မြန်မာတို့တွင် အစဉ်အဆက် လက်ဆင့်ကမ်းခဲ့ကြသော ရိုးရာအစဉ်အလာအဆုံး အမများ ရှိပါသည်။ 

အချို့အချက်အလက်များမှာ ခေတ်ကာလနှင့် မလျော်ညီတော့သော်လည်း အချို့မှာမူ ယနေ့ထက်တိုင် သတိပြုဆင်ခြင်လိုက်နာဖွယ် ရှိနေပါသေးသည်။ 

မိမိတို့၏အိမ်ရှေ့မျက်နှာစာ(သို့မဟုတ်) ခေါင်းရင်းဘက်ရှိအပေါက်များမှ တံတွေး ထွေးခြင်း၊ နှပ်ညှစ်ခြင်းများ မပြုကောင်းပါ။ ထိုအရပ်မျက်နှာများသည် မင်္ဂလာယူရာ နေရာများ ဖြစ်နေပါသည်။ 

အချို့သောမိသားစုများတွင်လည်း အိမ်ရှေ့၌ ကလေးငယ်များကို ဆီးဝမ်းသွားစေတတ် ပေသည်။ ထိုသို့လည်း မပြုလုပ်ကောင်းပါပေ။ လာဘ်တိတ်ခြင်း၊ မကုန်ကျသင့်ဘဲ ကုန်ကျဆုံး ရှုံးခြင်း၊ ကိုယ်စိတ် မချမ်းမြေ့ဖွယ်ကြုံခြင်းများ ဖြစ်တတ်ပါသည်။ 

မောင်ကြည်မျိုး

Share