​တစ်​နေ့​သ​၌ ​ကျွနု်ပ်​နေ​ထိုင်​ရာ ​ညောင်​လေး​ပင်​မြို့​ရှိ ​ကြား​တော​ရ​ရပ် ​ကွက် ​နေ​အိမ်​သို့ ​ဒေး​စွန်​ပါ​မှ ​ရ​သေ့​ကြီး ​ဦး​ဒီ​ပ​သည် ​ဂန္ဓာ​ရီ​ခ​ရီး​လှ​ည့်​ရင်း​မှ ​ဝင်​ရောက်​လာ ​လေ​၏။ ​သူ​၏​ထုံး​စံ​အ​တိုင်း ​လွယ်​အိတ်​ကြီး​ကို​လွယ် ​ဝါး​တောင်​ဝှေး​ကို ​ထောက်​လျက် ​ဒေါက်​ချာ​ကြီး​ကို ​ဆောင်း​ထား​ပါ​၏။ ​ကျွနု်ပ်​လည်း​ဆီး​ကြို ​ဂါ​ရဝ​ပြု​ပြီး ​နံ​နက်​စာ​ကော်​ဖီ​မစ်​နှင့်​အ​သင့်​ရှိ​နေ​သော​ကောက်​ညှင်း​ပေါင်း၊​ငါး​ရံ့​ခြောက်​မီး​ဖုတ်​ဆီ​ဆမ်း​တို့​ကို​ဧည့်​ခံ​ကျွေး​မွေး ​ခဲ့​ပါ​၏။ ​

ရ​သေ့​ကြီး​သည် ​အား​ပါး​တ​ရ ​မြိန်​ရှက်​စွာ ​ဘုဉ်း​ပေး​ပြီး​သော်​သူ​၏ ​လွယ်​အိတ်​ကြီး​ထဲ​မှ ​ပု​လင်း ​များ၊ ​စ​က္ကူ​ထုပ်​က​လေး​များ​ကို ​ထုတ်​ယူ​ဖြေ​ကြ​ည့်​ပြီး ​ကျွနု်ပ်​အား ​အ​ထုပ်​ငယ်(​စ​က္ကူ​အ​ထူ​တစ်​ထပ်၊ ​ပ​လတ် ​စ​တစ် ​တစ်​ထပ်)​ထုပ်​ထား​သည်​ကို ​ကမ်း​ပေး​လေ​၏။ ​ကျွနု်ပ်​လည်း ​ရ​သေ့​ကြီး​ပေး​သော ​အ​ထုပ်​ကို ​လို​လား ​တောင့်​တ​စွာ ​ယူ​လိုက်​ပြီး ​အ​ထုပ်​ငယ်​ကို ​ဖြေ​ကြ​ည့် ​လိုက်​ပါ​၏။ ​အ​ထုပ်​တွင်း​၌ ​ကျပ်​ခိုး​အ​မှုန့် ​မည်း​မည်း​များ ​ကို ​တွေ့​ရ​သော​ကြောင့် ‘​ဆ​ရာ​ရ​သေ့​ကြီး​ရယ် ... ​ဘာ​များ​လဲ​လို့ ​အောက်​မေ့​ပါ​တယ်။ ​ကျပ်​ခိုး​မှုန့်​တွေ​ပါ ​လား​ဗျ’​လို့ ​မ​ချင့်​မ​ရဲ ​ပြော​လိုက်​ပါ​၏။ 

ထို​အ​ခါ ​ဦး​ဒီ​ပ ​က -
‘‘​ဟား​ဟား​ဟား ​ခင်​ဗျား​အဲ​ဒီ​လို​ပြော​မယ်​ဆို ​တာ ​ကျုပ်​က ​အ​တပ်​သိ​ပြီး​သား​ပါ ​ဆ​ရာ​ရယ် ... ​လော​က​မှာ ​မ​သိ​ရင်​မ​တတ်​ဘူး၊ ​မ​တတ်​ရင် ​ရွှေ ​တောင့်​ကို​ရ​ပါ​လျက် ​ကြေး​တုံး​ကြီး ​ထင်​တတ်​တာ​မျိုး ​ဗျ၊ ​ခင်​ဗျား​ပြော​တဲ့ ​ကျပ်​ခိုး​ကို​ရ​ပါ​လျက် ​အဲ​ဒါ​ကျပ်​ခိုး ​အ​စစ်​ပဲ၊ ​ဒါ​ပေ​မဲ့ ​ခင်​ဗျား ​ကျပ်​ခိုး​အ​ကြောင်း​သိ​လား ​ဘာ​တွေ​စွမ်း​သ​လဲ​ရော ​သ​ဘော​ပေါက်​သ​လား’’ ​ဟု​တ​ဟား​ဟား ​ရယ်​မော​ရင်း ​မေး​ခွန်း​တွေ ​ထုတ်​ခဲ့​ပါ ​လေ​သည်။ ​စာ​ရေး​သူ​လည်း ​ကျပ်​ခိုး​အ​ကြောင်း ​ကောင်း​စွာ​မ​သိ​ပါ​သော​ကြောင့် ‘‘​မ​သိ​ပါ​ဘူး ​ရ​သေ့ ​ကြီး​ရယ်’’​ဟူ​၍ ​ဝန်​ခံ​လိုက်​ပါ​၏။

‘‘​အေး​ဟုတ်​ပြီ ... ​ဒါ​ဆို​ရင် ​ဆ​ရာ့​ကို ​ကျုပ် ​သိ​ထား​တာ​တွေ​ပြော​လို့​ရ​ပြီ​ဗျ။ ​မ​သိ​တာ​ကို ​မ​သိ​ဘူး ​လို့​ဝန်​ခံ​တာ ​ပ​ညာ​ရှိ​သူ​တော်​ကောင်း​ပဲ​ဗျ။ ​တတ် ​ယောင်​ကား​နဲ့ ​နွား​ပြာ​ကြီး​လို​လို၊ ​ဆ​ရာ​ကြီး​လို​လို ​ဆို​တာ​မျိုး​ကို​တော့ ​ကျုပ်​က ​လက်​မ​ခံ​ဘူး​ဗျ’’​ဟု ​ပြော​ပြီး ​ဦး​ဒီ​ပ​သည် ​ကျပ်​ခိုး​၏​အ​သုံး​ဝင်​ပုံ​များ​ကို ​အောက်​ပါ​အ​တိုင်း ​စိတ်​ဝင်​စား​ဖွယ်​ရာ ​ပြော​ပြ​ပါ ​တော့​သည်။

‘‘​ကျုပ်​တို့​မြန်​မာ​လူ​မျိုး​တိုင်း ​ကျပ်​ခိုး​ကို ​သိ ​ကြ​ပါ​တယ်။ ​ခု​ခေတ်​မှာ ​လူ​နေ​မှု​ပုံ​စံ​ပြောင်း​လာ​လို့ ​မြို့​ကြီး​ပြ​ကြီး​တွေ​မှာ​တော့ ​ကျပ်​ခိုး​ကို ​မြင်​ဖူး​တဲ့​လူ​တွေ ​နည်း​လာ​ပြီ။ ​ကျုပ်​တို့ ​ကျေး​လက်​တော​ရွာ​တွေ​မှာ ​တော့ ​အိမ်​တိုင်း​လို​လို ​မီး​ဖို​ပေါ်​မှာ ​ကျပ်​ခိုး​စင်​ကို ​လုပ်​ထား​ကြ​ရ​တယ်။ ​ဟုတ်​လား၊ ​ကျပ်​ခိုး​ဆို​တာ ​ထင်း​ပေါင်း​များ​စွာ​က ​ထွက်​လာ​တဲ့ ​တေ​ဇော​ဓာတ် ​ခိုး​တွေ​ကို ​စု​ထား​တာ​ဗျ။ ​ခင်​ဗျား​သိ​တဲ့​အ​တိုင်း ​ကျပ်​ခိုး ​ဆို​တာ ​မီး​ဖို​ရဲ့​ခေါင်​မိုး ​ဒါ​မှ​မ​ဟုတ်​ရင် ​ကျပ်​ခိုး​စင်​မှာ ​ပင့်​ကူ​ပိုး​ချည်​မျှင်​တွေ​နဲ့ ​ရော​ထွေး​ပြီး​ကျန်​ရစ်​ခဲ့​တဲ့ ​အ​မည်း​ရောင်​အ​မျှင်​အ​တန်း​တွေ ​အ​ပိုင်း​အ​စ​တွေ၊ ​အ​မှုန်​အ​မွှား​တွေ​ပဲ​လေ။ ​ဒါ​တွေ​ကို ​စု​ဆောင်း​သိမ်း ​ဆည်း​ထား​ရင် ​ကျပ်​ခိုး​မှုန့်​ကို ​ရ​တာ​ပေါ့​ဗျာ။ ​အေး​အဲ​ဒီ ​ကျပ်​ခိုး​အ​မျိုး​မျိုး​မှာ ​အ​ထက်​အ​ညာ​ဒေ​သ ​ပဲ​လှော်​ဖို ​တွေ​က​ရ​တဲ့ ​ကျပ်​ခိုး​က ​ပို​ပြီး​စွမ်း​အား​ရှိ​တယ်​ဗျ’’

​ကျွနု်ပ်​လည်း ​ရ​သေ့​ကြီး​ဦး​ဒီ​ပ​၏ ​ကျပ်​ခိုး​အ ​ကြောင်း​ကို ​နား​ထောင်​နေ​ခဲ့​ရာ​မှ ​အ​ညာ​ကျပ်​ခိုး​နှင့် ​ပဲ​လှော်​ဖို​က ​ကျပ်​ခိုး​က ​ပို​စွမ်း​ကြောင်း​ကို ​ပြော​လိုက် ​သော​ကြောင့် ​ဉာဏ်​မ​မီ​အောင် ​ဖြစ်​သွား​ခဲ့​ပါ​တယ်။
‘‘​ခင်​ဗျား ​နား​မ​လည်​ဘူး​နဲ့​တူ​တယ်’’​ကျွ​နု်ပ် ​မျက်​နှာ​ကို ​အ​ကဲ​ခတ်​၍ ​အ​တပ်​ပြော​လိုက်​ပြီး​မှ -

‘‘​ဒီ​လို​ဗျ ​အ​ညာ​ဒေ​သ​က​ထင်း​တွေ​က ​အ​ပူ  ​ပိုင်း​အ​ရပ်​ဆို​တော့ ​မာ​ကျော​တယ်။ ​ဆူး​တွေ​ပါ​တယ်။  ​မီး​ပြင်း​တော့ ​အ​ခိုး​အ​လျှံ ​အား​ကောင်း​တယ်​ပေါ့​ဗျာ။ ​ဥ​ပ​မာ ​ဒ​ဟတ်​သား၊ ​ရှား​သား၊ ​ထ​နောင်း​သား​တွေ​ဟာ  ​မီး​တ​အား ​ပြင်း​တယ်​လေ​ဗျာ၊ ​ပြီး​တော့​ပဲ​လှော်​ဖို​ဆို​တာ ​အ​ညာ​မှာ ​များ​သား ​မ​ဟုတ်​လား​ဗျ။ ​ပဲ​လှော်​ဖို့​အ​တွက် ​ထင်း​မီး​ကို ​ရိုး​ရိုး​မီး​ဖို​မှာ​ထက် ​အ​ဆ​များ​များ​သုံး​ရ ​တယ်။  ​ဒါ့​ကြောင့်​မို့ ​တေ​ဇော​ဓာတ်​ခိုး ​အား​ကောင်း ​တာ​ပေါ့။ ​ကျပ်​ခိုး​ကို ​ဆေး​ပ​ညာ​ရှင်​တွေ​က ‘‘​သစ် ​ပေါင်း ​တစ်​ထောင်’’ ‘‘​အ​ခိုး​တစ်​ထောင်’’​ဆို​ပြီး ​အ​မျိုး ​မျိုး​ခေါ်​ကြ​တယ်​ဗျ။ ​မြန်​မာ့​တိုင်း​ရင်း​သ​မား​တော်​ကြီး ​တွေ​ဟာ ​ရှေး​အ​ခါ​ကာ​လ​က ​ကျပ်​ခိုး​ကို ​မြန်​မာ့ ​ဗိ​န္နော ​ဆေး​တွေ​မှာ ​ရေ​လဲ​အ​မျိုး​မျိုး​နဲ့ ​သုံး​ခဲ့​ကြ​တာ​က​လား ​ဗျ။ ​အဲ​ဒီ​အ​ကြောင်း​တွေ​ကို ​ခင်​ဗျား​ကို ​ပြော​နေ​ရင် ​မ​ဆုံး​နိုင်​ဘူး၊ ​သိ​ချင်​ရင် ​မြန်​မာ့​ဆေး​ကျမ်း​တွေ​မှာ ​လေ့​လာ​ပေ​တော့။ ​ကျုပ်​အ​ခု​ပြော​မှာ ​ကျပ်​ခိုး​ရဲ့ ​ဂ​မ္ဘီ​ရ ​အ​စွမ်း​သ​တ္တိ​တွေ ​အ​ကြောင်း​ဗျ။ ​ကျုပ်​က ​ခင်​ဗျား​သိ ​တဲ့​အ​တိုင်း ​နယ်​အ​နှံ့  ​ခ​ရီး​ထွက်​နေ​တဲ့​လူ​မို့ ​နယ်​စုံ​က ​ဗ​ဟု​သု​တ​တွေ​ရ​နေ​ခဲ့​တာ​ပေါ့​ဗျာ’’

​ဦး​ဒီ​ပ​သည် ​စ​ကား​ကို​ခေ​တ္တ​နား​၍ ​ရေ​နွေး​ကို  ​တစ်​ငုံ​သောက်​ပြီး​မှ ​စ​ကား​ကို​ဆက်​ပြန်​ပါ​၏။

‘‘​ကျုပ် ​စစ်​ကိုင်း​တိုင်း​က ​တံ​တား​ဦး​မြို့​ကို ​ရောက်​တော့ ​အဲ​ဒီ​က ​အိမ်​ရှေ့​အ​ဝင် ​တံ​စက်​မြိတ်​မှာ ​အ​ထုပ်​က​လေး​တွေ ​ဆွဲ​ထား​တာ ​မြင်​ရ​တယ်​ဗျ။ ​ကျုပ် ​က​မေး​မြန်း​ကြည့်​တော့ ​ကျပ်​ခိုး​ထုပ်​က​လေး​တွေ​မှန်း ​သိ​ရ​တယ်။ ​သူ​တို့​ဒေ​သ​က ​လူ​တွေ​က​မ​ကောင်း​မှု ​ပျောက်​တယ်၊ ​မ​င်္ဂ​လာ​ရောက်​တယ်​လို့ ​ယုံ​ကြည်​ကြ ​တယ်။ ​အ​ထူး​သ​ဖြင့် ​မ​ကောင်း​တဲ့​မိ​စ္ဆာ​အ​တတ်​နဲ့ ​မ​ဖျက်​စီး​နိုင်​ဘူး။ ​ပ​ရ​လော​က​သား​တွေ​နဲ့ ​စုန်း​က​ဝေ ​တွေ ​မ​နှောင့်​ယှက်​နိုင်​ဘူး​လို့ ​ပြော​ကြ​တယ်။ ​ကျုပ်​က ​ဒါ​ကို ​စိ​စစ်​ဝေ​ဖန်​ပြီး ​လက်​ခံ​နိုင်​ခဲ့​တယ်​ဗျ။ ​အ​မှန်​တော့ ​ပ​ရ​လော​က​သား​တို့၊ ​မိ​စ္ဆာ​ကောင်၊ ​စုန်း​က​ဝေ​တို့​ဆို​တာ ​တွေ​ဟာ ​အ​ရိပ်​အ​ငွေ့ ​အ​ခိုး​ဓာတ်​တွေ​ပဲ​ဗျ။ ​ကျုပ်​က ​စိတ်​ထင်​တိုင်း ​ပြော​တာ​မ​ဟုတ်​ဘူး။ ​လယ်​တီ​ဆ​ရာ ​တော်​ဘု​ရား​ကြီး ​စီ​စဉ်​ရေး​သား​ခဲ့​တဲ့ ‘‘​ရော​ဂ​န္တာ​ရ ​ဒီ​ပ​နီ’’​ကို ​ဖတ်​ပြီး​ပြော​တာ​ဗျ။ ​ဆ​ရာ​တော်​ကြီး​က ​မီး​သ​ရဲ၊ ​အ​ခိုး​သ​ရဲ​ဆို​ပြီး ​နှစ်​မျိုး​ရှိ​တယ်။ ​အ​ညာ ​ဒေ​သ​မှာ ​ထင်​ရှား​တယ်။ ​မြေ​ရေ​မှာ​ရှိ​တဲ့ ​ဓာတ်​တွေ ​ဖောက်​ပြန်​ရင်​လည်း ​အ​ခိုး​တွေ ​ထ​ကြ​တယ်​လို့ ​ဖော် ​ပြ​ထား​တယ်​ဗျ။ ​ဘီ​လူး​သ​ရဲ​တွေ​က ​လူ​တွေ​ကို ​ဖျား ​နာ​အောင် ​လူ​တို့​ရဲ့​ခံ​တွင်း​သို့ ​ထည့်​သွင်း​တဲ့​အ​ရိပ်​ကို ​လည်း ​ထင်​တယ်​လို့ ​ရေး​ထား​တယ်​ဗျ။ (​ရော​ဂန်​ဓာ​ရီ ​ဒီ​ပ​နီ၊ ​စာ-၉)​အဲ​ဒီ​တော့ ​အ​ခိုး​တွေ​ဖြတ်​တဲ့ ​မိ​စ္ဆာ​ဓာတ် ​ကို​နှိမ်​နင်း​ဖို့ ​အ​လွန်​ပြင်း​ထန်​တဲ့ ​အ​ခိုး​တစ်​ထောင်​နဲ့ ​စု​စည်း​ဖွဲ့​တည်​ထား​တဲ့ ​ကျပ်​ခိုး​ဟာ ​မ​စွမ်း​ဘဲ​နေ​ပါ့ ​မ​လား။ ​အ​ခိုး၊ ​အ​ခိုး​ချင်း​ယှဉ်​ရင် ​ကျပ်​ခိုး​ရဲ့​ဓာတ်​က ​အား​သာ​နေ​တော့ ​မိ​စ္နာ​ဓာတ်​ကို ​စက်​ကြိုး​ဖြတ်​သ​လို ​မျိုး​ဖြစ်​သွား​ရ​တာ​ပေါ့​ဗျာ။ ​ခင်​ဗျား ​လက်​ခံ​နိုင်​ရဲ့​လား’’
‘‘​ဟာ ​ဦး​ရ​သေ့​ရယ်၊ ​လယ်​တီ​ဆ​ရာ​တော် ​ဘု​ရား​ကြီး​ရဲ့​အ​ယူ​အ​ဆ​နဲ့ ​ခိုင်​ခိုင်​မာ​မာ ​တင်​ပြ​ပြော​ဆို ​နေ​တာ​ကို ​လက်​မ​ခံ​နိုင်​ရင်​တော့ ​လူ​မိုက်​ဖြစ်​တော့ ​မ​ပေါ့​ဗျာ’’​ဟု​ပြော​လိုက်​ရာ ​ဦး​ဒီ​ပ​သည် ​ပြုံး​ယောင် ​သန်း​သော​မျက်​နှာ​ကြီး​နှင့် ​ချောင်း​တစ်​ချက်​ဟန့်​ကာ ​စ​ကား​ကို ​ဆက်​ခဲ့​ပြန်​ပါ​သည်။

‘‘​အ​ရက်​အ​မူး​လွန်​တာ​ကို ​ကျပ်​ခိုး​နဲ့ ​မှိုင်း​တိုက် ​ပေး​လိုက်​ရင် ​အ​ရက်​မူး​ပြေ​တယ်​ဗျ။ ​ဒါ​လည်း ​ဗ​ဟု ​သု​တ​အ​ဖြစ်​မှတ်​ပေါ့​ဗျာ။ ​ဒီ​ခေတ် ​အ​လွန်​အ​ကျွံ ​သောက်​တဲ့ ​အ​ရက်​သ​မား​တွေ​ရဲ့ ​အ​သက်​တစ်​ချောင်း ​ကို ​ကယ်​သင့်​ရင် ​ကယ်​ဖို့​ပါ​ပဲ။

​နောက်​တစ်​ချက်​က​တော့ ​ကျပ်​ခိုး​ဟာ ​တစ်​ပွဲ ​တိုး​ဆန်​ဆန် ​သုံး​နိုင်​သေး​တယ်​ဗျ။ ​ကျုပ်​ဟာ ​တစ်​ခါ ​က ​လက်​ဝှေ့​သ​မား​တစ်​ယောက် ​အ​ကူ​အ​ညီ​တောင်း ​တာ​နဲ့ ​ကျပ်​ခိုး​မှုန့်​ကို​ပေး​ပြီး ​ပွဲ​မ​ဝင်​ခင်​မှာ ​သ​ရ​ဏ​ဂုံ ​ရွတ်​ဆို​ရင်း ​နှမ်း​ကြီး​ဆီ​စစ်​စစ်​နဲ့ ​တစ်​ကိုယ်​လုံး​အ​သား ​ထဲ​စိမ့်​ဝင်​သွား​အောင် ​လိမ်း​ခိုင်း​ခဲ့​တယ်။ (​ဗုဒ်​ဓ​သ​ရ​ဏ​ဂုံ၊ ​ကိုယ်​လုံး​ခြံု၊ ​အ​လုံး​စုံ​ဘေး​ရန်​ကွာ၊ ​ဓ​မ္မ်​ဓ​သ​ရ​ဏ​ဂုံ၊ ​ကိုယ်​လုံး​ခြံု၊ ​အ​လုံး​စုံ​ဘေး​ရန်​ကွာ၊ ​သံ​ဃာ့​သ​ရ​ဏ​ဂုံ၊ ​ကိုယ်​လုံး​ခြံု၊ ​အ​လုံး​စုံ​ဘေး​ရန်​ကွာ၊)​လို့​လည်း ​သုံး ​ခေါက်​ဆို​ခိုင်း၊ ​ဘု​ရား​ဦး​တိုက်​ပြီး​မှ ​ယှဉ်​ဘက်​နဲ့ ​ထိုး ​သတ်​စေ​ခဲ့​တယ်။ ​ဗုဒ်​ဓ​ရဲ့​ဂုဏ်​တော်​ဟိတ်​နဲ့ ​အ​ခိုး ​တစ်​ထောင် ​တေ​ဇော​ဓာတ်​တွေ ​တစ်​ကိုယ်​လုံး ​ပျံ့​နှံ့ ​လာ​ပြီး ​လက်​ရေ​တူ ​လက်​ဝှေ့​သ​မား​ကို ​အောင်​ပွဲ​ခံ​ခဲ့ ​တယ်။ ​ဒါ့​ကြောင့်​မို့ ​ကျပ်​ခိုး​ဟာ ​သုံး​တတ်​ရင်​တော့ ​တစ်​ပွဲ​တိုး​ဆေး ​တစ်​လက်​လို့ ​ပြော​နိုင်​တာ​ပေါ့​ဗျာ။ ​ကျပ်​ခိုး​ရဲ့​သ​တ္တိ​က ​အ​ခုန်​အ​ပျံ​ပေါ့။ ​သွက်​လက်​တယ်။ ​လက်​သီး​ချက်​တွေ​က ​ခါ​တိုင်း​ထက် ​မြန်​ဆန်​တယ်​လို့ ​ကျုပ်​တ​ပည့်​ကျော်​က ​ပြော​ခဲ့​ပါ​တယ်။ ​ကျုပ်​ကို​လည်း ​ဒီ​နည်း​ကို ​စမ်း​သပ်​ယုံ​ပါ​ပဲ​ဗျာ။ ​လူ​အ​ချင်း​ချင်း ​တိုက် ​ခိုက်​တာ​ကို​တော့ ​အား​မ​ပေး​ချင်​ပါ​ဘူး’’
‘‘​ဆ​ရာ ​စိတ်​ဝင်​စား​ရင်​တော့ ​ကျပ်​ခိုး​အ ​ကြောင်း ​ဆက်​ရ​မှာ​ပေါ့။ ​အ​လုပ်​ကိ​စ္စ​တွေ​ရှိ​ရင်​လည်း ​စ​ကား​ဖြတ်​လိုက်​ပါ့​မယ်’’ ​ဦး​ဒီ​ပ​က ​ကျွ​နု်ပ်​အ​ခြေ ​အ​နေ​ကို ​လေ့​လာ​ရင်း ​စိတ်​ဝင်​စား​မှု​အ​တွက်​နှိုး​ဆွ ​လိုက်​ပါ​တယ်။
‘‘​ဟာ​မ​လုပ်​ပါ​နဲ့ ​ဦး​ရ​သေ့​ရယ် ... ​ကောင်း ​ခန်း​မှာ ​မ​ဖြတ်​ပါ​နဲ့။ ​ကြံု​တုန်း​ကြံု​ခိုက် ​ကျပ်​ခိုး​စ​ကား၊ ​ကျပ်​ခိုး​တ​ရား​လေး ​ဆက်​နာ​ပါ​ရ​စေ​ဗျာ’’​ဟု​လို​လား​စွာ ​တောင်း​ဆို​လိုက်​သော​ကြောင့် ​ဦး​ဒီ​ပ​က ​စ​ကား​ဆက် ​ပြော​ခဲ့​ပါ​သည်။

‘‘​အ​ခု​ပြော​မှာ​က ​ကျုပ်​ကိုယ်​တွေ့​ဗျ။ ​ဒီ​နည်း ​ကို ​ယော​နယ်​ကို ​ဂန်​ဓာ​ရီ​ခ​ရီး​ထွက်​တုန်း​က ​ရ​ခဲ့​တာ​ဗျ။ ​ကျုပ်​နဲ့ ​အ​လွန်​ရင်း​နှီး​တဲ့ ​တော​ရွာ​က ​လယ်​သ​မား​ကြီး  ​ဦး​ပေါ်​မြ​တို့​အ​လှူ​မှာ​တုန်း​က ​ဦး​ပေါ်​မြ​က ​တောင်း ​ဆို​တာ​နဲ့ ​အ​လှူ​အ​ဝင်​နေ့​မှာ ​ကျပ်​ခိုး​အ​စွမ်း​နဲ့ ​ကာ​လ ​သား၊ ​ကာ​လ​သ​မီး​တွေ​ကို ​ရယ်​အူ​ပေါက်​စေ​ခဲ့​တာ​ဗျ။ ​ကျုပ်​ပြော​တဲ့​အ​တိုင်း ​ကျပ်​ခိုး​ကို ​ပိတ်​စိမ်း​ပါး​လေး​နဲ့ ​ထုပ်​ပြီး ​ပွက်​ပွက်​ဆူ​နေ​တဲ့ ​ရေ​နွေး​အိုး​ကြီး​ထဲ​မှာ ​ပြန် ​ဆည်​ထုတ်​စေ​တယ်။ ​ပြီး​မှ ​လက်​ဖက်​ခြောက်​ခပ်​ပြီး  ​ရေ​နွေး​ကြမ်း​နဲ့ ​လက်​ဖက်​သုပ် ​ဧည့်​ခံ​တာ​ပေါ့​ဗျာ။ ​မ​ကြာ​ပါ​ဘူး ​ရွာ​လယ်​ပိုင်း​က ​ဘုတ်​ဆုံ​မ​က​စ​ပြီး ​ရယ် ​လိုက်​တာ ​ဘာ​မှန်း​ညာ​မှန်း​မ​သိ​ဘဲ ​ရေ​နွေး​ကြမ်း ​သောက်​တဲ့​လူ​တွေ ​ရယ်​အူ​ပေါက်​ပြီး ​တ​ဟီး​ဟီး ​တ ​ဟား​ဟား​နဲ့ ​ဖြစ်​ကုန်​ကြ​ပါ​ရော​လား​ဗျ။ ​အ​လှူ့​ဒ​ကာ ​ဦး​ပေါ်​မြ ​ဒုက္ခ​ရောက်​တော့​တာ​ပါ​ပဲ။ ​

သူ့​လူ​တွေ​ဟာ ​နောက်​တစ်​နေ့​အ​လှူ​ပွဲ​အ​တွက် ​ဘာ​မှ​မ​လုပ်​တော့​ဘဲ ​တ​ဟား​ဟား​နဲ့ ​အ​ချိန်​ကုန်​တော့​မှာ​ပဲ​ဆို​တာ​ကို ​ရိပ်​စား ​မိ​ပြီး -
‘‘​ဦး​ရ​သေ့​ကြီး​ရယ် ​ကိုယ့်​အ​တတ်​နဲ့​ကိုယ် ​ပတ်​နေ​ပြီ​ဗျ။ ​ကျွန်​တော့်​လူ​တွေ​ကို ​အ​ရယ်​ရပ်​သွား ​အောင် ​လုပ်​ပေး​ပါ​ဦး​ခင်​မျာ၊ ​မ​ဟုတ်​ရင် ​မ​နက်​ဖြန် ​အ​လှူ​ပျက်​တော့​မယ်​ဗျ’’​လို့ ​မ​အီ​မ​သာ​မျက်​နှာ​ကြီး​နှင့် ​တောင်း​ဆို​ပါ​တော့​တယ်။ ​ကျုပ်​လည်း ​ဦး​ပေါ်​မြ​ကို ​ရေ​နွေး​ထဲ​က ​ဆယ်​ထား​တဲ့ ​ကျပ်​ခိုး​ထုပ်​ကို ​မီး​ဖို​ထဲ ​ထည့်​ပြီး ​မီး​ရှို့​ခိုင်း​လိုက်​ရ​တယ်။ ​အဲ​ဒီ​တော့​မှ ​ဘာ ​မှန်း​မ​သိ​တဲ့ ​ရယ်​မော​ပွဲ​ကြီး ​ရပ်​သွား​ပြီး ​အ​လှူ​အ​တွက် ​ဝေ​ယျာဝ​စ္စ​တွေ ​ဆက်​လုပ်​နိုင်​ခဲ့​ကြ​တယ်​ဗျ’’

​ဒါ​တွေ​ဟာ ​ကျုပ်​တို့​မ​မီ​နိုင်​တဲ့ ​ကျပ်​ခိုး​ရဲ့ ​ဂ​မ္ဘီ​ရ ​အ​စွမ်း​တွေ​ပါ​ပဲ။ ​နောက်​ဆုံး ​အ​ဖိုး​တန်​တဲ့​ဂ​မ္ဘီ​ရ​အ​သုံး ​တစ်​ခု​ကို​လည်း ​ယော​နယ်​က​ရ​ခဲ့​တယ်​ဗျ၊ ​ယော​နယ် ​မှာ ​ထင်​ရှား​တဲ့ ​ဂ​မ္ဘီရ​ပ​ညာ​ရှင် ​အ​မေ​ရေ​ယဉ်​က​တော် ​ဆို​တာ ၃၇ ​မင်း ​နတ် ​စာ​ရင်း​ဝင်​ပဲ​လေ။ ​အဲ​ဒီ ​မယ် ​တော်​ပေး​တဲ့​နည်း​လို့ ​ပြော​တာ​ပါ​ပဲ။ ​ဒီ​နည်း​က​တော့ ​ကျပ်​ခိုး​နဲ့ ​ကြက်​ရိုး ​နှစ်​မျိုး​ကို​တွဲ​ပြီး ​လက်​နှီး​စုတ်​ထဲ​မှာ ​ထည့်​ရ​တယ်။ ​ပြီး​မှ ​ပိတ်​စ​အ​ဖြူ​နဲ့  ​သေ​သေ​ချာ​ချာ ​ထုပ်​ရ​တယ်။ ​ဒီ​အ​ထုပ်​ဟာ ​အ​ဖိုး​တန်​တယ်၊ ​အ​မှန် ​တ​ရား​သာ​ဖြစ်​ပါ​စေ။ ​အ​မှု​ရင်​ဆိုင်​ရင် ​ကိုယ့်​ဘက်​က ​နိုင်​တယ်​ဗျ။ ‘‘​တ​ရား​ရင်​ဆိုင်၊ ​အ​မတ်​ဆိုး​ကို​တောင် ​နိုင်​တယ်​လို့’’ ​စာ​ဆို​ရှိ​တယ်​ဗျ။ ​တ​ရား​ရင်​ဆိုင်​ဖို့ ​တ​ရား​ရုံး​တက်​တဲ့​အ​ခါ​မှာ ​အဲ​ဒီ့​အ​ထုပ် ​ကို​ကိုင်​ဆောင် ​ပြီး ​စ​ကား​ပြော​ရ​တာ​ပေါ့​ဗျာ’’​လို့ ​ပြော​ပြ​ခဲ့​ပါ​သည်။ ​ကျွနု်ပ်​လည်း ​မ​ကြား​ဘူး၊ ​မ​သိ​ဘူး​သော ​ကျပ်​ခိုး​၏ ​ဂ​မ႓ီ​ရ​စွမ်း​အင်​များ​ကို ​သိ​ရ​သော​ကြောင့် ​ဦး​ဒီ​ပ​ကို ​များ​စွာ​ကျေး​ဇူး​တင်​နေ​မိ​ပါ​၏။

‘‘​ကျုပ်​ပေး​ထား​တဲ့ ​ကျပ်​ခိုး​က ​မိ​တ္ထီ​လာ​နယ် ​ထဲ​က ​ပဲ​လှော်​ဖို ​တစ်​ဖို​က ​စု​ဆောင်း​ရ​ခဲ့​တဲ့ ​ကျပ်​ခိုး​ဗျ၊ ​အ​ထင်​မ​သေး​နဲ့​ဗျ။ ​အ​မြင်​နုပ်​ပေ​မယ့် ​ရွေ​ထှုပ်​တဲ့ ​မြ​ပ​ဝါ​ဆို​တာ​မျိုး​ပါ​ဗျာ ​ဟား​ဟား​ဟား’’

​ဦး​ဒီ​ပ​ပေး​ခဲ့​သော ​ကျပ်​ခိုး​ထုပ်​ကို ​ကျွနု်ပ်​သည် ​အ​ခြေ​အ​နေ​ပေး​ပါ​က ​စမ်း​သပ်​အ​သုံး​ပြု​ရန် ​ရှိ​ပါ​သည်။ ​စာ​ဖတ်​သူ​များ ​စိတ်​ဝင်​စား​ပါ​က ​အ​သုံး​ပြု​နိုင်​ရန် ​စေ​တ​နာ​နှင့် ​တင်​ပြ​လိုက်​ပါ​သည်။

​စာ​ကိုး။ ​သ​စ္စာ​ဗ​လ​၏ ​ဝိ​ဇ္ဇာ​ဓ​ရ​မှတ်​တမ်း။
​မေ​တ္တာ​ရည်​လျက်
​မျိုး​တင့်(​ညောင်​လေး​ပင်)

Share