လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတွေဟာ ကျွန်ုပ် တို့ကမ္ဘာတွင်သာမက အခြားကမ္ဘာ၊ အခြားစကြဝဠာ များမှာလည်း ဖြစ်တည်လျက်ရှိကြပါတယ်။ ကျွန် တော်တို့ရဲ့ သုံးဆယ့်တစ်ဘုံမှ လူနတ်ဗြဟ္မာ သတ္တဝါ များ ဘဝသံသရာလည်ပတ်ရာမှာ ကျွန်တော်တို့ ကမ္ဘာက လူ့လောကကို အခြေခံပြီး ဘဝတွေဖြစ် တည်လျက်ရှိကြပါတယ်။ ဘဝပြောင်းရာမှာလည်း မိမိစွဲလမ်းရာကို အကြောင်းပြုပြီး ဘဝသစ်တွေ ဘဝ သစ်တွေ ဖြစ်ပေါ်ကြပါတယ်။

များသောအားဖြင့် ဤကမ္ဘာမှလူများ ကွယ် လွန်တဲ့အခါ ဤသုံးဆယ့်တစ်ဘုံမှာသာ နတ်ဖြစ်စေ၊ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ဖြစ်လေ့ရှိကြသော်လည်း ဤကမ္ဘာမှလူသားနှစ်ဦး မဟာစကြဝဠာကြီးတစ်ခုစီ သို့ မဟာစကြဝဠာစောင့်နတ်မင်းကြီးများ ဖြစ်သွား သည်ကို အံ့သြစွာ တွေ့ရပါတယ်။ အခြားမဟာစကြ ဝဠာမှ ပုဂ္ဂိုလ် လေးဦးလည်း ဤကမ္ဘာ ကျွန်တော်တို့ မြန်မာနိုင်ငံသို့ လူသားအဖြစ် ဝင်စားလာကြတာ လည်း ရှိပါတယ်။

Read more...

‘‘ရန်ကုန် လှိုင်အထက(၁)မှာ ကျောင်း ဆောင်ဖျက်လို့ သူတို့အတွက် နေရာပြန်ပေးပါဆိုပြီး ကျောင်းသူခုနစ်ဦးကို သရဲပူးပြီး ဆန္ဒပြတောင်းဆို’’

ခုတလော ဆန္ဒပြမှုမျိုးစုံ ခေတ်စား ပေါ်ပြူ လာဖြစ်နေချိန် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ၁၃ ရပ်ကွက်၊ အိုကေကျောင်းလမ်းရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်း ဆောင်ဟောင်းများ ဖျက်ပြီး ဆောက်လုပ်နေရာ၌ ကျောင်းသူခုနစ်ဦး သရဲဝင်ပူးပြီး နေရာတောင်းဆိုမှု ဖြစ်ပွားသဖြင့် ကျောင်းတွင်းသို့ လာရောက်ကြ သူများ၊ ဝင်ပူးသူများ၊ သရဲနှင်သူများနှင့် ရုတ် ရုတ်သဲသဲဖြစ် ပွားသွားကြောင်း သတင်းရရှိသည်။

Read more...

တစ်နေ့ အမျိုးသမီးအသံနဲ့ ဖုန်းဆက်လာပါ တယ်။

‘‘ဆရာရှင့် ကျွန်မ နယ်ကပါ ...၊ ကျွန်မ မောင်လေးအကြောင်း ပြောပြချင်လို့ပါဆရာ ...’’

‘‘ဟုတ်ကဲ့ ပြောပါ ...ဘာဖြစ်လို့လဲ ...’’

နယ်ကဆိုရာမှာ သူတို့ဒေသကိုပါ ပြောပါ တယ်။ ရန်ကုန်ကနေ တော်တော်ဝေးပြီး နှစ်ရက် ခရီးလောက်သွားမှ ရောက်တဲ့ခရီးပါ။ သူက မောင် လေးအကြောင်း ဆက်ပြောလာပါတယ်။

‘‘မောင်လေး ကျန်းမာရေးပါ ဆရာ ...၊ ခုမောင်လေးလက်က ခွဲစိတ်တာ လေးကြိမ်ရှိပါပြီ၊ ခွဲပြီးခြောက်နာရီပဲကြာတယ် ပြန်ဖြစ်တာပါပဲ ဆရာ၊ အဲဒါ ရိုးမှရိုးရဲ့လားလို့ သိချင်လို့ပါ ...’’

‘‘ဘာဖြစ်တာလဲ၊ ခြောက်နာရီကြာရင် ပြန် ဖြစ်တယ်ဆိုတာ ဘယ်လိုပြန်ဖြစ်တာလဲ၊ မူလကရော ဘာရောဂါလဲ ...’’

Read more...

မှန်ပါသည်။ ထိုဒေသကို သတင်းမီဒီယာများ က ‘‘ဘာမြူဒါတြိဂံ ဒေသ’’ (သို့မဟုတ်) မိစ္ဆာတြိဂံ ဒေသဟု ကင်ပွန်းတပ်ခဲ့ကြပါသည်။ ထိုဒေသတွင် ရုတ်တရက် ပျောက်ဆုံးသွားသော လေယာဉ်ပျံများ၊ သင်ဘောများ၊ လှေငယ်များမှ လူများတွင် အသက်ရှင် ကျန်ရစ်သူဟူ၍မရှိသဖြင့် ဖြစ်ပျက်ခဲ့သောအကြောင်း အရာများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သုတေ သီများ၊ သိပ္ပံပညာရှင်များ၊ အဏ္ဏဝါဗေဒပညာရှင်များ အဖို့ အဖြေရှာမရအောင် ဖြစ်ခဲ့ရသည်။ ထိုဒေသတွင် မယုံနိုင်လောက်အောင်ဖြစ်ခဲ့သော သဘာဝလွန်ဖြစ် ရပ်ဆန်းကဲ့သို့ ဂျပန်နိုင်ငံ ဘိုနန်ကျွန်း၊ အိုင်အိုဂျီမာ ကျွန်း၊ ဂွီအန်ကျွန်းတို့တည်ရှိသော နဂါးတြိဂံဟု ခေါ် သော ပင်လယ်ပြင်တွင်လည်း အလားတူဖြစ်ရပ်များ ဖြစ်ခဲ့သည်ဟု သိရ၏။

Read more...

မန္တလေးတိုင်း မိတ္ထီလာမြို့နယ် မလှိုင်မြို့ စေတော်ဝင်ကျောင်း၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အရှင်ဇေယျသိဒ္ဓိဓမ္မဉာဏိက ရွေပေါ်ကျွန်းဆရာ တော်ကြီး၏ သာသနာ့စခန်းသို့ ရပ်ဝေးရပ်နီး၊ ပြည် တွင်းပြည်ပ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ပြည်သူဝေနေယျများ နေ့စဉ်နေ့ညမစဲ တဖွဲဖွဲရောက် ကြသည့်အထဲ လူထူးလူဆန်းများပါ ရောက်လာလေ့ ရှိပါသည်။ လူထူးလူဆန်းဟု ဆိုရသော ထိုပုဂ္ဂိုလ်တို့ သည် သူတို့ကိုယ်သူတို့ တမင်မထူးထူးအောင် လုပ် ကြံကာလုပ်ထူးထူးကြသော လူများမဟုတ်ကြ။ တမင်ကြံစည် တီထွင်သော လူထူးဆိုလျှင်လည်း ရေရှည်မခံဘဲ တစ်နေ့ ဘူးပေါ်သလို ပေါ်ကြရသည် သာ ဖြစ်ကြရ၏။ အရှက်ရကြမည်သာ ဖြစ်၏။ မိမိ တတ်သိပြီးသော ပညာရပ်ဆိုင်ရာအား အတိုင်းအတာ တစ်ခုခုထက် မပိုစေဘဲ သုတ၊ ပညာအနေဖြင့် ပြ သသော ပညာရှင်များလည်းရှိ၏။ ထိုပညာရှင်မျိုး ကား ရေရှည်ခံနိုင်လျက် အသိပညာတိုးတက်ရန်သာ ရှိ၏။

Read more...

(ယခင်အပတ်မှအဆက်)

၁-၉-၂ဝ၁၅ ရက် မနက် ၄ နာရီတွင် အစိမ်းရောင်ဘဲဥပုံသဏ္ဏာန်၊ အမြင့် လေးပေခန့်ရှိတဲ့ ခြေလက်ဦးခေါင်း မပါတဲ့ပုဂ္ဂိုလ်တစ်ဦး ရောက်လာ ပါတယ်။

ကျွန်ုပ် ။ ။ ယခုကြွာလာတဲ့ ပုဂ္ဂိုလ်က ဘယ်လိုအကြောင်းကြောင့် လာတယ်၊ ဘယ်ကလာ တယ်ဆိုတာ အမိန့်ရှိပါဦး။

အစိမ်းရောင်ပုဂ္ဂိုလ် ။ ။ အာကာသကြီးထဲ က ထူးခြားတဲ့ဒေသ၊ ထူးခြားတဲ့လောကကြီးက လာ တာပါ။ ကျွန်တော်တို့လောကကြီးအကြောင်း ပြောပြ ချင်လို့ လာတာပါ။

Read more...

ကုန်းဘောင်မင်းဆက် ၁၁ ဆက်ရှိသည်။ အလောင်းဘုရားမင်းမှ သီပေါမင်းအထိ ဖြစ်သည်။ ထိုမင်းဆက်တို့ကို (လောင်း၊ နောင်၊ ဆင်၊ စဉ့်၊ မောင်၊ ဘိုး၊ ဘ၊ သာ၊ ပု၊ မင်း၊ သီ) ဟု ငယ်စဉ် ကာလ သမိုင်းဆရာများက သင်ကြားပေးခဲ့ရာ မှတ်မိ နေသေးသည်။ အလောင်းဘုရား၊ နောင်တော်ကြီး၊ ဆင်ဖြူရှင်၊ စဉ့်ကူးမင်း၊ ဖောင်ကားစားမောင် မောင်၊ ဘိုးတော်ဘုရား၊ ဘကြီးတော်၊ သာယာ ဝတီ၊ ပုဂံမင်း၊ မင်းတုန်းမင်း၊ သီပေါမင်း တို့ကို အစဉ်အတိုင်း မှတ်သားခဲ့ရသည်။ ထိုမင်း ၁၁ ဆက်တို့တွင် ၆ ဆက်မြောက် အလယ်နေရာမှမင်းသည် ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်းဖြစ်သည်။ ငယ်မည်မှာ မောင်ဝိုင်းဖြစ်သည်။ အင်းဝရွေမြို့တော်ကြီးကို မွန်တပ်တို့ဝိုင်းဝန်းလုပ်ကြံ စဉ် မွေးသောကြောင့် မောင်ဝိုင်းဟု မှည့်ခဲ့ခြင်းဖြစ် သည်။

Read more...

တိုက်တိုက်ဆိုင်ဆိုင်ဟု ဆိုရပေတော့မည်။ အခြားအင်တာနက်သတင်းတစ်ပုဒ်တွင်လည်း အမေ ရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်မှ ကျောင်းသားလူငယ်နှစ်ဦးသည် ကျောင်းပိတ်ရက် တွင် ယင်းပြည်နယ်ရှိ တောတွင်းသို့ လေ့လာရေးခရီး ထွက်ခဲ့ရာ အလွန်ကြီးမား၍ ဆွေးမြေ့နေသော ခြေ ချောင်းငါးချောင်းသာ ကျန်ရှိသည့် ခြေထောက်ကြီး တစ်ခုကိုတွေ့ရှိရာမှ ထိုခြေထောက်ကြီးအား လိတ်ခ ဗီးလ်မြို့ရှိ ရဲစခန်းသို့ပို့ဆောင်ပြီး စုံစမ်းစစ်ဆေးမှု များ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

Read more...

မြန်မာနိုင်ငံတစ်ဝှမ်းမှ မော်လမြိုင်မြို့ကို မည် သည့်အရပ်မျက်နှာဘက်မှ ရောက်လာသည်ဖြစ်စေ ပထမဦးဆုံး ဖူးမြော်လိုက်ရသည်မှာ ကျိုက်သလ္လံ စေတီတော်ဖြစ်သည်။ မော်လမြိုင်မြို့ဝန်းကျင် မည် သည့်အရပ်နေရာမှဖြစ်စေ လှမ်းမျှော်ကြည့်လိုက်လျှင် ကျိုက်သလ္လံစေတီတော်ကို ရွေရောင်ဝင်းဝင်းနှင့် ဦး ခိုက်ဖူးမြော်ကြရပေမည်။ ထို့ကြောင့်လည်း ကျိုက် သလ္လံစေတီတော်ကို မော်လမြိုင်မြို့၏ မျက်နှာတော် ဟုလည်း ဆိုကြပါသည်။ မော်လမြိုင်မြို့တွင် သမိုင်း ဝင်ဘုရားစေတီနှင့် ထင်ရှားကျော်ကြားသော ဘုရား စေတီများစွာ တည်ရှိပါသည်။

Read more...

တစ်ခါက ဘူလ်ဂေးရီးယားနိုင်ငံတွင်လည်း အကြား အမြင်ရသူဟု နာမည်ကျော်သော အမျိုးသမီး တစ်ဦး ပေါ်ပေါက်ခဲ့ဖူးလေ၏။ သူ၏အမည်မှာ ဗန်ဂါဒီမီသရိုဗာဟု ဖြစ်လေ၏။ ထူးဆန်းသည်မှာ ဗန်ဂါသည် မျက်မမြင်တစ်ဦး ဖြစ်လေ၏။ စိတ်ဝင်စားစွာဖြင့် ကမ္ဘာအရပ်ရပ်မှ လာရောက်မေးမြန်းကြသူ များအား ဗန်ဂါသည် နေ့စဉ်နှင့်အမျှ ရှေ့ဖြစ်နောက်ဖြစ်များကို ဟော ပြောပေးလေ၏။ ဗန်ဂါထံမှ နိမိတ်စကားကို ကြားသိရရန် လူတို့သည် တန်းစီ၍ပင် စောင့်ဆိုင်းကြရလေ၏။

Read more...