အဲလိဇဘက်ဘုရင်မ(၁)ရဲ့ ဝိညာဉ်ဆိုပဲ

ကိုအောင် (မြောက်ဦး)

***********************

အလင်းဖောက်ထွင်းနိုင်တဲ့ အရိပ်ကို စတိဗ် ဝက်ဆန်က ၁၁ စက္ကန့်လောက် ဗီဒီယိုရိုက်ကူးခဲ့ပြီး အဲဒီနောက်မှာ လေထဲပျောက်ကွယ်သွားခဲ့ပါတယ်။ သူရိုက်ကူးခဲ့တဲ့အရာဟာ အခြားမဟုတ်ဘဲ အဲလိဇ ဘတ်ဘုရင်မ ၁ ရဲ့ ဝိညာဉ်ဖြစ်နိုင်တယ်လို့ တစ္ဆေ ရှာဖွေသူတစ်ယောက်က ပြောနေပါတယ်။

ခန့်ညား ထည်ဝါလှတဲ့ အိမ်ကြီးတစ်လုံးမှာ လူမသိသူမသိ တိတ်တပုန်းနေလာခဲ့ပြီးနောက် နှစ်ပေါင်း ၆၀ဝ ကြာ မှ အရိပ်အယောင် ထုတ်ပြတဲ့သဘောလား။ ဒီလို လည်းသုံးသပ်လို့ရပါတယ်။ အသက်(၄၄)နှစ်အရွယ် စတိဗ်ဝက်ဆန်ဟာ တစ္ဆေ၊ သရဲတစ်ကောင်ကို ဓာတ် ပုံရိုက်နိုင်ဖို့ မျှော်လင့်ချက်နဲ့ UK Ghost Hunts အဖွဲ့နဲ့အတူ နော်တင်ဟမ်မြို့အနီး Strelley Hall pH အိမ်ကြီးကို သွားရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ဘုရင်မကြီးတစ္ဆေကို တွေ့ရလိမ့်မယ်လို့ မျှော်လင့် မထားခဲ့ပါဘူး။ You tube ဗီဒိယိုထဲမှာ အလင်း ဖောက်ထွင်းနိုင်တဲ့အရိပ်တစ်ခုကို ၁၀ စက္ကန့်လောက် တွေ့ခဲ့ရပြီး နောက်ဆုံး ရုတ်တရက် ပျောက်ကွယ် သွားခဲ့ပါတယ်။ "ကိုယ်ထင်ပြတာလည်း မဖြစ်ဘူး။ ကိုယ့်ဘေးနားမှာလည်း ဘယ်သူမှရှိမနေဘူး။ ဒါကို ကျွန်တော်ရှင်းမပြတတ်တော့ဘူး။ ဒီပုံရိပ်ကို နာရီ ပေါင်းများစွာ ပြန်ကြည့်ဖြစ်တယ်။ အရင်က တစ်ခုမှ မတွေ့ဖူးဘူး။ အရမ်းအံ့သြဖို့ကောင်းတယ်"လို့ စတိဗ် က ဖွင့်ဟခဲ့ပါတယ်။ ရှေးဟောင်းအခန်းတွေရှိနေတာ ကြောင့် အဲဒီအနားမှာ သူ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူး ခဲ့တယ်။ ဒီအိမ်မှာ အဲလိဇဘက်ဘုရင်မ ၁ တစ္ဆေ ဘဝနဲ့ ရှိနေနိုင်ဖွယ် မရှိဘူးဆိုတာနဲ့ ပတ်သက်ပြီး အကြောင်းအကျိုး ခိုင်ခိုင်လုံလုံနဲ့ ရှင်းပြပေးနိုင်သူ တစ်ဦးမှမရှိခဲ့ပါဘူး။ ဗီဒီယိုကြည့်ပြီး စိတ်လှုပ်ရှားသွား တဲ့ စတိဗ်ဟာ နောက်တစ်ပတ်အကြာမှာလည်း အဲဒီ အိမ်ကိုပြန်သွားခဲ့ပါတယ်။ "အရိပ်တွေ့ခဲ့တဲ့ မုခ်ခုံး မှာ ကျွန်တော် ရပ်နေခဲ့တယ်။ ဘာမှလည်း ရှိမနေ ဘူး။ ဒီအရိပ်ဟာ အဲလိဇဘက်ဘုရင်မကြီး ဟုတ် တယ်။ မဟုတ်ဘူးဆိုတာ ကျွန်တော်မသိဘူး။ အမျိုး သမီးတစ်ယောက်လို့တော့ ထင်မိတယ်။ ပုံစံက ဂါ ဝန်ဝတ်ထားသလိုပဲ"လို့ စတိဗ်က ပြောကြားခဲ့ပါတယ်။ တကယ်တမ်း အဲလိဇဘက်ဘုရင်မ ၁ ရဲ့ ဝိညာဉ်ဟုတ်၊ မဟုတ်ဆိုတာကတော့ မသေချာဘူး။ဒါပေမဲ့ အဲဒီ စံအိမ်မှာ အဲလိဇဘက်ဘုရင်မ ၁ နေခဲ့ဖူးပါသတဲ့။         

 

ကိုအောင်(မြောက်ဦး)


 

Zawgyi Version

 

အဲလိဇဘက္ဘုရင္မ(၁)ရဲ႔ ၀ိညာဥ္ဆိုပဲ

ကုိေအာင္ (ေျမာက္ဦး)

***********************

 

အလင္းေဖာက္ထြင္းႏိုင္တဲ့ အရိပ္ကုိ စတိဗ္ ၀က္ဆန္က ၁၁ စကၠန္႔ေလာက္ ဗီဒီယို႐ိုက္ကူးခဲ့ၿပီး အဲဒီေနာက္မွာ ေလထဲေပ်ာက္ကြယ္သြားခဲ့ပါတယ္။ သူ႐ိုက္ကူးခဲ့တဲ့အရာဟာ အျခားမဟုတ္ဘဲ အဲလိဇ ဘတ္ဘုရင္မ ၁ ရဲ႕ ၀ိညာဥ္ျဖစ္ႏိုင္တယ္လို႔ တေစၦ ရွာေဖြသူတစ္ေယာက္က ေျပာေနပါတယ္။ ခန္႔ညား ထည္၀ါလွတဲ့ အိမ္ႀကီးတစ္လံုးမွာ လူမသိသူမသိ တိတ္တပုန္းေနလာခဲ့ၿပီးေနာက္ ႏွစ္ေပါင္း ၆၀၀ ၾကာ မွ အရိပ္အေယာင္ ထုတ္ျပတဲ့သေဘာလား။ ဒီလို လည္းသံုးသပ္လို႔ရပါတယ္။ အသက္(၄၄)ႏွစ္အရြယ္ စတိဗ္၀က္ဆန္ဟာ တေစၦ၊ သရဲတစ္ေကာင္ကို ဓာတ္ ပံု႐ိုက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ UK Ghost Hunts အဖြဲ႕နဲ႔အတူ ေနာ္တင္ဟမ္ၿမိဳ႕အနီး Strelley Hall pH အိမ္ႀကီးကို သြားေရာက္ခဲ့ပါတယ္။ ဒါေပမဲ့ ဘုရင္မႀကီးတေစၦကို ေတြ႕ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ မထားခဲ့ပါဘူး။ You tube ဗီဒိယိုထဲမွာ အလင္း ေဖာက္ထြင္းႏိုင္တဲ့အရိပ္တစ္ခုကို ၁၀ စကၠန္႔ေလာက္ ေတြ႕ခဲ့ရၿပီး ေနာက္ဆံုး ႐ုတ္တရက္ ေပ်ာက္ကြယ္ သြားခဲ့ပါတယ္။ "ကိုယ္ထင္ျပတာလည္း မျဖစ္ဘူး။ ကိုယ့္ေဘးနားမွာလည္း ဘယ္သူမွရွိမေနဘူး။ ဒါကို ကြၽန္ေတာ္ရွင္းမျပတတ္ေတာ့ဘူး။ ဒီပံုရိပ္ကို နာရီ ေပါင္းမ်ားစြာ ျပန္ၾကည့္ျဖစ္တယ္။ အရင္က တစ္ခုမွ မေတြ႕ဖူးဘူး။ အရမ္းအံ့ၾသဖို႔ေကာင္းတယ္"လို႔ စတိဗ္ က ဖြင့္ဟခဲ့ပါတယ္။ ေရွးေဟာင္းအခန္းေတြရွိေနတာ ေၾကာင့္ အဲဒီအနားမွာ သူ ဓာတ္ပံု၊ ဗီဒီယို႐ိုက္ကူး ခဲ့တယ္။ ဒီအိမ္မွာ အဲလိဇဘက္ဘုရင္မ ၁ တေစၦ ဘ၀နဲ႔ ရွိေနႏိုင္ဖြယ္ မရွိဘူးဆိုတာန႔ဲ ပတ္သက္ၿပီး အေၾကာင္းအက်ဳိး ခိုင္ခိုင္လံုလံုနဲ႔ ရွင္းျပေပးႏိုင္သူ တစ္ဦးမွမရွိခဲ့ပါဘူး။ ဗီဒီယိုၾကည့္ၿပီး စိတ္လႈပ္ရွားသြား တဲ့ စတိဗ္ဟာ ေနာက္တစ္ပတ္အၾကာမွာလည္း အဲဒီ အိမ္ကိုျပန္သြားခဲ့ပါတယ္။ "အရိပ္ေတြ႕ခဲ့တဲ့ မုခ္ခံုး မွာ ကြၽန္ေတာ္ ရပ္ေနခဲ့တယ္။ ဘာမွလည္း ရွိမေန ဘူး။ ဒီအရိပ္ဟာ အဲလိဇဘက္ဘုရင္မႀကီး ဟုတ္ တယ္။ မဟုတ္ဘူးဆိုတာ ကြၽန္ေတာ္မသိဘူး။ အမ်ဳိး သမီးတစ္ေယာက္လို႔ေတာ့ ထင္မိတယ္။ ပံုစံက ဂါ ၀န္၀တ္ထားသလိုပဲ"လို႔ စတိဗ္က ေျပာၾကားခဲ့ပါတယ္။ တကယ္တမ္း အဲလိဇဘက္ဘုရင္မ ၁ ရဲ႕ ၀ိညာဥ္ဟုတ္၊ မဟုတ္ဆုိတာကေတာ့ မေသခ်ာဘူး။ဒါေပမဲ့ အဲဒီ စံအိမ္မွာ အဲလိဇဘက္ဘုရင္မ ၁ ေနခဲ့ဖူးပါသတဲ့။         

 

ကိုေအာင္(ေျမာက္ဦး)

Share