ရှမ်းပြည်နယ် ကွတ်ခိုင်မြို့မှ မင်္ဂလာဒုံစစ် ဆေးရုံကြီးသို့ ဆေးကုသမှုခံယူလာသူ ကိုရွေသာ သည် သူငယ်ချင်းလည်းဖြစ်၊ လုပ်ငန်းတူလည်းဖြစ် သည်။ မင်္ဂလာဒုံမှာ ရှိနေစဉ်အခါတုန်းက ပုလင်းတူ ဘူးဆို့ နေခဲ့ကြသည်။ သူသည် ကွတ်ခိုင်မြို့သို့ ပြောင်းရွေ့သွားသည်မှာ ခြောက်နှစ်ခန့်ကြာသွားပါ ပြီ။

ဆေးရုံတွင် ဆေးကုသမှုခံယူရန် ရန်ကုန်မြို့ သို့ ရောက်ရှိလာပါသည်။ ယောက်ျားကို ဆေးရုံတွင် တင်ထားပြီး ဇနီးနှင့်သားလေးမှာ သူတို့အစ်မနေထိုင် သည့် အိမ်ခန်းတွင် တည်းခိုနေကြပါသည်။

တစ်နေ့ကျတော့ ကိုရွေသာ ဆုံးပါးသွားပါ တော့သည်။ ကိုရွေသာဆုံးတော့ ကျွန်တော်တို့ အလုပ်များကြပြီပေါ့။ သေစာရင်းယူသူကယူ၊ သချိုင်း ကုန်းသို့သွားပြီး မြေချ မြေကျရေးအတွက် လုပ်သူ လုပ်၊ ညနေ သတင်းမေးလာသူများအား ဧည့်ခံကျွေး မွေးရန်အတွက် ပစ္စည်းဝယ်သူက ဝယ်၊ အသုဘချ သည့်နေ့တွင် ပို့ဆောင်သူများအား ကမ်းမည့်ယပ် တောင်၊ ရေဘူး၊ ပဌာန်းစာအုပ်များ ဝယ်သူကဝယ် စသည်ဖြင့် အလုပ်များကြပါပြီ။

Read more...

(ယခင်အပတ်မှအဆက်)

စရဏနှင့် ဝိဇ္ဇာရှင်းတမ်းသည် ဦးလေးသန်း အတွက် သဘောပွင့်လင်း ဉာဏ်မြင်ရှင်းစရာ အ ကြောင်းအထောက်အပံ့ဖြစ်စေသလို ကျင့်ကြံအား ထုတ်ရမည့် လက်တွေ့ကျင့်စဉ်ဆီသို့ တွန်း၍အပို့ ခံရသလို ဖြစ်နေကြောင်း သိရ၏။

Read more...

တရုတ်လူမျိုး ဗုဒ္ဓဘာသာဝင်တွေဟာ ကွမ် ရင်မယ်တော်ကို ဒုက္ခရောက်နေသူကို ကယ်တင် စောင့်ရှောက်တတ်တဲ့ နူးညံ့သိမ်မွေ့တဲ့ ကရုဏာရှင် မေတ္တာရှင် မယ်တော်တစ်ပါးအဖြစ် ယုံကြည်ကိုး ကွယ် ဆည်းကပ်ကြပါတယ်။ ကျွန်တော် သိရှိရတဲ့ ကွမ်ရင်မယ်တော်အကြောင်း မတင်ပြမီ ဆရာကြီး အရိန္နမာ ၁၉၉၇ ခုနှစ်က ရေးသားခဲ့တဲ့ တရုတ်သိဒ္ဓိ ရှင်ကြီးများစာအုပ်မှ ကွမ်ရင်မယ်တော်ကြီးအကြောင်း ကို အကျဉ်းအားဖြင့် တင်ပြပါမည်။

Read more...

လင်းရောင်တင်တို့ ငယ်ငယ်တုန်းကတော့ ‘အာဟာရသိဒ္ဓိ’ဆိုတာကို အတော်လေး စိတ်ဝင်စားခဲ့ ဖူးတယ်။ စားဝတ်နေရေးအတွက် ရုန်းရကန်ရ ရင် ဆိုင်ရတဲ့အခါ တစ်ခါတလေ ကြားဖူးနားဝရှိတဲ့ ‘‘အာ ဟာရသိဒ္ဓိ’’ဆိုတာ တကယ်ရှိရင် ကောင်းမှာပဲဆိုပြီး  စိတ်ကူးမိတဲ့အခါမျိုး ရှိတယ်။ ကြုံတုန်း ကြားလိုက်ရ တဲ့ အာဟာရသိဒ္ဓိ ဒဏာရီလေးတစ်ခုကို ခုချိန်ထိ မှတ်မိနေပါသေးတယ်။

Read more...

ကျွန်တော်တို့နိုင်ငံမှ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ထုတ်ဝေသော Daily Eleven သတင်းစာကြီးတွင် အောက်ဖော်ပြပါ စိတ်ဝင်စားဖွယ် ခေါင်းစဉ်ဖြင့် ဖော်ပြထားသော သတင်းတစ်ပုဒ်ကို ကျွန်တော်များ ဖတ်ရှုခဲ့ရသည်။

‘‘တနင်္သာရီမြို့နယ် တကူကျေးရွာတွင် ကောင်းကင်မှ ထူးခြားစွာ ရွေရောင် အပိုင်းအစများ ကျဆင်းခဲ့ကြောင်းသိရ’’

တနင်္သာရီမြို့နယ် တကူကျေးရွာတွင် ကောင်းကင်မှ ထူးခြားစွာ ရွေရောင် ငွေရောင် အပိုင်း အစများ ကျဆင်းခဲ့ကြောင်း သိရ၏။

မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူကျေးရွာ အုပ်စု တကူသံတိုက်တွင် ဒီဇင်ဘာလ ၁၃ ရက် ညနေ ၄ နာရီတွင် ကောင်းကင်မှ ရွေရောင် ငွေ ရောင် အပိုင်းအစများ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အဖြစ်အပျက် မဖြစ်ပွားမီ တကူ သံတိုက်၊ မူလွန်၊ ကျောင်းဝင်းအတွင်း မိုးအုံ့နေပြီး ရွေရောင် ငွေရောင်အပိုင်းအစများ ကျောင်းဝင်းအ တွင်းသို့ အဓိကကျဆင်းလာခြင်းဖြစ်ပြီး တနင်္သာရီ မြစ်အတွင်းသို့လည်း အနည်းငယ် ကျဆင်းခဲ့ကြောင်း သိရသည်။

Read more...

ကျွန်တော်တို့ငယ်စဉ်က ဘကြီးများ၊ ဦးကြီးများ ပြောပြချက်အရ ပုဂံခေတ်မှယနေ့တိုင် ထင်ရှားသောသိုက်များမှာ (၁)ဘုရားသိုက်၊

(၂)သိကြားသိုက်၊

(၃)ဂဝံပတေ့ရသေ့သိုက်၊

(၄)ငမန်ကန်းသိုက်၊

(၅)တဂရုပုဏ္ဏသိုက်၊

(၆)နတ်စက်ရောင် ဆရာတော်သိုက်၊

(၇)ဘုမ္မိရတ်သိုက်တို့ ရှိသည်ဟု သိရ၏။ ဤသိုက်များတွင် စောင့်ရှောက်ကြရသော အစောင့်အရှောက်များလည်း ရှိသည်ဟု သိရ၏။

Read more...

ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော်တို့ အိမ်ခြံဘေးတွင် လူနေအိမ်မရှိသော ခြံကျယ်ကြီး တစ်ခြံရှိသည်။ ခြံဘေးပတ်လည်တွင် သစ်ပင်ကြီး များ၊ ချုံတောများ အုပ်ဆိုင်းဖုံးအုပ်လျက်ရှိသော် လည်း ခြံ၏အလယ်မြေကွက်လပ်မှာ ပြောင်ရှင်းနေ သည်။ ထိုမြေကွက်လပ်က ကျွန်တော်တို့ကလေး တစ်သိုက်အတွက် ကစားစရာ ကစားကွင်းဖြစ်နေ သည်။

Read more...

ဒုတိယကမ္ဘာစစ်ကြီး၏ စစ်ရိပ်စစ်ငွေ့များ ကျွန်တော်တို့ မြန်မာနိုင်ငံသို့ ယှက်သန်းနေစဉ်တွင် ကျွန်တော်တို့ အလယ်တန်း ကျောင်းသားများသည် ရက်သတ္တပတ် တစ်ပတ်လျှင် နှစ်ကြိမ်ကျ ကျန်းမာရေး လေ့ကျင့်ခန်းများကို ပြုလုပ်ကြရ၏။ ယင်းကျန်းမာရေး လေ့ကျင့်ခန်း ဆရာအား ကျွန်တော်တို့က ဒရိန်ဆရာ(Draul)ဟု ခေါ်ဝေါ်ကြပါသည်။

Read more...

ဒီတစ်ခါရေးရမှာလည်းကလေးတစ်ယောက် အကြောင်းပဲ။ တစ်နေ့ ဖခင်တစ်ယောက် ဖုန်းဆက် ပြီး သူ့ကလေး တက်လို့လာပြချင်ပါတယ် လို့ပြောပါ တယ်။ ဒီနေရာမှာ တက်တယ်ဆိုတဲ့အကြောင်းကို အနည်းငယ် ပြောပြချင်ပါတယ်။ သာမန်အားဖြင့် တက်တယ်လို့ လူတွေသိနေကြတဲ့ မျက်ဖြူလန် အောင်ဖြစ်ခြင်း၊ သတိမေ့သွားခြင်းတွေဟာ ဆေးသိပ္ပံ ပညာအရ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ဖြစ်တတ် ပေမယ့် ကျွန်ုပ်တို့ရဲ့ ပယောဂကုထုံးမှာတော့ တက် သလို ဖြစ်တတ်တဲ့ နာမ်လောကသားတစ်ယောက် ဝင်ရောက်ပူးကပ်တဲ့အခါမျိုးမှာ ဖြစ်တတ်တဲ့ ပုံစံက လည်း တက်နေသလိုပါပဲ။

Read more...

၁၉၇၅ ခုနှစ်ဝန်းကျင်လောက်ကပါ။ တစ်ခု သောနံနက်ပိုင်းမှာ ကျွန်ုပ် စက်ဘီးစီးပြီး ဖောင်ကူး ဆိုတဲ့ ကျေးရွာရောက်တော့ ‘‘ဆရာလေး နေပါဦး’’ ဆိုပြီး လူတစ်ယောက် ပြေးလာပါတယ်။ အနား ရောက်တော့ ‘‘ကျွန်တော့်အမျိုးသမီး သတိလစ်နေ လို့ လုပ်ပေးပါဦး ...’’ဆိုတာနဲ့ စက်ဘီးဒေါက် ထောက်ပြီး အိမ်ထဲလှမ်းကြည့်လိုက်တော့ လူတွေဝိုင်း ကြည့်နေတဲ့အလယ်က စောင်ခြုံထားတဲ့အမျိုးသမီး တစ်ယောက်ကို မြင်လိုက်ရပါတယ်။ ဘယ်လိုဖြစ် တာလဲလို့ မေးကြည့်တော့ လူနာရဲ့နာမည်က မခင် မြင့်။ ညက နောက်ဖေးသွားပြီး အိမ်သာပေါ်ကဆင်း တာနဲ့ မြေကြီးပေါ် သတိလစ်မေ့မြောနေတာ အခုထိ ပါပဲလို့ လူနာရှင်က ပြောပါတယ်။ ၁၉၇၅ ခုနှစ်ဆို တာက ကျွန်ုပ် ပညာသင်ခါစ ဘာမှတတ်သေးတာ မဟုတ်ပါဘူး။ ပြောရမယ်ဆို ပယောဂစမ်းတာ၊ ရေ ကို ချိုစေတာ၊ ခါးစေတာ၊ လူနာရဲ့ပြောစကားကို နားထောင်ပြီး ရေမန်းပေးလိုက်ရုံသာပါ။ ဒီလို မေ့ မြောနေတဲ့လူနာမျိုးကျတော့ ဘယ်လိုစမ်းသပ်ရမယ် မှန်း မသိတာကြောင့် ပယောဂရှိခဲ့ရင်လည်း ထွက် သွားစေဖို့ ရေမန်းတိုက်လိုက်ရင် ကောင်းလေမလား လို့ တွေးဆမိတာနဲ့ ရေတစ်ခွက်ယူလာဖို့ မှာနေစဉ် မှာ ‘‘ဆရာလေး ...ကျွန်မကို မောင်းမထုတ်ပါနဲ့၊ မနှင်ပါနဲ့ ဆရာရယ် ...’’တဲ့။ သတိလစ်မေ့မြော နေတဲ့ မခင်မြင့်ရဲ့နှုတ်က ဒီလိုပြောသံကြားလို့  လှည့် ကြည့်လိုက်တော့ မျက်လုံးမျက်တောင်ခပ်လာပြီး ကျွန်ုပ်ကို ဦးချလာပါတော့တယ်။ 

Read more...