(ယခင်အပတ်မှအဆက်)

မျက်မှောက်ကာလတွင် တရား စခန်းတွေက အများအပြား၊ ဓမ္မသဘင် တွေက...

မျက်မှောက်ကာလတွင် တရား စခန်းတွေက အများအပြား၊ ဓမ္မသဘင် တွေက တခမ်းတနား၊ ယဉ်ကျေးလိမ္မာ သင်တန်းတွေက နေရာစုံ၊ အဘိဓမ္မာ သင်တန်းတွေက ကျယ်ကျယ်ပြန့်ပြန့်၊ ဓမ္မစကူးလ်တွေက တက်ညီလက်ညီ၊ ရုပ်/သံတွေက ဗုဒ္ဓချန်နယ်လိုင်းတွေမှာ ကလည်း ဓမ္မအလင်းတွေက မြိုင်မြိုင် ဆိုင်ဆိုင်ကြီး တင်ဆက်နေလေတော့ လွန်စွာ ဝမ်းမြောက်ပီတိ ဖြစ်မိသည်မှာ အမှန်ပင် ...။

ဗုဒ္ဓဘာသာဝင်တိုင်းလိုလိုပင် တရားပွဲ၊ ဆွမ်းကပ်ပွဲ၊ အိမ်သစ်တက်ပွဲ၊ သင်္ကန်းကပ်၊ ကျောင်းရေစက်ချပွဲ၊ က ထိန်ပွဲစသည့် အလှူပွဲများတွင်လည်း  ဦးစွာပထမ သြကာသအစချီသော ကန် တော့ခန်းဖြင့် ဘုရားရှင်အား ရှိခိုးဦးတင် ပူဇော်လေ့ရှိကြပါသည်။ သို့ဖြစ်ပါ၍ ကန် တော့ခန်းရွတ်ဆိုပူဇော်ရာ တွင်ပါဝင်သော အချို့ဝေါဟာရများကို သိရှိနားလည်သူ များလည်း ထပ်မံ အမှတ်ရစေရန်နှင့် အဓိပ္ပာယ်နှင့်တကွ ပြည့်ပြည့်စုံစုံ မသဲ ကွဲကြသေးသူအနည်းငယ်၊ အထူးသဖြင့် ကလေးလူငယ်တို့အတွက် ပိုမိုသိရှိနား လည်ကြ၍ အကျိုးထူးကြစေရန် ကောင်း သောရည်သန်စိတ်ဖြင့် ဤစာစုအား တင် ဆက်လိုက်ရခြင်းဖြစ်ပါသည်။ 

ချစ်စွာသော စာရူသူ ဗုဒ္ဓဘာသာ ဝင် အပေါင်းတို့သည် သြကာသ အစချီ သော ကန်တော့ခန်း စာသားကြီးကို အနက်ပါမကျန် ထင်လင်းစွာ နှလုံးသွင်း အာရုံပြုလျက် ကောင်းသော အကျိုးတ ရားများ ပြည့်စုံကာ မကောင်းသော ဘေး များ ကင်းဝေးကြပါစေ ...။

သြကာသကန်တော့ခန်း ရွတ်ဆို ပူဇော်ရာတွင်  အပါယ်လေးပါး၊ ကပ်သုံး ပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါးတို့မှ ကင်းလွတ်ရပါလိုကြောင်း ထည့်သွင်း ဆု တောင်းလေ့ရှိကြပါသည်။ 

အပါယ် လေးပါးဆိုသည်မှာ ...

(၁) ငရဲ

(၂) တိရစ္ဆာန်

(၃) ပြိတ္တာ

(၄) အသူရကာယ် ဟူ၍ ဖြစ်ပါ သည်။

အပါယ်ဟူသည် ‘‘ချမ်းသာမရှိ ဒုက္ခအတိ ဖြစ်သောဘုံ’’ ဟု မြန်မာ အဘိဓာန်တွင် ဖွင့်ဆိုပါသည်။

ကပ်သုံးပါးဟူသည်မှာ ...

(၁) ရောဂန္တရကပ် = ရောဂါဆိုး ဖြင့် အထူးနှိပ်စက်ခြင်း။

(၂) သတ္ထန္တရကပ် = ဓားလှံလက် နက်စသော လက်နက်တို့ဖြင့်သတ်သော ကပ်။

(၃) ဒုဗ္ဘိက္ခန္တရကပ် = အစား အစာငတ်မွတ်ခေါင်းပါးသောကပ်ဟု ဖြစ် ပါသည်။ 

(ကပ်ဆိုသည်ကို ဘေးဆိုက် သောကာလ၊ ဘေးဆိုက်ချိန်ဟု အဓိ ပ္ပာယ်ဖွင့်ဆိုပါသည်။)

ရပ်ပြစ် ရှစ်ပါး ဟူသည်မှာ ...

(၁) ဗုဒ္ဓသာသနာတော်မတည် မရှိသော ပစ္စန္တရစ်အရပ်၌ဖြစ်ခြင်း။

(၂) နာမ်သာရှိ၍ ရုပ်မရှိသော အရူပ လေးဘုံ၌ဖြစ်ခြင်း။

(၃) ပဋိသန်ဓေအားဖြင့် အင်္ဂါချို့ တဲ့သောသူဖြစ်ခြင်း။

(၄) ရုပ်သာရှိ၍ နာမ်မရှိသော အသညသတ် ဘုံ၌ဖြစ်ခြင်း

(၅) မိစ္ဆာဒိဌိ-နိယတမိစ္ဆာဒိဌိမျိုး ဖြစ်ခြင်း။

(၆) ပြိတ္တာဘုံ၌ဖြစ်ခြင်း။

(၇) တိရစ္ဆာန်ဘုံ၌ဖြစ်ခြင်း။

(၈) ငရဲဘုံ၌ဖြစ်ခြင်း ဟု ဖြစ်ပါ သည်။

(ရပ်ပြစ်ရှစ်ပါးဟူသည်မှာ နိဗ္ဗာန်,မဂ်,ဖိုလ် မရကောင်းသော အရပ်ဌာနရှစ်ပါးဟု အဓိပ္ပာယ်ဖွင့်ဆိုပါသည်။)

ရန်သူမျိုးငါးပါးဆိုသည်မှာ ...

(၁) ရေ ရန်သူ။

(၂) မီး ရန်သူ။

(၃) မင်း ရန်သူ။

(၄) ခိုးသူ ရန်သူ။

(၅) မချစ်မနှစ်သက်သူ ဟု ဖြစ်ပါသည်။

(ရန်သူဆိုသည်မှာမိမိကိုအန္တရာယ် ပြုသူဟု အဓိပ္ပာယ်ဖွင့်ဆိုပါသည်။)

ဇင်လဲ့ရည်နွယ်

Share