လူတွေရဲ့ လိပ်ပြာခန္ဓာအကြောင်းတွေကို ဆရာကြီးမောင်ကျောက်တိုင် အတော်ကလေး ရေး ပြခဲ့ဖူးတာတွေ ရှိပါတယ်။ တခြားဆရာ့ဆရာတွေ လည်း ရေးဖူးခဲ့ကြတယ်။ နားလည်အောင် ပြောပြ ရရင်တော့ လူမှာ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာရယ်လို့ ရှိပါ တယ်။ ရုပ်ခန္ဓာကတော့ မြင်နေတွေ့နေ ပြောနေဆို နေကြတဲ့ ကိုယ်ဘယ်သူ၊ မဘယ်ဝါတို့ရဲ့ မြင်နိုင်တဲ့ ခန္ဓာပါပဲ။ နာမ်ခန္ဓာကတော့ လွယ်လွယ်ကူကူ မမြင် သာဘူး။ တစ်ခါတလေတော့လည်း အမှတ်တမဲ့မြင် တွေ့နိုင်တာတွေ ရှိတယ်။

Read more...

မနောမယ စာစောင်သို့ ကိုယ်တွေ့ဖြစ်ရပ်မှန် ရေးသားပေးပို့ခြင်း

အနယ်နယ်အရပ်ရပ်မှ ပေးပို့လာကြသော သရဲ၊ တစ္ဆေ၊ အခြောက်အလှန့်၊ ဝိညာဉ်လောက၊ ပရလောကဆိုင်ရာ ဖြစ်ရပ်ဆန်းစာမူများ၊ ကိုယ်တွေ့ဖြစ်ရပ်များထဲမှ ရွေးချယ်၍ တင်ဆက်လိုက်ပါပြီ ... ဝါသနာကိုယ်စီ ရှိကြသည်ဆိုသည့်စကားနှင့် အညီ လူတိုင်းမှာတော့ မိမိနှစ်သက်ရာကို စွဲလမ်း မက်မောသော အကျင့်များ ရှိသည့်အထဲမှာ အဖေက ထူးထူးခြားခြား ရှေးဟောင်းပစ္စည်း စုဆောင်းတာ အလွန်ဝါသနာပါသည်။ အိမ်မှာ ဟင်္သာရုပ်မျိုးစုံ၊ အရွယ်အစားအမျိုးမျိုး၊ သီတာ၊ ရာမ၊ လက္ခဏာပုံ ရှေးဟောင်းလက်ရာ ပန်းပုလက်ရာမျိုးစုံ၊ ကျောက် ဖြစ်ရုပြွ်ကင်း အပိုင်းအစများ စနစ်တကျ သိမ်းဆည်း ထားတတ်ရုံတင်မက ဘယ်မှာပဲ ထူးခြားသော ရှေး ဟောင်းပစ္စည်းများ ရှိသည်ဟု သတင်းကြားသည်နှင့် တစ်ပြိုင်နက် ကုန်းလမ်းခရီး၊ လေလမ်းခရီး နီးနီး ဝေးဝေး မညည်းမညူ အဖေရောက်အောင်သွား၍ ရောင်းသည့် ပစ္စည်းများဖြစ်လျှင် မတန်တဆ ဈေး ပေး၍ ဝယ်လေ့ရှိသည်။

Read more...

၂၀၁၅ မေလ ၂၀ ရက်မှာ ချမ်းမြေ့အောင် စည်ရပ်ကွက် နယ်မြေမှူးတစ်ယောက် ပြောလာတာ က ဆရာ့ကို ကလေးမြို့နယ် လေးဘာသာ ငြိမ်းချမ်း ရေးရဲ့ အကျိုးတော်ဆောင်အဖြစ် မြို့နယ်သာသနာ ရေးဦးစီးဌာနက ရွေးချယ်ထားတဲ့အကြောင်း လာ ပြောတာပါတဲ့။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီလို ဘာသာတရား ငြိမ်းချမ်းမှုအတွက် လေးဘာသာ လက်တွဲဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်းကို လည်း ရယက စာရေးမက ပြောပြလို့ သိရပါတယ်။ ဒီဘာသာကြီးလေးရပ်အပြင် ကျွန်ုပ်တို့ မြန်မာပြည် မှာ ဆစ်ခ်ဘာသာ၊ ဂျိမ်းဘာသာဆိုတာလည်း ရှိပါ သေးတယ်။ သို့သော် ဒါကတော့ လူနည်းစု။ မိမိတို့ ရဲ့ ဘုရားသခင် အဆုံးအမ သြဝါဒကို ခံယူ၊ ကျင့် သုံးနေခြင်းဟာ ငြိမ်းချမ်းခြင်း စစ်မှန်စွာ ဖြစ်စေ တာ အမှန်ပင်ဖြစ်လင့်ကစား ဘာသာရေးခေါင်း ဆောင်မှ အောက်ခြေလူတန်းစားအထိ ယဉ်ကျေးမှု ခြင်း ဖလှယ်တာ၊ အထူးသဖြင့် မိမိတို့ရဲ့ ဘာသာ အသီးသီးတို့မှ ရလာတဲ့အသိချင်း နှီးနှောတာ၊ ကုသိုလ်၊ အကုသိုလ်ကို ခွဲခြားပြီး ဆောင်အပ်၊ ရှောင် အပ်တဲ့ သုစရိုက်၊ ဒုစရိုက်တွေကို ကိုယ်ပိုင်အသိ စိတ်နဲ့ ကျင့်သုံး ဖယ်ရှားမှုတွေ ပြုလုပ်နိုင်ခြင်းဖြင့် မတရားမှုဆိုတဲ့ အမည်းကွက်ကို အဝေးမှ ကွင်းရှောင် နိုင်ကြမှာ ဖြစ်ပါတယ်။

Read more...

လူ့ဘဝမှာ "ချမ်းချမ်းသာသာ ပေါ်ပေါ်ထင် ထင်" နေနိုင်ဖို့ဆိုတာ သိပ်တော့မလွယ်လှဘူး။ တချို့က မွေးကတည်းက ချမ်းသာတဲ့မိဘဝမ်းထဲမှာ ဝင်စားလာတဲ့အတွက် ချမ်းချမ်းသာသာ ပေါ်ပေါ်ထင် ထင် နေထိုင်နိုင်ဖို့ လွယ်လွယ်ကလေး ဖြစ်လာတယ်။ တချို့ကတော့ မွေးကတည်းက ဆင်းရဲတဲ့မိဘဝမ်းထဲ မှာ ဝင်စားလာတဲ့အတွက် ချို့ချို့ငဲ့ငဲ့နဲ့ နေထိုင်ကြီး ပြင်းခဲ့ကြရတယ်။ အဲဒါက အတိတ်ကပါလာတဲ့ ကံနဲ့ ဆိုင်တယ်။

Read more...

ဘာသာရေးနယ်ပယ်မှာပဲဖြစ်စေ၊ လူမှုရေး ရှုထောင့်ကပဲ ကြည့်ကြည့်၊ အထက်ကိုတက်လှမ်းပါ တော့မယ်ဆိုလို့ရှိရင် ဦးတည်ချက် ပန်းတိုင်ဆိုတာက လမ်းဆုံးပါပဲ။ သို့သော် အဲဒီလို လှမ်းတက်ဖို့ဆိုတဲ့ နေရာမှာ ရည်ရွယ်ချက်တွေက အမျိုးမျိုးထားရှိကြ တယ်။ တချို့ မျိုးရိုးအစဉ်အလာအရ အမွေဆက် လက်ခံယူတဲ့ အလေ့အထ၊ တချို့ အားကျတဲ့ပုဂ္ဂိုလ် တွေကို မှီပြီးတော့ တက်လမ်းရှာဖွေကြသူတွေ၊ အချို့မှာ ကျော်ကြားလိုစိတ်တစ်ခုတည်းနှင့် စတန့် ထွင်တတ်သူတွေ၊ ရင်တွင်းက ပေါက်ဖွားလာတဲ့ မကောင်းသူပယ်၊ ကောင်းသူကယ်လိုတဲ့ ကရုဏာ ရှင်ကြီးတွေ၊ ပြီးတော့လည်း ဘဝကြမ္မာရဲ့ ရိုက်ချက် ကို ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့ လူးလူးလွန့်လွန့် ဆုံးရှုံးသောအခါများမှာဆိုရင် အံကြိတ်ပြီး အောင်မြင် မှုများရလာတဲ့အခါ ဘုရားရှိခိုးတတ်တဲ့ ရဟန်းရှင်လူ ပုဂ္ဂိုလ်တချို့ကိုလည်း မြင်တွေ့ဖူးပါတယ်။

Read more...

ကမ္ဘာကြီးရဲ့ မိုးကောင်းကင်ပြင်ကြီးပေါ်မှာ ကြယ်အစုအဝေးကလေးတွေ များစွာတည်ရှိနေကြပါ သည်။ ထိုအစုလိုက်တည်ရှိနေသည့် ကြယ်ပေါင်း မြောက်မြားစွာတွေထဲက နေသွားလမ်းတစ်လျှောက် မှာရှိနေတဲ့ ကြယ်အစုအဝေးတွေကို စနစ်တကျ လေ့လာ သုံးသပ်ကြည့်ရင်းကနေ နက္ခတ်ဗေဒင် ပညာရပ်လို့ ဖြစ်ထွန်းပေါ်ပေါက်လာရတာပါ။

Read more...

အိမ်ထောင်ရေးပြဿနာတွေထဲက အောက်လမ်းပညာ

လူရယ်လို့ဖြစ်လာရင် အိမ်ထောင်ရက်သား ပြုကြတာ ဓမ္မတာပါ။ လောကမှာ အိမ်ထောင်ပြု ကြသည့်သူတွေအတွက် မဆန်းပေမယ့် အိမ်ထောင် မပြုတဲ့သူတွေကတော့ ဆန်းပြားနေတတ်ကြပါ တယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က လူပျို ကြီးပါ။ ခုချိန်ထိအိမ်ထောင်မပြုဘဲ နေလာခဲ့သူဖြစ်ပြီး သူ့မှာ လက်သုံးစကားတစ်ခုရှိပါတယ်။ အဲဒါကတော့ "လောကကြီးကို တစ်ယောက် တည်း ရင်မဆိုင်ရဲလို့ နှစ်ယောက်တွဲရင်ဆိုင်ကြမယ် ဆိုပြီး အိမ်ထောင်ပြုကြတာပါ။

Read more...

အခုခေတ်က နည်းပညာခေတ်ဖြစ်ပါတယ်။ စက်တွေက လူတွေကိုပိုင်နိုင်ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုရတာ များလွန်းတော့ လူသားတွေများမှာရှိတတ်တဲ့ နွေးထွေးမှု ကြင်နာမှု နားလည်မှု စာနာမှု များကို သိပ်အကြောင်းမဟုတ်လှတဲ့ ကိစ္စတွေလို့ ထင်လာတဲ့ သူတွေရှိပါတယ်။ လူသားများနဲ့သာမက သဘာဝလောကကြီးနဲ့ အဆက်ပြတ်နေတဲ့ သူတွေ တောင်မှ ရှိပါသေးတယ်။ သဘာဝကို မသိတော့ လည်း ဘာဖြစ်လဲလေ။ နည်းပညာကိုတတ်မှ လူရာ ဝင်တာ၊ ငွေများများရနိုင်မှာစတဲ့ အယူအဆတွေက အတော်ကို နေရာယူနေပါတယ်။

Read more...

(ယခင်အပတ်မှအဆက်)

နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်၊ အကျော်၊ စံပါ၊ နံ့သာငါးပါးသွေးပြီး ကြေးဖလားခွက်ထဲမှာထည့် ဒါပြီး လေးမျက်နှာဆေး၊ ငါးမျက်နှာဆေး၊ ရှစ်ဆူကျော် စမကို ပြာချ၊ နံ့သာရည်ထဲဖျော်ထား၊

Read more...