တစ်နေ့တွင် ကျွန်တော်၏ ဗေဒင်ဟော ခန်းသို့ ပြည်လမ်း၌ စားသောက်ဆိုင်ကြီး တစ် ဆိုင်ဖွင့်ထားသော ကိုအောင်ဆိုသူ ရောက်ရှိလာ လေသည်။

၎င်း၏ဆိုင်တွင် လက်ဖက်ရည်နှင့် အအေး ရသကဲ့သို့ အရက် ဘီယာများကိုလည်း ရောင်းချလေသည်။ 

များသောအားဖြင့် မနက်ပိုင်းများတွင် လက်ဖက်ရည်၊ ထမင်းကြော်၊ စမူဆာ၊ အီကြာ ကွေး စ သည်များကို အားပြု၍ ရောင်းချပြီး ညနေစောင်းလျှင်  အရက်ဆိုင်ဘက်သို့ အား သာသွားသော မနက်တစ်မျိုး၊ ညနေတစ်မျိုး ဆိုင်ဖြစ်ပါလေတော့သည်။ 

မနက်စောစောကပင် ကျွန်တော်သည် ထိုဆိုင်သို့သွား၍ မိတ်ဆွေများနှင့်အတူ လက် ဖက်ရည် သောက်ခဲ့ပါသေးသည်။ ယခု ထိုဆိုင် ပိုင်ရှင်ကို အောင်တစ်ယောက် ကျွန်တော့်ထံသို့ ဆိုက်ဆိုက် မြိုက်မြိုက်ကြီးရောက်လာခဲ့ခြင်း ဖြစ် လေသည်။ ကိုအောင်က -

‘‘မနက်က ...ဆိုင်ကို ဆရာလက် ဖက်ရည် လာသောက်တာ မြင်မှဘဲ ဆရာ့ကို သတိရမိသွားလို့ ဆရာရေ ...၊ အလုပ်တွေ ကများတော့ အပြင်လည်း မထွက်ဖြစ်ပါဘူး။ 

အခုဟာကတော့ ကျွန်တော့်ဆိုင်မှာ ရောင်း အားသိသိသာသာကျလာတာ တစ်လကျော်သွားပြီ ဗျ၊ ဘယ်လိုဖြစ်တယ် မဆိုနိုင်ပါဘူးဗျာ ...၊ အဲဒါ  မနက်က ဆရာ့ကိုမြင်လိုက်တော့ ငါတော့ မသွားလို့ မဖြစ်တော့ဘူးဆိုပြီး ပြေးလာခဲ့တာပါ ...’’ ဟု သူ၏ အဖြစ်သနစ်ကို ပြောပြပါသည်။ 

ကျွန်တော်လည်း သူ၏ မွေးခုလရက်များကို မေး၍ တွက်ချက်ကာ ဟောပြောရလေသည်။ ဟော ပြောခြင်း၏ နောက်ဆုံးတွင်မူ -

‘‘ခင်ဗျားတို့လို စားသောက်ဆိုင်တွေအတွက် အရေးအကြီးဆုံး သတိမူစရာတစ်ခုကို မှာလိုက်မယ် ဗျို့၊ ခင်ဗျားတို့ဆိုင်တွေမှာ အမှတ်မထင် နိမိတ်ပျက် ပြီး လာဘ်ပိတ်စေတဲ့ ကိစ္စတစ်ခုရှိနေတတ်တယ်။ 

အရက် ဘီယာ ကုမ္ပဏီတွေက သူတို့ရဲ့ ကြော်ငြာ၊ ဗီနိုင်းတွေ၊ ပိုစတာတွေ ခင်ဗျားတို့ဆိုင် မှာ လာချိတ်တဲ့အခါ အဲဒီ အရက် ဘီယာ ကြော်ငြာ တွေ၊ ကော့ကော်ကန်ကားပုံမျိုးတွေက ဘုရားခန်း ဘက်မှာရောက်နေတာတို့၊ ဘုရားစင်ထက်တောင် မြင့်တဲ့နေရာ တွေမှာ ရှိနေ တာတို့ဟာ မကောင်းဘူး ဗျ။ ဆိုင်ကို လာဘ်ပိတ် စေတယ်။ 

ခင်ဗျား ဆိုင်ကိုလည်း ကျွန်တော်မကြာ မကြာရောက်လေ့ ရှိပါတယ်။ ဟိုတစ်လော ကပဲ အ ရက် ကြော်ငြာအသစ်တွေ လာကပ်ထားသေးတယ် မဟုတ်လား။ အဲဒီကြော်ငြာတွေ ဘုရားခန်းဘက် ရောက်မ နေအောင်၊ ဘုရားစင်ထက် မြင့်မနေ အောင် သတိထားလိုက်ပေတော့ဗျို့ ...’’ဟု အလေးအနက် မှာကြားလိုက်ရလေတော့ သ တည်း။

ကျော်ဇောဟန်(တောင်တွင်းကြီး)

Share