ဂုဏ်မောက်မှုနဲ့ သိမ်ငယ်မှု

ဆင်းရဲတဲ့ လူငယ်လေးတစ်ယောက်ဟာ အထက်တန်းလွာက မိန်းကလေးတစ်ဦးကို ချစ် ကြိုက်သွားတယ်။ အဆင့်အတန်းကွာခြားတာကို သိ ပေမယ့် သူ့အချစ်ကို မျိုသိပ်မရတာကြောင့် ဖွင့်ပြော လိုက်တယ်။ မိန်းကလေးက သူ့ကို အခုလို ပြန်ပြော တယ်။

‘‘နားထောင်၊ ရှင့်လစာက ကျွန်မရဲ့ နေ့စဉ် အသုံးစရိတ်ကိုတောင် မမီဘူး၊ ဘယ်လိုလုပ်ပြီး ကျွန်မက ရှင့်ကို လက်ထပ်မလဲ၊ ဘယ်လိုအတွေး နဲ့များ ကျွန်မကို လာမေးရတာလဲ ...၊ ကျွန်မ ဘယ်နည်းနဲ့မှ ရှင့်ကို မချစ်နိုင်ဘူး၊ ကျွန်မကို ရှင့်ခေါင်းထဲကနေ ထုတ်ပစ်လိုက်တော့၊ ပြီး တော့ ရှင်နဲ့ အဆင့် အတန်းတူတဲ့ မိန်း ကလေးတစ်ယောက်ကို ရှာလိုက်ပါ’’

 

လူငယ်လေးဟာ မိန်းကလေး ရဲ့ငြင်းပယ်ခြင်းကို ခံလိုက်ရပေမယ့် မိန်းကလေးအပေါ် အချစ် မပြယ်ခဲ့ ပါဘူး။ ဒါပေမယ့် မိန်းကလေးကို ထပ် တွေ့ဖို့လည်း မကြိုးစားတော့ပါဘူး။

နောက် ၁ဝ နှစ်လောက်ကြာ တော့ ကုန်တိုက်တစ်ခုထဲမှာ သူတို့နှစ် ယောက် မမျှော်လင့်ဘဲ မျက်နှာချင်း ဆိုင် ဆုံမိကြပါတယ်။

မိန်းကလေးက သူ့ကို မှတ်မိ တော့ နှုတ်ဆက်လိုက်ပါတယ်။

‘‘မတွေ့တာကြာပြီနော်၊ နေ ကောင်းလား ...’’

ပြီးတော့ ကြွားဝါချင်စိတ်နဲ့ ဆက်ပြောခဲ့ပါတယ်။

‘‘တစ်ယောက်တည်းပဲလား၊ အခုအထိ လက်မထပ်နိုင်သေးဘူး လား ..၊ ကျွန်မကတော့ လက်ထပ် လိုက်ပြီ၊ ကျွန်မယောက်ျား လစာ ဘယ်လောက် ရတယ်ထင်သလဲ ...၊ တစ်လကို ဒေါ်လာနှစ်သောင်းရတယ်၊ ရှင့်လစာရော တိုးသွားပြီလား ...၊ ဒါပေမဲ့ ကျွန်မ ယောက်ျားရဲ့ လစာကိုတော့ မီမှာမဟုတ်ဘူး ထင်ပါ ရဲ့ ...’’

မိန်းကလေးကို ငေးကြည့်ရင်း၊ မိန်းကလေး ပြောတဲ့စကားတွေကို နားထောင်ရင်း လူငယ်လေး ဟာ မျက်ရည်ဝဲလာတယ်။ ၁ဝ နှစ် ကြာသွားပြီဖြစ် ပေမယ့် ဒီမိန်းကလေးဟာ အရင်အတိုင်းပါပဲလား၊ ရုပ်ရည်ကျသွားခြင်းမရှိသလို စိတ်ကလည်း ပြောင်း မသွားသေးပါလားလို့ တွေးမိလို့ပါပဲ။

အဲဒီအခိုက်အ တန့်မှာပဲ မိန်းက လေးရဲ့ ခင်ပွန်းဖြစ်သူ ရောက်လာပါတယ်။ မိန်းကလေးနဲ့ စကားပြောနေတဲ့လူငယ်လေးကို ကြည့်ပြီးသူ အံ့သြ သွားပါတယ်။ ပြီးတော့ လူငယ်လေးကို တလေး တစား နှုတ်ဆက်လိုက်တယ်။

‘‘ဆရာ စျေးလာဝယ်တာလား၊ ဆရာက ကျွန်တော့်မိန်းမနဲ့ သိနေတာကိုး၊ ကျွန်တော် လုံးဝ မထင်ဘူး ...’’

လူငယ်လေးက ဘာမှပြန်မပြောနိုင်ခင်မှာဘဲ မိန်းကလေးရဲ့ ခင်ပွန်းက မိန်းကလေးကို ရှင်းပြတယ်။

‘‘မိန်းမရေ .. ဒါကိုယ့်ဆရာ၊ ကိုယ်တို့ လုပ်ငန်းရှင်သူဌေးလေ ..၊ ကိုယ်အလုပ်လုပ်နေတာ ဆရာ့ရဲ့ ဒေါ်လာသန်း ၁ဝဝ တန် စီမံကိန်းထဲမှာ လုပ်နေတာ၊ ဆရာနဲ့ မိန်းမနဲ့က ဘယ်တုန်းက သိ နေကြတာလဲ ...’’

မိန်းကလေးက အံ့သြလွန်းလို့ စကားတစ် ခွန်းမှ မပြောနိုင်ဖြစ်နေတဲ့အချိန်မှာ လူငယ်လေးက ဝင်ဖြေလိုက်ပါတယ်။

‘‘ကျောင်းတုန်းကပေါ့ဗျာ ...’’လို့။

ပြီးတော့မှ လူငယ်လေးက ‘‘အလုပ်တွေရှိ သေးလို့ သွားခွင့်ပြုပါဦး ...’’ ဆိုပြီး လင်မယားနှစ် ယောက်လုံးကို နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်။

ထွက်ခွာသွားတဲ့ လုပ်ငန်းရှင်သူဌေးရဲ့ နောက်ကျောကို ငေးကြည့်ရင်း ယောက်ျားဖြစ်သူက သူ့ဇနီးကို ဆက်ရှင်းပြနေပါတယ်။

‘‘သူဌေးက အရမ်းသဘောကောင်းတာ၊ ပိုက်ဆံတွေ အရမ်းချမ်းသာနေတာတောင် အခု အထိ မိန်းမမယူသေးဘူး ...၊ ငယ်ငယ်တုန်း က သူချစ်ခဲ့ဖူးတဲ့ကောင်မလေးကို မေ့လို့မရ သေးလို့တဲ့လေ ...၊ မိန်းမနဲ့က ကျောင်း နေဖက်တွေဆိုတော့ သူချစ်ခဲ့ဖူးတဲ့ ကောင်မလေးကို သိချင် သိနေမှာ 

နော် ...’’

မိန်းကလေးက ‘‘မသိပါဘူး’’ ဆိုတာကို နှုတ်နဲ့အဖြေ မပေးနိုင်ဘဲ ခေါင်းကို ခါရမ်းပြလိုက်ပါတယ်။ သူမ မှာ စကားတောင်ပြော မထွက်နိုင် လောက်အောင် သိမ်ငယ်မှုကို ခံစား လိုက်ရလို့ပါပဲ။

ဒီပုံပြင်လေးကနေ နားလည် ယူသင့်တာကတော့ ဘယ်သူတစ်ဦး တစ်ယောက်ကိုမှ အထင်သေး အမြင် သေးနဲ့ ဆက်ဆံလို့မရဘူးဆိုတာပါပဲ။ လူတိုင်းမှာ အနာဂတ်ဆိုတာ ရှိပါ တယ်။ အထူးသဖြင့် အရည်အချင်း ရှိသူတွေ၊ စိတ်ထားကောင်းသူတွေမှာ ထူးကဲ တဲ့အနာဂတ် ရှိနိုင်ကြပါတယ်။ ဒါ့ထက် ပိုပြီး နားလည်ယူသင့်တာက ကိုယ့်မှာရှိတဲ့ပိုင်ဆိုင်မှုထက် နိမ့်ကျသူ တွေအပေါ် ဂုဏ်မောက်မယ်ဆိုရင် ကိုယ့်မှာ ရှိတဲ့ပိုင်ဆိုင်မှုထက် မြင့်မား သူတွေရဲ့အလယ်မှာ သိမ်ငယ်မှုကို ခံစားရလိမ့်မယ် ဆိုတာပါပဲ။

Source : short wisdom stories

အောင်အေး (ရန်ကုန်တက္ကသိုလ်)

Share