ကျွန်ုပ်တို့၏ဆရာကြီး အဘမင်းသိင်္ခ သုဝဏ္ဏ မြို့တွင် နေထိုင်ခဲ့စဉ်က ပရိသတ်တစ်ဦးသည် အလှ မွေးငါးကန်လေးတစ်ကန် လာ၍လှူဖူးလေ၏။ အဘ သည် ထိုငါးကန်ကလေးကို ရှေ့မျက်နှာစာ တစ်နေရာတွင် ဂရုတစိုက် ထားရှိသည်ကို သတိပြုမိလေ၏။ ကျွန်ုပ် နောက်တစ်ချက် သတိထားမိသည်မှာ အဘသည် သူနေထိုင် သောအိမ်ကို တစ်မျိုးပြီးတစ်မျိုး မရိုးရလေအောင် ပြင်ဆင်မွမ်းမံတတ်ခြင်းပင် ဖြစ်လေတော့၏။

အမှန်စင်စစ်အားဖြင့် အဘသည် ဘဝတွင် ခပ်ရိုးရိုး ခပ်ကြမ်းကြမ်း နေထိုင်ဖြတ်သန်းလျက် ရှိသူဖြစ်၏။ သို့ရာတွင် အိမ်ကိုမူ တသသလုပ်တတ် ခြင်း၊ ငါးကန်ကလေးအပေါ် ဂရုတစိုက်ရှိတတ်ခြင်း တို့မှာမူ ကျွန်ုပ်တို့အတွက် စဉ်းစား စရာဖြစ်နေတော့၏။

Read more...

လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်ခန့်က ကျွန်ုပ်သည် ဦးလှသီးဆိုသော မြန်မာဆေးဆရာကြီး တစ်ဦးနှင့် အိမ်နီးချင်းအဖြစ် နေထိုင်ခဲ့ဖူးလေ၏။ ထိုဆေးဆရာကြီးဦးလှသီးသည် ကလေးငယ်များကို လည်း လွန်စွာမှ ချစ်ခင်တတ်သူဖြစ်သည်။

ဆရာကြီး ဦးလှသီး၏အိမ်တွင် အပေါများဆုံး အစားအသောက်မှာ ငှက်ပျောသီးမှည့်များ ဖြစ်လေ တော့၏။ ဆရာကြီးကုသပေး၍ ပျောက်ကင်းချမ်းသာ သွားကြသော လူနာများသည် များသောအားဖြင့် ငှက်ပျောသီးများဖြင့် လာ၍ ကန်တော့လေ့ရှိကြလေ ၏။ အချို့သော တောအရပ်မှလူနာများဆိုလျှင် ဧရာမ ငှက်ပျောခိုင်ကြီးများကို ထမ်း၍သယ်လာလေ့ရှိ၏။ မကြာခဏဆိုသလိုပင် ဆရာကြီးဦးလှသီးသည် ‘‘ကလေးတို့ရေ ...လာကြကွယ် ...’’ဟု ခေါ်ပြီး လျှင် ငှက်ပျောသီးမှည့်များကို ကျွေးလေ့ရှိ၏။ ထို အခါတိုင်းတွင်လည်း အနီးဝန်းကျင်တွင် ဆော့ကစားနေကြသော ကျွန်ုပ်တို့ က လေးတစ်သိုက်သည် အချင်းချင်း ဆူဆူညံအောင် အော်ဟစ်၍ခေါ် ကြကာ ဆရာကြီးဦးလှသီး၏အိမ် ထဲသို့ အပြေးအလွား ပြေးဝင်ကြ လေတော့၏။ ဆရာကြီးက ထိုင် နေရာမှ ဘေးတွင် ဝိုင်းအုံနေ သော ကျွန်ုပ်တို့ကလေးများကို ငှက်ပျောသီးများ ပစ်၍ပစ်၍ ပေး သည်ဖြစ်ရာ သူ့ထက်ငါ အလုအယက် ဖမ်းကြရသည်မှာ လွန်စွာပျော်ရွင်ဖွယ် ရာကောင်းလေတော့၏။ ငှက်ပျောသီး များမှာ ကလေးတစ်ဦးလျှင် သုံးလေး လုံးစီမျှမက လုံလောက်သော်လည်း ထို သို့ အလုအယက် ဖမ်းယူရသည်ကိုပင် လျှင် ကျွန်ုပ်တို့မှာ ပျော်၍မဆုံး ဖြစ်ခဲ့ကြ ရလေ၏။

Read more...

လွန်ခဲ့သော အောက်တိုဘာလ ၂ဝ ရက်က ဆရာဇင်ယော်နီထံသို့ ကျွန်တော်တို့ ဗေဒင်ဆရာ တစ်ဖွဲ့ သွားရောက်ကန်တော့ခဲ့ပါသည်။

ရန်ကုန်မြို့ ရွေပေါ်ကျွန်း ဘုန်းကြီးကျောင်း တွင် ဆောက်လုပ်ဆဲဖြစ်သော အဘမင်းသင်္ခအမည် နှင့် ဆောက်လုပ်နေသော တန်ဆောင်းကြီးအတွက် အလှူငွေများ ထည့်ကြပြီး ဆရာ့ကိုလည်း ကန်တော့ ရင်း ဆရာ၏ ဆုံးမစကားများ နားထောင်၍ ဆရာ တိုက်တဲ့ မေတ္တာရေအေးများ သောက်နေခိုက် ဆရာ က တပည့်များကို ထူးခြားသော ဂမ္ဘီရနည်းများ ပြော ပြခဲ့ပါသည်။ ထိုနည်းများထဲမှ ကိုယ်ပိုင်ကား စီးချင် သူများ ‘‘နမက္ကာရ’’ဟု မိမိသက်စေ့ ပုတီးစိပ်ပါက ကိုယ်ပိုင်ကားရနိုင်ကြောင်း ပြောပြခဲ့ပါသည်။ 

Read more...

တစ်နေ့သ၌ သုဝဏ္ဏမြို့ မာကျူရီလမ်းရှိ အဘမင်းသိင်္ခ၏နေအိမ်သို့ ဝေဒဆရာတစ်ဦး ရောက် ရှိလာခဲ့လေ၏။ ယင်းဆရာက သူပြုစု ထားသော စာမူထပ်ကြီးတစ်ထပ်ကို အဘ၏ လက်ဝယ်သို့ပေးရင်း- 

‘‘ဆရာရေ ...တရုတ်လူမျိုးတွေရဲ့ အိမ် အဆောက်အအုံ၊ ခြံမြေနေရာထိုင်ခင်း စတာတွေ နဲ့ပတ်သက်တဲ့ စာမူတစ်ပုဒ် ပြုစုထားတယ် ...၊ ဆရာဖတ်ကြည့်ပြီး အမှာစာလေး ချီးမြှင့်ပါဦး’’ ဟု ပြောလေ၏။ အဘမင်းသိင်္ခသည် စာမူကို ဖတ်ကြည့်သောအခါ တရုတ်အသံထွက်အားဖြင့် ‘‘ဖန်ရွီး’’ပညာဟု ခေါ်ကြောင်း သိရလေ၏။ ထို့ ကြောင့် အဘက -

Read more...

၁၉၈၈ အရေးတော်ပုံကိုအကြောင်းပြုပြီး အဘမင်းသိင်္ခ သည် ဝရမ်းပြေးကြီးဖြစ်ခဲ့ရဖူးပါသည်။ ထောင်ဒဏ်တစ်ကျွန်း အကျ ခံခဲ့ရဖူးပါသည်။ 

အကျဉ်းစံဘဝ၌ ဥုမ်ကို အဓိဌာန်ဖြင့် ရွတ်ပြီးနောက် လွတ်ငြိမ်းသက်သာဖြင့် ပြန်လွတ်လာခဲ့ပါသည်။ 

ဥုမ်ကို အဘ စ၍ရွတ်သည်မှာ တစ်ခုသော ခရစ္စမတ်ည တွင်ဖြစ်ပါသည်။ ထို့ကြောင့် နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်သို့ ရောက်တိုင်း တပည့်ပရိသတ်များနှင့်အတူ ဥုမ်အမှတ်တရ ရွတ်လေ့ ရှိပါသည်။ 

ထိုဥုမ်၏အစွမ်းကို စာပေဟောပြောပွဲများတွင် အဘ ထည့်ပြောလေ့ရှိပါသည်။ ကျွန်တော်က ရေးပြလျှင် မပြည့်စုံသည့် အပြင် တလွဲတချော်များပင် ဖြစ်သွားနိုင်သောကြောင့် အဘ၏စကား အတိုင်းသာလျှင် အမှတ်တရ ကူးယူရေးသားလိုက်ပါတော့သည်။ အောက်ပါအတိုင်း ဖြစ်ပေတော့သည်။ 

(စာရေးသူ)

Read more...

ကျွန်ုပ်ငယ်စဉ်က အဘိုးအဘွားများနှင့် အ နေများခဲ့လေ၏။ ညညများဆိုလျှင် အိမ်ရှေ့၌ ဖျာ ကြမ်းလေးခင်းကာ အဘိုးအဘွားများနှင့် အိမ်နီးချင်း လူကြီးများသည် ရေနွေးကြမ်းအိုးနှင့် လက်ဖက်သုပ် ပန်းကန်ကို ဝိုင်းလယ်တွင်ချ၍ ရောက်တက်ရာရာ စကားများကို ပြောတတ်ကြလေ၏။ 

ကျွန်ုပ်တို့ကလေးများသည် ရွေစွန်ညို ဘာကို လိုလို့ဝဲပါတယ်၊ ဆီမီးခွက်က ပြောင်းပြန်ပြောင်းပြန်၊ ရွေတံခါးကြီးဖွင့်ပါဦး၊ ညောင်ပင်တစေ္ဆ ဝေလေလေ ...စသည်ဖြင့် မြန်မာကစားနည်းမျိုးစုံကို ချွေးသံ အရွဲရွဲ၊ ဖုန်အလူးလူးဖြင့် အော်ဟစ်မြူးတူးကာ ကစား ခဲ့ကြလေ၏။ 

ပြေးရင်းလွားရင်း လူကြီးများ စကားဝိုင်းအနီး သို့ ရောက်သွားသောအခါများတွင် ဖုန်များပေနေ သည့်လက်ကို ဘောင်းဘီဖြင့်သုတ်ကာ လူကြီးများ၏ ရှေ့သို့ လက်ဝါးဖြန့်၍ပြကြလျှင် လူကြီးများက လက်ဖက်သုပ်တစ်ဇွန်းကိုယူ၍ ကျွန်ုပ်တို့၏လက်ဝါး ထဲသို့ ထည့်ပေးလေ့ရှိလေ၏။ ပြီးနောက် လူကြီးများ က ‘သွားကြ ...သွားကြ ...’ ဟူသည့်သဘော ဖြင့် လက်ကိုကာ၍ပြကြလေ၏။ သဘောမှာ လူကြီး တွေစကားပြော သောနေရာအနီး၌ လာမရှုပ်ကြနှင့်၊ ဝေးဝေးမှာသွားပြီးဆော့ကြ ဟူသည့်သဘော ဖြစ် လေတော့၏။  

Read more...

ကျွန်ုပ်တွင် လွန်စွာရင်းနှီးချစ်ခင်ရသော ငယ်သူငယ်ချင်းများ ရှိလေ သည်။ ထိုသူငယ်ချင်းများအနက် တိုးကျော်နှင့် မိုးမိုးနှင်းဟူသော သူငယ်ချင်းနှစ်ဦးမှာ သူငယ်ချင်းချင်း အိမ်ထောင်ပြန်ကျကြလေ သည်။ သူတို့သည် လွန်စွာမှ အချစ်ကြီးချစ်ကြ၏။ ဘေးနားမှ လူများပင် မနာလိုလောက်အောင်၊ အမြင်ကတ်လောက်အောင် တစ်ဦးကိုတစ်ဦး ယုယ ကြင်နာ ဖေးမကြလေ၏။ နှစ်ဖက်သော မိဘအသိုင်းအဝိုင်းတို့ကလည်း အထူးပင် သဘောတူထား၏။ 

Read more...

လွန်ခဲ့သော ၁၉၃၈ ခုနှစ်လောက်ကဟု ဆိုရ ပါမည်။ ကသာခရိုင် ထီးချိုင့်မြို့ရှိ ကွမ်းယာဆိုင်ပိုင် ရှင်တစ်ဦး၏ အကြောင်းသာ ဖြစ်ပါသည်။ ထိုသူ အမည်က ဦးငွေစိုး ဖြစ်ပါသည်။ ကွမ်းယာဆိုင်အမည် မှာ ‘‘ပြည်တော်ဝင်’’ကွမ်းယာဆိုင်ဟု အမည်ပေး ထားပါသည်။

စားရေးသူ၏အဘိုးလေး ဦးမြင့်သိန်း ကျန်း မာရေးဝန်ထမ်းဘဝ ထီးချိုင့်မြို့တွင် တာဝန်ကျခဲ့စဉ်  ‘‘ပြည်တော်ဝင်’’ကွမ်းယာဆိုင်ပိုင်ရှင် ဦးငွေစိုးနှင့် ခင်မင်ရင်းနှီး မိတ်ဆွေဖြစ်ခဲ့ကြသည်ဟု ဆိုပါသည်။ အဘိုးလေးအား ဦးငွေစိုးအ သူ့ဘဝတွင် အဘဘိုး မင်းခေါင်နှင့်ပတ်သက်၍ ကြုံတွေ့ခဲ့ရသော ပုံရိပ်များ ကို ပြောပြခဲ့သည်မှာ စိတ်ဝင်စားဖွယ် ဖြစ်ပါတော့ သည်။

Read more...

ကျွန်ုပ်၏အဘိုးတစ်ဦးသည် ကုန်ထမ်းသော အလုပ်ဖြင့် ပင်ပမ်းဆင်းရဲစွာဖြင့် အသက်မွေးရလေ ၏။ သို့ရာတွင် ၎င်း၏အိမ်ကလေးမှာမူ သပ်သပ်ရပ် ရပ်နှင့် အတော်ကလေး တန်ဖိုးကြီး၏။ အမွေရထား သောအိမ်ကလေးဖြစ်၏။ ထို့ကြောင့်လည်း ထိုအိမ် ကလေးကို မထုခွဲရက်ဘဲ အဆင်းရဲခံ၍ နေထိုင်ခဲ့လေ ၏။ 

တစ်ခါသော် အဘိုးတို့ရပ်ကွက်တွင်မီးလောင်  ရာ ထိုအိမ်ကလေး ပါသွားလေတော့၏။ အစကပင် ချို့ငဲ့ရှာသော အဘိုးသည် အိမ်ကောင်းကောင်းပြန် မဆောက်နိုင်တော့ဘဲ ဝါးတဲကလေးဖြင့်သာလျှင် နေ ရရှာလေတော့၏။ သို့ရာတွင် ထိုဝါးတဲကလေးဖြင့် နေထိုင်ရပြီး ခြောက်လခန့်အကြာမှာပင် အဘိုးသည် ထီပေါက်လေတော့၏။ စီးပွားများထူထောင်က လူ ချမ်းသာတစ်ဦး ဖြစ်လာခဲ့၏။

Read more...

စာရေးသူသည် ရွေးကောက်ပွဲကြော်ငြာသည့်ရက်များ ကြားသိရချိန်တွင် အထင်ကရ ဗေဒင် ဆရာ မဟုတ်တော့ မရေးသားဝံ့ပါ။ ယခုတော့ သတ္တိမွေး၍ ရေးသားလိုက်ပါသည်။

NLD ပါတီ၏ သက်တမ်းသည် ၁၉၈၈ မှ ၂ဝ၁၅ ခုနှစ်အထိ သက်တမ်း ၂၇ နှစ် ပေါင်းခြင်း ၉ ဖြစ်သည်။ အမေစု၏အမည် အောင်ဆန်းစုကြည်သည်လည်း ပေါင်းခြင်း ၉ ဖြစ်သည်။ NLD ၏ ပေါင်းခြင်းမှာလည်း ၉ ဖြစ်သည်။ ၈-၁၁-၂ဝ၁၅ ၏ ပေါင်းခြင်းသည်လည်း ၉ ဖြစ်ပြန်သည်။ ရွေးကောက်ပွဲ အနိုင်အရှုံးကြေငြာသည့်နေ့မှာလဲ ၉ ရက် ဖြစ်နေပြန်သည်။ ထို့ကြောင့် ထူးကဲစွာ နဝင်း ၅ ဆင့်မိသော အမေစုပါတီသည် အထင်ကရအောင်ပွဲများ ရရှိခြင်းဖြစ်ပေသည်။

Read more...