ကျွန်တော် ဗေဒင်ဆရာမဖြစ်မီက ဇနီးသည် ဖြစ်သူ မတင့်သည် လှိုင်၊ ၃ ရပ်ကွက်၊ ရတနာမွန် စျေး၌ မုန့်ဟင်းခါးဆိုင်နှင့် ကုန်ခြောက်ဆိုင် ဖွင့်ပါ သည်။ စျေးသည်ဘဝဖြင့် ၁ဝ နှစ်ခန့် ရပ်တည်ခဲ့ရ သောကြောင့် ကျွန်တော် ဗေဒင်ဆရာဖြစ်လာသော အခါတွင်လည်း ကျွန်တော်၏ ပရိသတ်အများစုမှာ စျေးသည်ဘဝက ရင်းနှီးကျွမ်းဝင်ခဲ့ကြသော စျေး မိတ်ဆွေများက အများစု ဖြစ်နေပါတော့သည်။

Read more...

‘‘မင်္ဂလာပါ ဆရာ’’

‘‘မင်္ဂလာပါကွယ်’’

‘‘ဒီနေ့ဆရာသင်ကြားမှာက ကိလေသာ(၁ဝ) ပါးဆိုတဲ့ ခေါင်းစဉ်ကို သင်ကြားပို့ချပေးမှာဖြစ်တယ်။

ခေါင်းစဉ်က ဘာလဲ’’ ‘‘ကိလေသာ (၁ဝ)ပါး’’ ‘‘ကိလေသာဆိုတာ မြန်မာလိုစိတ်၏အညစ် အကြေးလို့ ခေါ်တယ်။ ကိလေသာဆိုတာဘာလဲ’’ ‘‘စိတ်အညစ်အကြေး’’ ‘‘ဟုတ်ပြီ။ စိတ်၏ညစ်နွမ်းစေသောစိတ်တွင် ဖြစ်ပေါ်နေသော မကောင်းသည့်အရာ (၁ဝ)မျိုးရှိ သည်။ ဒီ(၁ဝ)မျိုးကို မပြောခင်မှာ ရုပ်နဲ့ နာမ်ဆိုတာ ပြောပြမယ်။ ရုပ်ဆိုတာ ကိုင်တွယ်လို့ရတယ်။ ဖောက် ပြန်ပျက်စီးတတ်တာကို ရုပ်လို့ခေါ်တယ်။ နာမ် တရားကတော့ ရုပ်တရားကို မှီပြီးဖြစ်ပေါ်လာသော ‘သိခြင်း’တရားကို နာမ်တရား၊ ‘ခံစား’တတ်တာကို နာမ်တရားလို့ ခေါ်တယ်။ သက်မဲ့တွေမှာတော့ ရုပ် တရားရှိပေမယ့် နာမ်တရားမရှိဘူး။ သက်ရှိတွေမှာ တော့ ရုပ်တရားလည်း ရှိတယ်။ နာမ်တရားလည်း ရှိတယ်။ အားလုံး နားလည်ပြီလား’’

Read more...

ကမ္ဘာမှာ ကြီးပွားချမ်းသာ အောင်မြင်နေသူတွေကို လေ့လာလိုက်တဲ့အခါ သူတို့မှာ အတုယူ ဖွယ် သော့ချက်(၉)ချက် ပိုင်ဆိုင်ထားတာကို တွေ့ရပါတယ်။

(၁) တရားထိုင်ခြင်း ချမ်းသာအောင်မြင်နေသူတွေ အတော်များများဟာ မိမိတို့ဘာသာအလိုက် တရားထိုင်တဲ့ကျင့် စဉ်မျိုး ပြုလုပ်လေ့ရှိတာကို တွေ့ရပါတယ်။ ဘာသာရေးအရ မဟုတ်ရင်တောင် စိတ်ကို ကြည်လင်လန်း ဆန်းစေတဲ့ကျင့်စဉ်တွေ၊ လေ့ကျင့်ခန်းတွေ တစ်ခုမဟုတ်တစ်ခု ပြုလုပ်လေ့ရှိကြပါသတဲ့ ...။

Read more...

"ဒီတစ်ခါပြောမှာကတော့ နံပါတ် ၄၉ ဖြစ် တဲ့ ကောင်းကင်နဲ့လေ ဆိုတဲ့ သင်္ကေတအကြောင်းပဲ....၊ ဒီသင်္ကေတကို ရုတ်တရက်ကြုံကြိုက်ခြင်း" လို့ အဓိပ္ပာယ်ဖွင့်ဆိုကြတယ် ...၊

Read more...

ဒီဆောင်းပါးကို ရေးတဲ့အခါမှာ ကိုမြတ်ခိုင် ရေးလေ့ရှိသလို တစ်ခါက ဖြစ်ပါသည်လို့ ဝါကျ တစ်ကြောင်း ထည့်ရေးရမယ်ထင်ပါတယ်။ တစ်ခါက ဖြစ်ပါတယ်။ မမဝင်းလို့ ချိုသာတဲ့ အသံကလေးနဲ့ ခေါ်ပြီး အနီးကိုကပ်လာတဲ့ ငယ်ရွယ်ဟန်ဆောင် ထားသူတစ်ယောက်ကို မြင်ရပါတယ်။ အသက်မဲ့ အပြုံး ပွင့်ကလေးများ ဆင်သရင်း စကားလာပြော တဲ့သူနဲ့ မတွေ့ရတာ ဆယ်စုနှစ်တစ်နှစ်တောင်မှ ပြည့်လောက်ပါပြီ။ စာရေးသူငယ်ငယ်က စိတ်ပညာ စာအုပ်များ ကို တော်တော် ဖတ်ဖြစ်ပါတယ်။ အဲသည်ခေတ်က အထူးပြုဘာသာ ခေတ်မဟုတ်ပါဘူး။ ဘာသာတွဲ ခေတ်ဖြစ်တော့ ယူခဲ့တဲ့ဘာသာတွဲထဲမှာ စိတ်ပညာ လည်း ပါတယ်၊ ကိုယ်တိုင်ကလည်း စိတ်ဝင်စား တယ် ဆိုတော့ အဲသည်စာအုပ်များကို ဖတ်မိပါ တယ်။ Abnormal Psychology ကို စတင် သင် ကြားတဲ့နေ့ကစပြီး အဲသည်သင်ခန်းစာနဲ့ ပတ်သက် တာတွေကို ဖတ်လိုက်တာ မိမိရော ပတ်ဝန်းကျင်က လူတွေရော တစ်ယောက်ကမှအကောင်း မဟုတ် တော့ဘူး။ 

Read more...

မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတ ဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်က ဖြစ် ပါသည်။ သာဝတ္ထိပြည်သား အမျိုးကောင်းသားတစ် ဦးသည် ဘုရားရှင်၏တရားတော်၌ ကြည်ညိုသက် ဝင်သဖြင့် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ပါသည်။ အချိန်အတော်အသင့်ကြာသောအခါ ထိုရဟန်း၏ မယားဟောင်းမှ ဖြားယောင်းသွေးဆောင်သော ကြောင့် ရဟန်းဘောင်မှ လူ့ဘောင်သို့ ထွက်လိုသော ဆန္ဒများဖြစ်လာခဲ့ပါသည်။ ထိုသို့ ဖြစ်ပေါ်လာခဲ့ပုံကို ဥပဇ္ဈာယ်ဆရာအား လျှောက်ထားခဲ့ရာ ဥပဇ္ဈာယ် ဆရာက ထိုရဟန်းအား ဘုရားရှင်ထံသို့ ခေါ်ဆောင် သွားခဲ့ပါသည်။ ဥပဇ္ဈာယ်ဆရာက ဘုရားရှင်အား လျှောက်တင်ရာ တပည့်ရဟန်းကလည်း မှန်ကန် ကြောင်း လျှောက်တင်ပါသည်။ ထိုအခါ ဘုရားရှင် က- "

Read more...

လူ့လောကမှာ တွေ့ကြုံဆုံကွဲ ဖြစ်မြဲဓမ္မတာ ဆိုတဲ့ စကား ရှိပါတယ်။ မွေးလာတာဟာ သေဖို့ပါပဲ။ တွေ့ကြဆုံကြတာဟာကွဲ ဖို့ပါပဲ။ ဒါဖြင့်ရင် အကျိုးမဲ့ အနှစ်မဲ့ ဘဝကြီးပေါ့နော်လို့ပြောရင် ဒီအတိုင်းဆိုရင် တော့ ဟုတ်ပါတယ်။ အကျိုးမဲ့ အနှစ်မဲ့ရုံမက အပြစ် တွေ အများကြီး ဖြစ်သွားနိုင်သေးတယ်လို့ ပြောရ မှာ ဖြစ်ပါတယ်။ သို့ပေမယ့် အကျိုးလည်းရှိ အနှစ်လည်း ပြည့်ပြီး တွေ့ကြကြုံကြတုန်းမှာ ပါရမီဖက်များဖြစ် သွားအောင် နေတတ်ရင်တော့ မြင့်သည်ထက်မြင့်တဲ့ ဘဝကို တက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်။

Read more...

ရွှေပေါ်ကျွန်းသာသနာပြုစခန်းမှာ အမြဲနေ ရဟန်းရှင်လူ ရသေ့ ယောဂီတစ်ထောင်လောက်သော ပရိသတ်နှင့် နေ့စဉ် တစ်ထောင်မှ သုံးထောင်လေးထောင်အပြင် အခါကြီးရက်ကြီးများအတွင်း သောင်း ဂဏန်းနီးပါးမှ သောင်းကျော်ပရိသတ်သည် နေ့စဉ် နေ့ညအမြဲတန်း လိုလို ဒါနမှု သီလမှု ဘာဝနာကောင်းမှု ဝေယျာဝစ္စကောင်းမှုများစွာပါ ထာဝရ သက်ဝင်ရှင်သန်လှုပ်ရှားလျက်ရှိကြ၏။ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အရှင်ဇေယျ သိဒ္ဓိဓမ္မဉာဏိက စေတော်ဝင် ရွှေပေါ်ကျွန်းဆရာတော်ကြီးသည် တစ်ပါးတည်းဦးဆောင်မှု ဖြင့် အားလုံးကို ပြည့်စုံအောင် အေးချမ်းအောင် သက်သောင့် သက် သာဖြင့် ပုံမှန်ဆောင်ရွက်တော်မူနိုင်ပါသည်။ ထိုနေ့က စေတော်ဝင်ကျောင်းတော်ကြီးအတွင်းမှာ အလှူဒါနပွဲများဖြင့် ပရိသတ် စည်ကားလျက်ရှိသောနေ့ ဖြစ်၏။

Read more...