ထို​နေ့​သည် ​ကျွန်​တော်​၏​မြေး​များ ​ကျောင်း ​ပိတ်​သော​ရက်​ဖြစ်​လေ​သည်။ ​အ ​ခြား​ရက်​များ​၌ ​ကျွန်​တော်​၏ ​အား​လပ်​ရက်​ဖြစ် ​သော်​လည်း ​မြေး​များ ​ကျောင်း​ပိတ်​သော​ရက် ​ဆို​လျှင် ​ကျွန်​တော့်​အ​တွက် ​အိမ်​စော​င့်၊ ​က​လေး​ထိန်း ​တာ​ဝန်​ကြီး​သော​ရက် ​ဖြစ်​ရ​လေ ​တော့​သည်။ ​မြေး​အ​ဘိုး​တစ်​သိုက် ​ဆူ​ဆူ​ညံ​ညံ​နှ​င့် ​ပျော် ​ပျော်​ပါး​ပါး ​ဆော့​က​စား​နေ​ခိုက်​တွင် ​ငှက်​ငယ်​တစ် ​ကောင်​သည် ​မျက်​စိ​လည် ​လမ်း​မှား​၍ ​အိမ်​အ​တွင်း ​ဆီ​သို့ ​ဖ​ရူး​ခ​နဲ ​ပျံ​သန်း​ဝင်​ရောက်​လာ​ခဲ့​လေ​သည်။ ​ထို​ငှက်​မှာ ​မြေး​တစ်​ယောက်​၏ ​ခေါင်း​နား​မှ ​ဖြတ် ​သွား​သည်​ဖြစ်​၍ ​က​လေး​များ​မှာ ​ကြောက်​လည်း ​ကြောက်၊ ​ပျော်​လည်း​ပျော်​ဖြင့် ​ပို​၍​ပင် ​တ​ဟီး​ဟီး ​တ​ဟား​ဟား ​ရယ်​မော​အော်​ဟစ်​ကြ​လေ​တော့​သည်။ ​ကျွန်​တော်​က -

‘‘​ဟေ့ ...​သ​တင်း​ကောင်း ​ကြား​ရ​တော့ ​မယ်​ကွ ...’’​ဟု ​ဆို​လိုက်​လျှင် ​မြေး​များ​သည် ​နား ​မ​လည်​နိုင်​သော​ကြောင့် ​ရယ်​မော​အော်​ဟစ်​ခြင်း​ကို ​ရပ်​တံ့​ကာ -
‘‘​ဘာ​ဖြစ်​လို့​လဲ ​အ​ဘိုး ...’’​ဟု ​မေး​ကြ​လေ ​သည်။ ​ထို​သော​အ​ခါ​၌ ​ကျွန်​တော်​လည်း ​ရှေး​လူ​ကြီး ​သူ​မ​တို့​အ​စဉ်​အ​ဆက် ​မ​ပျက်​မ​ယွင်း ​မှတ်​သား​လာ​ခဲ့ ​ကြ​သော ​ငှက်​ဝင်​ခြင်း ​အ​တိတ်​နိ​မိတ်​အ​ကြောင်း​အား ​က​လေး​များ ​နား​လည်​လွယ်​သော ​ဘာ​သာ​စ​ကား​ဖြ​င့် ​ပြော​ပြ​ခဲ့​ရ​ပေ​တော့​သ​တည်း။

​ငှက်​သည် ​အိမ်​၏ ​လက်ဝဲ (​သို့) ​လက်​ယာ ​ဘက်​အ​ရပ်​က ​ရုတ်​တ​ရက်​ဝင်​လာ​မူ ​ငွေ​ကြး​လာဘ် ​လာ​ဘ​ပွ​င့်​လန်း​အံ့။
​ငှက်​သည် ​အိမ်​၏ ​အ​နောက်​တောင်​အ​ရပ် ​က ​ရုတ်​တ​ရက်​ဝင်​လာ​မူ ​လက်​အောက်​ငယ်​သား၊ ​သား​သ​မီး​တို့​အ​တွက် ​ဝမ်း​သာ​ရ​အံ့။
​ငှက်​သည်​အိမ်​၏​အ​နောက်​မြောက်​ဘက် ​အ​ရပ်​က၊ ​မြောက်​အ​ရပ်​က​ရုတ်​တ​ရက်​ဝင်​လာ​မူ ​ဝမ်း​သာ​စ​ရာ ​သ​တင်း​ကောင်း​ကြား​ရ​အံ့။
​ငှက်​သည် ​အိမ်​၏ ​အ​ရှေ့​မြောက်​အ​ရပ် ​က ​ရုတ်​တ​ရက်​ဝင်​လာ​မူ ​အ​ထည်၊ ​ထီး၊ ​ဖိ​နပ်၊ ​အ​ဝတ်၊ ​ပု​ဆိုး​များ ​ဝင်​အံ့။
​ငှက်​သည် ​အိမ်​၏ ​အ​ရှေ့​ဘက်​အ​ရပ်​က ​ရုတ်​တ​ရက်​ဝင်​လာ​မူ ​လူ​ကြီး​မိ​ဘ​များ ​ကျန်း​မာ ​ရေး​ညံ့​အံ့။
​ငှက်​သည် ​အိမ်​၏ ​တောင်​ဘက်​အ​ရပ်​က ​ရုတ်​တ​ရက်​ဝင်​လာ​မူ ​ကျန်း​မာ​ရေး​ထိ​ခိုက်​အံ့။ ​ပ​စ္စည်း ​အ​ထိ​အ​ခိုက်၊ ​အ​ပျောက်​အ​ရှ​များ​အံ့။
​ငှက်​သည် ​အိမ်​၏ ​အ​နောက်​ဘက်​အ​ရပ် ​က ​ရုတ်​တ​ရက်​ဝင်​လာ​မူ ​စ​ကား​များ​ဖြေ​ရှင်း၊ ​အ​မှု ​အ​ခင်း ​ကြုံ​ရ​အံ့။
​ငှက်​သည် ​မွန်း​လွဲ​ချိန်​၌ ​ရုတ်​တ​ရက်​ဝင် ​လာ​မူ ​ပ​စ္စည်း​ဥ​စ္စာ ​တိုး​ပွား​အံ့။ ​အောက်​လက်​ငယ် ​သား​အ​တွက် ​ဝမ်း​သာ​ရ​အံ့။
​ငှက်​သည် ​သူ​ငယ်​တိတ်​ဆိတ်​ချိန်​၌ ​ရုတ် ​တ​ရက်​ဝင်​လာ​မူ ​မီး၊ ​အ​ပူ​ဒုက္ခ​ပေး​အံ့။
​ငှက်​သည် ​ကြက်​ဦး​တွန်​ချိန်​၌ ​ရုတ်​တ​ရက်​ဝင်​လာ​မူ ​မိ​သား​စု ​အ​စု​အ​စည်း​ပျက်​အံ့။
​ငှက်​သည် ​တံ​မြက်​စည်း​လှည်း​စဉ်​၌ ​ရုတ် ​တ​ရက်​ဝင်​လာ​မူ ​ဘေး​အ​န္တ​ရာယ်​များ​အံ့။

​ဘိုး​မှတ်​ကြီး

Share