တစ်နေ့သ၌ ပုဂံမြို့သစ်ရှိ ကျွန်တော်၏ ဗေဒင်ဟောခန်းသို့ တောင်ဇင်းအုပ်စု ကောင်ပင်စီရွာသား ဦးအောင်ဘုနှင့် အခြားလူကြီးနှစ်ဦးတို့ ရောက်ရှိလာကြပါသည်။ ဦးအောင်ဘုက

ပြီးခဲ့တဲ့နှစ်တုန်းက ဆရာဆီကရသွားတဲ့ တန်ဆောင် မုန်းလပြည့်မှာ ဖော်တယ်ဆိုတဲ့ ဈေးခေါ် မျက်နှာပွင့်လာဘ်ပွင့် ဆေးတော်ကြီးပုလင်းလေး ကုန်သွားလို့ ထပ်ပြီးလာ တောင်တာ ဆရာရေ သူတို့ကိုလည်း အဲဒီဆေးအကြောင်း ပြောမိတော့ သူတို့လည်း လိုချင်တယ်ဆိုပြီး လိုက်လာကြတာ ဟုပြောပါသည် ကျွန်တော်က အခုလောလောဆယ် ကျွန်တော့်ဆီမှာ လုံးဝကုန်နေတယ်ဗျို့ အခုလပြည့်နေမှာ ဆေးတော် ကြီးဖော်ပွဲ လုပ်တော့မှာလေ အဲဒီနေ့မှာသာ လာပြီးယူကြပေတောဗျို့ဟု ပြန်လည်ဖိတ်ကြားလိုက်ပါသည်။

ဦးအောင်ဘု က အဲဒါကလည်း ကိစ္စတစ်ခုပေါ့ နောက်တစ်ခုကတော့ ဆရာဆီကို လာမယ်လာမယ်နဲ့ အလုပ်တွေများပြီး ကျေးဇူးတင် စကား မပြောရသေးတာကို လာပြီးပြောတာလည်း ပါတာပေါ့ဗျာ ဟု ပြောရာ ကျွန်တော်က နားမလည်နိုင်ဘဲ အူကြောင်ကြောင်ဖြင့် ကြည့်နေသောကြောင့် ဦးအောင်ဘုက ပြီးခဲ့တဲ့နှစ်က ဆရာပေးလိုက်တဲ့ယတြာနည်းကြောင့် သေကောင်ပေါင်းလဲဖြစ်နေတဲ့ ကျွန်တော့်သမီးလေး အသက်ချမ်းသာရာ ရသွားတယ်လေ အဲဒီအတွက် ကျေးဇူးစကား လာပြောတာပါ ဟုပြောပြပါသည်။

ကျွန်တော်ကလည်း သူပြောနေသည်ကို မမှတ်မိသေးဘဲ ကြောင်ကြောင်ကြီး ကြည့်နေမိပါသည် ထိုအခါ ဦးအောင်ဘုက ဆရာကလည်း မမှတ်မိဘူးလား သမီးလေးရဲ့ ရောဂါတွေကို ဘီလူးကို သွားကျွေးပစ်လိုက်ဆိုပြီး ဆရာပဲ ခိုင်းခဲ့တာလေ ဟု ပြောတော့မှပင် ကျွန်တော်လည်း သြော် ဟုတ်ပြီး ဟုတ်ပြီး မှတ်မိပြီး မှတ်မိပြီ ဟု ပြောလိုက်ရပါတော့သည်။ အဘမင်းသိင်္ခသင်ပေးသွားသော နည်းတစ်နည်း ဖြစ်ပါသည် ကျန်းမာရေး အသည်းအသန်ဖြစ်သော် ရောဂါများ ပေါင်းစုံနေသော် ဘယ်ရောဂါကို ဘယ်လို့စကုရမှန်းမသိသော် စသည်ဖြင့် ရောဂါအနာထူပြောသောအခါများတွင် ဘယ်မြို့ ဘယ်ရွာနေ ဘာနေ့သားသမီး မောင်ဘယ်သူ မဘယ်သူရောဂါများကို အသင်ဘီလူးအား ကျွေးပါသည် ဟု စာရွတ်ခပ်သေးသေးလေး တစ်ရွတ်ပေါ်တွင် ရေးသာ၍ ဘီလူးရုပ်တု၏ ပါးစပ်ထဲသို့ ုထိုစာရွတ်ကို ထည့်ပေးလိုက်ရန်ဖြစ်ပါကြောင်း

ကောင်းစည်သူ (ပုဂံမြို့သစ်)

Share