ငါးမိနစ်ပဲ စောင့် -အောင်အေး(ရွှေဒဿနများ)-

ပန်းခြံတစ်ခြံရဲ့ ကလေးကစားကွင်းမှာ အမျိုး သမီးတစ်ယောက်ဟာ အမျိုးသားတစ်ယောက်နဲ့ အတူ ထိုင်ခုံတစ်ခုံမှာ ထိုင်နေကြပါတယ်။ သူတို့ နှစ်ဦးစလုံး ကလေးကစားကွင်းမှာ ကစားနေကြတဲ့ သားသမီးတွေကို စောင့်ပေးနေကြတာပါ။

အတူတကွ ထိုင်နေကြရင်း တစ်ယောက်နဲ့တစ်ယောက် မိတ် ဆက်ကြပါတယ်။ အမျိုးသမီးက သူ လာစောင့်ပေး နေတဲ့သားကို ညွှန်ပြရင်း မိတ်ဆက်ပေးပါတယ်။

“ဟိုမှာ လျှောစီးပြီး ဆင်းလာတာ ကျွန်မရဲ့ သားလေးပေါ့၊ အင်္ကျီအဖြူရောင် ဝတ်ထားတယ်”

အမျိုးသားက အလိုက်အထိုက် ပြန်ပြောလိုက် ပါတယ်။

“ခင်ဗျားရဲ့ သားက သားချောလေးပဲ၊ ကျွန်တော့်သမီးက ဟိုမှာ စက်ဘီးစီးနေတဲ့ ကောင်မ လေးပေါ့၊ အင်္ကျီအနီရောင် ဝတ်ထားတယ်”

“ဟုတ်လား၊ ရှင့်သမီးကလည်း အချောလေး ပဲ”

အမျိုးသမီးကလည်း အလိုက်အထိုက် ပြန်ပြော ပါတယ်။ အဲဒီအချိန်မှာ အမျိုးသားက သူ့သမီးကို လှမ်းပြီး အော်ပြောလိုက်ပါတယ်။

“သမီး ‘မယ်လစ်ဆာ’ ရေ၊ ပြန်ကြရအောင်”

သမီးလေးက စက်ဘီးကို ကစားကွင်းထဲ လှည့်ပတ်စီးနေရင်း သူ့အဖေကို ပြန်အော်ပြောပါ တယ်။

“ငါးမိနစ်ပဲ ဒက်ဒီ၊ ငါးမိနစ်ပဲ စောင့်”

အဖေဖြစ်သူက ပြုံးပြီး ဆက်ထိုင်နေပါတယ်။ နောက်ငါးမိနစ်လောက်ကြာတော့ သူက လက်ပတ် နာရီကို ငုံ့ကြည့်ရင်း သမီးကို လှမ်းအော်ပြောလိုက် ပြန်ပါတယ်။

“သမီးရေ ... ငါးမိနစ် ပြည့်သွားပြီ၊ ပြန်ကြ ရအောင်လေ”

သမီးလေးက စက်ဘိးစီးရတာ ဝပုံမရသေးပါ ဘူး။ အဖေ့ကို ပြန်ပြီး အော်ပြောလိုက်ပါတယ်။

“ငါးမိနစ်ပဲ ဒက်ဒီ၊ ငါးမိနစ်ပဲ စောင့်”

အဖေဖြစ်သူက ပြုံးပြီး ဆက်ထိုင်နေပါတယ်။ ဒီတော့ ဘေးနားက အမျိုးသမီးကို သူ့ကို ချီးကျူး ပါတယ်။

“ရှင်က တကယ် စိတ်ရှည်တဲ့အဖေပဲနော်၊ သမီးက စောင့်ခိုင်းတိုင်း စိတ်ရှည်ရှည် စောင့်ပေး တယ်၊ တချို့အဖေတွေဆို ဆူပူကြိမ်းမောင်းပြီး ပြန် ခေါ်သွားမှာ”

ဒီတော့ သူက အဲဒီအမျိုးသမီးကို ရှင်းပြတယ်။

“ကျွန်တော် စိတ်ရှည်တာ အကြောင်းရှိပါ တယ်၊ မနှစ်က ဒီအချိန် ဒီနေရာမှာပဲ သမီးရဲ့အစ်ကို ကျွန်တော့်သားလေး စက်ဘီးလာစီးတာကို ကျွန်တော် က အခုလိုပဲ လာစောင့်ပေးခဲ့တာပါ၊ သားက ငါး မိနစ်ပဲစောင့်ပေးပါလို့ ပြောတာကို ကျွန်တော်က စိတ်တိုပြီး မစောင့်ပေးခဲ့ဘူး၊ မင်းဘာသာ အိမ်ပြန် လာတော့လို့ ပြောပြီး  ကျွန်တော် ထွက်သွားခဲ့တယ်၊ သားလေးက အိမ်ပြန်လာရင်း အရက်မူးနေတဲ့ကား သမားတစ်ယောက်ရဲ့ ကားက ဝင်တိုက်လို့ အသက် ဆုံးသွားရတယ်၊ ကျွန်တော်သာ စောင့်ပေးခဲ့ရင် အဲဒီ လို မဖြစ်နိုင်ဘူး၊ အဲဒီလို ကျွန်တော်မှားခဲ့ဖူးတဲ့ အမှား ကို ထပ်မမှားချင်တော့ဘူး၊ ဒါကြောင့် သမီးလေးက စောင့်ခိုင်းတာကို ကျွန်တော် ဆက်စောင့်ပေးနေတာ ပါ၊ သူက နောက်ထပ် ငါးမိနစ် ထပ်စောင့်ခိုင်းရင် လည်း ဆက်စောင့်ပေးနေမှာပါပဲ”

သူ ရှင်းပြတဲ့စကားကို ကြားရတော့ အမျိုးသမီး လည်း အတော် စိတ်မကောင်းဖြစ်သွားပါတယ်။

တကယ်တော့ လူ့ဘဝမှာ အချိန်နဲ့ပတ်သက်ရင် ဦးစားပေးရမယ့်အချိန်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဲဒီလို ဦးစားပေးရမယ့်အချိန်တွေ အတွင်းမှာ ဘယ်အချိန်မှာ ဘယ်ကိစ္စကို ဦးစား ပေးရမယ်ဆိုတာကိုတော့ စဉ်းစားဆုံးဖြတ်တတ်ဖို့ လိုပါတယ်။ မိသားစုအရေးကတော့ ထိပ်တန်းထား ပြီး ဆုံးဖြတ်ပေးရမှာပါ။ မဟုတ်ရင် နောင်တ ရနိုင် ပါတယ်။

အောင်အေး

(ရန်ကုန်တက္ကသိုလ်)

Source: short wisdom stories

 

zawgyi version

 

ငါးမိနစ္ပဲ ေစာင့္

-ေအာင္ေအး(ေရႊဒႆနမ်ား)-

ပန္းၿခံတစ္ၿခံရဲ႕ ကေလးကစားကြင္းမွာ အမ်ိဳး သမီးတစ္ေယာက္ဟာ အမ်ိဳးသားတစ္ေယာက္နဲ႔ အတူ ထိုင္ခံုတစ္ခံုမွာ ထိုင္ေနၾကပါတယ္။ သူတို႔ ႏွစ္ဦးစလံုး ကေလးကစားကြင္းမွာ ကစားေနၾကတဲ့ သားသမီးေတြကို ေစာင့္ေပးေနၾကတာပါ။ အတူတကြ ထိုင္ေနၾကရင္း တစ္ေယာက္နဲ႔တစ္ေယာက္ မိတ္ ဆက္ၾကပါတယ္။ အမ်ိဳးသမီးက သူ လာေစာင့္ေပး ေနတဲ့သားကို ၫႊန္ျပရင္း မိတ္ဆက္ေပးပါတယ္။

“ဟိုမွာ ေလွ်ာစီးၿပီး ဆင္းလာတာ ကြ်န္မရဲ႕ သားေလးေပါ့၊ အက်ႌအျဖဴေရာင္ ဝတ္ထားတယ္”

အမ်ိဳးသားက အလိုက္အထိုက္ ျပန္ေျပာလိုက္ ပါတယ္။

“ခင္ဗ်ားရဲ႕ သားက သားေခ်ာေလးပဲ၊ ကြ်န္ေတာ့္သမီးက ဟိုမွာ စက္ဘီးစီးေနတဲ့ ေကာင္မ ေလးေပါ့၊ အက်ႌအနီေရာင္ ဝတ္ထားတယ္”

“ဟုတ္လား၊ ရွင့္သမီးကလည္း အေခ်ာေလး ပဲ”

အမ်ိဳးသမီးကလည္း အလိုက္အထိုက္ ျပန္ေျပာ ပါတယ္။ အဲဒီအခ်ိန္မွာ အမ်ိဳးသားက သူ႔သမီးကို လွမ္းၿပီး ေအာ္ေျပာလိုက္ပါတယ္။

“သမီး ‘မယ္လစ္ဆာ’ ေရ၊ ျပန္ၾကရေအာင္”

သမီးေလးက စက္ဘီးကို ကစားကြင္းထဲ လွည့္ပတ္စီးေနရင္း သူ႔အေဖကို ျပန္ေအာ္ေျပာပါ တယ္။

“ငါးမိနစ္ပဲ ဒက္ဒီ၊ ငါးမိနစ္ပဲ ေစာင့္”

အေဖျဖစ္သူက ၿပံဳးၿပီး ဆက္ထိုင္ေနပါတယ္။ ေနာက္ငါးမိနစ္ေလာက္ၾကာေတာ့ သူက လက္ပတ္ နာရီကို ငံု႔ၾကည့္ရင္း သမီးကို လွမ္းေအာ္ေျပာလိုက္ ျပန္ပါတယ္။

“သမီးေရ ... ငါးမိနစ္ ျပည့္သြားၿပီ၊ ျပန္ၾက ရေအာင္ေလ”

သမီးေလးက စက္ဘိးစီးရတာ ဝပံုမရေသးပါ ဘူး။ အေဖ့ကို ျပန္ၿပီး ေအာ္ေျပာလိုက္ပါတယ္။

“ငါးမိနစ္ပဲ ဒက္ဒီ၊ ငါးမိနစ္ပဲ ေစာင့္”

အေဖျဖစ္သူက ၿပံဳးၿပီး ဆက္ထိုင္ေနပါတယ္။ ဒီေတာ့ ေဘးနားက အမ်ိဳးသမီးကို သူ႔ကို ခ်ီးက်ဴး ပါတယ္။

“ရွင္က တကယ္ စိတ္ရွည္တဲ့အေဖပဲေနာ္၊ သမီးက ေစာင့္ခိုင္းတိုင္း စိတ္ရွည္ရွည္ ေစာင့္ေပး တယ္၊ တခ်ိဳ႕အေဖေတြဆို ဆူပူႀကိမ္းေမာင္းၿပီး ျပန္ ေခၚသြားမွာ”

ဒီေတာ့ သူက အဲဒီအမ်ိဳးသမီးကို ရွင္းျပတယ္။

“ကြ်န္ေတာ္ စိတ္ရွည္တာ အေၾကာင္းရွိပါ တယ္၊ မႏွစ္က ဒီအခ်ိန္ ဒီေနရာမွာပဲ သမီးရဲ႕အစ္ကို ကြ်န္ေတာ့္သားေလး စက္ဘီးလာစီးတာကို ကြ်န္ေတာ္ က အခုလိုပဲ လာေစာင့္ေပးခဲ့တာပါ၊ သားက ငါး မိနစ္ပဲေစာင့္ေပးပါလို႔ ေျပာတာကို ကြ်န္ေတာ္က စိတ္တိုၿပီး မေစာင့္ေပးခဲ့ဘူး၊ မင္းဘာသာ အိမ္ျပန္ လာေတာ့လို႔ ေျပာၿပီး  ကြ်န္ေတာ္ ထြက္သြားခဲ့တယ္၊ သားေလးက အိမ္ျပန္လာရင္း အရက္မူးေနတဲ့ကား သမားတစ္ေယာက္ရဲ႕ ကားက ဝင္တိုက္လို႔ အသက္ ဆံုးသြားရတယ္၊ ကြ်န္ေတာ္သာ ေစာင့္ေပးခဲ့ရင္ အဲဒီ လို မျဖစ္ႏိုင္ဘူး၊ အဲဒီလို ကြ်န္ေတာ္မွားခဲ့ဖူးတဲ့ အမွား ကို ထပ္မမွားခ်င္ေတာ့ဘူး၊ ဒါေၾကာင့္ သမီးေလးက ေစာင့္ခိုင္းတာကို ကြ်န္ေတာ္ ဆက္ေစာင့္ေပးေနတာ ပါ၊ သူက ေနာက္ထပ္ ငါးမိနစ္ ထပ္ေစာင့္ခိုင္းရင္ လည္း ဆက္ေစာင့္ေပးေနမွာပါပဲ”

သူ ရွင္းျပတဲ့စကားကို ၾကားရေတာ့ အမ်ိဳးသမီး လည္း အေတာ္ စိတ္မေကာင္းျဖစ္သြားပါတယ္။

တကယ္ေတာ့ လူ႔ဘဝမွာ အခ်ိန္နဲ႔ပတ္သက္ရင္ ဦးစားေပးရမယ့္အခ်ိန္ေတြ အမ်ားႀကီး ရွိပါတယ္။ ဒါေပမယ့္ အဲဒီလို ဦးစားေပးရမယ့္အခ်ိန္ေတြ အတြင္းမွာ ဘယ္အခ်ိန္မွာ ဘယ္ကိစၥကို ဦးစား ေပးရမယ္ဆိုတာကိုေတာ့ စဥ္းစားဆံုးျဖတ္တတ္ဖို႔ လိုပါတယ္။ မိသားစုအေရးကေတာ့ ထိပ္တန္းထား ၿပီး ဆံုးျဖတ္ေပးရမွာပါ။ မဟုတ္ရင္ ေနာင္တ ရႏိုင္ ပါတယ္။

ေအာင္ေအး

(ရန္ကုန္တကၠသိုလ္)

Source: short wisdom stories

 

Share