ဥစ္စာစောင့်ဘဝက လာတဲ့လူတွေ ကျွန်တော် မကြာခဏတွေ့ရပါတယ်။ ဥစ္စာစောင့်ဘဝမှာ လူ့ဘဝ လာရာတွင် ပုံစံသုံးမျိုးရှိပါတယ်။ သိုက်မှာကျန်ရစ်တဲ့ မိသားစုကို သိုက်ဘဝ၊ ဥစ္စာစောင့်ဘဝမှ ကျွတ် အောင် ကုသိုလ်ကောင်းမှုပြု အမျှဝေဖို့လာတဲ့သူ၊ သိုက်မှ လူ့ဘဝသို့ ခေတ္တအလည်လာရောက်သူ၊ သိုက်ချုပ်ဘိုးတော်ရဲ့ ခွင့်ပြုချက်မရဘဲ လူ့ဘဝကို ခိုးထွက်ပြေးလာတဲ့သဘောနဲ့ ရောက်လာတဲ့သူနဲ့ ဆို ပြီး သုံးမျိုးရှိပါတယ်။

သိုက်မှာ ကျန်ရစ်တဲ့မိသားစုများကို ကျွတ် အောင် ပြုလုပ်ဖို့ ရောက်လာတဲ့သူက အများစုဖြစ် တာတွေ့ရပါတယ်။ သူတို့ပြုချင်တဲ့ ကုသိုလ်ကောင်း မှုကို အမျှဝေလျှင် သိုက်က မိသားစုဝင်အားလုံး ကျွတ်သွားကြပါတယ်။

ကျွန်တော် ဒီနေရာမှာ သိုက်မိသားစုဝင်တွေ ဟာ တစ်ပြိုင်နက်တည်း သေဆုံးတာမဟုတ်ဘဲ ဘယ်  လိုကြောင့် ဥစ္စာစောင့်ဘဝ တူညီစွာရောက်ကြရတာ လဲ။ လူတစ်ယောက် ကွယ်လွန်တဲ့အခါ လူ့ဘဝတုန်း က သူပြုခဲ့တဲ့ ကောင်းမှုကံ မကောင်းမှုကံကို အ ကြောင်းပြုပြီး ဘဝသစ်ဖြစ်တည်ရတယ်လို့ နား လည်ပါတယ်။ ဒီသိုက်မှာကြတော့ မိသားစုလိုက် ရောက်ရှိနေတာများပါတယ်။ တချို့ သိုက်ကြတော့  တစ်ယောက်တလေ ပါမလာတာလည်း ရှိပါတယ်။ မိမိတို့ လူ့ဘဝတုန်းက မြေကြီးထဲမြှုပ်ထားတဲ့ ဥစ္စာ ပစ္စည်းကို စွဲလမ်းပြီး ဥစ္စာစောင့်ဖြစ်လာတယ် ဆိုရာ မှာ မိဘနှစ်ပါးက စွဲလမ်းပြီး ဖြစ်လာတယ်ဆိုတာ သဘာဝကျပေမယ့် အရွယ်မရောက်သေးတဲ့  ကလေး တွေပါ ဥစ္စာစောင့်ဘဝရောက်နေကြတာတွေ တွေ့ရ ပါတယ်။ အဲဒါကြောင့် မိသားစုအလိုက် ဥစ္စာစောင့် ဘဝ ဘယ်လိုရောက်လာကြတာလည်းဆိုတာ သိချင် နေကြတာ ကြာပါပြီ။

Read more...

(၁)

ယခုရေးသားတင်ပြမည့် အဖြစ်အပျက်သည် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်လေးတစ်ခု ဖြစ်ပါသည်။ စာရေးသူ သည် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတစ်ယောက်ဖြစ်ပြီး  လုပ်သက် နှစ် ၃ဝ ပြည့် ပင်စင်ယူပြီးနောက် မိတ် ဆွေတစ်ယောက်၏ အဆက်အသွယ်ဖြင့် တောင်ကြီး မြို့ စက်သုံးဆီအရောင်းဆိုင်တွင် ဒုတာဝန်ခံဖြင့် ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့ပါသည်။ ပင်စင်ယူပြီး ငြိမ်ငြိမ်သက်သက်အနားယူခြင်းကို မလုပ်လိုသေး သည်က တစ်ပိုင်း တောင်ကြီးမြို့ကို သွားရောက်လို သည့်ဆန္ဒရှိ၍ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်တွင် အလုပ်လုပ်ရန် လက်ခံခဲ့ခြင်းဖြစ်ပါသည်။

Read more...

ဘိုးထွန်းလှိုင်ကို အတုလဓာတ်ပိုင် ဘိုးထွန်းလှိုင်ဟူ၍ ခေါ်ဆိုကြပါသည်။ ဘိုးထွန်းလှိုင်ကို မဟာပထမံအောင်မင်းခေါင်ကြီး ကိုယ်တော်တိုင်က နောင်တော်ကြီးဟု ခေါ်ဆိုလေ့ရှိကြောင်း ဘိုးထွန်း လှိုင်ထံမှ ပြောကြားသည်ကို မှတ်သားခဲ့ရပါသည်။ 

လမ်းညွန်

ဆရာကြီး ဘိုးထွန်းလှိုင်ကို တွေ့ခွင့်ရရန် ရန်ကုန်မှ ညောင် တုန်းလမ်းသို့ သွားရပါသည်။ ညောင်တုန်းမရောက်ခင် ဆား မလောက်ရွာသို့ ရောက်ပါသည်။ ၎င်းမှ တစ်ဖန် ဖိုးပိန်ကုန်းသို့ ရောက် ပါသည်။ ညောင်တုန်းသို့မရောက်မီ ဖိုးပိန်ကုန်းသို့ ၃၂ မိုင်၊ ၅ ဖာလုံအ ရောက်တွင် ဘိုးထွန်းလှိုင်နေသော ရွာသို့ရောက်ပါသည်။

Read more...

ကျွန်တော်သည် အစိုးရရုံးတစ်ရုံးမှ စာရေး ဝန်ထမ်းတစ်ယောက် ဖြစ်ပါတယ်။ အလုပ်ဆင်းလာ တိုင်း ဝါသနာပါတဲ့ ငါးရှာ ဖားရှာရန်အတွက် ပိုက်လေး တစ်ခု၊ ငါးမျှားရန် ကိုင်းတံတစ်ချောင်း ယူသွားပါ တယ်။ ချောင်းတွေ မြောင်းတွေမှာ ငါးထောင်တယ်။ ငါးမျှားတယ်။ ချောင်းနံဘေး ကိုင်းတောထဲမှာ ဖား လည်း ရှာတယ်။ အိမ်ကို ည ၈ နာရီလောက်မှ ပြန်ရောက်လေ့ရှိပါတယ်။ ကလေးတွေတောင် အိပ် နေကြပြီ။ အိမ်နောက်ဖေး ရေသုံးခန်းမှာ ပါလာတဲ့ ငါးတွေ၊ ဖားတွေကို ခုတ်ထစ်သည်။ အမြီးတွေ ခေါင်းတွေ၊ အူတွေကို အိမ်နောက်ဖေး ငှက်ပျော တောထဲ လွင့်ပစ်ရင်း ‘စားကြ သောက်ကြ’ဟု ပြော လေ့ရှိတယ်။

Read more...

၆-၁၁-၂ဝ၁၅ ရက် မနက်က မြောက်ဥက္က လာပမှ ကျွန်တော့်မိတ်ဆွေ အမျိုးသမီးကြီးက ဒေး စွန်ပါတောင်ကို သိုက်ပွဲသွားပေးချင်ပါတယ်။ သိုက် ပွဲပေးရတဲ့အကြောင်းကလည်း ကျွန်တော်က ပြောလို့ သွားပေးရတာပါ။ အဲဒါ ကျွန်တော့်ကိုပါ လိုက်ပါကူ ညီဆောင်ရွက်ပေးဖို့ ပြောပါတယ်။ ကျွန်တော်က ဒေးစွန်ပါကို တစ်ခါမှလည်းမရောက်ဖူးပါဘူး။ နောက် ပြီးတော့လည်း ဒေးစွန်ပါက သိုက်ချုပ်ဘိုးတော်ကြီး ကို အကြွေးတောင်းဖို့လည်း ရှိလို့ လိုက်ပါမည်လို့ ကတိပြုလိုက်ပါတယ်။ ကျွန်တော် ဒေးစွန်ပါသိုက် ချုပ်ကြီးဆီက ငွေသိန်းပေါင်းများစွာ ရစရာရှိတဲ့ကိစ္စ နဲ့ ဒေးစွန်ပါ ကျွန်တော်တို့ရောက်တဲ့အခါ တွေ့ကြုံရ တာကို နောက်မှ သီးခြားရေးပါမည်။ 

Read more...

အချိန်သည် ညနေစောင်းချိန်ဖြစ်သည်။ နေ ဝန်းနီနီသည် ပင်လယ်ပြင်ကြီးအတွင်းသို့ ငုပ်ဆင်း လျှိုးဝင်တော့မည်။ ကျွန်တော်၏ ငါးဖမ်းစက်လှေ သည် ပင်လယ်ပြင်မှ ငါးဖမ်းပြီးအပြန် မအီကျွန်းနား သို့ ကပ်လာခဲ့လေပြီ။

‘‘ဒုတ် ...ဒုတ် ...ဒုတ် ...’’ ဟူ၍ စက်လှေ၏ နောက်ဖက်အင်ဂျင်တွင်းမှ အသံများ ထွက်ပေါ်၍ စက်မှာ ထိုးရပ်သွားလေသည်။ စက်လှေ သည် အရှိန်ဖြင့် ဆက်သွားနေ၏။ ကျွန်တော်သည် အင်ဂျင်နှိုးသည့်ဂေါက်တံကို ကိုင်၍ စက်နှိုးမည်ပြု စဉ် ဆရာအေးမောင်မှ -

‘‘ဟေ့ကောင် အောင်စိန် ...၊ မနှိုးနဲ့ မနှိုး နဲ့ ...၊ ရိန်းကျိုးသွာတာထင်တယ် ...၊ လှေကို ကျွန်းဘက်ကို ပဲ့ကိုင်လိုက် ...’’ 

ကျွန်တော်သည် ဆရာအေးမောင်ပြောသည့် အတိုင်း စက်လှေကို ကျွန်းအနီးသို့ တိုးလိုက်ပြီး ကျောက်ချထားလိုက်သည်။ ပင်လယ်တွင်း လှိုင်းလေ ငြိမ်သက်ချိန်ဖြစ်ပြီး ပင်လယ်ပြင်ထဲ၌ စက်မချို့ယွင်း ခဲ့သည်မှာပင် ကံကောင်းလှပေသည်။ ကျွန်တော် သည် ဟိုကြည့်သည်ကြည့်ဖြင့် ဘာလုပ်ရမည်ကို မသိဖြစ်နေစဉ် ဆရာအေးမောင်မှ -

Read more...

သင် တစေ္ဆရှိသည်ဟု ယုံကြည်ပါသလော ဟူသော မေးခွန်းကို ကြားသည်နှင့် တစေ္ဆရှိပါသည်ကို ယုံကြည်ပါသည်ဟု အဖြေပေးကြမည့်လူအများ ရှိသကဲ့သို့ ‘တစေ္ဆ’ဆိုသည်မှာ အမှန်မရှိပါ။ လူအများ၏ စိတ်တွင် စိတ်အာရုံထင်ခြင်းသာ ဖြစ်နိုင်ပါသည်ဟု အဖြေပေးကြမည့်လူအများလည်း ရှိပါသည်။ ထိုသူအများကမူ တစေ္ဆကိုယ်ထင်ပြသည်ကို မြင်သည်၊ ကွယ်လွန်သူတို့၏အသံ ကြားရသည်ဆိုခြင်းမှာ ခိုများ၊ လင်းနို့များ ညဉ့်ငှက်များ၊ ကြွက်များ၊ သစ်ကိုင်းများ လေးတိုးသဖြင့် မြည်သောအသံများကို လူအများက စိတ်အာရုံလွဲမှားခြင်း၊ အကြားအာရုံလွဲမှားခြင်း ဖြစ်မည်ဟု ယူဆကြ၏။

Read more...

ဒီဆောင်းပါးကို မရေးခင် ကြိုတင်ပြောချင် တာကတော့ ဆောင်းပါးရေးရခြင်းရဲ့ ရည်ရွယ်ချက် ပါပဲ။ ဒီနေ့ သက်ရှိလောကမှာ လူသားတွေ လျှောက် နေကြတဲ့လမ်းကို ပြန်လည်းစမ်းစစ်ကြည့်တဲ့အခါ ကြီးသူကိုရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဆိုတာမျိုးတွေ တော်တော်လေး ပျောက်ကွယ် နေတာ တွေ့ရပါတယ်။ ဒါကြောင့် ကြီးသူကလည်း ငယ်သူကို ချစ်ခင်သနားစိတ်နဲ့ လုပ်ကိုင်ဆောင်ရွက် စေလိုတာရယ်၊ ငယ်သူကလည်း ကြီးသူကို လေးစား စေလိုတာရယ်ကြောင့် ရေးသားလိုက်ရခြင်း ဖြစ်ပါ တယ်။

Read more...

သင် တစေ္ဆရှိသည်ဟု ယုံကြည်ပါသလော ဟူသော မေးခွန်းကို ကြားသည်နှင့် တစေ္ဆရှိပါသည်ကို ယုံကြည်ပါသည်ဟု အဖြေပေးကြမည့်လူအများ ရှိသကဲ့သို့ ‘တစေ္ဆ’ဆိုသည်မှာ အမှန်မရှိပါ။ လူအများ၏ စိတ်တွင် စိတ်အာရုံထင်ခြင်းသာ ဖြစ်နိုင်ပါသည်ဟု အဖြေပေးကြမည့်လူအများလည်း ရှိပါသည်။ ထိုသူအများကမူ တစေ္ဆကိုယ်ထင်ပြသည်ကို မြင်သည်၊ ကွယ်လွန်သူတို့၏အသံ ကြားရသည်ဆိုခြင်းမှာ ခိုများ၊ လင်းနို့များ ညဉ့်ငှက်များ၊ ကြွက်များ၊ သစ်ကိုင်းများ လေးတိုးသဖြင့် မြည်သောအသံများကို လူအများက စိတ်အာရုံလွဲမှားခြင်း၊ အကြားအာရုံလွဲမှားခြင်း ဖြစ်မည်ဟု ယူဆကြ၏။

Read more...

မှန်ပါသည်။ အတိတ်သမိုင်း အထောက် အထားများတွင် ထောင်သောင်းချီသော လှေသင်္ဘော များသည် အကြောင်းအမျိုးမျိုးကြောင့် နစ်မြုပ်ခဲ့ကြ ရပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာပင် စစ်ပြိုင် နိုင်ငံများမှ သင်္ဘောများသာမက ကြားနေနိုင်ငံများမှ သင်္ဘောအများလည်း နစ်မြုပ်ခဲ့ရာ စုစုပေါင်း ၂ဝဝဝဝ ကျော် နစ်မြုပ်ခဲ့သည်ဟု ဆိုသည်။ ထို့အတူ အင်္ဂလန် နိုင်ငံမှ ကမ္ဘာကျော် လွိုက်(Lyod) သင်္ဘောအာမခံ ကုမ္ပဏီကြီး၏ မှတ်တမ်းများ၊ အမှုတွဲများအရ လက် ဆစ်ချိုး၍ ရေတွက်မရသော သင်္ဘောများသည် နစ်မြုပ်ခဲ့သည်။ ဤသို့ သက်ဆိုင်ရာ အာဏာပိုင် များမှ တိတိကျကျ ခရေစေ့တွင်းကျ နစ်မြုပ်ပါသည် ဟု မှတ်တမ်းတင်ထားသော သင်္ဘောများမှာ ယခု ခေတ်တွင် ပင်လယ်ရေပြင်ထက် ရေစီးအတိုင်း မျော ပါလျက်ရှိသည်ဟု ဆိုသဖြင့် လူအများက တအံ့တသြ ဖြစ်ကြရသည်။

Read more...