ဖုန်းရွေပညာဆိုသည်မှာ တရုတ်တို့၏ ရိုးရာ ပညာရပ်တစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်ကို စနစ်တကျ သုတေသနပြုလုပ်ကာ သဘာဝ၏အားနှင့် ချိန်ဆ လျက် လူသားတို့အတွက် အကျိုးရှိစေရန် အသုံးချ သော ပညာရပ်တစ်ခု ဖြစ်ပါသည်။

ဖုန်းရွေပညာသည် တရုတ်တို့၏သမိုင်းတွင် ယဉ်ကျေးမှုအမှတ်အသားတစ်ခု ဖြစ်ပါသည်။ ရှေး ခေတ် တရုတ်ဟန်လူမျိုးတို့၏သမိုင်းတွင် ကြာမြင့် စွာ အခြေတည်ခဲ့သော ပညာရပ်လည်းဖြစ်ပါသည်။ 

ဖုန်းရွေပညာမှ သတ်မှတ်ပေးထားသော စည်းကမ်းချက်များအတိုင်း လိုက်နာကျင့်သုံးပါသော် မင်္ဂလာရှိခြင်း၊ ကျန်းမာရေးတိုးတက်ကောင်းမွန်ခြင်း၊ ဘဝ၏ရှင်သန်ရေးအတွက် အင်အားများတိုးပွားစေ ခြင်း၊ ပစ္စည်းဥစ္စာများ ပေါများကြွယ်ဝစေခြင်း၊ ဘဝ တိုးတက်အောင်မြင်စေခြင်းအကျိုးထူးများကို ရရှိစေ နိုင်ပါသည်။ 

အချို့တရုတ်လူမျိုးများသည် မိမိတို့၏ဧည့် ခန်းများတွင် လှပစေလိုသောရည်ရွယ်ချက်ဖြင့် သင်္ဘောပုံများ၊ ရွေတုံးပုံများ စသည်တို့ကို ချိတ်ဆွဲ တတ်ကြပေသည်။ ဖုန်းရွေပညာ ထွန်းကားလာ သည့် နောက်ပိုင်းတွင်မူ ဖုန်းရွေပညာနှင့် ညှိနှိုင်း၍ အဆောင်အယောင်များကို ထားရှိကြပါသည်။ 

ထို့ကြောင့် မည်သည့်ဖုန်းရွေဓာတ်ပန်းချီကို ချိတ်လျှင် မည်သည့်အကျိုးများ ထူးစေမည်ကို ရေး သားဖော်ပြလိုက်ပါသည်။ 

ရွေငါးကိုးကောင်ဓာတ်ပန်းချီ

‘ရွေငါးကိုးကောင် လာဘ်ကိုဆောင်’ဓာတ် ပန်းချီပုံကို ချိတ်ဆွဲထားခြင်းအားဖြင့် ငွေကြေးဥစ္စာ ပစ္စည်းများ တိုးသည်ထက်တိုး၊ ပွားသည်ထက်ပွား ကာ ကောင်းသောလိုအင်ဆန္ဒများလည်း ပြည့်စုံစေ နိုင်ပါသည်။ 

အဓိကအကျိုးထူးမှာ ငွေကြေးနှင့် ပစ္စည်း ဥစ္စာရတနာများ တိုးပွားစေနိုင်ပါသည်။ 

ယမုံအေး(စမ်းခေျာင်း)

Share