မိတ်ဆွေတို့ ချိန်ဆနိုင်ရန် တစ်ပတ်စာ မနောမယဟောစာတမ်း

ဇူလိုင်လ ၅ ရက်မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ

ကံ ဉာဏ် ဝီရိယ သုံးချက်လုံးအားကောင်းအောင် ကြိုးပမ်းတော်မူနိုင်ကြပါစေသော် ...

ဇင်ယော်နီ

 

 

#H_A_A

#မနောမယဂမ္ဘီရဂျာနယ်

 

တနင်္ဂနွေသားသမီးများ

ဒီရက်တွေအတွင်းမှာ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ၊ စိတ်နှစ်ခွဖြစ်စရာတွေ ကြုံလာရတတ်ပါတယ်။ တစ်ဇွတ်ထိုးလုပ်ပြီး အမှားကြုံတတ်ပါတယ်။ တိုင်တိုင်ပင်ပင်လုပ်သင့်တဲ့ အချိန်ပါပဲ။ သူတစ်ပါးကို ကူညီရတဲ့အလုပ်တွေနဲ့ မနားရအောင်ဖြစ်ရတတ်ပါတယ်။ အလုပ်တွေ တအားလုပ်ရပြီး ငွေကြပ်နေမယ်။ နာမည်ကြီး ထမင်းငတ်ဆိုတဲ့ ကိန်းမျိုးပါပဲ။ ဘယ်လုပ်ငန်းကိုမှ ကြီးကြီးမားမား မချဲ့သင့်သေး ပါဘူး။ မြေ၊ အမွေ၊ ဖုန်း၊ ပညာရေး၊ ဘာသာရေး၊ နိုင်ငံခြား၊ လျှပ်စစ်ပစ္စည်း၊ အထည်၊ ထီး၊ ဖိနပ် လုပ်ငန်းတွေမှာတော့ အကျိုးထူးနိုင်ပါတယ်။ နေရာကိစ္စ၊ အဆောက်အဦကိစ္စတွေမှာ တိုးလို့တန်းလန်း ဖြစ်နေမယ်။ စာရွက်စာတမ်းကိစ္စ၊ စပ်တူကိစ္စတွေ စိတ်ရှုပ်ရတတ်ပါတယ်။ ခြေထောက်၊ ခါး၊ အစာမှားဆေးမှား၊ သွား၊ သွေး သတိပြုသင့်ပါတယ်။ ချစ်သူရည်းစားများ၊ အိမ်ထောင်ရှင်များအနေနဲ့ ကွဲကွာ နေရတာ၊ ဘေးရနှောင့်ယှက်တာတွေ ကြုံရတတ်ပါတယ်။ ၅၇ အစမှာ အတွဲလိုက်ပူးနေတဲ့ ထီလက်မှတ်ကို ထိုးသင့်ပါတယ်။ 

ယတြာ။   ။ ထန်းပင်တစ်ပင်အောက်မှာ အနောက်တောင်ဘက်ကိုလှည့်၍ ပေါင်မုန့်စားရင်း လိုရာဆုတောင်းပါလေ။

 

တနင်္လာသားသမီးများ

ဒီရက်တွေအတွင်းမှာ ပြဿနာတွေ တစ်ခုပြီးတစ်ခု ရှင်းနေရတတ်ပါတယ်။ မီး၊ လျှပ်စစ်၊ ထိခိုက်မှုအန္တရာယ်များလည်း သတိထားသင့်ပါတယ်။ ခရီးကံ အထူးကောင်းပါတယ်။ ရပ်ဝေးပြည်ပ အကျိုးထူးမယ့် အချိန်ဖြစ်ပါတယ်။ ရပ်ဝေးက အဆက်အသွယ် အကူအညီအကောင်းတွေလည်း ရလာတတ်ပါတယ်။ ထွက်နေတဲ့ ငွေတွေ၊ ပစ္စည်းတွေ ပြန်ဝင်တာ၊ ကွဲကွာနေသူများနှင့် ပြန်ဆုံတာ အိမ်၊ ရာထူး၊ အလုပ်၊ နေရာကိစ္စ အောင်မြင်တာတွေလည်း ကြုံနိုင်ပါတယ်။ အသီးအနှံ၊ သစ်၊ သံ၊ သွပ်၊ ရေထွက်ကုန်၊ အိမ်ဆောက်ပစ္စည်း၊ ခရီးသွားလုပ်ငန်းများ အကျိုးပေးချိန်ဖြစ်ပါတယ်။ မြေ၊ အမွေ၊ ဖုန်း၊ ပညာရေးကိစ္စများ မတင်မကျဖြစ်ပြီးမှ အောင်မြင်မယ်။ အထည်၊ ထီး၊ ဖိနပ်၊ စာချုပ်စာတမ်းကိစ္စများ မကောင်းလှပါဘူး။ ငွေအဝင်အထွက်ကြမ်းမယ့် ရက်တွေဖြစ်ပါတယ်။ အိမ်ထောင်ရှင်များ စိတ် ချမ်းသာရပြီး၊ ချစ်သူရည်းစားများ လမ်းခွဲရမတတ်ဖြစ်တတ်ပါတယ်။ ထီဝါသနာပါရင် ၁၆ ရှေ့မှာပူးနေတဲ့ ထီလက်မှတ်ကို ရှာပြီးထိုးပါလေ။ ကျန်းမာရေး အညံ့ဘက်ကို များနေပါတယ်။ 

ယတြာ။   ။ အုန်းပင်တစ်ပင်အောက်မှာ အရှေ့မြောက်ဘက်ကိုလှည့်၍ သရက်ယိုစားရင်းဆုတောင်းပါလေ။

 

အင်္ဂါသားသမီးများ

ဒီရက်တွေအတွင်းမှာ အဆင်မပြေ အလွဲအချော်တွေ များနေမယ်။ ဟိုဟာလုပ်ရတော့မလိုလို၊ ဒီဟာလုပ်ရတော့မလိုလိုနဲ့ အချိန်ကုန်နေတတ်ပါတယ်။ သူများ ပြဿနာတွေမှာလည်း ကြားညပ် တတ်ပါတယ်။ ဘာမဆို စိတ်ရှည်သင့်တဲ့အချိန်ပါပဲ။ လုပ်ငန်းသစ်စတာ၊ တဖြည်းဖြည်း တိုးချဲ့တာ၊ စပ်တူရှယ်ယာအလုပ် စာချုပ်လုပ်ငန်းတွေ ကောင်းပါတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက္ကူ၊ စာအုပ် အင်္ဂါနံတွေ အလုပ်ဖြစ်မယ်။ မထင်မှတ်ဘဲ အိမ်၊ အလုပ်၊ နေရာ၊ ရာထူး၊ ဆိုင်ခန်း အခွင့်အရေးကြုံတတ်ပါတယ်။ နိုင်ငံရပ်ခြားနဲ့ပတ်သက်တဲ့ အခွင့်အရေးကောင်း၊ အဆက်အသွယ်ကောင်းတွေလည်း ရတတ်ပါတယ်။ မိတ်ရင်း၊ ဆရာရင်းတို့ကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။ ငွေကံကတော့ အတော်လေးနိမ့်နေပါတယ်။ ငွေများများရှိနေရင်လည်း ဆေးဖိုးဝါးခ ဖြစ်သွားတတ်ပါတယ်။ အိမ်ထောင်ရှင်များ အဆင်မပြေမှုတွေ ပြေလည်သွားလိမ့်မယ်။ ချစ်သူရည်းစားများကတော့ ဆုံးဖြတ်ရခက်တဲ့ အကျပ်အတည်းမျိုး ကြုံလာတတ်ပါတယ်။ ၃၁ အတွဲလိုက် စတဲ့ထီလက်မှတ်ကို ရှာပြီးထိုးသင့်ပါတယ်။ 

ယတြာ။   ။ ညောင်ပင်တစ်ပင်အောက်မှာ အရှေု့တောင်ဘက်ကိုလှည့်၍ အုန်းသီးစားရင်း လိုရာဆုကိုတောင်းပါလေ။

 

ဗုဒ္ဓဟူးသားသမီးများ

ဒီရက်တွေအတွင်းမှာ ထွက်နေ၊ ဆုံးရှုံးနေတဲ့ ငွေတွေ၊ ပစ္စည်းတွေ၊ အခွင့်အရေးတွေ ပြန်ရတတ်ပါတယ်။ လုပ်ငန်းဟောင်း၊ နေရာဟောင်း၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့လည်း ပြန်လည် ဆုံစည်းရတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်တတ်တာကိုလည်း သတိပြုဖို့လိုပါတယ်။ ငွေ တအားရွှင်မယ်။ ရတနာပစ္စည်းတွေ အလှကုန်ပစ္စည်းတွေ ဝင်တတ်ပါတယ်။ ကား၊ ကျောက်၊ ကွန်ပျူတာ၊ ကင်မရာ၊ ရွှေ၊ အလှကုန်လုပ်ငန်းတွေ အကျိုးပေးအောင်မြင်မယ်။ သူတစ်ပါး မနာလိုဖြစ်လောက်အောင် စီးပွားတက်အောင်မြင်မယ့်ကိန်းမျိုးဖြစ်ပါတယ်။ တမင် ရန်စနှောင့်ယှက်တာမျိုးတွေ ခံရတတ်ပါတယ်။ လူရင်း၊ လူယုံ ဒုက္ခပေးတတ်ပါတယ်။ ဘယ်ကိစ္စမဆို အနှောင့်အယှက်လေးတွေကြုံပြီးမှ အောင်မြင်တတ်ပါတယ်။ ချစ်သူရည်းစားများအတွက် ကံကြမ္မာ အထူးပွင့်လင်းနေပြီး အိမ်ထောင်ရှင်များအတွက်တော့ မတင်မကျကိစ္စလေးတွေ ရှိနေပါလိမ့်မယ်။ ထီဝါသနာရှင်များအနေနဲ့ ၂၄ အတွဲလိုက်စတဲ့ ထီနံပါတ်ကို ဖိဖိစီးစီးထိုးသင့်ပါတယ်။ 

ယတြာ။   ။ ဝါးပင်အောက်မှာ တောင်ဘက်ကိုလှည့်၍ ကိတ်မုန့်စားရင်း လိုရာဆုကို တောင်းပါလေ။

 

ကြာသပတေးသားသမီးများ

ဒီရက်တွေအတွင်းမှာ ဘာသာရေးအလုပ်၊ ပညာရေးအလုပ်၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံခြားကိစ္စတွေ အထူးကောင်းပါတယ်။ စပ်တူရှယ်ယာကိစ္စတွေလည်း အောင်မြင်မယ်။ မြေ၊ ဖုန်း၊ ဆိုင်၊ စက် ကောင်းသော ဝင်ခြင်းများကြုံမယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ပဲ၊ ပြောင်း၊ အင်္ဂါနံ၊ ကြာသပတေးနံအလုပ်တွေ အလုပ်ဖြစ်အကျိုးပေးမယ်။ ငွေကံလည်း ကောင်းနေပါတယ်။ အလှူမင်္ဂလာပွဲတွေ ကြုံရတတ်ပါတယ်။ ဘာသာရေးလုပ်လေလေ ကံကောင်းလေလေကိန်းမျိုးပါပဲ။ ဆွေမျိုးမိတ်ဆွေတို့ရဲ့ မကောင်းသောသတင်းကိုတော့ ကြားရတတ်ပါတယ်။ အောက်လက်ငယ်သားကိစ္စ၊ ရွှေကိစ္စ၊ အထည်၊ ထီး၊ ဖိနပ်ကိစ္စတွေမှာလည်း စိတ်ညစ်ရတတ်ပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ ကောင်းသောခွဲခြင်း ကြုံရတတ်ပါတယ်။ လေထိုး၊ လေအောင့်၊ နှလုံးအားနည်း၊ ဒူး၊ နား၊ သွား၊ သွေး သတိထားသင့်ပါတယ်။ ဒီတစ်ပတ် နာရေးကိစ္စ လုံးဝရှောင်သင့်ပါတယ်။ ထီဝါသနာပါရင် ၅၃ အတွဲလိုက်စတဲ့ ထီဂဏန်းကို ရှာပြီးထိုးသင့်ပါတယ်။ 

ယတြာ။   ။ ပိတောက်ပင်အောက်မှာ အနောက်ဘက်ကိုလှည့်၍ ဆီးသီးစားရင်း လိုရာဆုကို တောင်းပါလေ။

 

သောကြာသားသမီးများ

ဒီရက်တွေအတွင်းမှာ အဘက်ဘက်က ကံဇာတာပွင့်လန်းနေပါလိမ့်မယ်။ လုပ်ငန်းစီးပွားတွေကို အရှိန်မြှင့်ပြီးလုပ်သင့်ပါတယ်။ လုပ်ငန်းသစ်၊ နေရာသစ် အစပြုခြင်းတွေလည်း ကောင်းပါတယ်။ ရပ်ဝေးပြည်ပ ခရီးကောင်းတွေကြုံမယ်။ ရပ်ဝေးက စာ၊ ငွေ၊ အဆက်အသွယ်၊ အကူအညီတွေလည်း ရတတ်ပါတယ်။ မိတ်ရင်းဆရာရင်းတို့ရဲ့ အထင်အမြင်လွဲမှားခြင်းကိုတော့ ခံရတတ်ပါတယ်။ မြေ၊ အမွေ၊ ဖုန်း၊ ကား၊ အထည်၊ လျှပ်စစ်ကိစ္စတွေမှာ အနှောင့်အယှက် အထစ်အငေါ့များမယ်။ သစ်၊ သံ၊ သွပ်၊ ရေထွက်ကုန်၊ အသီးအနှံ၊ ခရီးသွားလုပ်ငန်းတွေမှာတော့ အောင်မြင်မှုကြီးများ ရရှိနိုင်ပါတယ်။ သူတစ်ပါးရဲ့ပြဿနာမှာ ကြား ညပ်ဖြေရှင်းရတတ်ပါတယ်။ စပ်တူကိစ္စများ မတင်မကျ ဆုံးဖြတ်ရခက်လိမ့်မယ်။ ဝမ်းဗိုက်၊ ဦးခေါင်း၊ အကြော၊ အဆစ် ကျန်းမာရေးသတိပြုသင့်ပါတယ်။ ချစ်သူရည်းစားများ၊ အိမ်ထောင်ရှင်များ နားလည်မှု လွဲတတ်တဲ့ကာလဖြစ်ပါတယ်။ ထီဝါသနာပါရင် ၆၄ အတွဲလိုက်စတဲ့ထီဂဏန်း ရှာပြီးထိုးပါလေ။ ယတြာ။   ။ သရက်ပင်အောက်မှာ မြောက်ဘက်ကိုလှည့်၍ ရှောက်ယိုစားရင်း လိုရာဆုကိုတောင်းပါလေ။

 

စနေသားသမီးများ

ဒီရက်တွေအတွင်းမှာ နာမည်ဂုဏ်သတင်း တက်စရာတွေကြုံမယ်။ ရာထူးနေရာ အခွင့်အရေးတွေ ကြုံရတတ်ပါတယ်။ နိုင်ငံခြား၊ လူမျိုးခြားကိစ္စတွေလည်း အကျိုးထူးမယ်။ ခရီးကောင်းတွေလည်း သွားရတတ်ပါတယ်။ အလှူမင်္ဂလာအစီအစဉ်တွေ အောင်မြင်မယ်။ ကားတိုက်မှုတစ်ခုခုကို မြင်လိုက်၊ ပတ်သက်လိုက်ရတာနဲ့ ၇၂ အတွဲလိုက်စတဲ့ ထီဂဏန်းကို ချက်ချင်းထိုးသင့်ပါတယ်။ အထည်၊ ထီး၊ ဖိနပ်၊ ကား၊ ကျောက်၊ လျှပ်စစ်ပစ္စည်း၊ ကွန်ပျူတာ၊ ကင်မရာလုပ်ငန်းတွေ အကျိုးပေးအောင်မြင်နိုင်ပါတယ်။ အိမ်အဆောက်အဦကိစ္စလည်း အောင်မြင်မယ်။ စပ်တူကိစ္စ၊ ရွှေကိစ္စ၊ အောက်လက်ငယ်သားကိစ္စ၊ မိသားစုကိစ္စတွေအတွက်တော့ စိတ်ရှုပ်ခေါင်းစားရတတ်ပါတယ်။ ငွေကိစ္စတွေ အောင်မြင်မယ်။ လုပ်ငန်းတွေ တိုးချဲ့သင့်ပါတယ်။ ချစ်သူရည်းစားများအတွက် ကြည်နူးဖွယ်ရာများ အထူးကြုံတွေ့နိုင်ပြီး အိမ်ထောင်ရှင်များအတွက်တော့ တကျက်ကျက် ဖြစ်ရတတ်တဲ့ကိန်းမျိုးပါပဲ။ အာရုံကြော၊ ရင်၊ ဝမ်း သတိထားပါ။ 

 

ယတြာ။   ။ ကုက္ကိုပင်အောက်မှာ အရှေ့ဘက်ကိုလှည့်၍ နွားနို့သောက်ရင်း လိုရာဆုကို တောင်းပါလေ။

 

zawgyi version

 

မိတ္ေဆြတုိ႔ ခ်ိန္ဆႏုိင္ရန္ တစ္ပတ္စာ မေနာမယေဟာစာတမ္း
ဇူလုိင္လ ၅ ရက္မွ ဇူလုိင္လ ၁၁ ရက္ေန႔အထိ
ကံ ဥာဏ္ ၀ီရိယ သံုးခ်က္လံုးအားေကာင္းေအာင္ ႀကိဳးပမ္းေတာ္မူႏုိင္ၾကပါေစေသာ္ ...

ဇင္ေယာ္နီ

#H_A_A
#မေနာမယဂမ႓ီရဂ်ာနယ္

 

တနဂၤေႏြသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ဆံုးျဖတ္ရခက္တဲ့ကိစၥေတြ၊ စိတ္ႏွစ္ခြျဖစ္စရာေတြ ႀကံဳလာရတတ္ပါတယ္။ တစ္ဇြတ္ထိုးလုပ္ၿပီး အမွားႀကံဳတတ္ပါတယ္။ တိုင္တိုင္ပင္ပင္လုပ္သင့္တဲ့ အခ်ိန္ပါပဲ။ သူတစ္ပါးကို ကူညီရတဲ့အလုပ္ေတြနဲ႔ မနားရေအာင္ျဖစ္ရတတ္ပါတယ္။ အလုပ္ေတြ တအားလုပ္ရၿပီး ေငြၾကပ္ေနမယ္။ နာမည္ႀကီး ထမင္းငတ္ဆိုတဲ့ ကိန္းမ်ိဳးပါပဲ။ ဘယ္လုပ္ငန္းကိုမွ ႀကီးႀကီးမားမား မခ်ဲ႕သင့္ေသး ပါဘူး။ ေျမ၊ အေမြ၊ ဖုန္း၊ ပညာေရး၊ ဘာသာေရး၊ ႏိုင္ငံျခား၊ လွ်ပ္စစ္ပစၥည္း၊ အထည္၊ ထီး၊ ဖိနပ္ လုပ္ငန္းေတြမွာေတာ့ အက်ိဳးထူးႏိုင္ပါတယ္။ ေနရာကိစၥ၊ အေဆာက္အဦကိစၥေတြမွာ တိုးလို႔တန္းလန္း ျဖစ္ေနမယ္။ စာရြက္စာတမ္းကိစၥ၊ စပ္တူကိစၥေတြ စိတ္႐ႈပ္ရတတ္ပါတယ္။ ေျခေထာက္၊ ခါး၊ အစာမွားေဆးမွား၊ သြား၊ ေသြး သတိျပဳသင့္ပါတယ္။ ခ်စ္သူရည္းစားမ်ား၊ အိမ္ေထာင္ရွင္မ်ားအေနနဲ႔ ကြဲကြာ ေနရတာ၊ ေဘးရေႏွာင့္ယွက္တာေတြ ႀကံဳရတတ္ပါတယ္။ ၅၇ အစမွာ အတြဲလိုက္ပူးေနတဲ့ ထီလက္မွတ္ကို ထိုးသင့္ပါတယ္။

ယၾတာ။   ။ ထန္းပင္တစ္ပင္ေအာက္မွာ အေနာက္ေတာင္ဘက္ကိုလွည့္၍ ေပါင္မုန္႔စားရင္း လိုရာဆုေတာင္းပါေလ။

 

တနလၤာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ျပႆနာေတြ တစ္ခုၿပီးတစ္ခု ရွင္းေနရတတ္ပါတယ္။ မီး၊ လွ်ပ္စစ္၊ ထိခိုက္မႈအႏၱရာယ္မ်ားလည္း သတိထားသင့္ပါတယ္။ ခရီးကံ အထူးေကာင္းပါတယ္။ ရပ္ေဝးျပည္ပ အက်ိဳးထူးမယ့္ အခ်ိန္ျဖစ္ပါတယ္။ ရပ္ေဝးက အဆက္အသြယ္ အကူအညီအေကာင္းေတြလည္း ရလာတတ္ပါတယ္။ ထြက္ေနတဲ့ ေငြေတြ၊ ပစၥည္းေတြ ျပန္ဝင္တာ၊ ကြဲကြာေနသူမ်ားႏွင့္ ျပန္ဆံုတာ အိမ္၊ ရာထူး၊ အလုပ္၊ ေနရာကိစၥ ေအာင္ျမင္တာေတြလည္း ႀကံဳႏိုုင္ပါတယ္။ အသီးအႏွံ၊ သစ္၊ သံ၊ သြပ္၊ ေရထြက္ကုန္၊ အိမ္ေဆာက္ပစၥည္း၊ ခရီးသြားလုပ္ငန္းမ်ား အက်ိဳးေပးခ်ိန္ျဖစ္ပါတယ္။ ေျမ၊ အေမြ၊ ဖုန္း၊ ပညာေရးကိစၥမ်ား မတင္မက်ျဖစ္ၿပီးမွ ေအာင္ျမင္မယ္။ အထည္၊ ထီး၊ ဖိနပ္၊ စာခ်ဳပ္စာတမ္းကိစၥမ်ား မေကာင္းလွပါဘူး။ ေငြအဝင္အထြက္ၾကမ္းမယ့္ ရက္ေတြျဖစ္ပါတယ္။ အိမ္ေထာင္ရွင္မ်ား စိတ္ ခ်မ္းသာရၿပီး၊ ခ်စ္သူရည္းစားမ်ား လမ္းခြဲရမတတ္ျဖစ္တတ္ပါတယ္။ ထီဝါသနာပါရင္ ၁၆ ေရွ႕မွာပူးေနတဲ့ ထီလက္မွတ္ကို ရွာၿပီးထိုးပါေလ။ က်န္းမာေရး အညံ့ဘက္ကို မ်ားေနပါတယ္။

ယၾတာ။   ။ အုန္းပင္တစ္ပင္ေအာက္မွာ အေရွ႕ေျမာက္ဘက္ကိုလွည့္၍ သရက္ယိုစားရင္းဆုေတာင္းပါေလ။

 

အဂၤါသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ အဆင္မေျပ အလြဲအေခ်ာ္ေတြ မ်ားေနမယ္။ ဟိုဟာလုပ္ရေတာ့မလိုလို၊ ဒီဟာလုပ္ရေတာ့မလိုလိုနဲ႔ အခ်ိန္ကုန္ေနတတ္ပါတယ္။ သူမ်ား ျပႆနာေတြမွာလည္း ၾကားညပ္ တတ္ပါတယ္။ ဘာမဆို စိတ္ရွည္သင့္တဲ့အခ်ိန္ပါပဲ။ လုပ္ငန္းသစ္စတာ၊ တျဖည္းျဖည္း တိုးခ်ဲ႕တာ၊ စပ္တူရွယ္ယာအလုပ္ စာခ်ဳပ္လုပ္ငန္းေတြ ေကာင္းပါတယ္။ ဆန္၊ ဆီ၊ ေဆး၊ ဆား၊ စကၠဴ၊ စာအုပ္ အဂၤါနံေတြ အလုပ္ျဖစ္မယ္။ မထင္မွတ္ဘဲ အိမ္၊ အလုပ္၊ ေနရာ၊ ရာထူး၊ ဆိုင္ခန္း အခြင့္အေရးႀကံဳတတ္ပါတယ္။ ႏိုင္ငံရပ္ျခားနဲ႔ပတ္သက္တဲ့ အခြင့္အေရးေကာင္း၊ အဆက္အသြယ္ေကာင္းေတြလည္း ရတတ္ပါတယ္။ မိတ္ရင္း၊ ဆရာရင္းတို႔ေၾကာင့္ စိတ္႐ႈပ္ရတတ္ပါတယ္။ ေငြကံကေတာ့ အေတာ္ေလးနိမ့္ေနပါတယ္။ ေငြမ်ားမ်ားရွိေနရင္လည္း ေဆးဖိုးဝါးခ ျဖစ္သြားတတ္ပါတယ္။ အိမ္ေထာင္ရွင္မ်ား အဆင္မေျပမႈေတြ ေျပလည္သြားလိမ့္မယ္။ ခ်စ္သူရည္းစားမ်ားကေတာ့ ဆံုးျဖတ္ရခက္တဲ့ အက်ပ္အတည္းမ်ိဳး ႀကံဳလာတတ္ပါတယ္။ ၃၁ အတြဲလိုက္ စတဲ့ထီလက္မွတ္ကို ရွာၿပီးထိုးသင့္ပါတယ္။

ယၾတာ။   ။ ေညာင္ပင္တစ္ပင္ေအာက္မွာ အေရွႈ႕ေတာင္ဘက္ကိုလွည့္၍ အုန္းသီးစားရင္း လိုရာဆုကိုေတာင္းပါေလ။

 

ဗုဒၶဟူးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ထြက္ေန၊ ဆံုး႐ံႈးေနတဲ့ ေငြေတြ၊ ပစၥည္းေတြ၊ အခြင့္အေရးေတြ ျပန္ရတတ္ပါတယ္။ လုပ္ငန္းေဟာင္း၊ ေနရာေဟာင္း၊ လုပ္ေဖာ္ကိုင္ဖက္ေဟာင္းေတြနဲ႔လည္း ျပန္လည္ ဆံုစည္းရတတ္ပါတယ္။ ျပႆနာေဟာင္း၊ ေရာဂါေဟာင္းေတြ ျပန္ေပၚတတ္တာကိုလည္း သတိျပဳဖို႔လိုပါတယ္။ ေငြ တအားရႊင္မယ္။ ရတနာပစၥည္းေတြ အလွကုန္ပစၥည္းေတြ ဝင္တတ္ပါတယ္။ ကား၊ ေက်ာက္၊ ကြန္ပ်ဴတာ၊ ကင္မရာ၊ ေရႊ၊ အလွကုန္လုပ္ငန္းေတြ အက်ိဳးေပးေအာင္ျမင္မယ္။ သူတစ္ပါး မနာလိုျဖစ္ေလာက္ေအာင္ စီးပြားတက္ေအာင္ျမင္မယ့္ကိန္းမ်ိဳးျဖစ္ပါတယ္။ တမင္ ရန္စေႏွာင့္ယွက္တာမ်ိဳးေတြ ခံရတတ္ပါတယ္။ လူရင္း၊ လူယံု ဒုကၡေပးတတ္ပါတယ္။ ဘယ္ကိစၥမဆို အေႏွာင့္အယွက္ေလးေတြႀကံဳၿပီးမွ ေအာင္ျမင္တတ္ပါတယ္။ ခ်စ္သူရည္းစားမ်ားအတြက္ ကံၾကမၼာ အထူးပြင့္လင္းေနၿပီး အိမ္ေထာင္ရွင္မ်ားအတြက္ေတာ့ မတင္မက်ကိစၥေလးေတြ ရွိေနပါလိမ့္မယ္။ ထီဝါသနာရွင္မ်ားအေနနဲ႔ ၂၄ အတြဲလိုက္စတဲ့ ထီနံပါတ္ကို ဖိဖိစီးစီးထိုးသင့္ပါတယ္။

ယၾတာ။   ။ ဝါးပင္ေအာက္မွာ ေတာင္ဘက္ကိုလွည့္၍ ကိတ္မုန္႔စားရင္း လိုရာဆုကို ေတာင္းပါေလ။

 

ၾကာသပေတးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ဘာသာေရးအလုပ္၊ ပညာေရးအလုပ္၊ ခရီးသြားလုပ္ငန္း၊ ႏိုင္ငံျခားကိစၥေတြ အထူးေကာင္းပါတယ္။ စပ္တူရွယ္ယာကိစၥေတြလည္း ေအာင္ျမင္မယ္။ ေျမ၊ ဖုန္း၊ ဆိုင္၊ စက္ ေကာင္းေသာ ဝင္ျခင္းမ်ားႀကံဳမယ္။ ဆန္၊ ဆီ၊ ေဆး၊ ဆား၊ ပဲ၊ ေျပာင္း၊ အဂၤါနံ၊ ၾကာသပေတးနံအလုပ္ေတြ အလုပ္ျဖစ္အက်ိဳးေပးမယ္။ ေငြကံလည္း ေကာင္းေနပါတယ္။ အလွဴမဂၤလာပြဲေတြ ႀကံဳရတတ္ပါတယ္။ ဘာသာေရးလုပ္ေလေလ ကံေကာင္းေလေလကိန္းမ်ိဳးပါပဲ။ ေဆြမ်ိဳးမိတ္ေဆြတို႔ရဲ႕ မေကာင္းေသာသတင္းကိုေတာ့ ၾကားရတတ္ပါတယ္။ ေအာက္လက္ငယ္သားကိစၥ၊ ေရႊကိစၥ၊ အထည္၊ ထီး၊ ဖိနပ္ကိစၥေတြမွာလည္း စိတ္ညစ္ရတတ္ပါတယ္။ အိမ္ေထာင္ရွင္မ်ား၊ ခ်စ္သူရည္းစားမ်ား ေကာင္းေသာခြဲျခင္း ႀကံဳရတတ္ပါတယ္။ ေလထိုး၊ ေလေအာင့္၊ ႏွလံုးအားနည္း၊ ဒူး၊ နား၊ သြား၊ ေသြး သတိထားသင့္ပါတယ္။ ဒီတစ္ပတ္ နာေရးကိစၥ လံုးဝေရွာင္သင့္ပါတယ္။ ထီဝါသနာပါရင္ ၅၃ အတြဲလိုက္စတဲ့ ထီဂဏန္းကို ရွာၿပီးထိုးသင့္ပါတယ္။

ယၾတာ။   ။ ပိေတာက္ပင္ေအာက္မွာ အေနာက္ဘက္ကိုလွည့္၍ ဆီးသီးစားရင္း လိုရာဆုကို ေတာင္းပါေလ။

 

ေသာၾကာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ အဘက္ဘက္က ကံဇာတာပြင့္လန္းေနပါလိမ့္မယ္။ လုပ္ငန္းစီးပြားေတြကို အရွိန္ျမႇင့္ၿပီးလုပ္သင့္ပါတယ္။ လုပ္ငန္းသစ္၊ ေနရာသစ္ အစျပဳျခင္းေတြလည္း ေကာင္းပါတယ္။ ရပ္ေဝးျပည္ပ ခရီးေကာင္းေတြႀကံဳမယ္။ ရပ္ေဝးက စာ၊ ေငြ၊ အဆက္အသြယ္၊ အကူအညီေတြလည္း ရတတ္ပါတယ္။ မိတ္ရင္းဆရာရင္းတို႔ရဲ႕ အထင္အျမင္လြဲမွားျခင္းကိုေတာ့ ခံရတတ္ပါတယ္။ ေျမ၊ အေမြ၊ ဖုန္း၊ ကား၊ အထည္၊ လွ်ပ္စစ္ကိစၥေတြမွာ အေႏွာင့္အယွက္ အထစ္အေငါ့မ်ားမယ္။ သစ္၊ သံ၊ သြပ္၊ ေရထြက္ကုန္၊ အသီးအႏွံ၊ ခရီးသြားလုပ္ငန္းေတြမွာေတာ့ ေအာင္ျမင္မႈႀကီးမ်ား ရရွိႏိုင္ပါတယ္။ သူတစ္ပါးရဲ႕ျပႆနာမွာ ၾကား ညပ္ေျဖရွင္းရတတ္ပါတယ္။ စပ္တူကိစၥမ်ား မတင္မက် ဆံုးျဖတ္ရခက္လိမ့္မယ္။ ဝမ္းဗိုက္၊ ဦးေခါင္း၊ အေၾကာ၊ အဆစ္ က်န္းမာေရးသတိျပဳသင့္ပါတယ္။ ခ်စ္သူရည္းစားမ်ား၊ အိမ္ေထာင္ရွင္မ်ား နားလည္မႈ လြဲတတ္တဲ့ကာလျဖစ္ပါတယ္။ ထီဝါသနာပါရင္ ၆၄ အတြဲလိုက္စတဲ့ထီဂဏန္း ရွာၿပီးထိုးပါေလ။ ယၾတာ။   ။ သရက္ပင္ေအာက္မွာ ေျမာက္ဘက္ကိုလွည့္၍ ေရွာက္ယိုစားရင္း လိုရာဆုကိုေတာင္းပါေလ။

 

စေနသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ နာမည္ဂုဏ္သတင္း တက္စရာေတြႀကံဳမယ္။ ရာထူးေနရာ အခြင့္အေရးေတြ ႀကံဳရတတ္ပါတယ္။ ႏိုင္ငံျခား၊ လူမ်ိဳးျခားကိစၥေတြလည္း အက်ိဳးထူးမယ္။ ခရီးေကာင္းေတြလည္း သြားရတတ္ပါတယ္။ အလွဴမဂၤလာအစီအစဥ္ေတြ ေအာင္ျမင္မယ္။ ကားတိုက္မႈတစ္ခုခုကို ျမင္လိုက္၊ ပတ္သက္လိုက္ရတာနဲ႔ ၇၂ အတြဲလိုက္စတဲ့ ထီဂဏန္းကို ခ်က္ခ်င္းထိုးသင့္ပါတယ္။ အထည္၊ ထီး၊ ဖိနပ္၊ ကား၊ ေက်ာက္၊ လွ်ပ္စစ္ပစၥည္း၊ ကြန္ပ်ဴတာ၊ ကင္မရာလုပ္ငန္းေတြ အက်ိဳးေပးေအာင္ျမင္ႏိုင္ပါတယ္။ အိမ္အေဆာက္အဦကိစၥလည္း ေအာင္ျမင္မယ္။ စပ္တူကိစၥ၊ ေရႊကိစၥ၊ ေအာက္လက္ငယ္သားကိစၥ၊ မိသားစုကိစၥေတြအတြက္ေတာ့ စိတ္႐ႈပ္ေခါင္းစားရတတ္ပါတယ္။ ေငြကိစၥေတြ ေအာင္ျမင္မယ္။ လုပ္ငန္းေတြ တိုးခ်ဲ႕သင့္ပါတယ္။ ခ်စ္သူရည္းစားမ်ားအတြက္ ၾကည္ႏူးဖြယ္ရာမ်ား အထူးႀကံဳေတြ႕ႏိုင္ၿပီး အိမ္ေထာင္ရွင္မ်ားအတြက္ေတာ့ တက်က္က်က္ ျဖစ္ရတတ္တဲ့ကိန္းမ်ိဳးပါပဲ။ အာ႐ံုေၾကာ၊ ရင္၊ ဝမ္း သတိထားပါ။

 

ယၾတာ။   ။ ကုကၠိဳပင္ေအာက္မွာ အေရွ႕ဘက္ကိုလွည့္၍ ႏြားႏို႔ေသာက္ရင္း လိုရာဆုကို ေတာင္းပါေလ။

Share