မိတ်ဆွေတို့ချိန်ဆနိုင်ရန် ၁ ပတ်စာ မနောမယဟောစာတမ်း(ဇွန် ၁၄ ရက်နေ့မှ ဇွန် ၂၀ ရက်နေ့အထိ)

ကံ ဉာဏ် ဝီရိယ ၃ ချက်လုံး အားကောင်းအောင် ကြိုးပမ်းတော်မူနိုင်ကြပါစေသော်ဝ်....

#ဇင်ယော်နီ

#H_A_A

 

တနင်္ဂနွေသားသမီးများ

ဒီရက်တွေအတွင်းမှာ ငွေအထူးရွှင်နေမယ်။ ရှေ့ဆုံးမှာ (၂၇)အတွဲလိုက်ပူးနေတဲ့ ထီလက်မှတ်တွေရှာပြီး ထီထိုးသင့်ပါတယ်။ အလှူမင်္ဂလာ ပွဲလမ်းသဘင်တွေလည်း ကြုံရမယ်။ အဲဒီနေ့မှာလည်း ထီထိုးပါ။ နိုင်ငံခြား လူမျိုးခြားနဲ့ပတ်သက်တဲ့အလုပ်တွေ အောင်မြင်မယ့်အချိန် ဖြစ်ပါတယ်။ ပြည်တွင်းခရီးတွေလည်း ကောင်းတယ်။ အိမ်အဆောက်အဦကိစ္စ အောင်မြင်မယ်။ အထည်၊ ထီး၊ ဖိနပ်၊ လျှပ်စစ်ပစ္စည်း၊ ထီ၊ ကား၊ ကျောက်၊ ကွန်ပျူတာ၊ ကင်မရာ၊ ကြက်၊ ငါး အလုပ်များ တိုးချဲ့သင့်သောအချိန်ဖြစ်ပါတယ်။ မိတ်ရင်းဆရာရင်းတွေနဲ့တော့ အဆင်မပြေ လမ်းခွဲ ရတတ်ပါတယ်။ မြေ၊ အမွေ၊ ဖုန်း၊ ပညာရေး၊ သင်တန်းကိစ္စများမှာ စိတ်ရှုပ်ရတတ်တယ်။ အိမ်ထောင်ရှင်များအဖို့ အဆင်မပြေမှုများနေပြီး

ချစ်သူရည်းစားများအတွက်ကတော့ ကြည်နူးချမ်းမြေ့ဖွယ်သတင်းကောင်းတွေ ကြားရတတ်တဲ့ ကိန်းမျိုးပါပဲ။ အာရုံကြော၊ လေ၊ ဝမ်း၊ ဆီး၊ မျက်စိ ကျန်းမာရေးဂရုစိုက်ဖို့ လိုပါတယ်။ 

ယတြာ။   ။ မြတ်စွာဘုရားမှာ နန်းကြီးသုပ်(၂)ပွဲ လှူဒါန်းလိုက်ပါလေ။ မိမိကိုယ်တိုင်လည်း စားရင်း ဆုတောင်းပါ။

 

တနင်္လာသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်လေ စိတ်နှစ်ခွဖြစ်စရာတွေ၊ ဆုံးဖြတ်ရခက်တာတွေ ကြုံရတတ်ပါတယ်။ စိတ်ရှည်ရှည် ခေါင်းအေးအေးထားပြီး တိုင်တိုင်ပင်ပင်လုပ်သင့်တဲ့ကိန်းဖြစ်ပါတယ်။ အထင်လွဲစွပ်စွဲခံရတာ၊ ပြဿနာကြားညပ်တာမျိုးတွေ ကြုံရတတ်တယ်။ နေရာထိုင်ခင်း အဆောက်အဦကိစ္စများ မတင်မကျဖြစ်နေမယ်။ ပြည်တွင်းခရီး၊ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက်မှုအလုပ်တွေမှာ အလွဲအချော်များနေမယ်။ မြေ၊ အမွေ၊ ဖုန်း၊ ပညာရေး၊ အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်ပစ္စည်း လုပ်ငန်းတွေမှာတော့ တိုးချဲ့ပြီးလုပ်သင့်ပါတယ်။ အလုပ်တွေလုပ်ရပြီး ငွေမြုပ်နေတတ်တဲ့ ကိန်းမျိုးဖြစ်ပါတယ်။ ဝန်ထမ်း၊ ရာထူး၊ နိုင်ငံခြားကိစ္စတွေမှာတော့ အထူးကောင်းပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများအနေနဲ့ လမ်းခွဲရမတတ်ဖြစ်တာ၊ ခွဲခွာနေရတာမျိုးတွေ ကြုံရတတ်ပါတယ်။ အကြောအဆစ်၊ အစာမှားဆေးမှား၊ သွား၊ သွေး ကျန်းမာရေးသတိထားဖို့ လိုပါတယ်။ အထူးသဖြင့်ကတော့ စိတ်ကြောင့် ကျန်းမာရေးညံ့တတ်ပါတယ်။ ထီဝါသနာပါရင် (၅၇)ပူးနေတဲ့ဂဏန်း ရှေ့ကထားပြီးထိုးပါ။ 

ယတြာ။   ။ ဘုရားတစ်ဆူဆူရဲ့စနေထောင့်မှာ ထီးဖြူ(၁၂)လက် လှူဒါန်းပြီး ဆုတောင်းလိုက်ပါလေ။

အင်္ဂါသားသမီးများ

ဒီရက်တွေအတွင်းမှာ အစစအရာရာ သတိကြီးစွာထားဖို့လိုပါတယ်။ ရန်ပတ်လည်ဝိုင်းသလိုဖြစ်နေတယ်။ ပြဿနာကြီးတွေ တစ်ခုပြီးတစ်ခု ရှင်းနေရတတ်ပါတယ်။ ကိုယ့်ကိစ္စမဟုတ်ရင်လည်း သူတစ်ပါးကိစ္စမှာ ကြားညပ်တတ်ပါတယ်။ ဆီး၊ မျက်စိ၊ နား၊ နှာခေါင်း၊ အစာအိမ် ဒုက္ခပေးတတ်ပါတယ်။ ခရီးကံအလွန်ကောင်းသောအချိန်ဖြစ်ပါတယ်။ အဝေးကလည်း အကူအညီကောင်းတွေ ရတတ်တယ်။ အိမ်ကိစ္စ၊ အဖိုးတန် ပစ္စည်း ဝယ်ရောင်းကိစ္စတွေ အောင်မြင်မယ်။ အိမ်ဆောက်ပစ္စည်း၊ အုတ်၊ သစ်၊ သံ၊ သွပ်၊ အသီးအနှံ၊ ရေထွက်ကုန်၊ ခရီးသွားလုပ်ငန်းတွေ အကျိုးပေးမယ့်အချိန်ဖြစ်ပါတယ်။ မြေ၊ အမွေ၊ ဖုန်း၊ ပညာရေးကိစ္စများ ဆုံးဖြတ်ရခက်နေမယ်။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ဖက်ရဲ့ သတင်းကောင်း ကြားရတတ်ပြီး ချစ်သူရည်းစားများအတွက်ကတော့ ဝေးလေကောင်းလေဆိုတဲ့ ကိန်းမျိုးဖြစ်နေပါတယ်။ ထီဝါသနာပါရင် (၁၆)  အတွဲလိုက်ပူးနေတဲ့ဂဏန်းကို ရှေ့မှာထားပြီး ထိုးပါ။ ယတြာ။   ။ ဘုရားတစ်ဆူဆူရဲ့စနေထောင့်မှာ ထီးနီသက်စေ့ လှူဒါန်းပြီး ဆုတောင်းလိုက်ပါလေ။

 

ဗုဒ္ဓဟူးသားသမီးများ

ဒီရက်တွေအတွင်းမှာ အိမ်၊ ဆိုင်၊ စက်၊ အသုံးအဆောင်အသစ်တွေ တစ်ခုပြီးတစ်ခု ဝင်လာတတ်ပါတယ်။ တစ်ခုရှိတာက ရှိပြီးသား ပစ္စည်းတွေကတော့ ထွက်တာ၊ ပျက်တာ များနေမယ်။ ငွေများများ ကိုင်မထားသင့်ပါဘူး။ အဲဒီငွေဟာ ဆေးဖိုးဝါးခဖြစ်သွားတတ်ပါတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက်မှု၊ စာအုပ်စာတမ်း၊ အိမ်ဆောက်ပစ္စည်း၊ စပ်တူရှယ်ယာ၊ အဆောက်အဦကိစ္စတွေ အောင်မြင်အကျိုးပေးမယ့်အချိန်မျိုး ဖြစ် ပါတယ်။ ခရီးသွားလာရေးကိစ္စတွေ အလွဲလွဲအချော်ချော်ဖြစ်နေတတ်ပါတယ်။ နိုင်ငံခြားရပ်ဝေးနဲ့ပတ်သက်လို့ မထင်မှတ်ဘဲ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာတတ်ပါတယ်။ မိတ်ဆွေရင်း ဆရာရင်းတို့ကြောင့် စိတ်ရှုပ်ခေါင်းစားရတတ်ပါတယ်။ ဘာမဆို မတင်မကျ၊ မရေမရာဖြစ်နေတတ် တာလေးကို သတိပြုပါ။ စိတ်ရှည်ပါ။ အိမ်ထောင်ရှင်များအတွက် အထစ်အငေါ့တွေ ပြေလည်သွားမယ်။ ချစ်သူရည်းစားများ ကံနိမ့်နေတဲ့ကိန်းမျိုး ဖြစ်ပါတယ်။ ထီဝါသနာပါရင် (၁၃)အတွဲလိုက် ပူးနေတဲ့ဂဏန်း ရှေ့မှာထားပြီးထိုးပါလေ။ ယတြာ။   ။ မြတ်စွာဘုရားမှာ အုန်းနို့ခေါက်ဆွဲ(၃)ပန်းကန် လှူဒါန်းပါလေ။ မိမိကိုယ်တိုင်လည်း စားရင်းဆုတောင်းပါလေ။

 

ကြာသပတေးသားသမီးများ

ဒီရက်တွေအတွင်းမှာ ထွက်နေ ဆုံးရှုံးနေတာတွေ ပြန်ရတတ်ပါတယ်။ ငွေဟောင်း ပစ္စည်းအဟောင်း အလုပ်ဟောင်း နေရာဟောင်းတွေ နဲ့ ပြန်ပြီးပတ်သက်ရတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေလည်း ပြန်ပေါ်လာတတ်ပါတယ်။ မနာလိုအပြိုင်အဆိုင်ပေါနေမယ်။ ဘာ မဆို အပြိုင်အဆိုင်ကြားက အောင်မြင်လိမ့်မယ်။ ငွေ တအားရွှင်မယ်။ ရတနာပစ္စည်းတွေ ဝင်တတ်တယ်။ လျှပ်စစ်ပစ္စည်း၊ အလှကုန်၊ ကား၊ ကျောက်၊ ကွန်ပျူတာ၊ ကင်မရာ၊ ကြက်၊ ငါး လုပ်ငန်းတွေ အကျိုးပေးအောင်မြင်မယ့်အချိန်ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပခရီးကိစ္စတွေမှာတော့ သို့လောသို့လော မရေမရာဖြစ်နေမယ်။ စပ်တူရှယ်ယာအလုပ်၊ စာချုပ်စာတမ်းကိစ္စတွေမှာ သတိထားပါ။ ဆီး၊ မျက်စိ၊ အစာအိမ်၊ သွား၊ သွေး ဂရုစိုက်ပါ။ အိမ်ထောင်ရှင်များ ကောင်းသောခွဲခြင်းကြုံရတတ်ပြီး ငယ်ရွယ်သူများအတွက် မင်္ဂလာလမ်းပွင့်တဲ့အချိန်ဖြစ်ပါတယ်။ ထီဝါသနာပါရင် (၂၄) အတွဲလိုက်ပူးနေတဲ့ဂဏန်း ရှေ့မှာထားပြီး ထိုးသင့်ပါတယ်။ ထိုးဖြစ်အောင်ထိုးဖို့လည်း တိုက်တွန်းချင်ပါတယ်။ ယတြာ။   ။ မြတ်စွာဘုရားမှာ ကော်ရည်ခေါက်ဆွဲ(၂)ပန်းကန် ဆွမ်းတော်ကပ်လှူပါ။ မိမိကိုယ်တိုင်လည်း စားရင်းဆုတောင်းပါလေ။

 

သောကြာသားသမီးများ

ဒီရက်တွေအတွင်းမှာ အဖက်ဖက်က အခြေအနေကောင်းတွေ ကြုံလာမယ်။ စီးပွားရေးလုပ်ငန်းတွေ အထူးတိုးချဲ့သင့်တဲ့ အခါသမယပါပဲ။ မိတ်ကောင်း ဆရာကောင်းတွေ တွေ့မယ်။ စပ်တူရှယ်ယာအလုပ်၊ ပြည်တွင်းပြည်ပခရီး၊ ပညာရေးကိစ္စတွေ အထူးကောင်းပါတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက်မှု၊ စာအုပ်၊ မြေ၊ အမွေ၊ ဖုန်း ကိစ္စများမှာ အောင်မြင်မယ်။ အလှူအတန်း၊ မင်္ဂလာပွဲများနဲ့လည်း ကြုံကြိုက်ရတတ်ပါတယ်။ ဘာသာရေးလုပ်သလောက် ကံပွင့်လန်းနေမယ့်ရက်မျိုးဖြစ်ပါတယ်။ ဆွေမျိုးသားချင်းများနဲ့တော့ ပြဿနာကြီးကြီးမားမားတွေ ဖြစ်ရတတ်ပါတယ်။ လူရင်းတို့ရဲ့ မကောင်းသတင်းတချို့လည်း ကြားရတတ်ပါတယ်။ အထည်၊ ထီး၊ ဖိနပ်၊ ရွှေ၊ အောက်လက်ငယ်သားတို့အတွက်တော့ စိတ်ရှုပ်ခေါင်းစားရတတ်ပါတယ်။ ချစ်သူရည်းစားများ ဆုံးဖြတ်ရခက်တဲ့အခြေအနေ ကြုံလာမယ်။ အိမ်ထောင်ရှင်ဆိုရင် အညံ့များနေပါတယ်။ ထီထိုးမယ်ဆိုရင် ရှေ့မှာ (၃၅)ပူးနေတဲ့ ထီလက်မှတ်ဟာ လာဘ်လာဘတွေ ခေါ်ဆောင်လာပါလိမ့်မယ်။ ဒူး၊ နား၊ ရင်ဘတ် သတိထားပါ။

ယတြာ။   ။ မြတ်စွာဘုရားမှာ စမူဆာ(၈)ခု ဆွမ်းတော်ကပ်လှူပါ။ မိမိကိုယ်တိုင်လည်း စားရင်းဆုတောင်းပါလေ။

 

စနေသားသမီးများ

ဒီရက်တွေအတွင်းမှာ လုပ်ငန်းသစ်စခြင်း၊ နေရာပြောင်းခြင်း၊ အခြေအနေပြောင်းတဲ့ကိစ္စများ အကျိုးပေးအောင်မြင်နိုင်ပါတယ်။ ပြည်တွင်း ပြည်ပခရီးတွေ အောင်မြင်မယ်။ ထွက်နေတဲ့ ငွေတွေ၊ ပစ္စည်းတွေ အောင်မြင်မယ်။ ကွဲကွာနေသူများနဲ့ ပြန်လည်ဆုံဆည်းရတတ်ပါတယ်။ အသီး အနှံ၊ သစ်၊ သံ၊ သွပ်၊ ရေထွက်ကုန်၊ ရွှေ၊ အလှကုန်၊ လျှပ်စစ်ပစ္စည်း၊ ခရီးသွားလုပ်ငန်းတွေ အောင်မြင်နိုင်သောအချိန်ဖြစ်ပါတယ်။ ငွေကတော့ တအားဝင်ပြီး တအားထွက်နေလိမ့်မယ်။ ဝမ်းဗိုက်၊ ဦးခေါင်း၊ အဆစ်အမြစ်၊ ကျန်းမာရေးဂရုစိုက်ဖို့ လိုပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ ဆုံးဖြတ်ရခက်တဲ့ အခက်အခဲလေးတွေ ကြုံလာရတတ်ပါတယ်။ ဘာမဆို အထစ်အငေါ့လေးတွေ ကြုံပေမဲ့ အောင်မြင်နိုင်သောကိန်း ဖြစ်ပါတယ်။ ထီဝါသနာပါသူများ ရှေ့ဆုံးမှာ (၄၆) ပူးနေတဲ့ဂဏန်းကို ထိုးသင့်ပါတယ်။  

ယတြာ။   ။ မြတ်စွာဘုရားမှာ ရှောက်သီးသုပ်(၄)ပန်းကန် လှူဒါန်းလိုက်ပါလေ။ မိမိကိုယ်တိုင်လည်း စားရင်း ဆုတောင်းပါ။

 

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

zawgyi version

 

မိတ္ေဆြတို့ခ်ိန္ဆနိုင္ရန္ ၁ ပတ္စာ မေနာမယေဟာစာတမ္း(ဇြန္ ၁၄ ရက္ေန့မွ ဇြန္ ၂၀ ရက္ေန့အထိ)

ကံ ဉာဏ္ ဝီရိယ ၃ ခ်က္လံုး အားေကာင္းေအာင္ ႀကိဳးပမ္းေတာ္မူႏိုင္ၾကပါေစေသာ္ဝ္....

#ဇင္ေယာ္နီ

#H_A_A

 

တနဂၤေႏြသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ေငြအထူးရႊင္ေနမယ္။ ေရွ႕ဆံုးမွာ (၂၇)အတြဲလိုက္ပူးေနတဲ့ ထီလက္မွတ္ေတြရွာၿပီး ထီထိုးသင့္ပါတယ္။ အလွဴမဂၤလာ ပြဲလမ္းသဘင္ေတြလည္း ႀကံဳရမယ္။ အဲဒီေန႔မွာလည္း ထီထိုးပါ။ ႏိုင္ငံျခား လူမ်ိဳးျခားနဲ႔ပတ္သက္တဲ့အလုပ္ေတြ ေအာင္ျမင္မယ့္အခ်ိန္ ျဖစ္ပါတယ္။ ျပည္တြင္းခရီးေတြလည္း ေကာင္းတယ္။ အိမ္အေဆာက္အဦကိစၥ ေအာင္ျမင္မယ္။ အထည္၊ ထီး၊ ဖိနပ္၊ လွ်ပ္စစ္ပစၥည္း၊ ထီ၊ ကား၊ ေက်ာက္၊ ကြန္ပ်ဴတာ၊ ကင္မရာ၊ ၾကက္၊ ငါး အလုပ္မ်ား တိုးခ်ဲ႕သင့္ေသာအခ်ိန္ျဖစ္ပါတယ္။ မိတ္ရင္းဆရာရင္းေတြနဲ႔ေတာ့ အဆင္မေျပ လမ္းခြဲ ရတတ္ပါတယ္။ ေျမ၊ အေမြ၊ ဖုန္း၊ ပညာေရး၊ သင္တန္းကိစၥမ်ားမွာ စိတ္႐ႈပ္ရတတ္တယ္။ အိမ္ေထာင္ရွင္မ်ားအဖို႔ အဆင္မေျပမႈမ်ားေနၿပီး

ခ်စ္သူရည္းစားမ်ားအတြက္ကေတာ့ ၾကည္ႏူးခ်မ္းေျမ႕ဖြယ္သတင္းေကာင္းေတြ ၾကားရတတ္တဲ့ ကိန္းမ်ိဳးပါပဲ။ အာ႐ံုေၾကာ၊ ေလ၊ ဝမ္း၊ ဆီး၊ မ်က္စိ က်န္းမာေရးဂ႐ုစိုက္ဖို႔ လိုပါတယ္။ 

ယၾတာ။   ။ ျမတ္စြာဘုရားမွာ နန္းႀကီးသုပ္(၂)ပြဲ လွဴဒါန္းလိုက္ပါေလ။ မိမိကိုယ္တိုင္လည္း စားရင္း ဆုေတာင္းပါ။

 

တနလၤာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ စိတ္ေလ စိတ္ႏွစ္ခြျဖစ္စရာေတြ၊ ဆံုးျဖတ္ရခက္တာေတြ ႀကံဳရတတ္ပါတယ္။ စိတ္ရွည္ရွည္ ေခါင္းေအးေအးထားၿပီး တိုင္တိုင္ပင္ပင္လုပ္သင့္တဲ့ကိန္းျဖစ္ပါတယ္။ အထင္လြဲစြပ္စြဲခံရတာ၊ ျပႆနာၾကားညပ္တာမ်ိဳးေတြ ႀကံဳရတတ္တယ္။ ေနရာထိုင္ခင္း အေဆာက္အဦကိစၥမ်ား မတင္မက်ျဖစ္ေနမယ္။ ျပည္တြင္းခရီး၊ ဆန္၊ ဆီ၊ ေဆး၊ ဆား၊ စက္မႈအလုပ္ေတြမွာ အလြဲအေခ်ာ္မ်ားေနမယ္။ ေျမ၊ အေမြ၊ ဖုန္း၊ ပညာေရး၊ အထည္၊ ထီး၊ ဖိနပ္၊ ဓာတ္ပံု၊ လွ်ပ္စစ္ပစၥည္း လုပ္ငန္းေတြမွာေတာ့ တိုးခ်ဲ႕ၿပီးလုပ္သင့္ပါတယ္။ အလုပ္ေတြလုပ္ရၿပီး ေငြျမဳပ္ေနတတ္တဲ့ ကိန္းမ်ိဳးျဖစ္ပါတယ္။ ဝန္ထမ္း၊ ရာထူး၊ ႏိုင္ငံျခားကိစၥေတြမွာေတာ့ အထူးေကာင္းပါတယ္။ အိမ္ေထာင္ရွင္မ်ား၊ ခ်စ္သူရည္းစားမ်ားအေနနဲ႔ လမ္းခြဲရမတတ္ျဖစ္တာ၊ ခြဲခြာေနရတာမ်ိဳးေတြ ႀကံဳရတတ္ပါတယ္။ အေၾကာအဆစ္၊ အစာမွားေဆးမွား၊ သြား၊ ေသြး က်န္းမာေရးသတိထားဖို႔ လိုပါတယ္။ အထူးသျဖင့္ကေတာ့ စိတ္ေၾကာင့္ က်န္းမာေရးညံ့တတ္ပါတယ္။ ထီဝါသနာပါရင္ (၅၇)ပူးေနတဲ့ဂဏန္း ေရွ႕ကထားၿပီးထိုးပါ။ 

ယၾတာ။   ။ ဘုရားတစ္ဆူဆူရဲ႕စေနေထာင့္မွာ ထီးျဖဴ(၁၂)လက္ လွဴဒါန္းၿပီး ဆုေတာင္းလိုက္ပါေလ။

အဂၤါသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ အစစအရာရာ သတိႀကီးစြာထားဖို႔လိုပါတယ္။ ရန္ပတ္လည္ဝိုင္းသလိုျဖစ္ေနတယ္။ ျပႆနာႀကီးေတြ တစ္ခုၿပီးတစ္ခု ရွင္းေနရတတ္ပါတယ္။ ကိုယ့္ကိစၥမဟုတ္ရင္လည္း သူတစ္ပါးကိစၥမွာ ၾကားညပ္တတ္ပါတယ္။ ဆီး၊ မ်က္စိ၊ နား၊ ႏွာေခါင္း၊ အစာအိမ္ ဒုကၡေပးတတ္ပါတယ္။ ခရီးကံအလြန္ေကာင္းေသာအခ်ိန္ျဖစ္ပါတယ္။ အေဝးကလည္း အကူအညီေကာင္းေတြ ရတတ္တယ္။ အိမ္ကိစၥ၊ အဖိုးတန္ ပစၥည္း ဝယ္ေရာင္းကိစၥေတြ ေအာင္ျမင္မယ္။ အိမ္ေဆာက္ပစၥည္း၊ အုတ္၊ သစ္၊ သံ၊ သြပ္၊ အသီးအႏွံ၊ ေရထြက္ကုန္၊ ခရီးသြားလုပ္ငန္းေတြ အက်ိဳးေပးမယ့္အခ်ိန္ျဖစ္ပါတယ္။ ေျမ၊ အေမြ၊ ဖုန္း၊ ပညာေရးကိစၥမ်ား ဆံုးျဖတ္ရခက္ေနမယ္။ အိမ္ေထာင္ရွင္မ်ားအတြက္ အိမ္ေထာင္ဖက္ရဲ႕ သတင္းေကာင္း ၾကားရတတ္ၿပီး ခ်စ္သူရည္းစားမ်ားအတြက္ကေတာ့ ေဝးေလေကာင္းေလဆိုတဲ့ ကိန္းမ်ိဳးျဖစ္ေနပါတယ္။ ထီဝါသနာပါရင္ (၁၆)  အတြဲလိုက္ပူးေနတဲ့ဂဏန္းကို ေရွ႕မွာထားၿပီး ထိုးပါ။ ယၾတာ။   ။ ဘုရားတစ္ဆူဆူရဲ႕စေနေထာင့္မွာ ထီးနီသက္ေစ့ လွဴဒါန္းၿပီး ဆုေတာင္းလိုက္ပါေလ။

 

ဗုဒၶဟူးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ အိမ္၊ ဆိုင္၊ စက္၊ အသံုးအေဆာင္အသစ္ေတြ တစ္ခုၿပီးတစ္ခု ဝင္လာတတ္ပါတယ္။ တစ္ခုရွိတာက ရွိၿပီးသား ပစၥည္းေတြကေတာ့ ထြက္တာ၊ ပ်က္တာ မ်ားေနမယ္။ ေငြမ်ားမ်ား ကိုင္မထားသင့္ပါဘူး။ အဲဒီေငြဟာ ေဆးဖိုးဝါးချဖစ္သြားတတ္ပါတယ္။ ဆန္၊ ဆီ၊ ေဆး၊ ဆား၊ စက္မႈ၊ စာအုပ္စာတမ္း၊ အိမ္ေဆာက္ပစၥည္း၊ စပ္တူရွယ္ယာ၊ အေဆာက္အဦကိစၥေတြ ေအာင္ျမင္အက်ိဳးေပးမယ့္အခ်ိန္မ်ိဳး ျဖစ္ ပါတယ္။ ခရီးသြားလာေရးကိစၥေတြ အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္ေနတတ္ပါတယ္။ ႏိုင္ငံျခားရပ္ေဝးနဲ႔ပတ္သက္လို႔ မထင္မွတ္ဘဲ အခြင့္အလမ္းေကာင္းေတြ ေပၚေပါက္လာတတ္ပါတယ္။ မိတ္ေဆြရင္း ဆရာရင္းတို႔ေၾကာင့္ စိတ္႐ႈပ္ေခါင္းစားရတတ္ပါတယ္။ ဘာမဆို မတင္မက်၊ မေရမရာျဖစ္ေနတတ္ တာေလးကို သတိျပဳပါ။ စိတ္ရွည္ပါ။ အိမ္ေထာင္ရွင္မ်ားအတြက္ အထစ္အေငါ့ေတြ ေျပလည္သြားမယ္။ ခ်စ္သူရည္းစားမ်ား ကံနိမ့္ေနတဲ့ကိန္းမ်ိဳး ျဖစ္ပါတယ္။ ထီဝါသနာပါရင္ (၁၃)အတြဲလိုက္ ပူးေနတဲ့ဂဏန္း ေရွ႕မွာထားၿပီးထိုးပါေလ။ ယၾတာ။   ။ ျမတ္စြာဘုရားမွာ အုန္းႏို႔ေခါက္ဆြဲ(၃)ပန္းကန္ လွဴဒါန္းပါေလ။ မိမိကိုယ္တိုင္လည္း စားရင္းဆုေတာင္းပါေလ။

 

ၾကာသပေတးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ထြက္ေန ဆံုး႐ံႈးေနတာေတြ ျပန္ရတတ္ပါတယ္။ ေငြေဟာင္း ပစၥည္းအေဟာင္း အလုပ္ေဟာင္း ေနရာေဟာင္းေတြ နဲ႔ ျပန္ၿပီးပတ္သက္ရတတ္ပါတယ္။ ျပႆနာေဟာင္း၊ ေရာဂါေဟာင္းေတြလည္း ျပန္ေပၚလာတတ္ပါတယ္။ မနာလိုအၿပိဳင္အဆိုင္ေပါေနမယ္။ ဘာ မဆို အၿပိဳင္အဆိုင္ၾကားက ေအာင္ျမင္လိမ့္မယ္။ ေငြ တအားရႊင္မယ္။ ရတနာပစၥည္းေတြ ဝင္တတ္တယ္။ လွ်ပ္စစ္ပစၥည္း၊ အလွကုန္၊ ကား၊ ေက်ာက္၊ ကြန္ပ်ဴတာ၊ ကင္မရာ၊ ၾကက္၊ ငါး လုပ္ငန္းေတြ အက်ိဳးေပးေအာင္ျမင္မယ့္အခ်ိန္ျဖစ္ပါတယ္။ ျပည္တြင္းျပည္ပခရီးကိစၥေတြမွာေတာ့ သို႔ေလာသို႔ေလာ မေရမရာျဖစ္ေနမယ္။ စပ္တူရွယ္ယာအလုပ္၊ စာခ်ဳပ္စာတမ္းကိစၥေတြမွာ သတိထားပါ။ ဆီး၊ မ်က္စိ၊ အစာအိမ္၊ သြား၊ ေသြး ဂ႐ုစိုက္ပါ။ အိမ္ေထာင္ရွင္မ်ား ေကာင္းေသာခြဲျခင္းႀကံဳရတတ္ၿပီး ငယ္ရြယ္သူမ်ားအတြက္ မဂၤလာလမ္းပြင့္တဲ့အခ်ိန္ျဖစ္ပါတယ္။ ထီဝါသနာပါရင္ (၂၄) အတြဲလိုက္ပူးေနတဲ့ဂဏန္း ေရွ႕မွာထားၿပီး ထိုးသင့္ပါတယ္။ ထိုးျဖစ္ေအာင္ထိုးဖို႔လည္း တိုက္တြန္းခ်င္ပါတယ္။ ယၾတာ။   ။ ျမတ္စြာဘုရားမွာ ေကာ္ရည္ေခါက္ဆြဲ(၂)ပန္းကန္ ဆြမ္းေတာ္ကပ္လွဴပါ။ မိမိကိုယ္တိုင္လည္း စားရင္းဆုေတာင္းပါေလ။

 

ေသာၾကာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ အဖက္ဖက္က အေျခအေနေကာင္းေတြ ႀကံဳလာမယ္။ စီးပြားေရးလုပ္ငန္းေတြ အထူးတိုးခ်ဲ႕သင့္တဲ့ အခါသမယပါပဲ။ မိတ္ေကာင္း ဆရာေကာင္းေတြ ေတြ႕မယ္။ စပ္တူရွယ္ယာအလုပ္၊ ျပည္တြင္းျပည္ပခရီး၊ ပညာေရးကိစၥေတြ အထူးေကာင္းပါတယ္။ ဆန္၊ ဆီ၊ ေဆး၊ ဆား၊ စက္မႈ၊ စာအုပ္၊ ေျမ၊ အေမြ၊ ဖုန္း ကိစၥမ်ားမွာ ေအာင္ျမင္မယ္။ အလွဴအတန္း၊ မဂၤလာပြဲမ်ားနဲ႔လည္း ႀကံဳႀကိဳက္ရတတ္ပါတယ္။ ဘာသာေရးလုပ္သေလာက္ ကံပြင့္လန္းေနမယ့္ရက္မ်ိဳးျဖစ္ပါတယ္။ ေဆြမ်ိဳးသားခ်င္းမ်ားနဲ႔ေတာ့ ျပႆနာႀကီးႀကီးမားမားေတြ ျဖစ္ရတတ္ပါတယ္။ လူရင္းတို႔ရဲ႕ မေကာင္းသတင္းတခ်ိဳ႕လည္း ၾကားရတတ္ပါတယ္။ အထည္၊ ထီး၊ ဖိနပ္၊ ေရႊ၊ ေအာက္လက္ငယ္သားတို႔အတြက္ေတာ့ စိတ္႐ႈပ္ေခါင္းစားရတတ္ပါတယ္။ ခ်စ္သူရည္းစားမ်ား ဆံုးျဖတ္ရခက္တဲ့အေျခအေန ႀကံဳလာမယ္။ အိမ္ေထာင္ရွင္ဆိုရင္ အညံ့မ်ားေနပါတယ္။ ထီထိုးမယ္ဆိုရင္ ေရွ႕မွာ (၃၅)ပူးေနတဲ့ ထီလက္မွတ္ဟာ လာဘ္လာဘေတြ ေခၚေဆာင္လာပါလိမ့္မယ္။ ဒူး၊ နား၊ ရင္ဘတ္ သတိထားပါ။

ယၾတာ။   ။ ျမတ္စြာဘုရားမွာ စမူဆာ(၈)ခု ဆြမ္းေတာ္ကပ္လွဴပါ။ မိမိကိုယ္တိုင္လည္း စားရင္းဆုေတာင္းပါေလ။

 

စေနသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ လုပ္ငန္းသစ္စျခင္း၊ ေနရာေျပာင္းျခင္း၊ အေျခအေနေျပာင္းတဲ့ကိစၥမ်ား အက်ိဳးေပးေအာင္ျမင္ႏိုင္ပါတယ္။ ျပည္တြင္း ျပည္ပခရီးေတြ ေအာင္ျမင္မယ္။ ထြက္ေနတဲ့ ေငြေတြ၊ ပစၥည္းေတြ ေအာင္ျမင္မယ္။ ကြဲကြာေနသူမ်ားနဲ႔ ျပန္လည္ဆံုဆည္းရတတ္ပါတယ္။ အသီး အႏွံ၊ သစ္၊ သံ၊ သြပ္၊ ေရထြက္ကုန္၊ ေရႊ၊ အလွကုန္၊ လွ်ပ္စစ္ပစၥည္း၊ ခရီးသြားလုပ္ငန္းေတြ ေအာင္ျမင္ႏိုင္ေသာအခ်ိန္ျဖစ္ပါတယ္။ ေငြကေတာ့ တအားဝင္ၿပီး တအားထြက္ေနလိမ့္မယ္။ ဝမ္းဗိုက္၊ ဦးေခါင္း၊ အဆစ္အျမစ္၊ က်န္းမာေရးဂ႐ုစိုက္ဖို႔ လိုပါတယ္။ အိမ္ေထာင္ရွင္မ်ား၊ ခ်စ္သူရည္းစားမ်ား ဆံုးျဖတ္ရခက္တဲ့ အခက္အခဲေလးေတြ ႀကံဳလာရတတ္ပါတယ္။ ဘာမဆို အထစ္အေငါ့ေလးေတြ ႀကံဳေပမဲ့ ေအာင္ျမင္ႏိုင္ေသာကိန္း ျဖစ္ပါတယ္။ ထီဝါသနာပါသူမ်ား ေရွ႕ဆံုးမွာ (၄၆) ပူးေနတဲ့ဂဏန္းကို ထိုးသင့္ပါတယ္။  

ယၾတာ။   ။ ျမတ္စြာဘုရားမွာ ေရွာက္သီးသုပ္(၄)ပန္းကန္ လွဴဒါန္းလိုက္ပါေလ။ မိမိကိုယ္တိုင္လည္း စားရင္း ဆုေတာင္းပါ။

 

သေဗၺဓမၼာ

ဇင္ေယာ္နီ

Share