သင့်အတွက်ဟောချက်ကို သိနိုင်ရန်အတွက် ပထမဦးစွာ သင်မွေးဖွားသည့် မြန်မာသက္ကရာဇ်ကို သိရန်လို၏။ ထို့ပြင် သင်၏လက်ရှိရောက်ဆဲအသက် အမှန်ကို သိရန်လိုအပ်ပြီး၊ သင့်အနေနှင့် အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား အနည်းငယ်တတ်ရုံနှင့်ပင် ၇၅ ရာခိုင်နှုန်း မှန်ကန်မှုရှိသော သင်၏ရောက်ဆဲ အသက်အပိုင်းအခြားအတွင်း ကြုံတွေ့ရနိုင်သည့် သင်၏ကံကြမ္မာကို ဖတ်ရှုနိုင်မည်ဖြစ်ကာ ယခုနှစ်အတွင်း သင်၏လုပ်ဆောင်ချက်များ အဆင်ပြေကောင်းမွန်နေစေရန်အတွက် ဆင်ခြင်စဉ်းစားဆုံးဖြတ်နိုင်မည် ဖြစ်တော့၏။

တွက်နည်းမှာ .. - ရှေးဦးစွာ သင်မွေးဖွားခဲ့သည့် မြန်မာကောဇာသက္ကရာဇ်ကို ခုနစ်ဖြင့်စားပြီး အကြွင်းကိုယူရမည်။ အကြွင်းသည် တစ်ဖြစ်သည်ဆိုပါစို့။ သင်သည် ‘တနင်္ဂနွေသား’ဖြစ်ခဲ့လျှင် သင့်ကိုယ်သင် ‘တစ်ကြွင်း တနင်္ဂနွေသား’ဟု မှတ်ယူ ရမည်ဖြစ်ပြီး၊ အကယ်၍ သင်သည် ‘တနင်္လာသား’ ဖြစ်ခဲ့ပါက သင့်ကိုယ်သင် ‘တစ်ကြွင်း တနင်္လာသား’ဟု မှတ်ယူ ပါ။ အလားတူပင် အခြားနေ့သားများသည်လည်း တစ်ကြွင်း အင်္ဂါသား၊ တစ်ကြွင်း ဗုဒ္ဓဟူးသား အစရှိသဖြင့် မှတ်ယူပါ။ အကယ်၍ နှစ်ကြွင်းလျှင် နှစ်ကြွင်းတနင်္ဂနွေသားဟု မှတ်ယူရမည်။ များသောအားဖြင့် လူသည် အသက်ဆယ့်ခြောက်နှစ်ရောက်မှသာ သီးသန့်မိသားစု၏ အုပ်ထိန်းမှုအောက်မှ တစ်ဆင့်တက်၍ ၎င်း၏ပတ်ဝန်းကျင် လူ့ လောကအသိုင်းအဝိုင်းနှင့် စတင်ထိတွေ့ဆက်ဆံရတတ်သည်ဖြစ်သောကြောင့်လူတစ်ယောက်၏အသက်အပိုင်းအခြား ဆယ့်ခြောက်နှစ်မှစတင်ပြီး ဟောချက်များကို ကြည့်ရှုနိုင်ပါ၏။

(ယခင်အပတ်မှအဆက်)

အသက်အားဖြင့် - ၂ဝ၊ ၂၈၊ ၃၆၊ ၄၄၊ ၅၂၊ ၆ဝ၊ ၆၈၊ ၇၆၊ ၈၄၊ ၉၂ နှစ်ရှိ (၁)ကြွင်း သောကြာသားသမီးများ အတွက် - ဇာတာရှင်အနေနှင့် ယခုနှစ်အတွင်း ကျန်းမာ ရေးအထူးဂရုစိုက်ရန်လို၏။ လုပ်ငန်းပြောင်းလဲလုပ် ကိုင်ရခြင်း၊ လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းကို စိတ်ပါဝင်စားမှု မရှိတော့ခြင်း၊ ကိုယ်ပိုင်လုပ်ငန်းလုပ် သူများ၊ လုပ်ငန်းသစ် ထပ်မံတိုးချဲ့လိုစိတ်များ ဖြစ်ပေါ် နေခြင်း၊ လုပ်ငန်းတိုးချဲ့ချင်သော်လည်း ဘယ်က စတင်လုပ်ကိုင်ရမှန်းမသိလောက်အောင် စိတ်လေနေ ရတတ်၏။ ခရီးသွားမည့်သူများ၊ လမ်းခရီး၌ ကျန်းမာ ရေးညံ့တတ်၏။ သို့မဟုတ် ခရီးစဉ်ပျက်ခြင်း၊ ရက် ရွေ့ဆိုင်းရခြင်း၊ နှောင့်နှေးကြန့်ကြာခြင်းများ ကြုံရ တတ်၏။ ရရန်ရှိသော ငွေကြေးများ လွယ်လွယ်ကူ ကူ မရရှိဘဲ ထစ်ငေါ့နေတတ်၏။ လူပျို လူရွယ်များ အနေဖြင့် ချစ်သူနှင့် ကတောက်ကဆ ဖြစ်တတ်ပြီး လမ်းခွဲမှုများ ကြုံရ တတ်၏။ သို့မဟုတ် ချစ်သူနှစ်ဦးထားမိ၍ ထိုနှစ်ဦး ကြားတွင် ဗျာများနေတတ်၏။ ပညာရေးနှင့်ပတ်သက်၍ ထူးခြားသောပညာ များ သင်ကြားရတတ်၏။ ဝန်ထမ်းများအနေနှင့် နိုင်ငံခြားသို့ဖြစ်စေ၊ ပြည်တွင်း၌ဖြစ်စေ၊ မိမိတစ်ခါမျှ မသင်ဘူးသော ပညာရပ်များ သွားရောက်သင်ကြားရ တတ်၏။ ကားမောင်းသူများအနေနှင့် ယခုနှစ်အတွင်း ဂရုတစိုက်နှင့် မောင်းနှင်သင့်၏။ မိမိအမှားကြောင့် မဟုတ်ဘဲ သူတစ်ပါးအမှားကြောင့်ထိခိုက်မိတတ်၏။ ဝန်ထမ်းများ အထက်လူကြီးနှင့်မပြေမလည် ဖြစ်တတ်ပြီး ဖိနှိပ်ခံရတတ်ခြင်း၊ အညှိုးထားခြင်းများ ကြုံရတတ်၏။ သို့မဟုတ် နှစ်ယောက်လုပ်ရမည့်လုပ် ငန်းကို တစ်ယောက်တည်း သိမ်းကြုံးလုပ်ရတတ်၏။

အိမ်သို့ ရပ်ဝေးမှ အမျိုးသမီးများ ညအိပ်ညနေ လာ ရောက်တည်းခိုးလျှင် ပြသနာများပါလာတတ်ပြီး လိုက်လံဖြေရှင်းပေးရတတ်၏။ အိမ်ထောင်ရှင်များ အနေနှင့်လည်း အမျိုးသမီးများ ကြားဝင်နှောင့်ယှက် မှုကြောင့် အိမ်ထောင်ရေးတွင် မကြာခဏ ပြသနာ ပေါ်နေတတ်၏။ အိမ်တွင်ရှိသော စက်ပစ္စည်းများလည်း မကြာခဏပျက်နေတတ်၏။ လက်အောင်ငယ်သား များက မိမိအမိန့်ကို ဖီဆန်ပြီး တော်လှန်ပုန်ကန်ခြင်း များ ကြုံရတတ်၏။ ၎င်းတို့ကြောင့်လည်း မိမိဂုဏ် သိက္ခာ ကျဆင်းတတ်၏။ ကျန်းမာရေးအနေနှင့် ဂရုစိုက်ရမည့်ကာလ ဖြစ်ပြီး ရောဂါနှစ်ခု ပြိုင်တူရတတ်၏။ အိမ်ထောင်ရှင် အမျိုးသားများအနေနှင့် ဇနီးသည် ကျန်းမာရေး ကြောင့် ငွေကုန်ကြေးကျများတတ်၏။ အသည်း ရောဂါ၊ သည်းခြေနှင့်ပတ်သက်သောရောဂါ၊ မကြာ ခဏ ခေါင်းတစ်ခြမ်းထိုးခြင်း၊ အကြောတက်ခြင်း၊ သွားကိုက်သွားနာဖြစ်ခြင်း၊ သွားဖုံးယောင်ခြင်း၊ အသံ အိုးတွင် ရောဂါရခြင်း၊ အမျိုးသမီးများ မီးယပ်နှင့် ပတ်သက်သောရောဂါများဖြစ်ခြင်း ကြုံရတတ်၏။ မိဘများနှင့် အတူနေပါက ၎င်းတို့လည်း ကျန်းမာရေးညံ့တတ်၏။ ရေချိုးမှားခြင်း၊ ရေဘေး အန္တရာယ်ကြုံတွေ့ခြင်းများ၊ အရက်သောက်တတ်သူ များ လေဖြန်းခြင်း၊ လေဖြတ်ရောဂါများ ရရှိတတ်၏။ ရှောင်ရန် သခွားသီး၊ သင်္ဘောသီး၊ ကြက်သား၊ အုန်း သီးနှင့်ပတ်သက်သော အာဟာရများအားလုံး မကြာ ခဏ စားသောက်နေခြင်းမှ ခေတ္တရှောင်ထားပါ။ မိမိ အတွက် စာမေးပွဲဖြေခြင်း၊ အင်တာဗျူးဖြေခြင်း (သို့ မဟုတ်) အရေးကြီးသည့်ကိစ္စရပ်များ ပြောဆိုလုပ် ကိုင်ရမည့်နေ့များတွင် အထက်ပါအစားအသောက် များကို လုံးဝ ရှောင်ထားလိုက်ပါ။

ဆောင်ရန် ကြာသပတေးနေ့ရောက်တိုင်း ထမင်းပူပူပေါ် တွင် ထောပတ်တစ်ဇွန်းတင်၍ ဘုရားသို့ ကပ်လှူပြီး လိုရာဆုတောင်းပါ။ အလုပ်နှင့်ပတ်သက်၍ အခက် အခဲရှိသူများ နွားနို့နှစ်ခွက် ဘုရားသို့လှူပေးပါ။ အလုပ်ရာထူးနှင့် ပတ်သက်၍ ကနက္ကဒါဏ်ထီးလှူပါ။ ငွေကြေးအခက်အခဲရှိပါက အုန်းလက်ကို ယပ်တောင် သဏ္ဏာန်ရက်လုပ်ပြီး ထိုအုန်းလက်ယပ်တောင်နှင့် အိမ်ဘုရားအား ယပ်ခတ်ဆုတောင်းပါ။ ဗိုလ်တ ထောင်ဘုရား၊ ရွေမုဌောဘုရား။ အာနန္ဒာဘုရား၊ မဟာမြတ်မုနိဘုရား။ ရွေဘုန်းပွင့်စေတီ၊ မယ်လမု စေတီ အစရှိသော စေတီပုထိုးတို့၏ အရှေ့တောင် ထောင့်တွင် ဒန်းညွန့်၊ ဒေါနပန်း၊ မေမြို့ပန်း၊ ဂန္ဓမာ ပန်းများ ဝေဝေဆာဆာလှူပေးပါ။ အိမ်ရောင်းချင်လျှင် ရောင်းချင်သည့်အိမ်ကို ရည်စူး၍ ဘုရားသို့ နွားနို့ နှစ်ခွက်ကပ်လှူပြီး စွန့်သည့် အခါ တစ်ခွက်ကို သောက်ပြီး အိမ်အမြန်ရောင်းရပါ စေဟု ဆုတောင်းပါ။ ကားရောင်းချင်ပါက ရောင်းချင် သောကားပေါ်တွင် ထိုင်၍ သီဟိုဠ်စေ့စားရင်း ဆု တောင်းပါ။ အထူးယတြာ ကြာသပတေးနေ့ ညတွင် အင်္ကျီဟောင်း တစ်ထည် ညဝတ်အိပ်ပြီး သောကြာနေ့မနက် အိပ် ရာထသည့်အခါ ထိုအင်္ကျီအား ချွတ်၍ အိမ်၏နောက် ဖေးတွင် ‘‘ငါ့ဒဏ် နင်ခံ’’ဟု ပြောပြီး မီးရှို့လိုက်ပါ။

(ဆက်လက်ဖော်ပြပါမည်)

မိမိပြုသမျှ ထိုကိစ္စ တူသောအကျိုး ပေးလိမ့်မည်

ကျော်ဆုသွေး

လာမည့်အပတ်တွင် အသက်အားဖြင့် - ၂၁၊ ၂၉၊ ၃၇၊ ၄၅၊ ၅၃၊ ၆၁၊ ၆၉၊ ၇၇၊ ၈၅၊ ၉၃ နှစ်ရှိ (၁)ကြွင်း သောကြာသားသမီးများအကြောင်း ဆက်လက် ဖော်ပြပေးပါမည်။

မိတ်ဆွေတို့ရဲ့ ချစ်ဖွယ်ရာလက်ဝါးလေးကို ဖြန့်ပြီးကြည့်လိုက်ပါ။ ညာသန်သူက ညာဘက်ကိုာကည့်၊ ဘယ်သန်သူက ဘယ်ဘက်ကိုကြည့်ဖို့ပါပဲ ပြီးရင် ယခုတင်ပြမယ့် လက္ခဏာအရေးအကြောင်းလေးတွေနဲ့ တိုက်ဆိုင်ကြည့်လိုက်ပါ။ မိတ်ဆွေရဲ့ဘဝလမ်းမှာ မသဲမကွဲ မမြင်ရသေးတဲ့ ဘဝကံကြမ္မာကို အဲဒီလမ်းကြောင်း လေးတွေက မီးမောင်းထိုးပြပေးနေပါလိမ့်မယ်။

Read more...

လူသားအားလုံးတို့သည် တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး စသော နေ့ခုနစ်နေ့ ထဲမှ တစ်နေ့နေ့တွင် ဖွားမြင်သောသူများ သာ ဖြစ်ပါသည်။ မိမိတို့၏ မွေးနေ့အလိုက် ဘဝစရိုက်လက္ခ ဏာများ မတူညီကြပါ။ သင်သည် မည်သည့်နေ့တွင် မွေးဖွား ပါသနည်း။ မိမိ၏မွေးနေ့အလိုက် အောက်ပါအ တိုင်း ဆန်းစစ်ကြည့်နိုင်ပါသည်။

Read more...

ကျွန်ုပ်သည် ဗေဒင်ပညာကို နကန်းတစ်လုံး မတွက်တတ် မချက်တတ်မီ ကပင် ဗေဒင်ကို အကျအန ဟောခဲ့ရသူဖြစ်လေ၏။ ထိုသို့ ဆိုပါလျှင် မဖြစ်နိုင်ပါကွာဟု ထင်ဖွယ်ရာရှိပေသည်။ သို့ရာတွင် ကျွန်ုပ်၏ ဗေဒင်ဆရာဘဝသည် ထိုသို့နှယ် ထူးထွေဆန်းပြားစွာဖြင့် စတင်ခဲ့ရခြင်း ဖြစ်ပါလေတော့၏။ ကျွန်ုပ်သည် ၁၉၉၅ ခုနှစ်၌ အဘမင်းသိင်္ခထံသို့ ရောက်သွားခဲ့လေ၏။ ထိုစဉ်က အဘသည် ကလျာမဂ္ဂဇင်း၊ ဂမီ္ဘရမဂ္ဂဇင်း၊ အပျိုစင် မဂ္ဂဇင်း၊ ရောင်ပြန်မဂ္ဂဇင်း၊ လပြည့်ဝန်းမဂ္ဂဇင်း ...စသည် စသည်တို့၌ လစဉ် ဗေဒင်ဟောစာတမ်းများ ရေးပေး ရလေ၏။ ထိုလစဉ်မဂ္ဂဇင်းဟောစာတမ်းများ ရေးရာတွင် အဘက ပါးစပ်မှခေါ်ပေးပြီး ကျွန်ုပ်က စာရေးစက္ကူပေါ်တွင် ခွေးတံဆိပ်ခဲတံတစ်ချောင်းဖြင့် အမီလိုက်၍ ရေးပေး ခဲ့ရ၏။

Read more...

ဇန်နဝါရီလ − တွင်းထွက်ပစ္စည်းကိစ္စ၊ ရေကိစ္စ၊ ဝမ်းသာကြရလိမ့်မယ်။ ပင်လယ်ဆိပ်ကမ်း၊ ရေကန်တွေနဲ့ပတ်သက်လို့ကောင်းတာတွေ ဖြစ်လာလိမ့်မယ်။

ဖေဖော်ဝါရီလ− ထိခိုက်ပေါက်ကွဲ၊ မီးဘေး၊ လျှပ်စစ်ဘေး၊ သဘာဝဘေး ကြီးကြီးမားမားကြုံတတ်တာကို သတိထားရလိမ့်မယ်။ အစိုးရအဖွဲ့ထဲက ကြီးကဲသူနှစ်ဦးလျော့သွားလိမ့်မယ်။

Read more...

တနင်္ဂနွေသားသမီးများ

ဒီရက်တွေအတွင်းမှာ မတင်မကျကိစ္စလေးတွေများနေမယ်။ ဟိုဟာလုပ်ရတော့မလိုလို၊ ဒီဟာလုပ်ရတော့မလိုလိုတွေ များနေမယ်။ ငွေကိစ္စ၊ ပစ္စည်းကိစ္စ၊ အရောင်းအဝယ်ကိစ္စတွေမှာလည်း တေ့လွဲလေးတွေ လွဲနေတတ်ပါတယ်။ ဘာမဆို ခေါင်းအေးအေးနဲ့ ဆုံးဖြတ်သင့်တဲ့အချိန်မျိုးပါပဲ။ စပ်တူကိစ္စ စာချုပ်လုပ်ငန်းတွေအောင်မြင်မယ်။ ဆိုင်သစ်၊ အိမ်သစ်၊ နေရာသစ်ကိစ္စတွေ အောင်မြင်မယ်။ အဖိုးတန် စက်ပစ္စည်း၊ အိမ်ထောင်ပရိဘောဂတွေ ဝင်မယ်။ မထင်မှတ်ဘဲ နိုင်ငံခြား၊ လူမျိုးခြား အဆက်အသွယ်အကူအညီ ပေါ်လာတတ်ပါတယ်။ အောက်လက်ငယ်သားကြောင့် စိတ်ရှုပ်ရတတ်တယ်။ အနီးကပ်လူရင်းထဲက သစ္စာဖောက်သွားတတ်တယ်။ အလှူမင်္ဂလာကိစ္စ၊ မြေကိစ္စ၊ ဖုန်းကိစ္စများ အဆင်မပြေမှုများမယ်။ ခြေထောက်၊ ခါး၊ ဗိုက်၊ ကျန်းမာရေး ဂရုစိုက်သင့်ပါတယ်။ အိမ်ထောင်ရှင်များ ပြေလည်မှုရပြီး ချစ်သူရည်းစားများ ဆွေမျိုးဝင်ရှုပ်လာတတ်တယ်။ စကားတွေရှုပ်လို့ ရှင်းရတတ်ပါတယ်။ ထီထိုးမယ်ဆိုရင် ၃၉ အတွဲလိုက်စတဲ့ဂဏန်းဟာ သင့်ကို အကျိုးပေးပါလိမ့်မယ်။ ယတြာ ။  ။ ကြက်၊ ငှက် စသည်တို့ ဘေးမဲ့လွတ်ရင်း ဆုတောင်းပါလေ။

Read more...

တနင်္ဂနွေသားသမီးများ ဒီရက်တွေအတွင်းမှာ မတင်မကျကိစ္စလေးတွေများနေမယ်။ ဟိုဟာလုပ်ရတော့မလိုလို၊ ဒီဟာလုပ်ရတော့မလိုလိုတွေ များနေမယ်။ ငွေကိစ္စ၊ ပစ္စည်းကိစ္စ၊ အရောင်းအဝယ်ကိစ္စတွေမှာလည်း တေ့လွဲလေးတွေ လွဲနေတတ်ပါတယ်။ ဘာမဆို ခေါင်းအေးအေးနဲ့ ဆုံးဖြတ်သင့်တဲ့အချိန်မျိုးပါပဲ။ စပ်တူကိစ္စ စာချုပ်လုပ်ငန်းတွေအောင်မြင်မယ်။ ဆိုင်သစ်၊ အိမ်သစ်၊ နေရာသစ်ကိစ္စတွေ အောင်မြင်မယ်။ အဖိုးတန် စက်ပစ္စည်း၊ အိမ်ထောင်ပရိဘောဂတွေ ဝင်မယ်။ မထင်မှတ်ဘဲ နိုင်ငံခြား၊ လူမျိုးခြား အဆက်အသွယ်အကူအညီ ပေါ်လာတတ်ပါတယ်။ အောက်လက်ငယ်သားကြောင့် စိတ်ရှုပ်ရတတ်တယ်။ အနီးကပ်လူရင်းထဲက သစ္စာဖောက်သွားတတ်တယ်။ အလှူမင်္ဂလာကိစ္စ၊ မြေကိစ္စ၊ ဖုန်းကိစ္စများ အဆင်မပြေမှုများမယ်။ ခြေထောက်၊ ခါး၊ ဗိုက်၊ ကျန်းမာရေး ဂရုစိုက်သင့်ပါတယ်။ အိမ်ထောင်ရှင်များ ပြေလည်မှုရပြီး ချစ်သူရည်းစားများ ဆွေမျိုးဝင်ရှုပ်လာတတ်တယ်။ စကားတွေရှုပ်လို့ ရှင်းရတတ်ပါတယ်။ ထီထိုးမယ်ဆိုရင် ၃၉ အတွဲလိုက်စတဲ့ဂဏန်းဟာ သင့်ကို အကျိုးပေးပါလိမ့်မယ်။ ယတြာ ။ ။ ကြက်၊ ငှက် စသည်တို့ ဘေးမဲ့လွတ်ရင်း ဆုတောငျးပါလေ။

(ဝ)ြွကင်းသမားများ ကျွန်တော်တို့ မှော်ဘီမရမ်းတလင်း ဗေဒင် သင်တန်းမှာ ဗေဒင်ပညာနည်းမျိုးစုံ လောကီပညာ အဖုံဖုံတို့ကို ဆရာကြီးမင်းသိင်္ခ ဦးစီးပြီး သင်ကြားပေး ခဲ့ပါတယ်။ အဲဒီသင်တန်းအမျိုးမျိုးထဲမှ မဟာဘုတ်နှင့် ရတနာလုပ်နည်းဆိုတဲ့ သင်ခန်းစာ ပါပါတယ်။ မဟာဘုတ်တွက်နည်းကတော့ မြန်မာမွေး သက္ကရာဇ်ကို ၇ နဲ့စားရပါတယ်။ အဲဒီလို စားတဲ့အခါ အြွကင်းခုနစ်မျိုး ရပါတယ်။ (၁)ြွကင်း၊ (၂)ြွကင်း၊ (၃)ြွကင်း၊ (၄)ြွကင်း၊ (၅)ြွကင်း၊ (၆)ြွကင်း)၊ (ဝ)ြွကင်း ဆိုပြီး အြွကင်းခုနစ်မျိုး ရပါတယ်။ ゞင်းအြွကင်းခုနစ်မျိုးအနက် အြွကင်းတစ်ခုစီ အကြောင်း ရေးမှာဖြစ်ပါတယ်။ နေ့သားအလိုက် ဟောပြောရေးသားခြင်း မဟုတ်ပါကြောင်း သိစေ အပ်ပါသည်။

Read more...

ကျွန်တော်တို့ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းများ ၏ ထူးခြားချက်များကို ရှေးမြန်မာရိုးရာ ဗေဒင်ပညာ ရှင်ကြီးများက အဟောများထုတ်သွားခဲ့ကြပါသည်။ အလွယ်တကူမြင်တွေ့နိုင်သော လူတို့၏နှုတ်ခမ်းသား လေးများကိုကြည့်ကာ လူ့ဘဝသရုပ်ကို အဟော ထုတ်နိုင်ပါသည်ဟုဆိုလျှင် အပိုဟုမထင်စေလိုပါ။ နှုတ်ခမ်းလေးများ၏ အနေအထားကိုလိုက်၍ မိမိ ကိုယ်တိုင်သော်လည်းကောင်း၊ ပတ်ဝန်းကျင်ရှိ ဆွေ မျိုး၊ မိတ်ဆွေတို့၏ ဘဝသရုပ်ကိုသော်လည်းကောင်း အောက်ပါဟောချက်များနှင့် တိုက်ဆိုင်ကြည့်ကြပါ ကုန် ...။

Read more...

တစ်နေ့တွင် စင်ကာပူ၌ သွားရောက်၍ အလုပ်လုပ်နေသော ကျွန်တော်၏သူငယ်ချင်း ကို ခန့်ဇော်သည် မြန်မာပြည်သို့ပြန်ရောက်ခိုက် ကျွန် တော့်ထံသို့ အလည်ရောက်လာရင်း စကားစပ်မိ ကြရာမှ မြန်မာမွေးလများအလိုက် စရိုက်အဟော တို့ကို ပြောဖြစ်ခဲ့ကြပါသည်။ ထို့အပြင် မည်သည့်မြန်မာလမဆို ဘယ်နှ ရက်နေ့တွင် မွေးဖွားပါက မည်သို့သဘောရှိသည် ဆိုသည့် ဟောချက်များအပိုင်းကိုလည်း ပြောဖြစ်ခဲ့ ကြပါသည်။ ကျွန်တော်တို့ပြောဖြစ်ခဲ့ကြသော မြန်မာ မွေးရက်များအလိုက် စရိုက်သဘာဝများမှာ အောက် ပါအတိုင်း ဖြစ်ပါလေတော့သတည်း။

Read more...