ဌေးအောင်စိန်(အင်းမ)

*********************
ကျွန်ုပ်၏ အသက်သည် ၆၀ ကျော်ခဲ့လေပြီ။ ကျွန်ုပ် လူမှန်းသိစဉ် အရွယ်ကတည်းကပင် လူ သေလျှင် ကြောက်၏။ မိမိ၏ပတ်ဝန်းကျင်ရှိ ခြောက် လှန့်တတ်သူများကြောင့် ဖြစ်မည်။

ယခုအခါတွင် လည်း ထိုကြောက်စိတ်တို့က ရှိနေသေးသည်။ ကျွနု်ပ်၏ အဘိုး၊ အဘွား၊ မိဘ၊ မိတ်ဆွေ၊ သူငယ် ချင်းအရင်းများ သေဆုံးလျှင်ပင် ကြောက်နေ၏။ အဘယ်ကြောင့်ရယ် မသိ၊ မရှက်တမ်းဝန်ခံရလျှင် ထိုကြောက်စိတ်တို့သည် ကျွနု်ပ်၏ ခန္ဓာထဲတွင် ယခု တိုင် ရှိနေပါသည်။ သို့သော် သက်ရှိဘဝ ခန္ဓာကို ရရှိထားသူတိုင်း တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သေ ကြရမည်။ မိ်မိလည်း သေရမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ သို့သော် တာဝန်နှင့် ဝတ္တရားအရ အသုဘပို့ရသည့်အခါများလည်း ရှိခဲ့ရပါသည်။

သိပ်မကြာသေးခင်ကပင် တူဝမ်းကွဲတော်သူ ၏အသုဘ လိုက်ပို့ခဲ့ရသေးသည်။ ထိန်တောသုသာန် တွင်ဖြစ်၏။ အသုဘအခန်းအနားကြိုတင်ပြင်ဆင်ရန် သွားနှင့်ကြမည့် မိသားစုဝင်များနှင့် စောစောလိုက်ဖြစ် ခဲ့သည်။ ရှေ့တွင် နာရေးအစီအစဉ်များက သူ့အလှည့် နှင့်သူ ဖြစ်နေသောကြောင့် တူတော်မောင်၏ နာရေး အခန်းအနားပြင်ဆင်ရန် အလှည့်စောင့်နေရ၏။
ဟိုးယခင် ကြံတောသုသာန် တည်ရှိခဲ့စဉ်က လည်း ထိုသို့အတွေ့အကြုံရှိခဲ့ဖူးသည်။ ကျွနု်ပ် အထက်အရာရှိ၏ ဖခင်သေဆုံးတုန်းကဖြစ်၏။ သူတို့၏ မိသားစုဝင်များနှင့်အတူ အသုဘအခမ်း အနားပြင်ရန် လိုအပ်သည််များ စီစဉ်နိုင်ဖို့အတွက် သုသာန်သို့ စောစောလိုက်သွားခဲ့ဖူးသည်။ ထိုစဉ် အခါက အလှည့်ကျပြီဖြစ်သဖြင့် မစောင့်လိုက်ရ။ ရန်ကုန်မြို့နာရေး ကိစ္စများ အတွေ့အကြုံမရှိခဲ့သဖြင့် ဟိုကြည့်သည်ကြည့်ဖြင့်ပင် ဘီးတပ်သံတွန်းလှည်း ပေါ်တွင် လူသေကောင်ကို ပိတ်ဖြူဖြင့်ပတ် ထုတ်ယူ ဆောင်လာကြသည်။ ကျွနု်ပ်အထက်အရာရှိ၏ ဖခင် ကိုလည်း တစ်ခါမျှမမြင်ဖူးခဲ့။ သို့ဖြင့် ဘယ်ပုံသဏ္ဌာန် ဖြစ်မည်ကို စိတ်ဝင်စားမိ၏။ သုသာန်ဝန်ထမ်းများ သည် ကျွမ်းကျင်သူများဖြစ်သောကြောင့်လည်း ကောင်း၊ အတွေ့အကြုံများသူများဖြစ်သောကြောင့် လည်းကောင်း ပေါ့ပေါ့ အေးအေးဆေးဆေးပင် သယ် ယူလာသော လူသေကောင်ကို ပတ်ယူလာသည့် အဝတ်စကို တစ်ဖက်စီကိုင်လျက် အခမ်းအနားပြင် မည့် ခုတင်ပေါ်သို့ ပစ်တင်လိုက်သည်။ ကျွနု်ပ်သည် စိတ်ဝင်တစား လိုက်ကြည့်၏။ လူသေကောင်သည် အသက်ကြီးကြီး ပိန်ပိန်ပါးပါး၊ ဆံပင်ရှည်ရှည် ဖိုးရိုး ဖားရားဖြင့် ကိုယ်လုံးတီးမိမွေးတိုင်း ဖမွေးတိုင်း ပစ်တင်လိုက်သည့်အတိုင်း ဖယိုဖရဲ သံခုတင်ပေါ် ရောက်ရှိသွားလေသည်။ ရေခဲတိုက်တွင်ထားခဲ့သော လူသေကောင်၏ ကိုယ်ပေါ်တွင် ရေခဲရိုက်ထားသည့် ငါးများကဲ့သို့ ရေမှုန်ရေမွှားတို့ ရှိနေ၏။ ထိုရေမှုန် ရေမွှားတို့ကို ပတ်ယူလာသည့် အဝတ်နှင့်ပင် သုတ် သင် သန့်ရှင်းကြသည်။ ထို့နောက် ကျွနု်ပ်တို့ အသင့် ယူဆောင်လာသည့် ပိတ်ဖြူခင်းအသစ်ကို လူသေ ကောင်ကို ဟိုဘက်သည်ဘက် လှည့်ပြောင်း၍ အောက်ခင်း ခင်းသည်။ ခေါင်းအုံးအသစ်ပေါ်တွင် ခေါင်းကို တင်သည်။ ပါလာသည့် အဝတ်အစား အသစ်များ ဝတ်ဆင်ပေးသူက ပေး၊ ဆံပင်ရှည် ဖိုးရိုးဖားရားကို ခေါင်းဖြီးသူက ဖြီး၊ သပ်သပ်ရပ်ရပ် သျှောင်ထုံးထုံးပေး၏။ မျက်နှာကို ပေါင်ဒါမှုန့်ပါးပါး လိမ်းပေးသူက လိမ်းနေရင်းမှ မေး၏။
“မျက်နှာကို အတည့်အိပ်နေတဲ့ပုံထားမှာလား တစ်စောင်းအိပ်နေတဲ့ပုံ ထားမှာလား” ကာယကံရှင် များက ဖြေ၏။
“အတည့်ပဲကောင်းပါတယ်။ အတည့်ပဲထားပါ ...”
လူသေကောင်ကို အတည့်ထား၍ ပတ်ဝန်းကျင်တွင် ပါလာသည့် ပန်းပွင့်များဖြင့် ဝန်းရံကျဲပေး ကြသည်။ ဟနေသော ပါးစပ်အား စေ့သွားစေရန် မေးစေ့အောက်နှင့် လည်မျိုအောက်နားမှ အဝတ်ဖြင့် ခု၍ အကျႌစဖြင့် ဖုံးပေး၏။ သွေးပြည်များ ယိုစီး နေသော နားများကို သန့်ရှင်းရေးလုပ်၍ ဂွမ်းဖြင့်ဆို့ ကာ ပန်းပွင့်များဖြင့် အုံပေးထားကြသည်။ အနည်း ငယ်ပွင့်နေသော မျက်စိအစုံကိုလည်း လက်ဖြင့်ဖိ၍ မှိတ်ပေး၏။ ဝန်းကျင်တွင်လည်း ပန်းအိုးများ၊ ပန်း ခြင်းများ၊ ပန်းခွေများ ဓာတ်ပုံများဖြင့် အသုဘ အခမ်းအနားကိုပြင်ဆင်၍ သင်္ဂြိုဟ်ရန် စီမံထား ကြလေတော့သည်။ သင်္ဂြိုဟ်ရန်အချိန်ကျရောက် သောအခါ အသုဘပို့သူများက သူသေကောင် ကိုယ်ကြီးအား ခေါင်းထဲတွင်ထည့်၍ အစီအစဉ် အတိုင်း မီးသင်္ဂြိုဟ်စက်ဆီသို့ ပို့ဆောင်၍ မီး သင်္ဂြိုဟ်စက်ခန်းထဲတွင် ထည့်ထားခဲ့လေကြတော့ သည်။ ဤသည်မှာ လူသေကောင်ကို ကြောက် တတ်သော ကျွနု်ပ်ဘဝတွင် သေသေချာချာ သတိ ထားကြည့်ရှုမိသော နာရေးတစ်ခုဖြစ်ခဲ့သည်။ နာရေးကိစ္စများကို အကြိမ်ကြိမ် လိုက်ပါပို့ဆောင်ခဲ့ ဖူးသော်လည်း မှတ်မှတ်ရရ ဖြစ်စရာများက သိပ်မရှိ။ သို့သော် ရန်ကုန်ကဲ့သို့မဟုတ်ဘဲ နယ်မှမိတ်ဆွေ တစ်ဦး၏ ဖခင်နာရေးကို ကွင်းကွင်းကွက်ကွက် မြင်ယောင်နေမိပြန်သည်။
နယ်မှနာရေးကိစ္စများသည် ရန်ကုန်ကဲ့သို့ မဟုတ်၊ နာရေးကိစ္စကို အချိန်ယူ၍ ဆောင်ရွက်ခွင့် ရှိသည်။ သို့သော် ရေခဲတိုက်များမရှိသဖြင့့် များသော အားဖြင့် သုံးရက်ထား၍ အသုဘချသည့်နေ့တွင် ညနေပိုင်း အေးအေးဆေးဆေး သင်္ဂြိုဟ်လေ့ရှိ၏။ ကျွနု်ပ်မိတ်ဆွေ၏ ဖခင်မှာ တောထွက်ဘုန်းကြီးဘဝ နှင့် ပျံလွန်တော်မူခြင်း ဖြစ်သည်။ ရာသီဥတုက အလွန်ပူသော နွေရာသီအချိန်တွင်ဖြစ်၏။ ကာယကံ ရှင်တို့၏ ဆန္ဒအရ သုံးရက်ထားသောအခါ အနံ့များ ပင် ထွက်လို့နေတော့သည်။ နာရေးကို နှာခေါင်းပိတ် ၍ လိုက်ပို့ရသည်။ သုသာန်သို့ရောက်သောအခါ မီးသင်္ဂြိုဟ်မည့်နေရာသို့ ပို့ကြရ၏။ မီးသင်္ဂြိုဟ်စက် မရှိသောကြောင့် ထင်းများ၊ ရာဘာအစများ စုပုံ၍ မီးသင်္ဂြိုဟ်ကြသည်။ လူသေကောင်ထည့်ထားသော ခေါင်းတလားအဖုံးကို ဖွင့်လိုက်သောအခါ အပုပ်နံ့ များက တထောင်းထောင်းထ၍ ကိုယ်ထည်ကြီးမှာ လည်း ပုပ်ပွနေသည်။ မျက်စိများလည်း ပြူးထွက်၍ ပါးစပ်ထဲမှ လျှာကလည်း တိုးလိုးတစ်လစ်ကြီး ဖြစ်နေ ၏။ ကိုယ်ထည်ပါသော ခေါင်းတလားကြီးအား ထင်း ပုံပေါ် မှောက်တင်ပြီး ခေါင်းကို ဆွဲဖယ်လိုက်ကြ သည်။ ထို့နောက် လွှမ်းပတ်ထားသော သင်္ကန်းကို ကိုယ်ပေါ်မှ ဖြေဖယ်ရ၏။ ထိုအခါ သင်္ကန်းတွင် အရေပြား အပုပ်အပွအစအနတို့က အရိအရွဲများအ ဖြစ် ကပ်ပါနေကြလေသည်။ အမှန်တကယ်ပင် စက်ဆုတ်ရွံရှာစရာ မတင့်တယ်သော အသုဘ အတ္တဘော ကိုယ်ထည်ကြီးပင်ဖြစ်လေ၏။ တစ်ဆက် တည်းမှာပင် ကျွနု်ပ်၏ ကိုယ်ခန္ဓာကြီးသည်လည်း ပြုပြင် သန့်ရှင်းပေးနိုင်နေစဉ်သာ တင့်တယ်စဖွယ်ဖြစ် နေသော်လည်း တစ်ချိန်တွင် စက်ဆုတ်ရွံရှာဖွယ် မတင့်တယ်သော အသုဘအတ္တဘောကိုယ်ကြီး မလွဲ မသွေဖြစ်ရပေမည်ဟု ဆင်ခြင်ဉာဏ်ဝင်မိလေသည်။ ထို့ကြောင့်ေ ရှးပညာရှိသူတော်စင်တို့မှ သံဝေဂရနိုင် ခြင်းကို အကြောင်းပြု၍ “မသာတစ်ခေါက် ကျောင်း ဆယ်ခေါက်”ဟု အဆိုအမိန့် ထားခဲ့ခြင်းဖြစ်မည်။ အကြိမ်အရေများစွာဖြင့် စူးစူးစိုက်စိုက်ရှုမှတ်သော အခါ အသုဘကမ္မဋ္ဌာန်းကကိုယ်တွင်း ကိန်းအောင်း ရာ၏။ ထိုအခါ အနတ္တ၏ သဘောဖြစ်သော ဘယ် အရာကိုမှ ကိုယ့်သဘောအတိုင်း ဆုပ်ကိုင်၍ မထား နိုင်ကြောင်း၊ သူ၏သဘော သူဆောင်နေကြောင်း ကံ၏ အစီအမံအတိုင်း ဖြစ်နေရကြောင်း ဆက် စပ်မြင်နိုင် ဆင်ခြင်နိုင်ခွင့်ရပေသည်။
ယခုအခါ ကျွနု်ပ်သည် လူသေကောင်ကို ကြောက်သည်ထက် ရွံရှာသည်က ပိုနေသည်ဟုထင် သည်။ အသုဘ လူသေကောင်များ အနီးအနားသို့ မသွားလိုချေ။ သို့သော် မလွဲမရှောင်သာ အသုဘလူ သေကောင်နှင့် နီးနီးကပ်ကပ်နေခဲ့ရသည့်အဖြစ်တစ် ခုကို အမှတ်ရမိပြန်သည်။ သေသူသည် ကျွနု်ပ်နှင့် အလွန်ခင်မင်သော သူငယ်ချင်းအရင်းကြီး ဖြစ်၏။ သူတွင် ကိုယ်တွင်းရောဂါအစုံရှိသည်။ လူကဝသည် အစားအသောက် အနေထိုင် မဆင်ခြင်။ ဆေးကို လက်ခုပ်တစ်ဖောင်စာလောက် အကြိမ်ကြိမ် သောက် ရ၏။ ပိုက်ဆံချမ်းသာသဖြင့် ငွေအားကိုးဖြင့် နေချင်၊ ပျော်ချင်သလို နေလေ့ရှိသည်။ ကျွနု်ပ်ထံသို့လည်း မကြာမကြာလာ၍ ဧည့်ခံပျော်ပါးလေ့ရှိသည်။ သူ ဆုံးပြီသတင်းရသောအခါ ကျွနု်ပ်သူရှိရာမြို့သို့ အားချင်း သွားရလေသည်။ သူ့အိမ်သို့ရောက်သော အခါ အခြားသူငယ်ချင်းများက ကြိုဆို၍ နာရေး အကျိုးအကြောင်းကိုဝိုင်းပြောကြ၏။ သို့သော် အလောင်း အသုဘက အိမ်တွင်မရှိ။ ဆေးရုံရှိရင်ခွဲရုံထဲတွင်ထား ကြောင်း သိရလေသည်။ သေဆုံးသူ သူငယ်ချင်း နှင့် ကျွနု်ပ်၏ ခင်မင်မှု အတိုင်းအတာကို သိနေကြ သော အပေါင်းအသင်းများက ရင်ခွဲရုံသို့ အသုဘ ကြည့်ရှုကြရန် စီစဉ်ကြလေသည်။ ဤသို့ဖြင့် ဆေး ရုံတွင်းရှိ ရင်ခွဲရုံသို့ ကျွနု်ပ်တို့ ရောက်သွားကြ၏။ ပိုးသတ်ဆေးနံ့များက မွှန်ထူနေသည်။ လူသေ ကောင်ထံမှ အနံ့စူးစူးကလည်း အသက်ရှူမှား လောက်၏။ သူသက်ရှိထင်ရှားရှိစဉ်က တန်ဖိုးကြီး ရေမွှေးတို့က ယခုအခါ အသုံးမဝင်တော့ချေ။ နှာ ခေါင်းနှင့် ပါးစပ်တို့တွင် ချွဲကဲ့သို့ ပုံစံဖြင့် အမြှုုပ် ထွက်နေသည်။ ကျွနု်ပ် ခေတ္တမျှစိုက်ကြည့်ပြီး မျက် နှာလွှဲလိုက်၏။ ကျွနု်ပ်၏ ရန်ကုန်အသုဘများ၏ အတွေ့အကြုံများဖြင့် အပေါင်းအသင်းတို့ကို ပြောမိ၏။
“ဟေ့ကောင်တွေ ဒီအတိုင်းတော့ သိပ်မ ဟန်ဘူးကွ။ ပြင်တတ်ဆင်တတ်တဲ့သူ ငှားရမ်ပြီးပြင် ကြဆင်ကြပါဦး”
ထိုအခါ သူတို့က ပြန်ပြောကြသည်။
“အေးပါကွ။ တို့ စီစဉ်ထားပါတယ်”
တကယ့် စက်ဆုပ်ရွံရှာစရာ အသုဘကြီး ဖြစ်နေတော့သည်။ နောက်တစ်နေ့တွင် သူငယ်ချင်း ၏ အသုဘအလောင်းကြီးအား ဂူသွင်းသင်္ဂြိုဟ်ကြ သည်။ ဂူသွင်းခါနီး အခေါင်းဖွင့်ပြ၏။ ကျွနု်ပ်လည်း နောက်ဆုံးအနေဖြင့် အသုဘရှုမိသည်။ အသုဘအ လောင်းကောင်ကြီးမှာ ပွရောင်းနေသည်။ မျက်နှာကို သန့်ရှင်းရေးလုပ်ပြီး ပြင်ဆင်ထားသော်လည်း ရောင် ရမ်းညိုပုတ်၍ မူလရုပ်ပျောက်နေ၏။ မကောင်းသော အနံ့အသက်များကလည်း ပျံ့ထွက်နေတော့သည်။ ငါလည်း ဒီလိုပဲ တစ်နေ့နေ့တစ်ချိန်ချိန်ဖြစ်သွားရမှာ ပဲဟူ၍ အတွေးသံဝေရဝင်မိပါတော့သည်။
အထက်တွင်ဖော်ပြခဲ့သော တူဝမ်းကွဲတော် သူ၏ အသုဘနာရေးအလှည့် ရောက်လေပြီ။ ရေခဲ တိုက်မှ အခမ်းအနားပြုလုပ်ရာနေရာသို့ အလောင်း ကောင်ကို ကားဖြင့် သယ်ယူလာသည်။ အလောင်း ကောင်ကို ခေတ္တထားသည့်အဆောင်တွင်း ထည့် လိုက်ပြီး အခင်း၊ ခေါင်းအုံး၊ အဝတ်အစားများ တောင်းယူ၍ ပထမအစီအစဉ်ပြင်ဆင်ကြ၏။ ထို့ နောက် ဘီးတပ်သံတွန်းလှည်းပေါ်တွင် ကတ္တီပါ အနီစ အုပ်၍ တွန်းထွက်လာပြီး အသုဘပြင်ဆင်မည့် အခန်းရှိ အသင့်ထားနှင့်သော သံခုတင်ပေါ်တင်ကြ သည်။ တူတော်မောင်သည် နာတာရှည်ရောဂါသည် ဖြစ်သောကြောင့် အရိုးခေါင်းပုံသာ ကျန်တော့သည်။ ကျွနု်ပ်တို့ မြင်နေကျ ဝဝဖြိုးဖြိုး၊ ဖောင်းဖောင်းအိ အိ ချစ်ခင်ဖွယ်အသားအရေတို့ လုံးလုံးမရှိတော့။ ပါးစပ်က ဟနေသဖြင့် နှင်းဆီပန်းရိုးကို လည်မျိုနှင့် တိုင်းဖြတ်၍ ထောက်ကန်စေ့ပေးရ၏။ ထုံးစံအတိုင်း စနိုးတာဝါဖြင့် မျက်နှာတစ်ဝိုက် သန့်ရှင်းရေးလုပ်ပေး ခြင်း အဝတ်အစားမျးား လွှမ်းပေးခြင်း၊ ပန်းပွင့်များ ခြံရံပေးခြင်း၊ ပန်းခြင်း၊ ပန်းခွေ ဓာတ်ပုံများနေရာ ထားသိုခြင်း၊ ဇာအုပ်ဆောင်းဆောင်းပေးခြင်းစသည် ဖြင့် အသုဘအခမ်းအနားကို ထုံးစံအတိုင်း ပြင်ဆင် ထားပေးလိုက်ကြသည်။ သင်္ဂြိုဟ်ချိန်ရောက်သော အခါ အစီအစဉ်အတိုုင်း အခေါင်းထဲထည့်၍ မီးသ င်္ဂြိုဟ်စက်ခန်းတွင်းသို့ ထည့်ထားခဲ့ရလေတော့သည်။
ယခုအခါ ကျွနု်ပ်သည် အသက်အရွယ်ရလာ သည်နှင့်အမျှ အနာဝေဒနာရောဂါများ အပြင် အိုနာ ပါတွဲ၍ ဗျာဓိဘေးနှင့်ယှဉ်တွဲနေသော အချိန်ကာလ သို့ ရောက်ခဲ့လေပြီ။ မရဏ သေဘေးသည်လည်း တဖြည်းဖြည်း နီးကပ်လာချေပြီ။ အခြားဘာသာရေး ကိစ္စများကို လုံ့လစိုက် မလုပ်ဆောင်နိုင်သော်လည်း အထက်ပါ အတွေ့အကြုံများကို ဆင်ခြင်၍ -
“ငါ၏ ကိုယ်မှာရှိနေတာ ရွံရှာဖွယ်ကြီးပါတကား”ဟူသော အသုဘ ဘာဝနာနှင့်
“ငါသည်မုချ တစ်နေ့ကျ သေရမှာပါတ ကား”ဟူသော မရဏနုဿတိ သေခြင်းတရားကို နှလုံးသွင်းနေရပါမည်ဟူ၍။

ချမ်းသာခြင်းကို ရကြပါစေ။


ဋ္ဌေးအောင်စိန်
(အင်းမ)

Share