Image result for ဗုဒၶကောင်းကျိုးဆိုသည်မှာ အကုသိုလ်ကင်းပ လျက် ကုသိုလ်ဝေဖြာသော လုပ်ငန်းဆောင်တာ အဝဝတို့အား လုပ်ဆောင်ခြင်းမှဖြစ်တည်လာသည့် အကျိုးတရာကို ဆိုလိုခြင်းဖြစ်ပေသည်။ သည့် အတွက် ရွှေဟင်္သာဆရာတော်ကြီးကလည်း - "မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူ အောင် စိတ်ကိုထား" ဟူ၍ လမ်းညွှန်ဆုံးမတော်မူခဲ့ သည်။

စင်စစ် စိတ်သဘောထားကောင်းများ မွေးမြူခြင်း၊ မိမိ၏ ကိုယ်ကျင့်တရားကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ မည်သည့်အလုပ်ကိုမဆို စေတနာ ရှေ့ထား၍ လုပ်ဆောင်ခြင်း၊ တစ်ပါးသူတို့ ထိခိုက် နစ်နာမှုမရှိရလေအောင် မိမိအကျိုးကို လုပ်ကိုင် ဆောင်ရွက်ခြင်းတို့သည် ကောင်းရာကောင်းကျိုးကို လုပ်ဆောင်ခြင်းပင်ဖြစ် ပါသည်။ လူတစ်ယောက်တော်ပြီး ကောင်းဖို့ရာ ခက်ခဲ သလောက် ကောင်းပြီး တော်ဖို့ရာမူ ကြီးစွာသော အခက်အခဲရှိလိမ့်မည်မထင်။ လောကကြီး၌ ကောင်း ပြီးမတော်လျှင် ကိစ္စမရှိပါ။ တော်ပြီး မကောင်းပါက  အန္တရာယ်ကြီးမားလှပေသည်။ သို့ဆိုလျှင် လူတော် တစ်ယောက်ဟူ၍ သတ်မှတ်ခြင်းခံရလောက်အောင် မည်သို့သော အကြောင်းအချက်တွေ အကျုံးဝင်ပါ သနည်း။ ဆရာတစ်ပါးက -" တော်တယ်ဆိုတာဟာ ပညာဗဟုသုတ ကြွယ်ဝတာမျိုး၊ လုပ်ရည်ကိုင်ရည်ကောင်းတာမျိုး၊ အလုပ်တစ်ခုလုပ်ပြီဆိုရင် စနစ်တကျနဲ့ သေသေ သပ်သပ် စေ့စပ်သေချာစွာ လုပ်တာမျိုး၊ ဘာအလုပ်ပဲ လုပ်လုပ် ခိုခြင်း ကပ်ခြင်းမရှိဘဲ ကောင်းသည်ထက် ကောင်းအောင် လုပ်ဆောင်တာမျိုးလို့ ပြောရမှာပါပဲ " ဟု ဆိုဖူးသည်။

ဤ၌ ကောင်းခြင်းနှင့် တော်ခြင်း နှစ်ခု အနက် အရေးတကြီး ရှေ့တန်းတင်သင့်သည်ကား ကောင်းခြင်းသာ ဖြစ်ပေသည်။ ပမာအားဖြင့် အိမ်ထောင်စုတစ်ခု၌ အိမ် ထောင်ဦးစီး ကောင်းလျှင် မိသားစုအဖို့ သာယာချမ်း မြေ့ကြကုန်၏။ စာသင်ကျောင်း၌ သင်ကြားပို့ချသော    ဆရာ ဆရာမတို့ကောင်းမွန်လျှင် အဆိုပါ ကျောင်း သည် တပည့်ကောင်းတို့ကို ပေါ်ထွက်စေ၏။ ကျေး ရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးကောင်းလျှင် အဆိုပါ ကျေးရွာ ရပ်ကွက်သည် စည်ပင်ဖွံ့ဖြိုးတိုးတက် သာယာ၏။ ထို့အတူ နိုင်ငံအုပ်ချုပ်သည့် အစိုးရ ကောင်းလျှင် အဆိုပါ နိုင်ငံသည် ကမ္ဘာ့အလယ်၌ ဝင့်ထည်မြွော်ကားရစမြဲပါ။ ထိုသို့မဟုတ်ပါမူ သီရိ  ဂေဟာ မဖြစ်နိုင်တော့ပါ။ ညံ့သောကျောင်း စုတ်ပြတ် နေသော ကျေးရွာ၊ ရပ်ကွက်၊ ဖွတ်ကျောပြာစုနေ သော နိုင်ငံတော်သာ ဖြစ်ပေလိမ့်မည်။သီးနှံကောင်းတွေ ထွက်လာဖို့ရာ သဘာဝ မြေဆီဩဇာတို့ ပြည့်ဝနေရုံမျှနှင့်မပြီး ရာသီဥတု၊ မိုးလေဝသတို့မှန်ဖို့ ကောင်းဖို့ရာ အရေးကြီးပါသည်။ သည်သဘောအတိုင်းပင် လူသားတို့ဝန်းကျင် သာယာငြိမ်းချမ်းဖို့ ကောင်းမွန်သောလူသားတွေလို အပ်ပါသည်။ မိမိ၏မနောဓာတ်ခံ၌ စိတ်ကောင်း၊ စိတ်မြတ်တို့ သန္ဓေတည်ထားမိပြီဆိုပါလျှင် သာယာ ချမ်းမြေ့ခြင်းနှင့်အတူ ဘဝအောင်မြင်ရေးမှာ မခက် ခဲတော့။ ဘုရားရှင်ကလည်း လောကီလူသားများအ တွက် အောင်မြင်ရေးလမ်းကို ညွှန်ပြခဲ့ပါသည်။ ဒါ တွေက အခြားမဟုတ်။

၁။ အသိပညာ၊ အတတ်ပညာ ဗဟုသုတ များအောင် ကြိုးကြိုးစားစားနှင့် ဆည်းပူးသင်ယူခြင်း   စီးပွားဥစ္စာတို့အား ရှာဖွေလုပ်ကိုင်ခြင်းဟူသည့် (ဥဋ္ဌာ နုသမ္ပဒါ)
၂။ သိပြီး တတ်ပြီး လေ့လာပြီး ရရှိပြီးသည့် အသိပညာ၊ အတတ်ပညာ၊ စီးပွားဥစ္စာအစရှိသည် တို့အား မပျောက်ပျက်ရလေအောင် စောင့်ရှောက် ထိန်းသိမ်း စုဆောင်းခြင်းဟူသည့် (အာရက္ခသမ္ပဒါ)
၃။ မိမိအပေါ်ကူညီထောက်ပံ့နိုင်သော မိမိက လည်း ပြန်လည်အထောက်အကူပေးသည့် မိတ် ကောင်းဆွေကောင်းများရှိခြင်းဟူသည့် (ကလျာဏမိ တ္တသမ္ပဒါ)
၄။ သမဇိဝိတတာ- ရှာဖွေစုဆောင်း ထား သည့် ဥစ္စာကို မိမိတို့ မိသားစု အခြေအနေနှင့် မျှတမှု ရှိအောင် သုံးစွဲခြင်းဟူသော စသည့် သမ္ပဒါ လေးပါးတို့နှင့် ညီညွှတ် မျှတအောင် ကျင့်ကြံနေ ထိုင်သူအဖို့ စိတ်ကောင်းမွေးမြူခြင်း၊ ကောင်းရာမှ တော်လာအောင် ထူးချွန်လာအောင် လုံ့လဥဿဟ ထုတ်ပါလျှင် ၎င်းရည်မှန်းထားရှိသည့် အောင်မြင် ခြင်း နိုင်ငံတော်အား အကြီးအကျယ် တည်ဆောက် နိုင်ပါလိမ့်မည်။

နန္ဒာမိုးကြယ်

Share