ကျွန်ုပ် ရှေ့ပိုင်း တုန်းကသိုက် နဲ့ပတ်သက်တာ တွေ တော်တော် လေးရေးဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ သိုက် ဆက်မကင်းသူတွေဟာသိုက် နဲ့ပတ်သက်တဲ့ လက္ခဏာတွေကို သိစေချင်လို့ပါ။ 

Read more...

မြန်မာလူမျိုးတို့သည် ၉ ဂဏန်းကို ရှေးယခင် ကပင် တန်ဖိုးထားကြသည်။ မင်းနေပြည်တော်များ တည်ဆောက်ရာတွင် ဘုရား ၉ ဆူ၊ ကန် ၉ ကန်၊ နတ်စင် ၉ စင်၊ ဆီအိုးကြီး ၉ လုံး၊ အရံမြို့ ၉ မြို့ ဖြင့် စတင်တည်လေ့ရှိကြသည်။

Read more...

ဦးဝမ်ဒူလားမားသည် ကားစီးနေရင်းမှနေ လမ်းဘေးဝဲရှိ တောင်ထိပ်တွင် ဆီးနှင်းရေခဲများဖုံး လွမ်းနေသည့် ကျောက်တောင်ကြီးများ၊ တလူလူလွင့် နေသော ရောင်စုံကြက်လျှာအလံလေးများ၊

Read more...

(ယခင်အပတ်မှအဆက်)

‘‘ဒါပေမယ့် ... နေဦးခင်ဗျ၊ ကျွန်တော်က ဒီမှာအလုပ်လုပ်တာ ၆ လပဲ ရှိသေးတော့၊ ဒီ့အရင် က ဒီအဆိုတော်က ကိုယ်တိုင် လာဆိုချင်လည်း ဆိုနိုင်တယ်၊ အစ်မကြီး ပိုရှင်းသွားအောင် မန်နေဂျာ ကို မေးကြည့်ပါလား။ ကျွန်တော် မန်နေဂျာကို အစ်မ ကြီးက မေးစရာရှိလို့ပါလို့ သွားပြောပေးမယ်လေ’’

Read more...

၂-၄-၂ဝ၁၆ ရက် မနက် ၄ နာရီအချိန်တွင် သင်္ကန်းတော်လိမေ္မာ်ရောင်၊ အမြင့် ခုနစ်ပေခန့်ရှိတဲ့ မဟာစကြဝဠာကြီး ၉ဝဝဝ အပေါ်သို့ တန်ခိုးတော် တွေ ဖြန့်ကြက်ထားတော်မူတဲ့ မဟာအနန္တတန်ခိုးရှင် ကြီး ‘‘ဝေဟုတ္တ’’ ကြွရောက်တော်မူလာပါတယ်။

Read more...

ကျွန်တော်တို့ကမ္ဘာမှာ ယနေ့ လူအများကိုး ကွယ်ယုံကြည်နေကြတဲ့ ဘာသာကြီး ငါးမျိုးရှိပါ တယ်။ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာ သာ၊ မွတ်စလင်ဘာသာ၊ ဂျိမ်းစ်ဘာသာတို့ ဖြစ်ပါ တယ်။ အဲဒီ ဘာသာကြီးတွေမှာ လူပုဂ္ဂိုလ်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များအပြင် ပရလောကမှ နတ်အမျိုးမျိုးကလည်း ဆိုင်ရာဘာသာကို ကာကွယ် စောင့်ရှောက်လျက်ရှိပါတယ်။ ကျွန်တော်က မူလက ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာသာ ရှိတယ်ထင်ခဲ့တာပါ။ ယခုတော့ အခြားဘာသာ သာသနာတွေမှာလည်း ဆိုင်ရာဘာသာဝင်တွေကို စောင့်ရှောက်နေတဲ့ နတ် ဒေဝတာအမျိုးမျိုး ရှိတယ်ဆိုတာကို ကိုယ်တိုင်ထိ တွေ့ သိရှိခဲ့ပါတယ်။

Read more...

ရန်ကုန်မြို့တွင်းမှ သာကေတဘက်သို့ ပြန် ရန်အတွက် ပန်းဆိုးတန်းဘတ်စ်ကားမှတ်တိုင်တွင် ဘတ်စ်ကားစောင့်နေစဉ် ငယ်ပေါင်းသူငယ်ချင်းတစ် ဦးကို တွေ့လိုက်ရသည်။ စတင်တွေ့မြင်သူ ကျွန် တော်ကပင် သူ့အမည်ကိုခေါ်လိုက်သည်။

‘‘ဟေ့ သူငယ်ချင်း အောင်လွင် ...ဘယ်  ကလာတာလဲ ...၊ ဘယ်သွားမလို့လဲ ...’’

‘‘ငါ့သူငယ်ချင်းတစ်ဦးအိမ်က ပြန်လာတာ၊ ဒေါပုံဘက်ကို ပြန်မလို့ ဘတ်စ်ကားစောင့်နေတာ’’

‘‘အတော်ပဲ ...ငါလည်း သာကေတပြန် မလို့ ကားစောင့်နေတာ ...၊ ဒါနဲ့ မင်းလက်ထဲက အဝတ်ဖြူနဲ့ပတ်ထားတာ ဘာလဲ ...’’

‘‘တို့သူငယ်ချင်းနှစ်ယောက် မတွေ့တာကြာ ပြီ ...၊ လာကွာ လက်ဖက်ရည်သောက်ရင်း စကား ပြောရအောင် ...’’

ကျွန်တော်တို့နှစ်ဦး ကားမှတ်တိုင်အနီးရှိ လက်ဖက်ရည်ဆိုင်ထဲ ဝင်ခဲ့ကြသည်။ သူကပင် လက်ဖက်ရည်နှင့်မုန့်များကို မှာကြားလိုက်သည်။ ပြီး နောက် သူပွေ့ပိုက်ထားသော အဝတ်ဖြူနှင့်ပတ်ထား သည့်အထုပ်အား စားပွဲပေါ်သို့ တရိုတသေတင်လိုက် သည်။ သူ့ဟန်ပန်က ထူးခြားနေသဖြင့် သူ့ကိုမေး လိုက်ပါသည်။

Read more...

လူစင်စစ်က ကျားဖြစ်သွားတယ်ဆိုလျှင် ယုံ ကြည်မည့်သူ အလွန်ပင်ရှားမည်ထင်ပါတယ်။ ဒီကိစ္စ နဲ့ပတ်သက်လို့ လွန်ခဲ့တဲ့နှစ် ၅ဝ လောက်က အဲဒီ ခေတ်ကာလက နာမည်ကြီး မဂ္ဂဇင်းကြီးတွေဖြစ်တဲ့ မြဝတီ၊ ရှုမဝ၊ ငွေတာရီမဂ္ဂဇင်းကြီးများမှာ ဆောင်း ပါးတချို့ ကျွန်တော်ဖတ်ခဲ့ရပါတယ်။ သမန်းကျား အကြောင်း တစ်စိတ်တစ်ဒေသ ရေးတာလောက်ပဲ မှတ်မိပါတယ်။ စာရေးဆရာတစ်ဦးကတော့ သမန်း ကျားနဲ့ပတ်သက်ပြီး ဝတ္ထုစာအုပ်တစ်အုပ်ပင် ရေး သားခဲ့တာ တွေ့ရပါတယ်။ စာရေးဆရာနာမည်တော့ မမှတ်မိတော့ပါဘူး။

Read more...

အခန်း(၁)

‘‘ရွီရွီ ...ရွီရွီ ...ရွီရွီ ...’’

‘‘လွ’’ဆွဲနေသည့်အသံ။ ကျွန်တော်အိပ်နေ သည့် အိမ်ခေါင်းရင်းဘက် ကပ်လျက်သစ်ပုံမှ ကြား လိုက်ရသည့်အသံ။ သေချာအောင် ထပ်နားထောင် လိုက်သည်။ ကျိန်းသေသည်၊ လွဆွဲနေတာ။ ကျွန် တော်တို့ရဲစခန်း၌ နေအိမ်လိုင်းခန်းများ ပြုပြင်ရန် စုဆောင်းထားသည့်သစ်ပုံအား ရဲတပ်ကြပ် ‘‘ဘကျော်’’ အရက်ဖိုးလို၍ သစ်လာခိုးဖြတ်နေသည် ဟု ထင်လိုက်ပါသည်။ လွဆွဲသံကြောင့် အိပ်ရာမှနိုး ပြီး အချိန်ကြည့်လိုက်တော့ ည ၁၂ နာရီ။ 

Read more...