အသက်အပိုင်းအခြားအားဖြင့် - ၂၂၊ ၃၀၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ၇၀၊ ၇၈၊ ၈၆၊ ၉၄ နှစ်ရှိ ဗုဒ္ဓဟူးသားများအတွက် - ယခုနှစ်အတွင်း ဇာတာရှင်သည် ညီအစ်ကို မောင်နှမများကြောင့်သော်လည်းကောင်း၊ သားသမီး များကြောင့်သော်လည်းကောင်း စိတ်သောကရောက် ရတတ်၏။ ခရီးဝေးသွားမည်ဟု စီစဉ်ထားပါက ထို အစီအစဉ် ပျက်တတ်ခြင်း (သို့မဟုတ်) ရက်ရွေ့ရ ခြင်းများ ကြုံရတတ်၏။ ငွေကြေးနှင့်ပတ်သက်သော ကိစ္စရပ်များတွင် ပူပန်မှုများ ရတတ်ပြီး ပြဿနာ အချို့ ဖြေရှင်းရတတ်၏။ ကားဝယ်ရောင်းလုပ်သူများ၊ ကားနှင့် အသက်မွေးဝမ်းကြောင်းပြုသူများ အခက် အခဲကြုံရတတ်၏။ ကြိမ်းသေတွက်ထားသောအလုပ် များ လွဲချော်မှုများနှင့် ကြုံရတတ်၏။ မမျှော်လင့် သောရောဂါ ရတတ်ပြီး ရခဲ့လျှင် နာတာရှည်တတ် ၏။ ငယ်ရွယ်သူများအနေနှင့် မိမိအားကိုးအားထား ပြုရသော ပုဂ္ဂိုလ်များ စီးပွားရေးကျဆင်းမှုနှင့် ကြုံရ တတ်၏။ မိမိ၏အကျိုးထက် မိမိပတ်ဝန်းကျင်၏ အကျိုးကို ထမ်းဆောင်ပေးရချိန်က များနေတတ်၏။ မိမိ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းထက် ပရဟိ တလုပ်ငန်းများအတွက်သာ လုပ်ဆောင်ပေးနေရ တတ်၏။

Read more...

(ယခင်အပတ်မှအဆက်) ၁ ကြွင်း အင်္ဂါသားသမီးများအတွက် အသက် အပိုင်းအခြားအားဖြင့် - ၁၈၊ ၂၆၊ ၃၄၊ ၄၂၊ ၅၀၊ ၅၈၊ ၆၆၊ ၇၄၊ ၈၂၊ ၉၀ နှစ်များအတွင်း - ဇာတာရှင်အဖို့ ယခုနှစ်အတွင်း

Read more...

တနင်္ဂနွေသားသမီးများ - ငွေကံ၊ ကားကံ၊ အိမ်ကံ အထူးကောင်းမယ်။ ထီပေါက်၊ မဲပေါက်၊ ရာထူးတိုး၊ ဆုရသလို ကံထူးမယ်။ အလှူပွဲမင်္ဂလာပွဲကြီးတွေ ကျင်းပရတတ်ပါတယ်။ ၇, ၂ အစ၊ ၂, ၇ အစ ထီကို ထိုးပါ။ အောက်လက်ငယ်သားကြောင့် ရွှေကြောင့်၊ ရတနာပစ္စည်းကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။အရက်ပုလင်းတွေဝင်လာရင် ခိုက်တတ်ပါတယ်။ အာရုံကြော၊ လေ၊ ဆီး၊ မျက်စိ၊ အစာအိမ် ဂရုစိုက်ပါ။ ကံပိုကောင်းအောင် မကြာမကြာနန်းကြီးသုပ် ဒါနလုပ်ပါ။

တနင်္လာသားသမီးများ - ဘာမဆို အောင်မြင်မှုကြီးမားမယ်။ ဒါပေမဲ့ ပြိုင်ပြိုင်ဆိုင်ဆိုင်၊ တိုက်တိုက် ခိုက်ခိုက်တွေ လုပ်ပြီးမှ အောင်မြင်ရတတ်ပါတယ်။ အိမ်သစ်၊နေရာသစ်၊ လုပ်ငန်းသစ်၊ အစီအစဉ် အသစ်တွေနဲ့ ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အထူးအောင်မြင်မယ်။ ၄, ၆ အစ၊ ၆, ၄ အစ ထီကို ထိုးပါ။ မိသားစုရေး၊ အိမ်တွင်းရေးတွေတော့ စိတ်ရှုပ်ရတတ်ပါတယ်။ မြေကိစ္စ၊ ဖုန်း ကိစ္စတွေမှာ သတိထားပါ။ ဝမ်းဗိုက်၊ဦးခေါင်း၊ အဆစ်အမြစ် ဂရုစိုက်ပါ။ ကံပိုကောင်းအောင် မကြာမကြာ ဖျော်ရည် (သို့မဟုတ်) ရေနဲ့ပတ်သက်တဲ့ကုသိုလ် ပြုလုပ်ပါ။

 အင်္ဂါသားသမီးများ -  ထူးထူးခြားခြား ကံထူးရှင် ဖြစ်တတ်ပါတယ်။ အဖက်ဖက်က အခွင့် အရေး ကောင်းတွေ ပေါ်လာမယ်။ ဘာသာရေးအဓိဋ္ဌာန် ကုသိုလ်ကောင်းမှုတွေလုပ်လေလေ ကံကောင်းလေ လေဖြစ်လိမ့်မယ်။ သူတစ်ပါးတွေမရနိုင်တဲ့ အောင်မြင်မှုတွေ ရတတ်ပါတယ်။ မြေကိစ္စ၊ အမွေကိစ္စ၊စားသောက်ကုန်၊ စက်မှုလုပ်ငန်းတွေ၊ ပညာရေးကိစ္စတွေ အထူးအောင်မြင်မယ်။ ၃, ၅ အစ၊ ၅, ၃ အစ ထီကိုထိုးပါလေ။ မိမိကံကောင်းသလောက် ဆွေမျိုးမိတ်ဆွေတို့ရဲ့ သာရေးနာရေး၊ လူမှုရေးကိစ္စတွေကို ဝိုင်းကူနေရမယ်။ လေ၊ နှလုံး၊ ဒူး၊ နား သတိထားပါ။ကံပိုကောင်းအောင် မကြာမကြာ ဆီထမင်း ဒါနလုပ် ပါလေ။

ဗုဒ္ဓဟူးသားသမီးများ - အောင်မြင်ချမ်းသာမယ့်အလှည့်ကို ရောက်လာပါပြီ။ ရည်ရွယ်ချက်ကြီးတွေကို အင်နဲ့အားနဲ့ ပိုင်ပိုင်နိုင်နိုင် ကြိုးစားပေတော့။ ရည်ရွယ်ချက်ဟောင်းတွေ၊ လုပ်ငန်းဟောင်းတွေလည်း ပြန်ပေါ်လာတတ်ပါတယ်။ ငွေဟောင်းပစ္စည်းဟောင်းတွေ ပြန်ဝင်တတ်တယ်။ အနုပညာ၊ ရတနာ၊ကား၊ ကျောက်၊ ငွေကြေးလုပ်ငန်းတွေ အောင်မြင်မယ့်အချိန်ပါပဲ။ ၂, ၄ အစ၊ ၄, ၂ အစ ထီကို ထိုးပါ။ စာချုပ် စာတမ်း၊ စာရင်းဇယားတွေရှုပ်တတ်တယ်။ အမှုပတ်တတ်ပါတယ်။ သူခိုးကလည်း အထင်ကြီးနေမယ်။ ကံပိုကောင်းအောင် မကြာမကြာ ကလေးငယ်တွေကို ကျောင်းသုံးပစ္စည်းတွေ လှူဒါန်းပါလေ။

ကြာသပတေးသားသမီးများ - စိတ်နှစ်ခွဖြစ်စရာတွေ များမယ်။ လက်ရှိအိမ်၊ လက်ရှိအလုပ်၊ လက်ရှိနေရာတွေကို စိတ်ကုန်နေတတ်တယ်။ ဒါပေမဲ့ ထူးထူးခြားခြား၊ ကြီးကြီးမားမား ဘာမှ မပြောင်းသင့်သေးပါဘူး။ ကိုယ်စိတ်နှစ်ပါး ပင်ပန်းဆင်းရဲစွာ အလုပ်တွေလုပ်နေရပြီး ထင်တိုင်းမပေါက် ဖြစ်နေမယ်။ငွေကံ နိမ့်နေမယ်။ အထင်လွဲစွပ်စွဲတာတွေ ခံရတတ်တယ်။ မြေကိစ္စ၊ ဖုန်းကိစ္စ၊ ရာထူးကိစ္စ၊ သင်တန်းကိစ္စ၊ နိုင်ငံခြားကိစ္စတွေကို ဦးစားပေးသင့်ပါတယ်။ ၅, ၇ အစ၊ ၇, ၅ အစ ထီကို ထိုးပါ။ အကြောအဆစ်၊ အစာမှားဆေးမှား၊ သွား၊ သွေး ကျန်းမာရေး ဂရုစိုက်ပါ။ကံဇာတာထွန်းပလာဖို့ မကြာမကြာ ထောပတ်ထမင်း လှူဒါန်းဒါနလုပ်ပါလေ။

သောကြာသားသမီးများ - အောင်မြင်လျှင်ထိပ်ဆုံး၊ ကျလျှင်လည်း ဗုန်းခနဲဆိုတာမျိုး ကြုံရတတ်ပါ တယ်။ အိမ်ပြောင်း၊ နေရာပြောင်း၊ လုပ်ငန်းပြောင်း၊ နည်းစနစ်ပြောင်းတာတွေကို ဦးစားပေးသင့်ပါတယ်။ အဝေးပြည်ပနဲ့ပတ်သက်တဲ့အလုပ်တွေ၊ ခရီးသွားလာရေး၊ သယ်ယူ ပို့ဆောင်ရေး အလုပ် တွေ အကျိုးထူးမယ်။ သေချာချိန်ဆပြီး တချို့ကိစ္စတွေမှာ စွန့်စွန့်စားစား ကြိုးစားသင့်ပါတယ်။ ၁, ၆ အစ၊ ၆,၁ အစ ထီကို ထိုးပါ။ ကျန်းမာရေး အညံ့ဘက်များတတ်တယ်။ ထိမိခိုက်မိတွေ သတိထားပါ။ မီး၊ အပူ၊ သူခိုး ဆိုတဲ့ရန်တွေ ဝိုင်းနေတတ်ပါတယ်။ ကံဇာတာထွန်းပလာဖို့အတွက် မကြာမကြာ ရေနဲ့ပတ်သက်တဲ့ကုသိုလ် ပြုလုပ်ပါလေ။

စနေသားသမီးများ - ယောင်ချာချာတွေ များနေမယ်။ ရှေ့တိုးရမလို၊ နောက်ဆုတ်ရမလိုတွေ များနေမယ်။ တတ်နိုင်သမျှ ခေါင်းအေးအေးနဲ့ တိုင်တိုင်ပင်ပင်လုပ်သင့်ပါတယ်။ စိတ်ရှည်ခေါင်း အေးသမျှ ကောင်းကျိုးချမ်းသာတွေ ဖြစ်လာလိမ့်မယ်။ တစ်ဇွတ်ထိုးတွေ ဆုံးဖြတ်မိ၊ လုပ်မိရင်တော့ အခွင့်အရေးကောင်းတွေ လက်လွတ်သွားရတတ်ပါတယ်။ လက်ထဲမှာ ငွေပြတ်နေမှ အဆင်ပြေမယ်။ ငွေများများရှိရင် အဲဒီငွေက ဒုက္ခပေးနေတတ်ပါတယ်။ အိမ်ဆောက်တာ၊ အိမ်ဝယ်တာ၊ အဖိုးတန်ပစ္စည်းတွေဝယ်တာ၊ အလုပ်ထဲမှာ ရင်းနှီးမြှုပ်နှံတာတွေ လုပ်သင့်ပါတယ်။ ဒီအချိန်ရင်းနှီးသမျှ နောင်နှစ်တွေမှာ အကျိုးထူးလိမ့်မယ်။ ၁, ၃ အစ၊ ၃, ၁ အစ ထီကို ထိုးပါ။ စိတ်ဓာတ်ကျ၊ စိတ်ရှုပ်ပြီး ကျန်းမာရေးတွေ ထိခိုက်တတ်ပါတယ်။ ကံဇာတာထွန်းပလာဖို့အတွက် မကြာမကြာ သန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပါလေ။

၂၀၁၅ ခုနှစ်အတွက် အကျိုးပေး ထက်သန်စေမယ့် ဂဏန်းများ ဝ၇၈

တနင်္ဂနွေ

ဒီရက်တွေအတွင်းမှာ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ၊ စိတ်နှစ်ခွဖြစ်စရာတွေ ကြုံလာရတတ်ပါတယ်။ တစ်ဇွတ်ထိုးလုပ်ပြီး အမှားကြုံတတ်ပါတယ်။

Read more...

တနင်္ဂနွေ

ဒီရက်တွေအတွင်းမှာ ငွေကံတအားကောင်းပါတယ်။ နာမည်ဂုဏ်သတင်းတက်စရာတွေလည်း ကြုံမယ်။

Read more...

ကျွန်တော်က ဗေဒင်ပညာ၊ ဂမ္ဘီရပညာတွေ ကို လေ့လာသူ တစ်ဦးဖြစ်ပါတယ်။ ဆရာကြီးမင်းသိင်္ခ ကြီးကြပ်သွားခဲ့တဲ့

Read more...

တနင်္ဂနွေ

ဒီရက်တွေအတွင်းမှာ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ၊ စိတ်နှစ်ခွဖြစ်စရာတွေ ကြုံလာရတတ်ပါတယ်။

Read more...

တနင်္ဂနွေ သားသမီးများ ဒီရက်တွေအတွင်းမှာ ငွေအထူးရွှင်နေမယ်။ ရှေ့ဆုံးမှာ

Read more...

တနင်္ဂနွေ သားသမီးများ ဒီရက်တွေအတွင်းမှာ အဘက်ဘက်က ကံဇာတာပွင့်လန်းနေ

Read more...

တနင်္ဂနွေ သားသမီးများ ဒီရက်တွေအတွင်းမှာ အဖက်ဖက်က

Read more...