‘ဆရာ’ဟူသည် ကို ‘‘ပညာသင်ကြားပေး သူ၊ သွန်သင်ဆုံးမ နည်း လမ်းပြသူ၊ အတတ်-လုပ်ငန်းတစ်ရပ်ရပ်တွင် ကျွမ်းကျင်သူ’’ဟုမြန်မာ အဘိဓာန်တွင် ဖွင့်ဆိုပါ သည်။ 

ဆရာဟူသည်မှာ အန ေန္တာအနန္တငါးပါးတွင်  တစ်ပါးအပါအဝင်ဖြစ်လျက် ဆရာတို့၏ ဂုဏ်ကျေးဇူး သည် အထူးကြီးမားလှကြောင်းကို ခေတ်အဆက် ဆက် ကဗျာလင်္ကာ စာသီချင်းတို့ဖြင့် ဖွင့်ဆိုဂါရဝ ပြုခဲ့ကြပါသည်။ 

ထို့အပြင် အင်္ဂလိပ်ဝေါဟာရအရ Teacher ဟူသော စာလုံးပေါင်းတွင် ပါဝင်ပေါင်းစပ်ထားသော စာတစ်လုံးချင်းစီ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုထားသည်မှာ လည်း မှတ်သားဖွယ်ကောင်းလှပါတော့သည်။

Teacher ၏အဓိပ္ပာယ်ကို -

Teach = သင်ကြားပြသသည်။ ဆုံးမသွန်သင်သည်။ 

Expert = အထူးကျင်လည်တတ်မြောက်ခြင်း။

Active = ထကြွနိုးကြား ဝီရိယကြီးမားခြင်း။

Clever = တတ်သိလိမ္မာခြင်း၊ ဉာဏ်ကောင်းခြင်း။

Honest = ရိုးဖြောင့်ခြင်း၊ ယုံကြည်စိတ်ချရခြင်း။ တာဝန် အထူးကျေပွန်ခြင်း။

Experience = အတွေ့အကြုံ၊ အသိ၊ ဗဟုသုတ ပြည့်စုံခြင်း။

Research = သုတေသနပြုခြင်း၊ စေ့စေ့ငှငှ၊ စစ် စစ်ပေါက်ပေါက် စူးစမ်းလေ့လာခြင်း။

စသည့်အရည်အချင်းများနှင့်ပြည့်စုံသော သူကို ဆရာဟူ၍ သတ်မှတ်ခြင်းဖြစ်ကြောင်း မှတ် သားရပါသည်။ 

ကျွန်မအနေနှင့် ကျွန်မတို့၏ဘဝများ တွင် ဘဝနှင့်ချီ၍ ကျေးဇူးတရား ကြီးမားလှပါ သော အဘဆရာကြီးမင်းသိင်္ခအား နှမြောတသ ခြင်းကြီးစွာဖြင့် ဘဝမိုးကောင်းကင်အဘမင်းသိင်္ခ၊ အဘ၏လမ်းစဉ်များအတိုင်း ကျွန်မတို့၏ဘဝများ ကိုထိန်းကျောင်းမောင်းနှင်ပေးလျက်ရှိသော ဆရာ ဇင်ယော်နီနှင့်တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြား ဆရာအပေါင်းတို့အား ဤစာစုဖြင့် ကန်တော့ပန်း ပန်ဆင်လိုက်ရပါကြောင်း ...။                                       

ဇင်လဲ့ရည်နွယ်

Share