ပထမဆုံးအကြိမ်အဖြစ် ဂရိနိုင်ငံ အေသင် မြို့ ဇိအက်နတ်ကွန်းမှ မီးညှိယူထားသော အိုလံပစ် မီးရှူးတိုင်ကြီးကို အဝေးပြေးသမားပေါင်း ၃ဝ,ဝဝ သည် နာဇီဂျာမနီနိုင်ငံ ဘာလင်မြို့တော်ရှိ ကမ္ဘာ့ အိုလံပစ်ပြိုင်ပွဲကျင်းပသော အားကစားကွင်းအ ရောက် လက်ဆင့်ကမ်း သယ်ယူလာခဲ့ကြသည်။ ထိုသတင်းကို ကမ္ဘာ့နိုင်ငံအသီးသီးမှ ထုတ် ဝေသော သတင်းစာကြီးများက မျက်နှာဖုံးသတင်း အဖြစ် ဖော်ပြပေးခဲ့ကြသည်။ အိုလံပစ်မီးရှူးတိုင် ခေတ္တတစ်ညအိပ် ရပ်နားသောနိုင်ငံများမှ မြို့ကြီးများ တွင် ခမ်းခမ်းနားနား ကြိုဆိုကြပြီး ပြပွဲ၊ ဂုဏ်ပြုပွဲ၊ ပျော်ပွဲရွင်ပွဲများ ကျင်းပကြသဖြင့် ကမ္ဘာ့နိုင်ငံအသီး သီး အုတ်အော်သောင်းတင်း ဖြစ်ခဲ့ကြရသည်။ သက် ဆိုင်ရာနိုင်ငံအသီးသီးမှ သတင်းစာများ၊ ဂျာနယ်များ၊ အသံလွင့်အစီအစဉ်များက ထုတ်လွင့်ပေးခဲ့သည့် အတွက် နိုင်ငံတကာသို့ အထူးဂယက်ရိုက်ခဲ့သည်။

Read more...

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာများအားလုံး ပဋ္ဌာန်း ဒေသနာတော်ကို မသိသူ မရှိကြ။ ထိုပဋ္ဌာန်းဒေသနာ တော်နှင့်ပတ်သက်၍ ဂဃဏန မသိကြသည့်တိုင် ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်များဖြစ်သော ပဋ္ဌာန်း နှစ်ဆယ့်လေးပစ္စည်းလောက်ကိုတော့ သိကြပါသည်။ အချို့ဆိုလျှင် ပစ္စယနိဒ္ဒေခေါ် ပဋ္ဌာန်းအကျဉ်းကိုပင် အလွတ်အာဂုံဆောင်၍ ရွတ်ဖတ်ပူဇော်တတ်ကြပါ သည်။ အလွတ်မရသူများကမူ စာအုပ်ကြည့်၍ ရွတ် ဖတ်ပူဇော်တတ်ကြပါသည်။ ထို့ထက်ပို၍ ပဋ္ဌာန်း ကျမ်းများကို ကျေးရွာ ရပ်ကွက်အလိုက်၊ အဖွဲ့အစည်း အလိုက် ကျောင်းအလိုက်၊ အသံမစဲပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲများကို ကျင်းပပြုလုပ်လေ့ ရှိကြ၊ ပြုလုပ်နေ ကြဆဲလည်း ဖြစ်ပါသည်။

Read more...

၁၂၅၀ ပြည့်နှစ်၌ ပိန္နဲကွင်းဆရာတော် ဦးကလျာဏနှင့် နောက်ပါတပည့်များသည် အလေး ချိန် ၂၀၅ ပိဿာရှိသော ကြေးဆင်းတုတော်မြတ် ကြီးကို မန္တလေးမြို့တွင် သွန်းလုပ်မှာယူ၍ ကွင်း ကောက်မြို့မှတစ်ဆင့် နံ့ကသူဂူကြီး၏ မြောက်ဘက် ဝတွင် ပင့်ဆောင်ကိုးကွယ်ထားခဲ့ပါသည်။ ဆရာတော်ကြီးသည် ကျွဲမသနားတောင်၊ နံကပ်တောင်၊ ကျားခေါင်းတောင်၊ ကိုးထွက်တောင်၊ ကိုးမောင်းတောင်၊ ရန်ကင်းတောင်၊ ဘုရားကိုင်းကိုင်း၊ နံ့ကသူတောကြီး စသော ၁၅ နေရာဌာနတို့၌ လှည့် လညြွ်ကရောက်ပြီး သီတင်းသုံး ဝါဆိုတော်မူကာ တရားဓမ္မများနှင့် မွေ့လျော်တော်မူလေသည်။ ဆရာတော်ကြီးသည် ဥမ္မာဒန္တီတည်ထားခဲ့ သော စေတီအား ငုံ၍ ၈၅ တောင်ခန့် ဉာဏ်တော် ဖြင့် တည်ထားကိုးကွယ်ခဲ့ပါသည်။

Read more...

ဒါပေမယ့် တနင်္ဂနွေတစ်ရက်မှာတော့ တော တန်းလေးကိုအသွား အဘိုးကြီးခြံကို ဖြတ်အသွား ညည်းညူသံကြားလို့ လှည့်ကြည့်လိုက်တော့ အဘိုး ကြီးက ခြံထဲကမြက်ခင်းပေါ်မှာ လဲနေတယ်။ သူ့ ခြေထောက်တစ်ဖက်ကို ကိုင်ပြီး ညည်းညူနေတာ မျက်နှာကလည်း ရှုံ့မဲ့လို့။ "အဘိုး ...ကျွန်တော် ဘာအကူအညီပေးရ မလဲ" ကျွန်တော်က သစ်သားချောင်းတွေ ကာရံထား တဲ့ခြံစည်းရိုးကြားကနေ လှမ်းအော်မေးလိုက်တယ်။ အဘိုးကြီးက ကျွန်တော့်ကို ပြန်မော့ကြည့် တယ်။ ဘာမှပြန်မဖြေဘဲ ကျွန်တော့်မျက်နှာကို စိုက် ကြည့်နေတယ်။ အတော်ကြာကြာ စိုက်ကြည့်နေပြီး မှ ခေါင်းခါပြတယ်။ ပြီးတော့ ကျွန်တော့်ဆီကနေ မျက်နှာပြန်လွှဲသွားပြီး သူ့ဘာသာ လဲရာကနေ ပြန် ထဖို့ ကြိုးစားတယ်။

Read more...

အာရုံထင်ခြင်း အာလံ(ယခုအောင်လံ)သို့ ရောက်သောအခါ မော်တော်ကားဖြင့် ရှေ့သို့ ခရီးမဆက်နိုင်သောကြောင့် တံတားကြီးတစ်ခု ကျိုးလျက်ရှိပြီး ချောင်းမှာ ရေလျှံနေသဖြင့် မကူးနိုင်ကြောင်း သိရလေသည်။ သခင်တင်မြ၏ အရိပ်အာဝါသကိုမှီ၍ ကျွန်တော်တို့သည် အာလံ (အောင်လံ)ရှိ ဘီအိုင်အေတပ်ခွဲ ကလေးတစ်ခုတွင် နားနေရလေသည်။ ဘီအိုင်အေ စစ်ဗိုလ်ကား အာဏာပြချင်၍ ခါတော်မှီ ဝင်လာသူ ဖြစ်ဟန်ရှိသည်။ သူ့အား အထက်က နှိမ်ထားသည်ဟုလည်း ရာထူးနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ပုံကို ပြောပြ၏။ အောက်က ရဲဘော်များအား မောက်မာစွာ ဆက်ဆံ၏။ အထက်တန်းကျစွာ စားသောက်နေထိုင်၏။ ရေဒီယိုများကို သိမ်းယူ၍ သီချင်းဖွင့်၍ နားထောင်နေသည်ကို တွေ့ရ၏။

Read more...

မိုးသည်းထန်စွာ ရွာသွန်းနေသော ညတစ် ည၌ ကျွန်ုပ်သည် အိမ်ရှေ့မြောင်းထဲမှ အမှိုက်များကို မိုးရေအောက်မှာပင် ပေါက်ပြားတစ်လက်ဖြင့် ဆွဲဖယ် နေခဲ့လေ၏။ အိမ်ရှေ့ရှိမြောင်းမှာ အမှိုက်များဖြင့် ပိတ်နေ သောကြောင့် ရေများ ကောင်းစွာမစီးနိုင်ဘဲ မြောင်း ထဲမှ ရေများမှာ အိမ်ဘက်သို့ စီးဝင်တော့မတတ် ဖြစ်နေသောကြောင့် ကျွန်ုပ်သည် ထိုသို့လျှင် အမှိုက် များကို ဆွဲဖယ်နေရခြင်း ဖြစ်လေတော့၏။ လေတဟူးဟူးတိုက်နေသော မိုးရေအောက်၌ တစ်နာရီကျော်ခန့်မျှ အလုပ်လုပ်ပြီးသည့်နောက်တွင် ကျွန်ုပ်သည် ရေမိုးချိုး၍ အင်္ကျီထူထူကို ဝတ်ရလေ၏။ ငယ်စဉ်က မိုးထဲရေထဲ၌၊ နေပူကျဲကျဲ၌ အကြမ်း ပတမ်း နေထိုင်လှုပ်ရှားခဲ့သော်လည်း ယခုအခါ အသက်အရွယ်က စကားပြောလာပြီဖြစ်သော ကြောင့် ထိုမျှလောက်ကိုပင် ကျွန်ုပ်သည် ဒဏ်မခံ နိုင်တော့လောက်အောင် ဖြစ်ရလေ၏။ ရင်ထဲ၌ တစ်မျိုးကြီးဖြစ်နေသောကြောင့် ည စာကိုလည်း မစားတော့ဘဲ လမ်းထိပ်ရှိ ဆေးဆိုင်မှ ဆေးသွားဝယ်ကာ ဆေးတစ်ခွက်စာကို သောက်၍ ရေနွေးကြမ်းပူပူကိုသာလျှင် တစ်ခွက်ပြီးတစ်ခွက် သောက်နေခဲ့လေ၏။

Read more...

(ယခင်အပတ်မှအဆက်)

အေသီနာနှင့် မယ်ဒူကာ

အိုလံပီယာတောင်ကုန်းကို အုပ်ချုပ်သော နတ် ၁၂ ပါးအနက် အလွန်ထင်ရှားလှသော နတ် သမီးတစ်ပါးရှိသည်။ "Athena" "အေသီနာ" နတ်ဒေဝီဟု ခေါ်သည်။ "အေသီနာ" သည် အပျိုစင် နတ်မိမယ်ဖြစ်သည်။ "ဇု" နတ်မင်းကြီး၏ ဦးခေါင်း ကိုဖောက်၍ မွေးဖွားလာသူဖြစ်သည်။ အလွန်သန့်စင် သော နတ်မိမယ်ဖြစ်သည်။ တရားမျှတမှုအရာ၌ အလွန်ထင်ရှားသည်။ ချိန်ခွင်နှင့်ဓားကို ကိုင်ဆောင်၍ နတ်တိုင်းဌာနေ၌ ဥပဒေရေးရာကို ကိုင်ဆောင်သော တရားသူကြီးအဖြစ် တာဝန်ယူသူလည်းဖြစ်သည်။ တားရော့ကတ်ပြားအမှတ်(၁၁)ကို "အေသီနာ" ၏ ပုံနှင့် ဖော်ကျူးထားသည်။ "အေသီနာ" သည် တန် ခိုးအလွန်ကြီး သည်။ တိုက် ခိုက်မှုစွမ်းရည် အလွန်မြင့်မား သည့် အမျိုး သမီးဖြစ်သည်။ တရားမျှတမှု ဘက်မှ အမြဲရပ် တည်တိုက်ပွဲဝင် လေ့ရှိသည်။ ဘေးဒုက္ခရောက် နေသူများအား ကူညီလေ့ရှိသည်။ ဉာဏ်ပညာအလွန် ကြီးမားသည်။ သူမအား ကိုးကွယ်သူတို့သည် နတ် ကွန်းထားရှိသည်။ ထိုနတ်ကွန်းဘေးတွင် ပန်းများ အမြဲပွင့်လန်းနေသော နတ်ဥယျဉ်ကြီးရှိသည်။

Read more...

ကမ္ဘာသုံးဂမ္ဘီရအတတ်ပညာတွင် 'ထရိုင်စ ကယ်လီယွန်' အမည်ရှိသော ခြေသုံးချောင်းပုံသည် ခရီးသွားရန် ကြံစည်သူများ အထူးဆောင်ယူသည်။ စွန့်စားလှုပ်ရှားသော သူများအတွက်လည်း အထူး ဆောင်ယူကြသည်။ မိသားစုနှင့် ခွဲ၍ စွန့်စားသွားလာ လှုပ်ရှားသွားသူများအတွက် အလိုပြည့်စုံခြင်းနှင့် လို ရာခရီးရောက်စေခြင်းတို့ကို ဖြစ်စေသည်။ ထိုဘာ သာစကားအရ Triskelion ကို ခြေသုံးချောင်းဟူ၍ အဓိပ္ပာယ်ဖော်ယူသည်။

Read more...

ချေးပိုးထိုး ကိုးကွယ်သော အီဂျစ်များ

ရှေးဟောင်းအီဂျစ်တို့သည် ချေးပိုးထိုးအား အရုဏ်ဦးကို ပိုင်ဆိုင်သော နတ်ဒေဝတာအဖြစ် လည်းကောင်း၊ အရုဏ်ဦးနတ်ဘုရားအဖြစ်သော် လည်းကောင်း ၊ နေမင်း၏ သွားရာလမ်းကြောင်းကို ထိန်းကွပ်သော နတ်ဒေဝတာ အဖြစ်လည်းကောင်း ပူဇော်ကြသည်။ "Khepri" ခါပရီနတ်ဘုရားဟူ၍ အမည်ပေးထားသည်။ "Scarab" ဟူ၍ အင်္ဂလိပ်ဘာသာစကားနှင့် ပြန်ဆိုထားသည့် ချေးပိုးထိုး "Dung Beetle" သည် မြန်မာ့ရိုးရာ အယူအဆအရ မကောင်းဆိုးဝါး သဘာဝကို ဆောင်သည်ဟု မှတ်ယူကာ ဖိနပ် မှောက်ခြင်း၊ တံမြက်စည်း၊ ဖိနပ် စသည်တို့ဖြင့် ရိုက်ပုတ်ခြင်း စသည်တို့ဖြင့် မောင်းထုတ်ကြသည်။ အကြောင်းတိုက်ဆိုင်စွာ တစ်စုံတစ်ရာဖြစ်က ဤ ချေးပိုးထိုးကြောင့်ဟူ၍ ရိုးမယ်ဖွဲ့ကြကုန်သည်။

Read more...

ဒီလိုပါ ..... ဒီလိုပါ .....။ ဒါက မွန်ဂိုလီးယားနိုင်ငံက ထူးထူးဆန်းဆန်း ဖြစ်ရပ်ဆန်းကြယ်တစ်ခုပါ။ တင်ပျဉ်ခွေထိုင်နေတဲ့ မပျက်စီးမပုပ်သိုးသေးတဲ့ ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ သြော် .... နှစ်ပေါင်း ၂၀ဝ လောက်သက်တမ်းရှိပါပြီတဲ့။ အင်း ..... ဟုတ်ပါတယ်၊ ဟုတ်ပါတယ် .....။

Read more...