(ယခင်အပတ်မှအဆက်)

‘‘မင်းတို့ ဒါရယ်စရာမဟုတ်ဘူးကွ။ ခင် မောင်စန်းက တကယ်ဝင်လာတာ။ သူအကြောင်း ကို ပြောလို့ဝင်လာတာ။ သူမကျွတ်ဘူးဖြစ်နေတယ်’’

‘‘ဗျာ ...’’

‘‘ဦးမြင့်သိန်း ရော့ရော့ ... ဒီရေမန်းလေး သောက်လိုက်ပါ။ ကျွန်တော်ရှိတယ်။ ဘာမှမဖြစ်စေရ ဘူး’’

ဦးစိုးမင်းသည် လူကြီးပီပီ အဖြစ်မှန်ကို သုံး သပ်ပြ၏။ ကြောက်အားပိုသော ဦးမြင့်သိန်းကို ရေ မန်းတိုက်လေသည်။ ထိုအခါကြမှ ချွေးစီးတွေကျပြီး အေးစက်နေသော ခန္ခာကိုယ်မှာ အကြောက်ပြေ သွားလေသည်။ ဦးမြင့်သိန်း တကယ်ကြောက်တာကို တွေ့ရသောအခါ အပေါင်းအသင်းများက ဆက် မနောက်တော့ပါ။ ကိုမြင့်သိန်းကို အားနာနေလေ သည်။

‘‘ခင်မောင်စန်း ...မင်းနဲ့ငါတို့က လူ့ဘဝ တုန်းက အပေါင်းအသင်းဆိုတာ မှန်တယ်။ အခု မင်းနဲ့ ငါတို့က ဘဝခြားသွားပြီ။ မင်းငါတို့ထဲ မလာနဲ့။ ငါအမိန့်ပေးနေတယ်။ မင်းပြန်ပါတော့ ... ငါခွင့်ပြု ချက်မရဘဲ နောက်ဘယ်တော့မှ မဝင်လာနဲ့ လိုက် မနှောင့်ယှက်ပါနဲ့’’

 

ခင်မောင်စန်းသည် ဘုရားစင်ရှေ့သို့ ဆက် မလိုက်ရဲဘဲ မတ်တပ်ရပ်နေ၏။ ဒီလူတွေဟာ သူ့ အပေါင်းအသင်းတွေဖြစ်တယ်။ လူ့ဘဝက အတူ သွား အတူလာလုပ်ကိုင်ခဲ့ကြတဲ့ အရင်းနှီးဆုံး မိတ်ဆွ များ ဖြစ်၏။ ယခုတော့ င့ါကိုအသိအမှတ် မပြု တော့ဘူး။ ငါ့ကို မလာနဲ့လို့ နှင်နေတယ်။ အတော် တုန်လှုပ်သွားသည်။ မျက်ရည်တွေကျလာပြီး ဝမ်း နည်း၍မဆုံး ဖြစ်လေသည်။ ဦးစိုးမင်း၏ နှုတ်ထွက် စကားကြောင့် အိမ်စောင့်နတ်ရောက်လာပြီး ခင် မောင်စန်းကို မောင်းထုတ်လေတော့သည်။ ဦးမြင့် သိန်း၏ ရင်ထဲတွင် အတော် တုန်လှုပ်သွားပါသည်။ ခင်မောင်စန်း မသေမီက သူ့အတွင်းရေးများကို ရင် ဖွင့်သွားတယ်။ သူသေတော့ စွဲလမ်းနေသော စာရေးမလေးကို သူရုံးခန်းသို့ ခေါ်မိတယ်။ ခင် မောင်စန်း သရဲဘဝနှင့် ထိုစာရေးမနှင့်အတူ ကပ် လိုက်လာပြီး မိမိထံရောက်နေခြင်းဖြစ်သည်။ တော်ပြီ ဒီစာရေးမလေးကို ပြန်ပို့မှဖြစ်မယ်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ ဌာနသို့ ပြန်ရောက်သောအခါ အကြီး အကဲများကို တင်ပြပြီး ခင်မောင်စန်း၏ စာရေးမကို အခြားတစ်နေရာသို့ ပြန်ပို့လိုက်ပါသည်။ 

ဤသို့ဖြင့် ခင်မောင်စန်း၏ဇာတ်လမ်းမှာ အဆုံး သတ်သွားပါသည်။ နောက်နောင် ခင်မောင်စန်း တစ် ခါမှ နှောင့်ယှက်ခြင်းမရှိတော့ပါ။ ကျွတ်တမ်းဝင်သွား တာလား။ ဘာဖြစ်သွားသည်မသိ။ မတွေ့မကြုံရပါ။ သူချစ်သော စာရေးမလည်း အလုပ်မှထွက်သွားပြီး မကြာမီသွေးကင်ဆာဖြင့် သေဆုံးသွားပါသည်။ လူ့ဘဝတွင် မရှိတော့သည့် အဆိုပါနှစ်ယောက်သည် တမလွန်တွင် ပြန်လည်ဆုံးဆည်းနေပြီလားဆိုတာ မည်သူမျှ မသိနိုင်တော့ပါ။

‘‘ကိုမြင့်သိန်း ...ခင်ဗျားကိုယ်တိုင် သရဲ အခြောက်ခံရတာ တကယ့်အဖြစ်အပျက်လား’’

‘‘ဟုတ်တယ် ဆရာလှိုင်း ... ဒါတကယ့် အဖြစ်အပျက်ပေါ့’’

‘‘အေးဗျာ ... တရားမသိတော့ သံသရာ လည်သွားတာ နှမြောဖို့ကောင်းတယ်’’

‘‘ကျွန်တော်လည်း ကိုခင်မောင်စန်းက ပေး တဲ့ သင်ခန်းစာကိုယူပြီး တရားဘက်လိုက်စား ခဲ့တာပဲ။ အခုဆရာလှိုင်းထံလာတာ တရား ဆွေးနွေး ရအောင် လာတာပဲ။ အခုအဖြစ်အပျက်လေးကို တရားသဘောပေါက်အောင် ပြောပေးပါဦး’’

‘‘တကယ်တော့ လူဘဝဆိုတာ ရောက်ခဲ တယ်။ ဖြစ်ခဲတယ်။ လူဖြစ်ဖို့ အင်မတန်ခက်ခဲတယ် လို့ ဘုရားက ‘မနုသသ ဘာဝေါ ဒုလ္လဘော’ ဆိုပြီး ဟောထားတာလေ။ ရခဲလှတဲ့ လူ့ဘဝကို  ရောက်တော့ရောက်ပါရဲ့ လူ့ ဘဝရောက်တဲ့အချိန်မှာလည်း သာသနာနဲ့ကြုံနေတာလေ’’

‘‘ဘုရားသာသနာဆိုဘာလဲ’’              

‘‘ဘုရားအဆုံးအမတရားတွေကို ပြောရမှာပဲ။ ဒီခေတ်က ဝိဝုတ္တိယုဂ္ဂခေတ် ပြန် ရောက်နေပြီ။ ဝိပသနာတရားတွေ ထွန်းကားတဲ့ ခေတ်။ မြန်မာပြည်မှာ ကြည့်ပါဦး။ မိုးကုတ်ဝိပ သနာ၊ မဟာစည် ဝိပသနာ၊ စွန်းလွန်းဝိပသနာ၊ ဖားအောက် ဝိပသနာဆိုပြီး ပေါ်ပေါက်နေကြပြီ လေ။ တရားရိပ်သာစခန်းတွေဝင်ပြီး ဝိပသနာဆိုပြီး တရားတွေ ရှုမှတ်ပွားနေကြတာ။ ရဟန္တာတွေ တစ် ပါးပြီးတစ်ပါးပေါ်ပေါက်လာတဲ့ခေတ်လေ။ ခန်းမောင် စန်းကလူလည်းဖြစ်တယ်။ ဝိပသနာထွန်းကားတဲ့ ခေတ်မှာလူဖြစ်တာ ဒီလာက်ကံကောင်းတာမရှိဘူး’’

‘‘တရားကို ဘယ်လိုလုပ် သိရမှာလဲ’’

‘‘တဏှာရာဂတွေက အသစ်အဆန်းမှ မဟုတ် တာ ကိုယ်မှာ ခံစားဖူးတာပဲ။ မလုပ်သင့်တာ မလုပ် ရမဘူး။ အရှက်အကြောက်တရားနဲ့ ထိန်းသိမ်းရမယ်။ ‘လောကပါလ’တရားဆိုတာ လူတိုင်းလိုက်နာ စောင့် ထိန်းရမယ့် တရားတွေပဲ။

ဒီတရားတွေ မရှိဘူးဆိုလျှင် လူသားတွေဟာ တိရစ္ဆာန်တွေ ဖြစ်သွားကြမှာပေါ့။

ပထမ ဒီတရားနှစ်ပါးကို မလိုက်နာလို့ ဖြစ် ရတာ။ ဒီစည်းနှစ်ခုကို ကျော်လို့ ရာဂမီးတွေ ကိလေ သာမီးတွေ တောက်လောင်တာကလည်း အမှန် တရားကို မသိလို့ဘဲ’’

‘‘မစင်ပုံကို အနိဌာရုံလို့မြင်ရမှာ အနိဌာရုံ လို့မြင်တော့ လောဘတွေ တက်လာတယ်။ဒေါသ တွေ မာနတွေတက်လာတယ်။ လောဘနဲ့သေတော့ ပြိသဖြစ်တာပေါ့။ သရဲဆိုတာလည်း ပြိတ္တာဘုံမှာ ပါတယ်လေ’’

‘‘အေးဗျာ ... ခင်မောင်စန်းကြီး ဒီတရား တွေနာပြီး တရားနှစ်လုံးသွင်းရင် ကောင်းရာ သုဂတိ ရောက်မှာပဲ။ ခုတော့ ပြိတ္တာဘဝနေရာက်နေတယ် သနားပါတယ်’’

‘‘အေး ...အသုဘကို အသုဘလို့ မြင်မှ အမြင်မှန်ပဲ။ အနိစ္စ ဒုက္ခ အနတ္တ ခန္ဓာလို့ လက္ခဏာ မြင်အောင် ရှုမှတ်ရင် တဏှာသေတယ်။ တဏှာ ချုပ်ရင် နိဗ္ဗာန်ပဲဗျာ’’

‘‘ဟုတ်တယ် ဦးမြင့်သိန်း နိဗ္ဗာန်ဆိုတာ ခန္ဓာနဲ့ ကပ်နေတာ နီးနီးလေးပါ။ ခင်ဗျား ခန္ဓာကို တွေ့ရင်၊ ခန္ဓာလို့ မြင်ရင် နိဗ္ဗာန်က လက်တစ်ကမ်း မှာရှိနေပြီပဲ။ ရောက်တော့မှာပေါ့’’

‘‘နိဗ္ဗာန်ရောက်အောင် ပို့ပေးပါလား’’

‘‘အေး ...နိဗ္ဗာန်ချမ်းသာကို ရောက်ဖို့ မျက် မှောက်ပြုဖို့ဆိုတာ လွယ်လွယ်လေးပါ’’

‘‘ဒါဆိုရင် ဆက်ဟောပါဦး’’

‘‘ပထမ ...ခန္ဓာကို တွေ့အောင်ရှာရမယ်’’

‘‘ခန္ဓာကရှာစရာမလိုပါဘူး၊ဒီမှာရှိတယ်လေ’’

‘‘ဒီမြင်ရတာ ကိုယ်အင်္ဂါကြီးပါ။ အင်္ဂလိပ်လို ‘သြိပ’လို့ခေါ်တယ်။ ခန္ဓာမှ မဟုတ်တာ’’

‘‘ဒါဆို ခန္ဓာကိုယ်က ဘယ်မှာလဲ’’

‘‘ဒါကြောင့် ခန္ဓာကိုတွေ့အောင်ရှာပါ။ ခန္ဓာ ကြည့်ပါ။ မြင်အောင်ကြည့်ပါ။ ရှုပါ။ ခန္ဓာက လှုပ် ရှားပြတာတွေကို ကြည့်ရင်း ရှုရင်းနဲ့ ဖြစ်၊ ပျက်ကို လေ့လာပါလိမ့်မယ်။ ဖြစ်၊ ပျက် မြင်ရင် လက္ခဏာ ဝင်လာပြီပဲ။ လက္ခဏာဝင်လာရင် အမြင်မှန်တွေ မြင်ရပြီ။ နှစ်လုံးသွင်းမှန်ပြီပေါ့ဗျာ’’

‘‘ဘယ်လို အမြင်မှန်လဲ’’

‘‘ခန္ဓာရဲ့ ဖြစ်၊ ပျက်ကိုမြင်ရင် ခန္ဓာဟာ အနိစ္စ ခန္ခာ၊ ဒုက္ခခန္ဓာ၊ အနတ္တခန္ဓာ၊ အသုဘခန္ဓာလို့ ထင် လာပါတော့မယ်’’

‘‘လက္ခဏာမြင်ရင် ဘာဖြစ်မှာလဲ’’

‘‘လက္ခဏာကိုမြင်ပြီး လက္ခဏာဆုံးမယ်။ ခန္ဓာရဲ့ ဖြစ်၊ ပျက် မြင်ပြီး ဖြစ်၊ ပျက် ဆုံးမယ်။ နောက်တော့ မဖြစ်မပျက်တဲ့ နိဗ္ဗာန်မြင်ရပြီပေါ့’’

‘‘ဟာ ...နိဗ္ဗာန်ဆိုတာ ဆရာလှိုင်းပြော တော့လည်း ရှင်းနေတာပဲ’’

‘‘အပြောနဲ့ နိဗ္ဗာန်မရောက်သေးဘူး။ အလုပ် နဲ့ လုပ်မှ နိဗ္ဗာန်ရောက်နိုင်မယ်နော်’’

‘‘သာဓု သာဓု သာဓု ...’’

အဏ္ဏဝါလှိုင်း

Share