မိတ်ဆွေတို့ ချိန်ဆနိုင်ရန် တစ်ပတ်စာ မနောမယဟောစာတမ်း

ဇွန် ၂၁ ရက်မှ ဇွန် ၂၇ ရက်နေ့အထိ

ကံ ဉာဏ် ဝီရိယ သုံးချက်လုံးအားကောင်းအောင် ကြိုးပမ်းတော်မူနိုင်ကြပါစေသော် ...

 

ဇင်ယော်နီ

#H_A_A

#မနောမယဂမ္ဘီရဂျာနယ်

 

တနင်္ဂနွေသားသမီးများ

ဒီရက်တွေအတွင်းမှာ တအားပင်ပန်းမယ်။ စိတ်မော၊ လူမောတွေ ဖြစ်ရမယ်။ အလုပ်ပိပြီး ကျန်းမာရေးညံ့သွားတတ်ပါတယ်။ စိတ်တိုင်းမကျစရာတွေ များနေမယ်။ တတ်နိုင်သမျှ စိတ်ရှည်ရှည် ခေါင်းအေးအေးနဲ့ အလုပ်တွေကို သက်သောင့်သက်သာလေး လုပ်သွားသင့်တဲ့အချိန်ဖြစ်ပါတယ်။ အလုပ်ထွက်ချင် ပြောင်းချင်တဲ့ဆန္ဒ ခေတ္တလေး စောင့်သင့်ပါတယ်။ နေရာကိစ္စ အိမ်ကိစ္စများ တိုးလိုးတန်းလန်း ဖြစ်နေတတ်ပါတယ်။ မိတ်ကောင်း ဆရာကောင်းတွေရဲ့ အကူအညီကောင်းတွေ ပေါ်လာမယ်။ နိုင်ငံခြားနဲ့ပတ်သက်လို့ အဆက်အသွယ် အခွင့်အရေးကောင်း ပေါ်လာတတ်တယ်။ မြေ၊ အမွေ၊ ဖုန်း၊ အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်လုပ်ငန်းတွေမှာတော့ အထူး အောင်မြင်အကျိုးပေးနိုင်တဲ့အချိန်ဖြစ်ပါတယ်။ ခြေထောက်၊ ခါး၊ အစာအိမ်၊ ကျန်းမာရေး သတိပြုသင့်ပါတယ်။ အိမ်ထောင်ရှင်များ ချစ်သူရည်းစားများအတွက်တော့ အဆင်မပြေမှုတွေ များနေပါမယ်။ ထီဝါသနာပါရင် ၅၇ အတွဲလိုက်စတဲ့ထီလက်မှတ်ကို ရှာထိုးပါလေ။ယတြာ။   ။  ဗုဒ္ဓေါဂုဏ်တော် ပုတီး ၅ ပတ်၊ ၅ ရက်ဆက်ပြီး အဓိဋ္ဌာန်နဲ့ စိပ်လိုက်ပါလေ။

 

တနင်္လာသားသမီးများ

ဒီရက်တွေအတွင်းမှာ ကံအညံ့လေးတွေ များနေပါမယ်။ အဖက်ဖက်က အနှောင့်အယှက်ရှိနေမယ်။ ခရီးသွားခြင်းဟာ အကောင်းဆုံး ယတြာပါပဲ။ နေရာသစ်၊ အိမ်သစ်၊ လုပ်ငန်းသစ် အစီအစဉ် များ အထူးပဲကောင်းပါတယ်။ ရပ်ဝေးပြည်ပကိစ္စတွေလည်း ဦးစားပေးပြီး စီစဉ်သင့်ပါတယ်။ ကွဲကွာနေသူများ ပြန်ဆုံခြင်း၊ ရပ်ဝေးက အကူအညီကောင်းရခြင်းများ ကြုံမယ်။ ငွေကတော့ တအားဝင်သလို တအားထွက်နေလိမ့်မယ်။ မထင်မှတ်တဲ့ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်းကောင်းတွေ ပေါ်လာတတ်ပါတယ်။ အသီးအနှံ၊ ရေထွက်ကုန်၊ သစ်၊ သံ၊ သွပ် အလုပ်များ တိုးချဲ့သင့်တဲ့အချိန်ဖြစ်ပါ တယ်။ မီး၊ လျှပ်စစ်၊ သူခိုး သတိထားသင့်တဲ့အချိန်ဖြစ်ပါတယ်။ ရာထူး နေရာကိစ္စတွေမှာလည်း အနှောင့်အယှက်တွေကြားက အောင်မြင်သွားတတ်ပါတယ်။ စပ်တူအလုပ်များ သတိထားပါ။ အရေးကြီး စာရွက်စာတမ်းများသတိထားပါ။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ ရပ်ဝေးခွဲရကိန်းရှိနေပါတယ်။ ထီဝါသနာပါရင် ၁၄ အတွဲလိုက် စတဲ့နံပါတ်ကို ရှာထိုးပါ။ ယတြာ။   ။ အရဟံသိဒ္ဓိ ပုတီး ၆ ပတ် ၆ ရက်ဆက်ပြီး အဓိဋ္ဌာန်နဲ့ စိပ်လိုက်ပါလေ။

 

အင်္ဂါသားသမီးများ

ဒီရက်တွေအတွင်းမှာ မတင်မကျကိစ္စလေးတွေများနေမယ်။ ဟိုဟာလုပ်ရတော့မလိုလို၊ ဒီဟာလုပ်ရတော့မလိုလိုတွေ များနေမယ်။ ငွေကိစ္စ၊ ပစ္စည်းကိစ္စ၊ အရောင်းအဝယ်ကိစ္စတွေမှာလည်း တေ့လွဲလေးတွေ လွဲနေတတ်ပါတယ်။ ဘာမဆို ခေါင်းအေးအေးနဲ့ ဆုံးဖြတ်သင့်တဲ့အချိန်မျိုးပါပဲ။ စပ်တူကိစ္စ စာချုပ်လုပ်ငန်းတွေအောင်မြင်မယ်။ ဆိုင်သစ်၊ အိမ်သစ်၊ နေရာသစ်ကိစ္စတွေ အောင်မြင်မယ်။ အဖိုးတန် စက်ပစ္စည်း၊ အိမ်ထောင်ပရိဘောဂတွေ ဝင်မယ်။ မထင်မှတ်ဘဲ နိုင်ငံခြား၊ လူမျိုးခြား အဆက်အသွယ်အကူအညီ ပေါ်လာတတ်ပါတယ်။ အောက်လက်ငယ်သားကြောင့် စိတ်ရှုပ်ရတတ်တယ်။ အနီးကပ်လူရင်းထဲက သစ္စာဖောက်သွားတတ်တယ်။ အလှူမင်္ဂလာကိစ္စ၊ မြေကိစ္စ၊ ဖုန်းကိစ္စများ အဆင်မပြေမှုများမယ်။ ခြေထောက်၊ ခါး၊ ဗိုက်၊ ကျန်းမာရေး ဂရုစိုက်သင့်ပါတယ်။ အိမ်ထောင်ရှင်များ ပြေလည်မှုရပြီး ချစ်သူရည်းစားများ ဆွေမျိုးဝင်ရှုပ်လာတတ်တယ်။ စကားတွေရှုပ်လို့ ရှင်းရတတ်ပါတယ်။ ထီထိုးမယ်ဆိုရင် ၃၉ အတွဲလိုက်စတဲ့ဂဏန်းဟာ သင့်ကို အကျိုးပေးပါလိမ့်မယ်။ ယတြာ။   ။ ညောင်ပင်အောက်မှာ အရှေ့တောင်ဘက်ကိုလှည့်ပြီး အုန်းသီးစိပ် ၃ စိပ်စားရင်း လိုရာဆုတောင်းပါလေ။

 

ဗုဒ္ဓဟူးသားသမီးများ

ဒီရက်တွေအတွင်းမှာ အဖက်ဖက်က အခွင့်အလမ်းကောင်းတွေ ပေါ်လာမယ်။ အလုပ်တွေ ချဲ့သင့်၊ တိုးသင့်၊ အရှိန်မြှင့်သင့်တဲ့အချိန်ပါပဲ။ ကံတရားက ကိုယ့်ကို မျက်နှာပေးတဲ့ကိန်းဖြစ်ပါတယ်။ ငွေရွှင်မယ်၊ ရွှေကံကောင်းမယ်၊ အနုပညာအလုပ်၊ အလှကုန်၊ ကား၊ ကျောက်၊ ကွန်ပျူတာ၊ ကင်မရာ အလုပ်တွေမှာ အကျိုးအမြတ်များနိုင်ပါမယ်။ စပ်တူကိစ္စ၊ စာချုပ်ကိစ္စတွေတော့ သတိထားပါ။ ကိုယ်တိုးတက်အောင်မြင်လာတဲ့အပေါ် မနာလို အပြိုင်အဆိုင်တွေလည်း ပေါလာမယ်။ တမင် ရန်စခံရတတ်တယ်၊ အမှုပတ်တတ်ပါတယ်။ ပြည်တွင်း၊ ပြည်ပခရီးများ မရေမရာဖြစ်တတ်ပါတယ်။ အောက်လက်ငယ်သားတို့ အကျိုးပေးမယ်။ အိမ်ထောင်ရှင်များ စိတ်ဝမ်းကွဲရတတ်တယ်။ ချစ်သူရည်းစားများ သတင်းကောင်းကြားမယ်။ ခရီးကောင်းကြုံမယ်။ ထီ ဝါသနာပါပါ မပါပါ ၂၄ အတွဲလိုက် ပူးပြီးစတဲ့လက်မှတ်ကို ရအောင်ရှာပြီး ထိုးသင့်ပါတယ်။ ဆီး၊ မျက်စိ၊ သွား၊ သွေး သတိထားပါ။ ယတြာ။   ။ လောကဝိဒူဂုဏ်တော်ကို ပုတီး ၄ ပတ် ၄ရက် အဓိဋ္ဌာန်နှင့် စိပ်လိုက်ပါလေ။

 

ကြာသပတေးသားသမီးများ

ဒီရက်တွေအတွင်းမှာ မိတ်ကောင်းဆရာကောင်းတွေ တွေ့မယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ၊ စာမေးပွဲကိစ္စတွေ အထူးကောင်းပါတယ်။ စပ်တူကိစ္စတွေလည်း အောင်မြင်မယ်။ စာချုပ်ချုပ်ရ မယ့်ကိစ္စတွေလည်း အဆင်ပြေမယ်။ ပြည်တွင်းပြည်ပ ခရီးကောင်းများ ကြုံနိုင်တဲ့အချိန်ပါပဲ။ ငွေကံလေးလည်း ကောင်းနေမယ်။ ဘာသာရေးလုပ်ငန်းတွေ ဘုရားဖူးခရီးတွေလည်း ပေါ်လာမယ်။ အလှူ အတန်း မင်္ဂလာကိစ္စတွေနဲ့ ပတ်သက်ရတတ်ပါတယ်။ အောက်လက်ငယ်သားကိစ္စ၊ အထည်၊ ထီး၊ ဖိနပ်၊ လျှပ်စစ်ကိစ္စ၊ အိမ်နေရာကိစ္စတွေမှာတော့ ဆန္ဒမစောသင့်ပါဘူး။ လေထိုး လေအောင့်၊ နှလုံး၊ ဒူး၊ နား သတိထားသင့်ပါတယ်။ စက်ပစ္စည်း၊ ဆိုင်ခန်း၊ မြေ၊ အမွေ၊ ဖုန်း ကိစ္စများ အကျိုးပေးအောင်မြင်နိုင်ပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ အဆင်မပြေမှုလေးတွေဖြစ်ပြီးမှ ပြေလည် သွားနိုင်ပါတယ်။ ထီဝါသနာပါရင် ၅၃ အတွဲလိုက် ရှေ့မှာစတဲ့ထီနံပါတ်ကိုရှာပြီး ထိုးပါလေ။ ယတြာ။   ။ ဆွမ်းခံဘုန်းတော်ကြီးကို မုန့်ဟင်းခါးလောင်းလှူရင်း လိုရာဆုတောင်းပါလေ။

 

သောကြာသားသမီးများ

ဒီရက်တွေအတွင်းမှာ အပြိုင်အဆိုင်လေးတွေကြားထဲက အောင်မြင်မှုတွေ ရရှိလာမယ်။ လုပ်ငန်းသစ်စတာ၊ တိုးချဲ့တာတွေ လုပ်သင့်ပါတယ်။ ရပ်ဝေး၊ ပြည်ပ၊ နိုင်ငံခြားနဲ့ပတ်သက်တဲ့အလုပ် တွေလည်း အကျိုးပေးမယ်။ သစ်၊ သံ၊ သွပ်၊ ရွှေ၊ ရေထွက်ကုန်၊ အသီးအနှံများ အကျိုးပေးလိမ့်မယ်။ ငွေဟောင်း၊ ပစ္စည်းဟောင်းတွေ ပြန်ရတတ်ပါတယ်။ စက်ကိစ္စ၊ ဆိုင်ကိစ္စများ မတင်မကျဖြစ်နေမယ်။ဘာမဆို အထစ်အငေါ့လေးတွေဖြစ်ဖြစ်ပြီးမှ အောင်မြင်တတ်ပါတယ်။ လူရင်းတို့ရဲ့ အညစ်ကိုလည်း ခံရတတ်ပါတယ်။ ပညာရေးကိစ္စ၊ စာမေးပွဲကိစ္စ၊ မြေ၊ အမွေ၊ ဖုန်းကိစ္စတွေမှာ အနှောင့်အယှက်များ နေတတ်ပါတယ်။ ငွေရွှင်မယ်၊ ဒါပေမဲ့ အလုပ်ထဲကို ပြန်ဝင်သွားတတ်တဲ့ ကိန်းမျိုးပါပဲ။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများအတွက် အဖုအထစ်လေးတွေများမယ့် ကိန်းဖြစ်ပါတယ်။ အထူးသဖြင့် ဘေးစကားများကို သတိထားပါ။ ဝမ်းဗိုက်၊ ဦးခေါင်း၊ အဆစ်အမြစ် ဂရုစိုက်သင့်ပါတယ်။ ထီထိုးမယ်ဆိုရင် ၆၄ အတွဲလိုက်ပူးပြီးစတဲ့ ထီလက်မှတ်ဟာ လာဘ်လာဘတွေကို ခေါ်ဆောင်လာပါလိမ့်မယ်။ ယတြာ။   ။ သမ္ဗုဒ္ဓေဂါထာတော်ကို ပုတီး ၄ ပတ်၊ ၄ ရက် အဓိဋ္ဌာန်နှင့် စိပ်ပြီး လိုရာဆုတောင်းပါလေ။

 

စနေသားသမီးများ

ဒီရက်တွေအတွင်းမှာ ငွေကံတအားကောင်းပါတယ်။ နာမည်ဂုဏ်သတင်းတက်စရာတွေလည်း ကြုံမယ်။ နိုင်ငံခြားခရီး လူမျိုးခြားနဲ့ပတ်သက်တဲ့အလုပ်တွေ အကျိုးပေးအောင်မြင်မယ်။ ၂၇ အတွဲလိုက်ပူးပြီးစတဲ့ ထီလက်မှတ်တွေ ထိုးသင့်ပါတယ်။ အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်၊ ကား၊ ကွန်ပျူတာ၊ ကျောက်၊ ကင်မရာလုပ်ငန်းရှင်များ တိုးချဲ့သင့်တဲ့အချိန်ဖြစ်ပါတယ်။ မိသားစုထဲမှာ အလှူပွဲ၊ မင်္ဂလာပွဲတွေ ကြုံရတတ်ပါတယ်။ အဲဒီနေ့မှာ ထီ ဖိထိုးသင့်ပါတယ်။ စပ်တူ၊ စာချုပ်ကိစ္စတွေမှာတော့ မရေမရာဖြစ်တတ်ပါတယ်။ မြေကိစ္စ၊ အမွေကိစ္စ၊ ဖုန်းကိစ္စများကိုတော့ ခေတ္တ ဆိုင်းငံ့ထားသင့် တဲ့အချိန်ပါပဲ။ ဘာမဆို နှစ်မျိုးနှစ်ခါ နှစ်ကြိမ်ကြုံတတ်တဲ့ ကိန်းဖြစ်ပါတယ်။ ထီပေါက်ရင်လည်း နှစ်ခါပေါ့ခင်ဗျာ။ အိမ်ထောင်ရှင်များ အဆင်မပြေမှုများပြီး ချစ်သူရည်းစားများ ကြည်နူးဝမ်းမြောက်စရာ နှစ်မျိုးနှစ်ခု ကြုံနိုင်ပါတယ်။ အာရုံကြော၊ ဝမ်းဗိုက်၊ ဆီး၊ မျက်စိရောဂါများ ဂရုစိုက်ရမယ့်ကာလဖြစ်ပါတယ်။ ယတြာ။   ။ ဂုဏ်တော်ကိုးပါး ပုတီး ၂၇ ပတ် ၂ ရက်ဆက်ပြီး အဓိဋ္ဌာန်နဲ့ စိပ်လိုက်ပါလေ။

 

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

 

Zawgyi version

 

မိတ္ေဆြတုိ႔ ခ်ိန္ဆႏုိင္ရန္ တစ္ပတ္စာ မေနာမယေဟာစာတမ္း

ဇြန္ ၂၁ ရက္မွ ဇြန္ ၂၇ ရက္ေန႔အထိ

ကံ ဥာဏ္ ၀ီရိယ သံုးခ်က္လံုးအားေကာင္းေအာင္ ႀကိဳးပမ္းေတာ္မူႏုိင္ၾကပါေစေသာ္ ...

 

ဇင္ေယာ္နီ

 

#H_A_A

#မေနာမယဂမ႓ီရဂ်ာနယ္

 

တနဂၤေႏြသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ တအားပင္ပန္းမယ္။ စိတ္ေမာ၊ လူေမာေတြ ျဖစ္ရမယ္။ အလုပ္ပိၿပီး က်န္းမာေရးညံ့သြားတတ္ပါတယ္။ စိတ္တုိင္းမက်စရာေတြ မ်ားေနမယ္။ တတ္ႏိုင္သမွ် စိတ္ရွည္ရွည္ ေခါင္းေအးေအးနဲ႔ အလုပ္ေတြကုိ သက္ေသာင့္သက္သာေလး လုပ္သြားသင့္တဲ့အခ်ိန္ျဖစ္ပါတယ္။ အလုပ္ထြက္ခ်င္ ေျပာင္းခ်င္တဲ့ဆႏၵ ေခတၱေလး ေစာင့္သင့္ပါတယ္။ ေနရာကိစၥ အိမ္ကိစၥမ်ား တုိးလိုးတန္းလန္း ျဖစ္ေနတတ္ပါတယ္။ မိတ္ေကာင္း ဆရာေကာင္းေတြရဲ႕ အကူအညီေကာင္းေတြ ေပၚလာမယ္။ ႏုိင္ငံျခားနဲ႔ပတ္သက္လို႔ အဆက္အသြယ္ အခြင့္အေရးေကာင္း ေပၚလာတတ္တယ္။ ေျမ၊ အေမြ၊ ဖုန္း၊ အထည္၊ ထီး၊ ဖိနပ္၊ ဓာတ္ပံု၊ လွ်ပ္စစ္လုပ္ငန္းေတြမွာေတာ့ အထူး ေအာင္ျမင္အက်ဳိးေပးႏုိင္တဲ့အခ်ိန္ျဖစ္ပါတယ္။ ေျခေထာက္၊ ခါး၊ အစာအိမ္၊ က်န္းမာေရး သတိျပဳသင့္ပါတယ္။ အိမ္ေထာင္ရွင္မ်ား ခ်စ္သူရည္းစားမ်ားအတြက္ေတာ့ အဆင္မေျပမႈေတြ မ်ားေနပါမယ္။ ထီ၀ါသနာပါရင္ ၅၇ အတြဲလိုက္စတဲ့ထီလက္မွတ္ကုိ ရွာထုိးပါေလ။ယၾတာ။   ။  ဗုေဒၶါဂုဏ္ေတာ္ ပုတီး ၅ ပတ္၊ ၅ ရက္ဆက္ၿပီး အဓိ႒ာန္နဲ႔ စိပ္လုိက္ပါေလ။

 

တနလၤာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ကံအညံ့ေလးေတြ မ်ားေနပါမယ္။ အဖက္ဖက္က အေႏွာင့္အယွက္ရွိေနမယ္။ ခရီးသြားျခင္းဟာ အေကာင္းဆံုး ယၾတာပါပဲ။ ေနရာသစ္၊ အိမ္သစ္၊ လုပ္ငန္းသစ္ အစီအစဥ္ မ်ား အထူးပဲေကာင္းပါတယ္။ ရပ္ေ၀းျပည္ပကိစၥေတြလည္း ဦးစားေပးၿပီး စီစဥ္သင့္ပါတယ္။ ကြဲကြာေနသူမ်ား ျပန္ဆံုျခင္း၊ ရပ္ေ၀းက အကူအညီေကာင္းရျခင္းမ်ား ႀကံဳမယ္။ ေငြကေတာ့ တအား၀င္သလို တအားထြက္ေနလိမ့္မယ္။ မထင္မွတ္တဲ့ ဘာသာေရး၊ ပညာေရး၊ အခြင့္အလမ္းေကာင္းေတြ ေပၚလာတတ္ပါတယ္။ အသီးအႏွံ၊ ေရထြက္ကုန္၊ သစ္၊ သံ၊ သြပ္ အလုပ္မ်ား တုိးခ်ဲ႕သင့္တဲ့အခ်ိန္ျဖစ္ပါ တယ္။ မီး၊ လွ်ပ္စစ္၊ သူခုိး သတိထားသင့္တဲ့အခ်ိန္ျဖစ္ပါတယ္။ ရာထူး ေနရာကိစၥေတြမွာလည္း အေႏွာင့္အယွက္ေတြၾကားက ေအာင္ျမင္သြားတတ္ပါတယ္။ စပ္တူအလုပ္မ်ား သတိထားပါ။ အေရးႀကီး စာရြက္စာတမ္းမ်ားသတိထားပါ။ အိမ္ေထာင္ရွင္မ်ား၊ ခ်စ္သူရည္းစားမ်ား ရပ္ေ၀းခြဲရကိန္းရွိေနပါတယ္။ ထီ၀ါသနာပါရင္ ၁၄ အတြဲလုိက္ စတဲ့နံပါတ္ကုိ ရွာထုိးပါ။ ယၾတာ။   ။ အရဟံသိဒၶိ ပုတီး ၆ ပတ္ ၆ ရက္ဆက္ၿပီး အဓိ႒ာန္နဲ႔ စိပ္လုိက္ပါေလ။

 

အဂၤါသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ မတင္မက်ကိစၥေလးေတြမ်ားေနမယ္။ ဟုိဟာလုပ္ရေတာ့မလုိလို၊ ဒီဟာလုပ္ရေတာ့မလိုလိုေတြ မ်ားေနမယ္။ ေငြကိစၥ၊ ပစၥည္းကိစၥ၊ အေရာင္းအ၀ယ္ကိစၥေတြမွာလည္း ေတ့လြဲေလးေတြ လြဲေနတတ္ပါတယ္။ ဘာမဆုိ ေခါင္းေအးေအးနဲ႔ ဆံုးျဖတ္သင့္တဲ့အခ်ိန္မ်ဳိးပါပဲ။ စပ္တူကိစၥ စာခ်ဳပ္လုပ္ငန္းေတြေအာင္ျမင္မယ္။ ဆုိင္သစ္၊ အိမ္သစ္၊ ေနရာသစ္ကိစၥေတြ ေအာင္ျမင္မယ္။ အဖုိးတန္ စက္ပစၥည္း၊ အိမ္ေထာင္ပရိေဘာဂေတြ ၀င္မယ္။ မထင္မွတ္ဘဲ ႏိုင္ငံျခား၊ လူမ်ဳိးျခား အဆက္အသြယ္အကူအညီ ေပၚလာတတ္ပါတယ္။ ေအာက္လက္ငယ္သားေၾကာင့္ စိတ္႐ႈပ္ရတတ္တယ္။ အနီးကပ္လူရင္းထဲက သစၥာေဖာက္သြားတတ္တယ္။ အလွဴမဂၤလာကိစၥ၊ ေျမကိစၥ၊ ဖုန္းကိစၥမ်ား အဆင္မေျပမႈမ်ားမယ္။ ေျခေထာက္၊ ခါး၊ ဗိုက္၊ က်န္းမာေရး ဂ႐ုစုိက္သင့္ပါတယ္။ အိမ္ေထာင္ရွင္မ်ား ေျပလည္မႈရၿပီး ခ်စ္သူရည္းစားမ်ား ေဆြမ်ဳိး၀င္႐ႈပ္လာတတ္တယ္။ စကားေတြ႐ႈပ္လုိ႔ ရွင္းရတတ္ပါတယ္။ ထီထုိးမယ္ဆုိရင္ ၃၉ အတြဲလုိက္စတဲ့ဂဏန္းဟာ သင့္ကုိ အက်ဳိးေပးပါလိမ့္မယ္။ ယၾတာ။   ။ ေညာင္ပင္ေအာက္မွာ အေရွ႕ေတာင္ဘက္ကုိလွည့္ၿပီး အုန္းသီးစိပ္ ၃ စိပ္စားရင္း လုိရာဆုေတာင္းပါေလ။

 

ဗုဒၶဟူးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ အဖက္ဖက္က အခြင့္အလမ္းေကာင္းေတြ ေပၚလာမယ္။ အလုပ္ေတြ ခ်ဲ႕သင့္၊ တုိးသင့္၊ အရွိန္ျမႇင့္သင့္တဲ့အခ်ိန္ပါပဲ။ ကံတရားက ကုိယ့္ကုိ မ်က္ႏွာေပးတဲ့ကိန္းျဖစ္ပါတယ္။ ေငြရႊင္မယ္၊ ေရႊကံေကာင္းမယ္၊ အႏုပညာအလုပ္၊ အလွကုန္၊ ကား၊ ေက်ာက္၊ ကြန္ပ်ဴတာ၊ ကင္မရာ အလုပ္ေတြမွာ အက်ဳိးအျမတ္မ်ားႏုိင္ပါမယ္။ စပ္တူကိစၥ၊ စာခ်ဳပ္ကိစၥေတြေတာ့ သတိထားပါ။ ကုိယ္တုိးတက္ေအာင္ျမင္လာတဲ့အေပၚ မနာလုိ အၿပိဳင္အဆုိင္ေတြလည္း ေပါလာမယ္။ တမင္ ရန္စခံရတတ္တယ္၊ အမႈပတ္တတ္ပါတယ္။ ျပည္တြင္း၊ ျပည္ပခရီးမ်ား မေရမရာျဖစ္တတ္ပါတယ္။ ေအာက္လက္ငယ္သားတုိ႔ အက်ဳိးေပးမယ္။ အိမ္ေထာင္ရွင္မ်ား စိတ္၀မ္းကြဲရတတ္တယ္။ ခ်စ္သူရည္းစားမ်ား သတင္းေကာင္းၾကားမယ္။ ခရီးေကာင္းႀကံဳမယ္။ ထီ ၀ါသနာပါပါ မပါပါ ၂၄ အတြဲလိုက္ ပူးၿပီးစတဲ့လက္မွတ္ကုိ ရေအာင္ရွာၿပီး ထုိးသင့္ပါတယ္။ ဆီး၊ မ်က္စိ၊ သြား၊ ေသြး သတိထားပါ။ ယၾတာ။   ။ ေလာက၀ိဒူဂုဏ္ေတာ္ကုိ ပုတီး ၄ ပတ္ ၄ရက္ အဓိ႒ာန္ႏွင့္ စိပ္လုိက္ပါေလ။

 

ၾကာသပေတးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ မိတ္ေကာင္းဆရာေကာင္းေတြ ေတြ႕မယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥ၊ စာေမးပြဲကိစၥေတြ အထူးေကာင္းပါတယ္။ စပ္တူကိစၥေတြလည္း ေအာင္ျမင္မယ္။ စာခ်ဳပ္ခ်ဳပ္ရ မယ့္ကိစၥေတြလည္း အဆင္ေျပမယ္။ ျပည္တြင္းျပည္ပ ခရီးေကာင္းမ်ား ႀကံဳႏိုင္တဲ့အခ်ိန္ပါပဲ။ ေငြကံေလးလည္း ေကာင္းေနမယ္။ ဘာသာေရးလုပ္ငန္းေတြ ဘုရားဖူးခရီးေတြလည္း ေပၚလာမယ္။ အလွဴ အတန္း မဂၤလာကိစၥေတြနဲ႔ ပတ္သက္ရတတ္ပါတယ္။ ေအာက္လက္ငယ္သားကိစၥ၊ အထည္၊ ထီး၊ ဖိနပ္၊ လွ်ပ္စစ္ကိစၥ၊ အိမ္ေနရာကိစၥေတြမွာေတာ့ ဆႏၵမေစာသင့္ပါဘူး။ ေလထုိး ေလေအာင့္၊ ႏွလံုး၊ ဒူး၊ နား သတိထားသင့္ပါတယ္။ စက္ပစၥည္း၊ ဆုိင္ခန္း၊ ေျမ၊ အေမြ၊ ဖုန္း ကိစၥမ်ား အက်ဳိးေပးေအာင္ျမင္ႏိုင္ပါတယ္။ အိမ္ေထာင္ရွင္မ်ား၊ ခ်စ္သူရည္းစားမ်ား အဆင္မေျပမႈေလးေတြျဖစ္ၿပီးမွ ေျပလည္ သြားႏုိင္ပါတယ္။ ထီ၀ါသနာပါရင္ ၅၃ အတြဲလုိက္ ေရွ႕မွာစတဲ့ထီနံပါတ္ကုိရွာၿပီး ထုိးပါေလ။ ယၾတာ။   ။ ဆြမ္းခံဘုန္းေတာ္ႀကီးကုိ မုန္႔ဟင္းခါးေလာင္းလွဴရင္း လုိရာဆုေတာင္းပါေလ။

 

ေသာၾကာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ အၿပိဳင္အဆုိင္ေလးေတြၾကားထဲက ေအာင္ျမင္မႈေတြ ရရွိလာမယ္။ လုပ္ငန္းသစ္စတာ၊ တုိးခ်ဲ႕တာေတြ လုပ္သင့္ပါတယ္။ ရပ္ေ၀း၊ ျပည္ပ၊ ႏိုင္ငံျခားနဲ႔ပတ္သက္တဲ့အလုပ္ ေတြလည္း အက်ဳိးေပးမယ္။ သစ္၊ သံ၊ သြပ္၊ ေရႊ၊ ေရထြက္ကုန္၊ အသီးအႏွံမ်ား အက်ဳိးေပးလိမ့္မယ္။ ေငြေဟာင္း၊ ပစၥည္းေဟာင္းေတြ ျပန္ရတတ္ပါတယ္။ စက္ကိစၥ၊ ဆုိင္ကိစၥမ်ား မတင္မက်ျဖစ္ေနမယ္။ဘာမဆုိ အထစ္အေငါ့ေလးေတြျဖစ္ျဖစ္ၿပီးမွ ေအာင္ျမင္တတ္ပါတယ္။ လူရင္းတုိ႔ရဲ႕ အညစ္ကုိလည္း ခံရတတ္ပါတယ္။ ပညာေရးကိစၥ၊ စာေမးပြဲကိစၥ၊ ေျမ၊ အေမြ၊ ဖုန္းကိစၥေတြမွာ အေႏွာင့္အယွက္မ်ား ေနတတ္ပါတယ္။ ေငြရႊင္မယ္၊ ဒါေပမဲ့ အလုပ္ထဲကုိ ျပန္၀င္သြားတတ္တဲ့ ကိန္းမ်ဳိးပါပဲ။ အိမ္ေထာင္ရွင္မ်ား၊ ခ်စ္သူရည္းစားမ်ားအတြက္ အဖုအထစ္ေလးေတြမ်ားမယ့္ ကိန္းျဖစ္ပါတယ္။ အထူးသျဖင့္ ေဘးစကားမ်ားကုိ သတိထားပါ။ ၀မ္းဗုိက္၊ ဦးေခါင္း၊ အဆစ္အျမစ္ ဂ႐ုစုိက္သင့္ပါတယ္။ ထီထုိးမယ္ဆုိရင္ ၆၄ အတြဲလုိက္ပူးၿပီးစတဲ့ ထီလက္မွတ္ဟာ လာဘ္လာဘေတြကုိ ေခၚေဆာင္လာပါလိမ့္မယ္။ ယၾတာ။   ။ သမၺဳေဒၶဂါထာေတာ္ကုိ ပုတီး ၄ ပတ္၊ ၄ ရက္ အဓိ႒ာန္ႏွင့္ စိပ္ၿပီး လိုရာဆုေတာင္းပါေလ။

 

စေနသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ေငြကံတအားေကာင္းပါတယ္။ နာမည္ဂုဏ္သတင္းတက္စရာေတြလည္း ႀကံဳမယ္။ ႏုိင္ငံျခားခရီး လူမ်ဳိးျခားနဲ႔ပတ္သက္တဲ့အလုပ္ေတြ အက်ဳိးေပးေအာင္ျမင္မယ္။ ၂၇ အတြဲလိုက္ပူးၿပီးစတဲ့ ထီလက္မွတ္ေတြ ထုိးသင့္ပါတယ္။ အထည္၊ ထီး၊ ဖိနပ္၊ ဓာတ္ပံု၊ လွ်ပ္စစ္၊ ကား၊ ကြန္ပ်ဴတာ၊ ေက်ာက္၊ ကင္မရာလုပ္ငန္းရွင္မ်ား တုိးခ်ဲ႕သင့္တဲ့အခ်ိန္ျဖစ္ပါတယ္။ မိသားစုထဲမွာ အလွဴပြဲ၊ မဂၤလာပြဲေတြ ႀကံဳရတတ္ပါတယ္။ အဲဒီေန႔မွာ ထီ ဖိထုိးသင့္ပါတယ္။ စပ္တူ၊ စာခ်ဳပ္ကိစၥေတြမွာေတာ့ မေရမရာျဖစ္တတ္ပါတယ္။ ေျမကိစၥ၊ အေမြကိစၥ၊ ဖုန္းကိစၥမ်ားကုိေတာ့ ေခတၱ ဆိုင္းငံ့ထားသင့္ တဲ့အခ်ိန္ပါပဲ။ ဘာမဆုိ ႏွစ္မ်ဳိးႏွစ္ခါ ႏွစ္ႀကိမ္ႀကံဳတတ္တဲ့ ကိန္းျဖစ္ပါတယ္။ ထီေပါက္ရင္လည္း ႏွစ္ခါေပါ့ခင္ဗ်ာ။ အိမ္ေထာင္ရွင္မ်ား အဆင္မေျပမႈမ်ားၿပီး ခ်စ္သူရည္းစားမ်ား ၾကည္ႏူး၀မ္းေျမာက္စရာ ႏွစ္မ်ဳိးႏွစ္ခု ႀကံဳႏိုင္ပါတယ္။ အာ႐ံုေၾကာ၊ ၀မ္းဗုိက္၊ ဆီး၊ မ်က္စိေရာဂါမ်ား ဂ႐ုစုိက္ရမယ့္ကာလျဖစ္ပါတယ္။ ယၾတာ။   ။ ဂုဏ္ေတာ္ကုိးပါး ပုတီး ၂၇ ပတ္ ၂ ရက္ဆက္ၿပီး အဓိ႒ာန္နဲ႔ စိပ္လုိက္ပါေလ။

 

သေဗၺဓမၼာ

ဇင္ေယာ္နီ

Share