တစ်ခါတလေမှာ မိမိတို့ရဲ့ အိမ်အဆောက် အအုံတွေမှာ နကျယ်ကောင်တွေ အိမ်လာဖွဲ့လေ့ ရှိ တတ်ပါတယ်။ နကျယ်စွဲတဲ့နိမိတ်နဲ့ပတ်သက်လို့ ရှေးလူကြီးများ ပြောခဲ့တာတွေ ရှိပါတယ်။ 

(၁) နကျယ်ကောင်တွေ အမြင့်မှာ၊ အိမ်ခေါင် ထက်မှာ၊ အိမ်ရှေ့မျက်နှာစာမှာ စွဲခဲ့သော် အကြံ အစည်များ အောင်မြင်အံ့။

(၂) ခုတင်အောက်၊ ကုလားထိုင်အောက်၊ အိမ်ကြမ်းပြင်၏အောက်ဘက်တွင် စွဲသော် ထီပေါက် သကဲ့သို့ လာဘ်လာဘကြီးစွာ ရအံ့။

(၃) လှေကားအတက်အဆင်းတွင် စွဲသော် ပျောက်နေ ထွက်နေ ဆုံးရှုံးနေသော ငွေကြေးပစ္စည်း ဥစ္စာများ ပြန်ရအံ့။

(၄) အိမ်၏ အလယ်ပိုင်းဝန်းကျင်တွင် စွဲ သော် ရွေငွေရတနာများ ရအံ့။

(၅) လက်နက်ကိရိယာ (ဥပမာ - ဓား၊ လှံ) စသည်တွင် စွဲသော် ရန်အများကို အောင်မြင်အံ့။

Read more...

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျောင်းနေ ဖက် ငယ်သူငယ်ချင်းများဖြစ်ကြသော မိုးကျော်၊ ဖိုးထော်နှင့် စိုးမော်ဆိုသူတို့ ရောက်ရှိလာကြ လေသည်။ သူငယ်ချင်းသုံးဦးတွင် စိုးမော်မှာ မိန်းကလေးဖြစ်ပြီး အမည်ရင်းမှာ စိုးစိုးမော် ဟူ၍ဖြစ်ပြီး မိုးကျော်၊ ဖိုးထော်တို့နှင့်တွဲကာ သူ့ ကိုလည်း စိုးမော်ဟုသာ ခေါ်ခဲ့ကြလေ၏။

၎င်းတို့သုံးဦးသည် ကျွန်ုပ် တည်ခင်း ဧည့်ခံသောမနောမယလက်ဖက်ရည်ကိုသောက် ကြလေ၏။ စိုးမော်က တစ်ဝက်သာသောက်ပြီး၊ မိုးကျော်က နှစ်ခွက်ဆင့်၍ သောက်လေ၏။ စိုး မော်က -

‘‘ဒီလို သူငယ်ချင်းရေ ...၊ တချို့ ရုံး ခန်းတွေ၊ အလုပ်ခန်းတွေမှာ ပန်းချီကားကြီးတွေ ကျကျနနလှလှပပချိတ်ထားတာ ငါဖြင့်အရမ်းသ ဘောကျတာပဲ ...၊ ငါတို့ အလုပ်ခန်းတွေမှာ လည်း အဲဒီလို ပန်းချီကားကြီးတွေ ကျကျနန ချိတ်ချင်တယ်ဟာ၊ ငါတို့ သူငယ်ချင်း ဗေဒင်ဆရာ ကြီးတစ်ယောက်လုံး ရှိနေတာဆိုတော့ ဒီအတိုင်း ရမ်းပြီးချိတ်မယ့်အစား သူငယ်ချင်းပြောပြတဲ့ ပန်းချီ ကားတွေ ချိတ်မယ်ဆိုပြီး သုံးယောက်သား တိုင်ပင်ပြီး လာခဲ့ကြတာဟေ့ ...’’ ဟု ၎င်းတို့၏ လာရင်းကိစ္စ ကို ပြောပြကြလေ၏။ ကျွန်ုပ်လည်း စီးကရက်ကို နှစ်ဖွာခန့်မျှ ဆက်၍ဖွာ လိုက်ပြီးသည့်နောက် -

Read more...

မိမိတို့နေသောအိမ်သည် ကိုယ်ပိုင်ဖြစ်စေ၊ အငှားဖြစ်စေ အိမ်၏ခြေရင်းနှင့် ခေါင်းရင်းဘက်မှ အိမ်နှစ်အိမ်သည် ညီအစ်ကိုမောင်နှမအရင်းများ၏ အိမ်များဖြစ်နေပါက နို့ညှပ်အိမ်ဟု ခေါ်ပါသည်။ ထို အိမ်မျိုး၌ မနေကောင်းကြောင်း ရှေးလူကြီးသူမတို့ က မိန့်မှာလေ့ရှိပါသည်။ 

Read more...

သီတင်းကျွတ်လပြည့်နေ့က ဖြစ်လေသည်။   ကျွန်တော်အပါအဝင် လှိုင်သာယာ၊ ၇ ရပ်ကွက်၊ မင်္ဂလာသိဒ္ဓိလမ်း လမ်းသူလမ်းသားများသည် လမ်း တစ်လျှောက် ဖယောင်းတိုင်မီးများ ထွန်းညှိကာ လမ်း ကို အလှဆင်ကြလေ၏။ ထို့နောက် ဖယောင်းတိုင် မီးများ ထွန်းပြီးသောအခါ ကျွန်တော်သည် ခြံဝန်း အတွင်း ဗာဒံပင်အောက်ရှိ ဝါးကွပ်ပျစ်ကလေး၌ထိုင် ကာ တစ်လမ်းတည်းနေ ကိုမြင့်အောင်၊ ကိုကျော် ထင်၊ ကိုသားကြီးဆိုသူတို့နှင့် ရောက်တတ်ရာရာ စကားများကို ပြောဆိုနေကြပြီး စကားလက်ဆုံကျ နေကြလေ၏။ 

Read more...

မိတ်ဆွေ ...ယခုတင်ပြမယ့် လက္ခဏာ အရေးအကြောင်းလေးတွေနဲ့ မိတ်ဆွေရဲ့လက်ဖဝါး လေးကို ဖြန့်ပြီး တိုက်ဆိုင်ကြည့်လိုက်ပါ။ မိတ်ဆွေ ရဲ့ဘဝလမ်းမှာ မသဲမကွဲနဲ့ မမြင်ရသေးတဲ့ ဘဝကံ ကြမ္မာကို အဲဒီလမ်းကြောင်းလေးတွေက မီးမောင်း ထိုးပြနေပါလိမ့်မယ်။ 

Read more...

မိတ်ဆွေ ...ယခုတင်ပြမယ့် လက္ခဏာ အရေးအကြောင်းလေးတွေနဲ့ မိတ်ဆွေရဲ့လက်ဖဝါး လေးကို ဖြန့်ပြီး တိုက်ဆိုင်ကြည့်လိုက်ပါ။ မိတ်ဆွေ ရဲ့ဘဝလမ်းမှာ မသဲမကွဲနဲ့ မမြင်ရသေးတဲ့ ဘဝကံ ကြမ္မာကို အဲဒီလမ်းကြောင်းလေးတွေက မီးမောင်း ထိုးပြနေပါလိမ့်မယ်။ 

Read more...

မိမိတို့နေသည့် တဲ၊ အိမ်၊ တိုက်၊ အခန်း စသည်တို့သည် မည်သည့် အရပ်မျက်နှာဘက်သို့ မျက်နှာစာပြုထားသနည်းဟု သတိပြုကြည့်ပါလေ။ 

အောက်ဖော်ပြသည့်အတိုင်း (အိမ်ထောင်ဦး စီး၏နေ့သားအလိုက်) ဘုမ္မိဆိုသော အရပ်မျက်နှာ ဘက်သို့ မျက်နှာစာပြုထားသော အိမ်များအတွက် မကောင်းကျိုးများ ခံစားရတတ်ပေသည်။ ရှာသမျှ စီးပွား မွဲသွားတတ်ပါသည်။ အိမ်ထောင်ရေးဒုက္ခ၊ လူမှုရေးဒုက္ခ၊ ကျန်းမာရေးဒုက္ခ၊ ငွေကြေးဒုက္ခများ ကြုံရတတ်ပါသောကြောင့် ရှောင်ကြဉ်သင့်ပေသည်။ 

Read more...

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်နှင့် ဆွေမျိုး နီးစပ်တော်သော ဦးဓာတ်ခဲဆိုသူ အဘိုးကြီးတစ်ဦး ရောက်လာခဲ့လေ၏။ ၎င်းဦးဓာတ်ခဲသည် နယ်မြို့ လေးတစ်မြို့တွင် ဆရာများငှား၍ ကျူရှင်တစ်ခုကို ထူထောင်ထားလေ၏။ ကျွန်ုပ်က -

‘‘ထိုင်ဗျာ ဦးဓာတ်ခဲရေ ...’’ ဟု ခရီးဦး ကြိုပြု နှုတ်ဆက်လိုက်လျှင် ဦးဓာတ်ခဲက -

‘‘ငါက မင်းရဲ့ အဘိုးတော်တယ်လေကွာ၊ ဘယ့်နှယ် ဦးဓာတ်ခဲရမှာလဲ ...၊ လေစိမ်းတွေ မတိုက်စမ်းပါနဲ့ကွာ၊ အဘိုးလို့ပဲ ရင်းရင်းနှီးနှီးခေါ်ပေါ့’’ ဟု ပြောလေ၏။ ကျွန်ုပ်က -

‘‘မသိပါဘူးဗျာ ...၊ ဟိုး လွန်ခဲ့တဲ့နှစ် နှစ် ဆယ်လောက်တုန်းက ကျွန်တော် ဗီဒီယိုရုံမှာ စက် ဘီးစောင့်တဲ့ အလုပ်သမားလေး လုပ်နေတုန်းကကျ တော့ ‘‘ငါ့ကို မင်းလိုကောင်မျိုးက အဘိုးလို့ခေါ် စရာမလိုဘူးလို့ ပြောထားဖူးတယ်လေ၊ အဲဒါကြောင့် အဘိုးလို့ မခေါ်တာပါဗျာ ...’’ ဟု ပြန်ပြောလိုက် ရာ ဦးဓာတ်ခဲက မျက်စိပေါက်များပင် ပိတ်သွားသည် အထိ တခစ်ခစ် ရယ်မောပြီးနောက် -

Read more...

လူတွေမှာ လက်သည်းပွင့်သည်ဟု ဖြစ်လေ့ ရှိကြပါသည်။ လက်သည်းပွင့်ခြင်းတွင် ကျန်းမာရေး နှင့်သက်ဆိုင်နေသကဲ့သို့ ဗေဒင်ဆရာများကလည်း ကံကြမ္မာနိမိတ်ကောက်လေ့ရှိကြပါသည်။ 

အကယ်၍ မိမိတွင် လက်သည်းပွင့်သော် နိမိတ် ကောက်ယူရန်မှာ -

Read more...

သင့်အတွက်ဟောချက်ကို သိနိုင်ရန်အတွက် ပထမဦးစွာ သင်မွေးဖွားသည့် မြန်မာသက္ကရာဇ်ကို သိရန်လို၏။ ထို့ပြင် သင်၏လက်ရှိရောက်ဆဲအသက် အမှန်ကို သိရန်လိုအပ်ပြီး၊ သင့်အနေနှင့် အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား အနည်းငယ်တတ်ရုံနှင့်ပင် ၇၅ ရာခိုင်နှုန်း မှန်ကန်မှုရှိသော သင်၏ရောက်ဆဲ အသက်အပိုင်းအခြားအတွင်း ကြုံတွေ့ရနိုင်သည့် သင်၏ကံကြမ္မာကို ဖတ်ရှုနိုင်မည်ဖြစ်ကာ ယခုနှစ်အတွင်း သင်၏လုပ်ဆောင်ချက်များ အဆင်ပြေကောင်းမွန်နေစေရန်အတွက် ဆင်ခြင်စဉ်းစားဆုံးဖြတ်နိုင်မည် ဖြစ်တော့၏။

Read more...