Image result for ouija

မြန်မာနိုင်ငံရှိ လူတော်တော်များများကတော့ ရုပ်ရှင်ကားတွေရဲ့ကောင်းကျိုးကြောင့် Ouija Board ပြား အကြောင်းကိုတော့ သိပ်ပြီးမစိမ်းလောက်ပါဘူး။ ဟုတ်ပါတယ် Ouija Board ပြားကတော့ ဝိညာဉ်တွေနဲ့ ဆက်သွယ်တဲ့ ကြားခံဘုတ်ပြားတစ်ခုပါ။ အချို့က Spirit Board (ဝိညာဉ်ဘုတ်ပြား) ၊ အချို့ကတော့ Talking board (ဆက်သွယ်ခြင်းဘုတ်ပြား) ဆိုပြီး အခြားအမျိုးအမည်တပ်ပြီး ခေါ်ဆိုပါသော်ငြားလည်း လူတွေကတော့ Ouija Board ဆိုတာနဲ့ စိတ်ထဲ သရဲတစ္ဆေ နာနာဘာဝတွေနဲ့ ချိတ်ဆက်တယ်ဆိုတာကတော့ ခေါင်းထဲပြေးမြင်မိနေမှာပါပဲ့။

ဘုတ်ပြားကိုတော့ အမျိုးမျိုးပြုလုပ်ထားကြပြီး ယေဘုယျဖြစ်စဉ်အားဖြင့်တော့ ဘုတ်ပြားမှာ A to Z အင်္ဂလိပ်အက္ခရာများ ၊ 0 to 9 ဂဏန်းများ ၊ Yes, No, Hello, Goodbye စသော စကားလုံးများ နှင့် အခြားသင်္ကေတများနဲ့ ပန်းချီပုံရိပ်အချို့ကို သစ်သားတစ်ခုအပေါ်မှာ ထွင်းထုရေးခြယ်ထားပါသည်။ ဘုတ်ပြားနှင့်အတူ Planchette လို့ခေါ်တဲ့ (သစ်သား သို့ ပလက်စတစ် နဲ့လုပ်ထားတဲ့ အသည်းပုံ သဏ္ဍာန် ချပ်ပြားငယ်) ညွှန်ပြတဲ့အရာလေးတစ်ခုလည်း ပါရှိပါသည်။ ဒီဘုတ်ပြားကိုတော့ စီးပွားလုပ်ငန်းရှင်တစ်ဦးဖြစ်ေသာ Elijah Bond ဆိုသောပုဂ္ဂိုလ်က ၁၈၉၀ ခုနှစ် ဂျွန်လတစ်ရက်နေ့မှာ စတင်ပြုလုပ်ခဲ့ပါသည်။

 

http://www.elijahbond.com/elijahbond_l.jpg

၀ိညာဉ်ခေါ်ဘုတ်ပြားထီထွင်သူ Elijah Bond

 

အမေရိကန်စိတ်ဝိညာဉ်ပညာရှင် Pearl Curran က ဒုတိယကမ္ဘာစစ်အတွင်းမှာ သေဆုံးသွားကြသည့် ၀ိညာဉ်များဖြင့် ဆက်သွယ်နိုင်မည့်နည်းလမ်းတစ်ခုအဖြစ် အသုံးမပြုခင်ကာလမှာ ဒီဘုတ်ပြားက သဘာဝလွန်ဂမ္ဘီရဖြစ်ရပ်များနှင့် မပတ်သက်ဘဲ့ ရိုးရိုးတန်းတန်းကစားစရာတစ်ခုသာသာပဲ့ ရှိနေပါသေးသည်။ ၁၈၈၆ ခုနှစ်မှာလည်း စိတ်ဝိညာဉ်များကိုလေ့လာသူများက သေဆုံးသူများဖြင့်ဆက်သွယ်နိုင်သော ဘုတ်ပြားများကို အမြောက်အမြားထီထွင်ဖန်တီးခဲ့ပေမယ့်လည်း ကျွန်တော်တို့ လက်ရှိနာမည်ကြီးနေသည့် Ouija Board လောက် အသုံးမကျဘဲ့ ရှိနေသောကြောင့် ထိုပရောဂျက်ကို ရပ်ဆိုင်းထားခဲ့တာပင် အတော်ကြာနေပြီဖြစ်သည်။ ၁၈၉၀ မှာ Ouija Board ပြားကို စတင်လိုက်တဲ့အချိန်ကျတော့မှ ၀ိညာဉ်များဖြင့် ချိတ်ဆက်နိုင်သောအရာတစ်ခုအဖြစ် နာမည်ကြီးလာခဲ့ပြန်သည်။ ထိုဘုတ်ပြားသည် ပညာရှင်များ စမ်း၍ပြုလုပ်ထားသောဘုတ်ပြားများထက် ပိုမိုချိတ်ဆက်ရကောင်းပြီး မြန်မြန်ဆန်ဆန်နဲ့လည်း ဆက်သွယ်ရေးမိလေသည်။ အချို့သော ခရစ်ယာန်အယူသီးသူများကတော့ ဒီဘုတ်ပြားအသုံးပြုခြင်းကို ကန့်ကွက်ကြလေသည်။ အဘယ်ကြောင့်လဲ့ဆိုတော့ သူတို့က ဒီဘုတ်ပြားသည် နတ်ဆိုးများဖြင့်ချိတ်ဆက်ခြင်းတစ်မျိုးလည်းဖြစ်နိုင်ပြီး ဒီကမ္ဘာမြေပေါ်ကို ဘုရားသခင်ကို တော်လှန်သော နတ်ဆိုးများအား တံခါးဖွင့်ပေးသောကိရိယာတစ်ခုဖြစ်နိုင်သည်လို့ သတ်မှတ်ထားသောကြောင့် ဖြစ်ပေသည်။ ဂမ္ဘီရပညာများကို လေ့လာသူများကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိတ်အပိုင်းတွေခွဲပြီးတော့ အကောာင်းဘက်ညွန်ပြသောအခြေအနေမျိုးတွေဖြစ်စေဖို့အတွက် အသက်အရွယ်ကန့်ကွက်မှုများကိုလည်း ပြုလုပ်ခဲ့ကြပေသည်။



http://williamfuld.com/photos/igiliad_l.jpg

1897 ထုတ် Munsey's Magazine မှ ကြော်ငြာစာ

၁၉၁၁ ခုနှစ်က ကြော်ငြာစာတစ်ခု

1920 ဂျွန်လထုတ် Popular Science စာစောင်တွင်ပါဝင်ခဲ့သောကြော်ငြာစာတစ်ခု

 

1920 ခုနှစ်က ကြော်ငြာစာတစ်ခု

အီဂျစ်ဆိုင်ရာကံကောင်းစေသောဘုတ်ပြားဆိုပြီး ကြော်ငြာထားသော 1920 မှ ကြော်ငြာတစ်ခု

ဟောပြောခြင်းဆိုင်ရာဆိုပြီးစာသားများဖြင့် ကြော်ငြာထားချက်

1936 ခုနှစ် Johnson Smith & Company မှ ကြော်ငြာချက်တစ်ခု

1921 တွင် ကြောြ်ငာဓာတ်ပုံတစ်ပုံ

 

တဖြည်းဖြည်းဖြင့် သိပ္ပံကာလအပိုင်းအခြားသို့ ရောက်လာသောအခါတွင် ဒီဘုတ်ပြားကို စားပွဲခုံကို ခေါက်ပြီး ၀ိညာဉ်ခေါ်ခြင်းကဲ့သို့ပင် သူတို့က သုံးသပ်ပါတော့သည်။ ဘုတ်ပြားပေါ်မှာ ၀ိညာဉ်ခေါ်လိုသူတွေ ကိုယ်တိုင် အသည်းနှလုံးပုံ ပလန်ရှက်အပြားကလေးကို လက်ဖျားကလေးတွေနဲ့ ထိပြီး ဘုတ်ပြားအနှံ့ လိုက်ရွေ့ ပေးနေရာက (၀ိညာဉ်တစ်ခုခု ရောက်လာတဲ့အခါ) ပလန်ရှက်အပြားကလေးဟာ အလိုအလျှောက် ဦးဆောင် လှုပ်ရှားသွားတယ်ဆိုတာ တကယ်တော့ ၀ိညာဉ်ခေါ်လိုသူတွေရဲ့ ကြွက်သားလှုပ်ရှားမှု့တွေကနေ ဆက်စပ် လှုပ်ရှားသွားတာပါလို့ သိပ္ပံပညာရှင်တွေက ပြောကြပါသည်။ စိတ်ပညာရှင်တွေ ပြောတာကတော့ တစ်မျိုးဗျ။ ၀ိညာဉ်ခေါ်မယ့်ဝိုင်းမှာ ၀ိုင်းထိုင်နေကြသူတွေရဲ့ မသိစိတ်တွေ စုပေါင်းပြီး စိတ်စွမ်းအင် (Psychokenis) တွေ ပေါ်ပေါက်လာတာဖြစ်လို့ မသိစိတ်နယ်ပယ်က ထူးခြားတဲ့ အသိထူးတွေ၊ ထူးခြားတဲ့ ထိုးထွင်းသိမြင်မှု့တွေ ပေါ်ပေါက်လာပြီး အဖြေထုတ်ပေးတာတွေ၊ အကြံပြုပေးတာတွေ ဖြစ်ပေါ်လာတာပဲလို့ ပြောဆိုကြပါသည်။ အဲဒီနေရာမှာ သိပ္ပံပညာရှင်တစ်ချို့ဆိုရင် မသိစိတ်ရဲ့ စွမ်းအင်ကိုတောင် အသိအမှတ် မပြုဘူး။ သူတို့က ၀ိညာဉ်ခေါ်သူတွေရဲ့ သိစိတ်နဲ့ပဲ အဖြေထုတ်သွားတာပါလို့ ဆုံးဖြတ်ကြပါသည်။ အလွန်ခေါင်းမာတဲ့ သိပ္ပံပညာရှင်တစ်ဦးကတော့ ဒီကိစ္စကို မကျေနိုင်လို့ သူက ဒီလို စမ်းသပ်လိုက်ပါတော့သည်။ အဲ့ဒါကတော့ ဘုတ်ပြားနဲ့ ၀ိညာဉ်ခေါ်နေကြတာကို သူက ဘေးက ထိုင်ကြည့်တယ်။ ပလန်ရှက်အပြားကလေးကို ပွတ်သတ်ရွေ့ပြီး အမေးအဖြေ လုပ်နေကြတာကိုလည်း ထိုင်ကြည့်တယ်။ ပြီးတော့မှ သူက ၀ိုင်းကလူတွေကို မျက်လုံးတွေမှာ ပဝါလိုက်စည်းပေးပြီး ဘာမှမမြင်ရအောင် လုပ်လိုက်တယ်။ ၀ီးဂျာဘုတ်ပြားကိုလည်း ၀ိုင်းကလူတွေ မသိအောင် ၁၈၀ ဒီဂရီ လှည့်ပစ်လိုက်တယ်။ အဲဒီနောက်မှာ ၀ိုင်းကလူတွေ မူလက သိထားတဲ့ ဟုတ်တယ် မဟုတ်ဘူး စာလုံးတွေနေရာကိုပဲ ပလန်ရှက်အပြားကလေးက ရောက်ရောက်သွားလေတော့ ဘုတ်ပြားပေါ်က ဗလာနေရာ လွတ်တွေကိုပဲ ညွန်ပြသလို ဖြစ်သွားတော့တာပေါ့။ ဒါကိုထောက်ရှု့ပြီး သူက ၀ိုင်းကလူတွေရဲ့ သိစိတ်နဲ့ပဲ လုပ်နေကြတာ။ ကိုယ့်ဆန္ဒနဲ့ကိုယ် မေးဖြေနေကြတာလို့ ကောက်ချက်ဆွဲလိုက်တာပဲ။ ၀ိညာဉ်လောက ယုံကြည်သူတွေဟာ ၀ီးဂျာဘုတ်ပြား ကိစ္စကို သုံးသပ်မှု့ ပြုရာမှာ သိပ္ပံပညာရှင်တွေထက် သာလွန်ချက်ရှိသွားတယ်လို့ ပြောရမှာပဲ။ သူတို့ပြောတာက စားပွဲခုံနဲ့ ၀ိညာဉ်ခေါ်တာပဲဖြစ်ဖြစ် အဲဒီစားပွဲခုံနဲ့ ၀ီးဂျာဘုတ်ပြားတို့မှာ ဘာအစွမ်းသတ္တိ ဘာတန်ခိုးမှ ရှိတာ မဟုတ်ပါဘူးတဲ့။ စားပွဲခုံတို့ ၀ီးဂျာဘုတ်ပြားတို့ဆိုတာ ၀ိညာဉ်နဲ့ ဆက်သွယ်ရာမှာ ဆက်သွယ်ရ အဆင်ပြေအောင် ကြားခံဆောင်ရွက်ပေးသော ကြားခံပစ္စည်းတွေသာ ဖြစ်ပါသည်။ တမလွန်လောကမှာ ရှိနေတဲ့ ၀ိညာဉ်တစ်ခုခုနဲ့ ၀ိညာဉ်ခေါ်သူတွေအကြား တစ်စုံတစ်ရာ အကြောင်း တစ်ခုခုကြောင့် ပတ်သက်မှု့ရှိနေပြီး အဲဒီ ၀ိညာဉ်တွေကိုယ်တိုင်က လာချင်စိတ်ရှိမှ ဆက်သွယ်ချင်စိတ်လည်း ရှိနေတာမို့ ဆက်သွယ်နိုင်ကြတာပါ။ ဒါကြောင့်လည်း တချို့ ၀ိုင်းတွေမှာ ၀ိညာဉ်ကို ဘယ်လိုခေါ်ခေါ် ရောက်မလာကြပါဘူး။


ဒီဘုတ်ပြားဖြစ်လာတာကလည်း အမေရိကန်နိုင်ငံက ဖောက်စ်လို့ခေါ်တဲ့ ညီအမနှစ်ဦးကနေ စားပွဲခုံကို ခေါက်၍ ၀ိညာဉ်တွေနဲ့ ချိတ်ဆက်အောင်မြင်သွားရာကနေ အခြားကမ္ဘာက ၀ိညာဉ်တစ်ဦးက ပြောလိုသောစကားများကို စာအသွင် ဖြစ်ပေါ်လာစေဖို့အတွက် သင်္ကေတွေကို ထီထွင်ဖန်တီးရင်းနဲ့ပဲ့ ၀ီဂျာဘုတ်ပြားဖြစ်လာဖို့ နည်းလမ်းတွေဖြစ်လာခဲ့တာပါ။ ဒီဘုတ်ပြားမှာကတော့ သင်္ကေတတွေ ဘာညာမလိုအပ်တာကြောင့်မို့ ၀ိညာဉ်ခေါ်တဲ့သူတိုင်းက အခက်ခဲမရှိဘဲ့ အဆင်ပြေပြေ ချိတ်ဆက်နိုင်တာပေ့ါ။ ဒီနေရာမှာတော့ ပြသနာတစ်ခုကတော့ ရှိလာပြန်ရော။ အဲ့ဒါကတော့ ဒီနည်းလမ်းတွေက စာမတတ်တဲ့ ဘာသာစကားနားမလည်တဲ့ ၀ိညာဉ်များအတွက် အခက်အခဲရှိပါတော့လေသည်။ အဲ့ဒါကြောင့်မို့ စာမတတ်တဲ့ဝိညာဉ်များကို ပြန်လည်ချိတ်ဆက်ဖို့အတွက် ကြားခံနယ်တစ်ခုခုဖြင့် ချိတ်ဆက်ပြောခြင်း နှင့် အခြားအသံကြားနိုင်သောနည်းလမ်းများဖြင့် ပြန်လည်ချိတ်ဆက်ရပါတော့လေသည်။ အနောက်တိုင်းမှာဆိုရင်တော့ နတ်ဝင်သည်တွေရှိတာပေ့ါ။ မြန်မာမှာဆိုရင်တော့ လေချွန်နတ်တို့ ဘာတို့ပေ့ါဗျာ။

၁၈၆၀ က ပထမဆုံး ပလန်ရှက်အပြားပုံစံ



ပြင်သစ်လူမျိုး ပလန်ရှက်က ဒီဘုတ်ပြားမှာ စကားလုံးများကို ညွှန်ပြဖို့အတွက် ခဲတံတပ်ထားသော အသည်းနှုလုံးပုံ ပလန်ရှက်အပြားဆိုတာလေးလည်း ပါ၀င်ပါသေးသည်။ ဒီပစ္စည်းလေးကတော့ ဒီဘုတ်ပြားအတွက် မရှိမဖြစ်ပေ့ါ။ ဒီပလန်ရှက်ဆိုတဲ့ အပြားလေးရဲ့အသုံးကတော့ ၀ိညာဉ်များရဲ့ပြောဆိုသောစကားလုံးများကို ထူးခြားသောဖြစ်စဉ်များအဖြစ် ကျွန်တော်တို့ကို ညွန်ပြပေးဖို့အတွက်ပဲ့ ဖြစ်ပါသည်။ ဒီပစ္စည်းကတော့ ဗီတိုးရီးယားခေတ်မှ စတင်ပြီးနာမည်ကြီးလာခဲ့တာပါ။ ပထမပိုင်းကတော့ ဘုတ်ပြားကို သင့်တော်သလို ပုံစံအမျိုးမျိုးနဲ့ ချိတ်ဆက်အသုံးပြုကြသည်။ သဘာဝလွန်ကိစ္စရပ်များကိုလေ့လာသူများကတော့ ဒီပလန်ရှက်အပြားလေးဟာ ၀ိညာဉ်ရှိခြင်းကိုလည်း ညွန်ပြပေးပြီး သူတို့ရဲ့စွမ်းအင်များကိုလည်း ဒီအပြားလေးအပေါ်မှာ သက်ရောက်နိုင်သော အင်အားစုတစ်ခုကိုလည်း ဖြစ်ပေါ်စေနိုင်သည်လို့ ဆိုပါသည်။ ၀ီဂျာဘုတ်ပြားကို အသုံးပြုတဲ့အခါမှာ လူများက ဒီပလန်ရှက်အပြားလေးကို ကိုင်ပြီး ရွေ့လျားစေပါသည်။ ထိုရွေ့လျားမှုသည် ထိုအပြားလေးပေါ်မှာ တင်ထားသောလူတစ်စုရဲ့ရွေ့မှုကြောင့် ဖြစ်တာမျိုးမဟုတ်ဘဲ့ ၀ိညာဉ်အစိတ်အပိုင်းတစ်ခုခုရဲ့ စီးနင်းမှုကြောင့် ဒီပလန်ရှက်အပြားလေးက ရွေ့လျားပြီး ပြောဆိုလိုသောစကားလုံးများကို ညွှန်ပြပေးခြင်း ဖြစ်ပေသည်။ ပလန်ရှက်အပြားလေးကတော့ ဒါကိုအသုံးပြုကြတဲ့လူမျိုးတွေအလိုက် ပုံစံအမျိုးမျိုး နဲ့ အရွယ်အစားအမျိုးမျိုးပြောင်းလဲလျက်ရှိပါသည်။

မူလပလန်ရှက်အပြားပုံစံ



အမေရိကန်ပလန်ရှက်ကတော့ ရိုးရာအတိုင်းပဲ့ အသည်းပုံစံလေးပါပဲ့။  ဒီ ပြင်သစ်လူမျိုး ပလန်ရှက်တီထွင်ခဲ့တဲ့ ခဲတံတပ်ထားတဲ့ အသည်းနှလုံးပုံ ပလန်ရှက်အပြား ဆိုတာလည်း စာရေး တတ်တဲ့ ၀ိညာဉ်တွေမှပဲ သုံးလို့ရတာပါ။ ဒါတောင်မှ ဓာတ်စီးနတ်ဝင်သည်ဆီ ပူးဝင်ပြီး ဓာတ်စီးနတ်ဝင်သည်ရဲ့ လက်ကို ထိမ်းချုပ်ရေးသားတဲ့ အလိုအလျှောက်စာရေးခြင်း (auto-matic writing) လောက် အဆင်မပြေလို့ မသုံးကြတော့တာပါ။ ဒီလိုနဲ့ ပလန်ရှက် အပြားကလေးကနေ ခဲတံဖြုတ် ၊ အောက်ခံစက္ကူဖြူ အချပ်နေရာမှာ ၀ီးဂျာဘုတ်ပြားကို အစားထိုးလိုက်တော့မှ စာရေးတတ်တဲ့ ၀ိညာဉ်တွေအတွက်ရော ဓာတ်စီးနတ်ဝင်သည်မပါဘဲ ၀ိညာဉ်ခေါ်ချင်တဲ့ ၀ိုင်းကလေးတွေအတွက်ပါ အဆင်ပြေသွားခဲ့တဲ့ပါ အဆင်ပြေသွားခဲ့တဲ့ သဘောပါ။  ဆိုလိုတာကတော့ ကနဦးဖြစ်စဉ်အခါတုန်းက စက္ကူများဖြင့် အသုံးပြုခဲ့ကြပြီး ပလန်ရှက်မှာ ခဲတံပါလာပါသည်။ နောက်ပိုင်းတဖြည်းဖြည်းဖြင့် ကြာလာသောအခါတွင် ဘုတ်ပြားကို သစ်သားများဖြင့် ပြုလုပ်လာပြီး ခဲတံကိုဖြုတ်လိုက်ကာ ဒီအတိုင်းအလယ်တွင် အဝိုင်းဖောက်ပြီး ထိုအဝိုင်းလေးက ညွှန်သောစာသားများဖြင့် ပြန်လည်အဓိပ္ပာယ်ကောက်ယူခြင်း သဘောပါပဲ့ပေ့ါ။


Image result for Planchette

                                                                                                                                     အလယ်တွင် စာများကိုညွှန်ပြသော မှန်ဘီလူးတပ်အပေါက်ဖြင့် ခေတ်သစ်ပလန်ရှာအပြား
 


အချို့သော ၀ိညာဉ်လောကဖြစ်ရပ်များကို ခရေစေ့တွင်းကျလေ့လာထားသောသူများကတော့ ၀ီးဂျာဘုတ်ပြားကို အမျိုးမျိုးစမ်းသပ်လေ့လာပြီးတော့ သူတို့က ရှင်းလင်းချက်တွေ ထုတ်ဖော်ခဲ့လေသည်။ ထိုထုတ်ဖော်မှုတွေအတွက် သူတို့မှာ သုတေသနပေါင်းများစွာကို ပြုလုပ်ခဲ့ရပါသည်။ ဟုတ်တယ်လေ သူတို့က ပညာတတ်တွေ ပညာရှင်တွေပါတော့ ဆင်ကန်းတောတိုးယုံကြည်တာလည်း မဟုတ်တောဘဲ့ သေချာလေ့လာဆန်းစစ်ပြီးမှ ယုံကြည်တာပါ။ သူတို့ပြောတာကတော့ ဒီဝိညာဉ်ခေါ်ဘုတ်ပြားလေးကို ရိုးရိုးသစ်သားပြားလေးတစ်ခုအဖြစ်လို့ သတ်မှတ်လို့ရပေမယ့် ဒီဟာကို အသုံးပြုပြီး မိမိတို့ရဲ့စမ်းသပ်မှုတွေ စတော့မယ်ဆိုရင်တော့ ထိုအဝိုင်းအနားတွင် ၀ိညာဉ်လောကို အယုံကြည်မရှိတဲ့သူတွေကို ခေါ်မထားသင့်ပါဘူးတဲ့။ အချို့သော စိတ်အားငယ်တတ်သောကလေးများနှင့် အခြားနှလုံးရောဂါရှိသောသူများ ၊ စိတ်ရောဂါရှိသူများ နှင့် ဆင်ခြင်တုံတရားနည်းပါးသူတွေကိုလည်း လုံးဝမပါ၀င်သင့်ကြောင့်းကိုလည်း သူတို့က သတိပေးပြောဆိုထားပါသည်။ ဒီလိုမျိုး သတိပေးတာကလည်း ဒီဘုတ်ပြားကိုသုံးပြီး ကြီးကျယ်တဲ့ ကိစ္စရပ်တွေ အများကြီးရှိခဲ့တာမို့လို့ပါပဲ့။ ဘာလို့လဲ့ဆိုတော့ ၀ိညာဉ်များက ရောက်လာတတ်ပြီးတော့ အခန့်မသင့်ဘူးဆိုရင် အနီးအနားရှိ အချို့သောသူများအား ၀င်ပူးစေတတ်သောကြောင့် ဖြစ်ပေသည်။ တစ်ချို့ကလည်း ၀ီးဂျာဘုတ်ပြားနဲ့ ၀ိညာဉ်ခေါ်တာ တကယ်လာတယ်လို့ ပြောကြသလို ဒီလိုများ ၀င်ပူးရင်တော့ ဒုက္ခပဲလို့ ကြောက်လန့် သွားကြသူတွေလည်း ရှိကြပါသည်။

http://www.relativelyinteresting.com/wp-content/uploads/2015/08/ouija-board-believers-blindfolded-600x250.jpg

 ၁၉၂၇ ခုနှစ်မှာ The Exorcist ဆိုတဲ့သရဲကားတစ်ကား ထွက်လာတော့ ဝီးဂျာဘုတ်ပြားအတွက် သတင်းဆိုးတစ်ခုပါပဲ့။ အဲဒီသရဲကားထဲမှာ ရီဂန်ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ဝီးဂျာဘုတ်ပြားအသုံးပြုပြီး ဝိညာဉ်ခေါ်ရာက“ပါဇူးဇူး ”လို့ခေါ်တဲ့ နတ်ဆိုးတစ်ကောင်နဲ့ ဆက်မိသွားတယ်။ အဲဒီနတ်ဆိုးက ကောင်မလေးကို မကြာခဏ ဝင်ဝင်ပူးတဲ့ ဇာတ်လမ်းပဲ။ အဲဒီဇာတ်ကားကိုကြည့်ပြီးမှ ဝီးဂျာဘုတ်ပြားနဲ့ ဝိညာဉ်ခေါ်ရင် သရဲလည်း ပူးတတ်တယ်ဆိုပြိး အိမ်မှာဝယ်ထားတဲ့ ဝီးဂျာဘုတ်ပြားတွေကို မီးရှို့ပစ်တဲ့လူတွေ မနည်းဘူးတဲ့။ အဲဒီအချိန်ကာလ ပိုင်းကဆိုရင် စတိုးဆိုင်တွေက ဝီးဂျာဘုတ်ပြား ရောင်းအားပါ ကျသွားတော့တာပါပဲ့။ ဒါပေမယ့် ဒီလိုဖြစ်သွားတဲ့ အချိန်ကာလပိုငး်ဟာ သိပ်တော့လည်း မကြာလိုက်ဘူး။ စတိုးဆိုင်တွေမှာ အရောင်းအဝယ်ပြန်ဖြစ်လာသလို အိမ်တွင်းဝိုင်း ကလေးတွေလည်း ပြန်ပေါ်လာသတဲ့။ ဝီးဂျာဘုတ်ပြား ကြောင့် အဆင်ပြေသွားသူတွေရဲ့ သတင်းတွေကလဲ ဝီးဂျာဘုတ်ပြားရဲ့နာမည်ကို ပြန်အဖတ် ဆယ် သွားတဲ့ သဘောပါပဲ။ ဒီတော့ ဝီးဂျာဘုတ်ပြားဟာ “သုံးတတ်ရင်ဆေး ၊ မသုံးတတ်ရင်တော့ ဘေး” လို့ ကောက်ချက်ဆွဲရပါလိမ့်မယ်။ ယနေ့တိုင် ခေတ်စားနေတယ် ဆိုတဲ့အကြောငး် အချက်ကလည်း သုံးတတ်တဲ့ လူတွေများလို့ ဆိုတာကို ဖော်ပြနေပါတယ်။ ဒီဘုတ်ပြားနဲ့ပတ်သက်ပြီး မြောက်မြားစွာသောကားတွေကတော့ အများကြီးထွက်နေပေမယ့် အချို့ကတော့ ကြောက်လန့်ခြင်းမရှိဘဲ့ အသုံးပြုနေကြဆဲပါပင်။


လင်းညို့တာရာ..။

Share