်ချိုးလို့ပြောကြတာနဲ့ ကျွန်မလည်း အပြေးအလွားသွားကြည့်ပါသည်။ ရုံး ပိတ်ရက် ငါးရက်ပိတ်၍ ဘယ်နေ့ကဖြစ်လည်းတော့ မသိပါ။ ကျွန်မသွားတဲ့အချိန်မှာ ဆရာရောက်နေလို့ အကျီလဲပေးနေကြတာ ကျွန်မပါကူပြီးလဲပေးရတယ်။ ခေါင်းက ငုံနေ့လို့ အကျီလဲရခက်လို့ ဝိုင်းကူရတာ။

 

ကြောင်လေးကို ခါးကနေမလိုက်ရင် ခြေ လက်လေးချောင်းနဲ့ ခေါင်းလေးငုံ့ပြီး တွဲလောင်းပါ လာသလိုပဲ ဆရာရှေ့ မထုတ်လာရတယ်။ လူတွေ ကလည်းများ။ ကျွန်မကလည်း ရုံးကလစ်လာရတာ ဆိုတော့ ပြန်ပြေးရတာပေါ့။ ဆရာကသုံးရက်တောင်း ထားတယ်။ သုံးရက်ကျော်ရင် သူ့လူပေါ့။ ဝါးစင်လေး ထိုးပြီး ကန်တော့ပွဲပေး၊ သစ်ပင်အစားတစ်ပင်စိုက် ပေးရတယ်လို့ပြောတယ်။ 

သုံးရက်မြောက်နေ့ ဗုဒ္ဓဟူးနေ့ရောက်တော့ ဒီနေ့ သုံးရက်ပြည့်တဲ့နေ့၊ ရုံးရောက်ရင် ကျွန်မ သွား ကြည့်ဖို့ စိတ်ကူးပြီး ရုံးကိုစောစောထွက်လာပါတယ်။ ရုံးရောက်တယ်ဆိုရင်ပဲ သွားမကြည့်ရသေးဘူး၊ ကြီး ရွေ ဆုံးပြီဆိုတဲ့သတင်းက အရင်ကြားရတာ။ လူကြီး တွေက ကလေးတွေကို ပြောတဲ့စကားပဲ ကြားဖူး တာ။ ညဘက် ချော်မလဲစေနဲ့။ သရဲကုပ်ချိုးလိုက် မယ်ဆိုတာမျိုး။ တကယ်မရှိဘူး။ စကားအဖြစ် ကလေးတွေကို ကြောက်အောင်ပြောတာလို့ ထင်ခဲ့ တာ။ တောတွေ တောင်တွေမှမဟုတ်တာ။ ရန်ကုန် မြို့လို့ နေရာမှာ သရဲက ဘယ်လိုလုပ် ကုပ်ချိုးမှာ လဲလို့ ထင်ခဲ့တာ။ ခုတော့ တကယ်မျက်မြင်ပါပဲ။

ဒေါ်ကြီးရွေရဲ့ စိတ်ကြမ်းလူကြမ်းအကြောင်း ပြောပြဦးမယ်။ သရဲ ဘာကြောင့်ကုပ်ချိုးရတယ်ဆို တာ ကျွန်မမိဘများလိုင်းခန်းရောက်တဲ့အချိန်က ကံ ဘဲ့မိုးကောင်းဘုရားဘက်မှာ သူတို့အခန်းနဲ့ ကျွန်မတို့ အခန်းနှစ်ခန်းပဲ ခြားတယ်။ ငါက ဘယ်လောက် ကြမ်းလဲဆိုရင် သရဲကတောင် ငါ့ကို ကြိမ်းတယ်လို့ ပြောတတ်တယ်။ ဘာကြောင့်ဆိုတာ သူများတွေ ပြောလို့ သိခဲ့ရတာ။

ကျွန်မတို့မရောက်ခင်လိုင်းခန်းတွေမဆောက် ရသေးတုန်းက ကျွန်မတို့နေခဲ့သလိုမျိုး သင့်တော် တဲ့နေရာမှာ အိမ်လေးတွေဆောက်နေရတယ်။ သူ ဆောက်တဲ့အိမ်နားမှာ သရက်ပင်တစ်ပင် ရှိတယ်။ အဲဒီသရက်ပင်ကိုဝိုင်းပြီး ငပိအိုးတွေဘာတွေ ထား တယ်။ သူက တောဓလေ့အတိုင်း ငပိတို့ ထင်းတို့ ကို ရန်ကုန်ကလူတွေလို မဟုတ်ဘဲ၊ တစ်မိုးစာ တစ် နွေစာ  နှစ်ပေါက်အောင် ထားပြီး စားတယ်။ ကရင် နတ်လည်းစားတယ်။ လူကတော့ ကရင်နဲ့မတူဘူး။ အသားမည်းမည်းဝဝပဲ။ သူထားတဲ့ငပိတွေက လျော့ လျော့နေတယ်။ ပထမတော့ လူခိုးတယ်လို့ထင် တယ်။ သူ့ပစ္စည်းကို ဘယ်သူမှ မခိုးရဲတာ သူသိ တယ်။ နောက်တော့ ရိပ်မိသွားတယ်။ သူ ငပိအိုး ထားတဲ့သစ်ပင်ကသရဲက စားတာပဲလို့ထင်ပြီး ယုတ် ယုတ်မာမာတွေဆဲတယ်။ ဘယ်လောက်ဆဲလည်း တော့ မသိဘူး။ အဲဒီအပင်က သရဲက ဝင်ပူးပြီး သူတို့က မောင်နှမနေတာ ခုလိုဆဲရပါ့မလား။ သိ မယ်ဆိုပြီး ကြိမ်းတယ်လို့ ပြောတယ်။ ဒါက အတူ နေကြတဲ့လူတွေ ပြောတာ။

ကျွန်မမျက်မြင် သူက ရန်ကုန်လိုနေရာမျိုး မှာ တောလို ထင်းရှာလို့ ဘယ်ရပါ့မလဲ။ ဒါပေမဲ့ သူ့အိမ်ရှေ့မှာ ထင်းတွေထားတဲ့ ထင်းရုံရှိတယ်။ သစ် ပင်အမြစ်တုံးတွေ ထင်းတုံးတွေရှိတယ်။ မီးဖိုခန်းတစ်  ခုလုံး ငပိအိုးတွေပဲထားတယ်။ ထမင်းဟင်းချက်တာ တော့ အပြင်ဘက်မှာ အဖီထိုးပြီးချက်တယ်။

သူ ထင်းရှာနည်းကို ပြောပြမယ်။ လူနဲ့ လွတ် ပိုင်ရှင်မရှိတဲ့သစ်ပင်တွေ ခုတ်တယ်။ အိမ်ဆောက် နေကြတဲ့လူတွေက သရက်ပင်၊ ပိန္နဲပင်၊ မာလကာ ပင်တွေ မြေတွေရှိတော့ စိုက်ချင်သလိုစိုက်ကြတာ ပေါ့။ အဲဒီအပင်လေးတွေ လက်မောင်းလောက် ခြေ သလုံးလောက်ရှိရင် တောင်းဝယ်တယ်။ အုန်းပင် လည်း ဝယ်တယ်။

သူဝယ်ထားတော့ သူ့အပင်ပေါ့။ အပင်က တော့ ကိုယ့်အိမ်နားမှာ။ ဒါပေမဲ့ အသီးအပွင့်ကတော့ သူပိုင်တာ။ အဲဒီ ဝယ်ထားတဲ့အပင်ကို ကြီးလာအောင် ထားပြီးမွေးတယ်။ သူသုံးလို့ရတဲ့အရွယ်ကျမှ ခုတ်ယူ တယ်။ ခုတ်ယူတဲ့အခါမှာလည်း အမြစ်ပါမကျန် ကျင်းကြီးဖြစ်အောင် တူးယူတယ်။ သူ့အိမ်မှာ တော ကခေါ်ထားတဲ့လူတစ်ယောက်ရှိတယ်။ လူပုံက ဖြူ ဖြူ။ အရပ်ရှည်တယ်။ ဒါပေမဲ့ ဘယ်လောက်ကြီးတဲ့ အပင်ဖြစ်ဖြစ် အမြစ်ပါမကျန် တူးယူတယ်။ 

ရုံးဝင်းထဲမှာ မူလရှိတဲ့အပင်တွေ မွေးထား တဲ့အပင်တွေမှာ သရဲဖြစ်ဖြစ် ပုဂ္ဂိုလ်ဖြစ်ဖြစ် ရှိနေ ကြမှာပဲ။ အဲဒါတွေက စိတ်ဆိုးကြမှာပေါ့။ အဲဒါတွေ အားလုံး စုခံရတာဖြစ်မယ်။ ကျွန်မ ရေးတတ်သလို ရေးထားတာပါ။ အကြောင်းအရာတစ်ခုအဖြစ် သိစေ ချင်လို့ပါ။

ယင်းမာအောင်

ဒေါ်နွဲ့နွဲ့ရီ

၅၂၊ သံသုမာလမ်း၊ ကြီးပွားရေးရပ်ကွက်၊ သင်္ဃန်းကျွန်း၊ ဝ၉၇၉၈၄၇၅၁၁၄

မနောမယဝိုင်းတော် သား ဆရာဒိဗ္ဗာန်(ဂမ္ဘီရ)၏ ပြန်လည်သုံးသပ် တင်ပြချက် . . 

ဆရာမ ယင်းမာအောင်ရဲ့ ‘သရဲကုပ်ချိုးခြင်း’ စာမူမှာ စိတ်ဝင်စားစရာကောင်းပါသည်။ လူကြမ်းလျှင် နတ်ကြမ်းမခံနိုင်ဟူသော လွဲမှားသည့်အယူအဆကို လူတချို့က လက်ခံထား၏။ စင်စစ် ထိုအယူအဆမှာ မှန်သည်ဟု မဆိုသာပေ။

နတ်သည်လည်းကောင်း၊ သရဲတစေ္ဆသည် လည်း ကောင်း မနုသလူသားများနှင့် ဘုံဘဝခြား သော လောကသားများဖြစ်သည်။ ထိုပုဂ္ဂိုလ်များက လူကိုမြင်နိုင် စွမ်းရှိသည့် ကာမစိတ္တိရှိသော်လည်း လူတို့ကမူ ထိုပုဂ္ဂိုလ် များကို မြင်နိုင်စွမ်းမရှိချေ။ ဤသည်မှာ လူသားများသည် ဘဝခြားနေသော ဘုံဘဝများမှ မမြင်အပ်သည့်ပုဂ္ဂိုလ်တို့နှင့် ယှဉ်လျှင် တစ် ပမ်းရှုံးနေသည်ပင် မဟုတ်ပါလား။

ထို့ကြောင့် လူတို့အနေဖြင့် အခြားအခြား သော ဘုံဘဝမှားမှ လောကသားက အန္တရာယ်မပေး နိုင်စေရန် ရတနာသုံးပါးကို ဆည်းကပ်ခြင်းဖြင့်လည်းကောင်း၊ ကောင်းမှုကုသိုလ်များနှင့် သီလဆောက်တည်ခြင်းများ ဖြင့်လည်းကောင်း ကိုယ့်ကိုယ်ကိုယ် အသီးသီး အကာ အကွယ်ယူကြမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ လူကြမ်းစိတ် ကြမ်းဖြင့် မမြင်ရသော အခြားဘုံဘဝမှ ပုဂ္ဂိုလ်များကို မခံသာအောင် ပြုမူခြင်းများသည် အန္တရာယ်ကိုဖိတ်ခေါ် သည်နှင့် အလားသဏ္ဏာန် တူပါသည်။ ကံကောင်းနေလျှင် ဒုက္ခမပေးနိုင်သော် လည်း ကံနိမ့်သည့်အခါတွင် မလွဲမသွေ ဒုက္ခပေး ခြင်းကို ခံရတတ်ပေသည်။

ဆရာမ ယင်းမာအောင်၏ ‘‘သရဲ ကုပ်ချိုး ခြင်း’’စာမူထဲမှ အကြောင်းအရာတွင် ပါဝင်သည့် အတိုင်း ဒေါ်ကြီးရွေသည် သရဲမောင်နှမကို အကြိမ် ကြိမ်စော် ကားခြင်း၊ သရဲများမှီတွယ်နေထိုင်သည့် သစ်ပင်အောက် တွင် ငါးညှီငါးဟောက် ငါးပိငါးခြောက်များ သိုလှောင် ထားရှိခြင်း စသည့်လုပ်ရပ်များမှာ သရဲများကို ဂရုမစိုက် သည့်သဘော၊ တစ်နည်းအား ဖြင့် စိန်ခေါ်သည့်သဘောမျိုး သက်ရောက်ပေသည်။

ဒေါ်ကြီးရွေ ကံကောင်းနေချိန်တွင် သရဲများ သည် သူတို့ကို စော်ကားသည်များကို အားမတန်၍ မာန်ချနေ မည်ဖြစ်သော်လည်း ဒေါ်ကြီးရွေ ကံနိမ့် သည့်အခိုက်အတန့် တွင် ကုပ်ချိုးသတ်ခြင်းကို ခံလိုက်ရသည်ဟု ထင်မြင်မိသည်။ ဘီလူးစည်း လူ့စည်း ဟူသော ဆိုရိုးစကားရှိသည်နှင့်အညီ မိမိဘက်မှ စောင့်ထိန်းအပ်သည်များကို စောင့်ထိန်း၍ တစ်ဖက်သား ငြိုငြင်စေနိုင်သော အပြုအမူအပြော အဆိုများနှင့် ဆဲဆိုစော်ကားခြင်းများ မပြုလုပ်သင့် ကြောင်း နှင့် အထက်မှာဆိုခဲ့သည့်အတိုင်း ရတနာသုံးပါးကို ဦးထိပ်ထားသော သီလဆောက်တည်သော ပုဂ္ဂိုလ် များကို မည်သို့သော ဘုံဘဝမှ လောကသားများက အန္တရာယ်ပေး နိုင်လိမ့်မည် မဟုတ်ပါကြောင်း တင်ပြလိုက်ရသည်။

ဒိဗ္ဗာန်(ဂမ္ဘီရ)

Share