ဒုတိယကမ္ဘစစ်ကြီးပြီးဆုံးတဲ့အခါ ကမ္ဘာပေါ် မှာ  ကွန်မြူနစ်နိုင်ငံတွေ အများအပြား ပေါ်ပေါက် ခဲ့ပါတယ်။ ကမ္ဘာလူငယ်ထု အတွင်းမှာလည်း ကွန်မြူနစ် အတွေးအခေါ်တွေ လွမ်းမိုးခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာပင်လျှင် ကွန်မြူနစ်အတွေးအခေါ်တွေ အားကောင်းလာပြီး ကွန်မြူနစ်ပါတီတွေ ဆိုရှယ် လစ်ပါတီတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီအချိန် မှာ ကာလက ကွန်မြူနစ် ဆိုရှယ်လစ်အတွေးအခေါ် အယူအဆက လူသားအကျိုးစီးပွားရေးအတွက် တိုးတက်တဲ့အယူအဆလို့ ယုံကြည်ခဲ့ကြပါတယ်။

ဒီဝါဒကိုတွေ့ရှိဖော်ထုတ်ခဲ့တဲ့ ပညာရှင်က တော့ ကားလ်မတ်စ်နဲ့ အိန်ဂျယ်ဆိုတဲ့ တွေးခေါ် ပညာရှင်ကြီးနှစ်ဦး ဖြစ်ပါတယ်။ လက်တွေ့အကောင် အထည်ဖော်ခဲ့တဲ့ပုဂ္ဂိုလ်ကတော့ ရပ်ရှားနိုင်ငံမှလီနင် ဆိုတဲ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ အရှေ့ဥရောပနိုင်ငံတွေ အာရှကတရုတ် ပြည် ဗီယက်နမ်၊ ကိုရီးယားစတဲ့ နိုင်ငံတွေဖြစ်ပါတယ်။  ကမ္ဘာရဲ့သုံးပုံတစ်ပုံလောက် ကွန်မြူနစ်နိုင်ငံတွေဖြစ် လာပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ၁၉၆၂ ခုနစ်မှ ဆိုရှယ်လစ်နိုင်ငံတော်ကို တည် ဆောက်ခဲ့ပါတယ်။

ကွန်မြူနစ်ဝါဒမှာ နှစ်ဆင့်ရှိပါတယ်။ ကွန် မြူနစ်နိုင်ငံတော်က ကုန်ထုတ်လုပ်ငန်းတွေ ကုန် သွယ်မှုတွေ ဆေးရုံတွေ ကျောင်းတွေအားလုံး   နိုင်ငံ တော်က ပိုင်ဆိုင်ပါတယ်။ လူတွေက နိုင်ငံတော်ပိုင်  စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်ကြရပါတယ်။ ထွက်ရှိလာတဲ့ အကျိုးစီးပွားတွေကို ကာယဉာဏ လုပ်သားတွေက ပါတဲ့လုပ်အားစိုက်ထုတ်မှုအလိုက် အကျိုးခံစားကြရမည်။ စက်မှုလက်မှုတွေ ထွန်း ကားပြီး စက်ရုံတွေက ကုန်ပစ္စည်းတွေ Automatic အလျှံအပယ် ထွက်ရှိတဲ့အခါ လူတွေက ကိုယ်လိုချင် သလောက် ထုတ်ယူသုံးစွဲနိုင်တဲ့ ပဒေသာပင်ခေတ် ကြီးကို  မျှော်လင့်တဲ့ဝါဒ ဖြစ်ပါတယ်။ လူ့လောက ကြီးကလည်း ကိုယ်လိုချင်တာ လိုချင်သလောက် ရနေတဲ့အတွက် ရာဇဝတ်မှုတွေ ကင်းရှင်းတဲ့ ငြိမ်း ချမ်းတဲ့ ကွန်မြူနစ် လူ့အဖွဲ့အစည်းကြီးတည်ဆောက် ရန် ဖြစ်ပါတယ်။

အဲဒီကွန်မြူနစ်စနစ်ကြီးမတည်ဆောက်နိုင် ခင်ကာလမှာ လက်ရှိအရင်းရှင်စီးပွားရေးစနစ်ကို နိုင်ငံ တော်အာဏာနဲ့ ဖျက်သိမ်းပြီးဆိုရှယ်လစ်လူ့အဖွဲ့အ စည်ပနာမတည်ဆောက်ရန်ဖြစ်ပါတယ်။ ကွန်မြူနစ် လူ့အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ကတော့ အများပိုင် လုပ်ငန်းတစ်ခုကို အများကဝိုင်းလုပ်ပြီး ရရှိလာတဲ့ အကျိုးစီးပွားကို အများအားလုံးပင် လုံလုံလောက် လောက် ကျေကျေနပ်နပ် ခံစားရရှိစေတဲ့ စနစ်ဖြစ်ပါ တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနစ် ကနေပြီး ၁၉၈၈ ခုနစ်အထိ တည်ဆောက်ခဲ့တဲ့ စနစ်ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းက လွဲ၍ နိုင်ငံတော်ပိုင် စက်ရုံအလုပ်ရုံတွေ ကုန်သွယ်မှု တွေပေါ်ပေါက်ခဲ့ပါတယ်။

၁၉၈၈ခုနစ်နောက်ပိုင်းမှာတော့ ကမ္ဘာပေါ်မှာ  ကွန်မြူနစ်ဆိုရှယ်လစ်ဝါဒက မအောင်မြင်ဘဲ ကျဆုံး သွားပါတယ်။ မူလအရင်းရှင်စီးပွားရေးစနစ်ပဲ ပြန် ရောက်လာပါတယ်။

(မှတ်ချက်။  ။ ၁၉၈ဝ ခုနှစ်လွန် များမှစ၍ အရင်းရှင်စနစ်ဟု မခေါ်ဘဲ စျေးကွက်စီးပွားရေး စနစ်ဟု ခေါ်လာသည်။ လူတိုင်း ကြီးငယ်မရွေး လွတ် လပ်စွာ ယှဉ်ပြိုင်နိုင်ရန် လူ့အခွင့်အရေးဥပဒေများ ဖြင့် ကာကွယ်ပေးထားသည်။ ထို့ကြောင့် ဘီလ်ဂိတ်၊ ဇူကာဘတ်တို့ကဲ့သို့ သာမန်လူများ ထိပ်ဆုံးရောက်ခဲ့ ကြသည်။                      အယ်ဒီတာ)  

အရင်းရှင်စီးပွားရေးစနစ်က အတ္တကို ရှေ့ တန်းတင်တယ်။ ကိုယ်စွမ်းဆောင်ရည် ရှိသလောက် ကိုယ်အကျိုးခံစားခွင့်ရှိတယ်။ ဆိုရှယ်လစ်စနစ်က ပရဟိတ အများအကျိုးကို ရှေ့တန်းတင်ရတယ်။ အများအကျိုးကို ဦးစားပေးဆောင်ရွက်ရင်း ကိုယ့်ရဲ့ ပါဝင် စွမ်းဆောင်တဲ့ လုပ်အားခကို အချိုးကျခွဲဝေခံစား ခွင့်ရှိပါတယ်။ လူသားက မွေးကတည်းကပင် အတ္တ ရှေ့တန်းတင်တဲ့ သတ္တဝါဖြစ်တယ်။ ကွန်မြူနစ်ဝါဒနဲ့ ပင်ကိုယ်စရိုက်အားဖြင့် မကိုက်ညီတဲ့အတွက် ကျရှုံး ခြင်းဖြစ်တယ်လို့ သုံးသပ်ရပါတယ်။

ဒါပေမဲ့ ကွန်မြူနစ်ဝါဒနဲ့ အလားတူတဲ့  လူ့ ဘောင်အဖွဲ့အစည်းတစ်ခု ကမ္ဘာဂြိုဟ်တစ်ခုမှာ တွေ့ ရှိရပြန်ပါပြီ။ လွန်ခဲ့တဲ့တစ်နှစ်လောက်က ကျွန်တော် ကွန်မြူနစ်စနစ်နဲ့တူတဲ့ ဂြိုဟ်ကမ္ဘာတစ်ခု တွေ့ရှိရလို့ ‘ဆိုရှယ်လစ်ဂြိုဟ်ကမ္ဘာ’ဆိုတဲ့ ဆောင်းပါး  တစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ ယခုတွေ့ရတဲ့ကမ္ဘာက စကြာဝဠာ တွေထဲက အခြားကမ္ဘာတစ်ခု ဖြစ်ပါတယ်။

၂၈-၄-၂ဝ၁၆ ရက်မနက်က ဝတ်ရုံအညို ရောင်နဲ့ဆံပင်က ကုပ်ပေါ်ဝဲကျနေတဲ့ အလင်းနှစ် ၂၃ဝဝ ဝေးတဲ့ ကမ္ဘာက ‘‘သျှင်(န)သောမန’’ဆိုတဲ့ တန်ခိုးရှင်ကြီးတစ်ပါးကြွရောက်လာပါတယ်။

ကျွန်ုပ်။။ တန်ခိုးရှင်ကြီးကို ကြိုဆိုပါ တယ်ဘုရား ကြွလာတဲ့အကြောင်း အမိန့်ရှိပါဘုရား။

တန်ခိုးရှင်ကြီး။။ တို့ကမ္ဘာက လူ တွေရဲ့နေမှုထိုင်မှုအကြောင်းနဲ့ ဘာသာကိုးကွယ်မှု အကြောင်းတွေ ပြောချင်လို့ကြွလာတာပါ။

ကျွန်ုပ်။။ အမိန့်ရှိပါဘုရား။ တပည့် တော် အခြားကမ္ဘာက လူတွေ ဘယ်လိုနေကြ ထိုင် ကြတယ်ဆိုတာ အလွန်စိတ်ဝင်စားပါတယ် ဘုရား။ 

တန်ခိုးရှင်ကြီး။။ တို့ရဲ့ကမ္ဘာက သင်တို့ ကမ္ဘာထက် အနည်းငယ်ပိုကြီးတယ်။ ပုံစံက တော့လုံးဝန်းတဲ့ ပုံစံပါပဲ။ လူတွေရဲ့သက်တမ်းက ၅ဝဝဝ ရှိတယ်။ လူတွေရဲ့အသားအရောင်က အသား ဖြူတဲ့သူ၊ အသားနီတဲ့သူ၊ အသားပြာတဲ့သူ၊ အသား အစိမ်းပုပ်ရောင်ရှိတဲ့သူ၊ အသားမြေဝါရောင် ရှိတဲ့သူ ဆိုပြီးရှိတယ်။ လူတွေက စိတ်ချမ်းသာတဲ့ သူတွေက များတယ်။ ရောဂါဘယကြောင့် စိတ်မချမ်းသာတဲ့ သူတွေပဲရှိတယ်။ ဥစ္စာပစ္စည်းမပြည့်စုံမှုကြောင့်သော် လည်းကောင်း၊ အချစ်ရေးအိမ်ထောင်ရေးကြောင့်  သော်လည်းကောင်း၊ စိတ်ဆင်းရဲရတာမျိုးမရှိပါဘူး။

ကျွန်ုပ်။။ ဥစ္စာပစ္စည်းပိုင်ဆိုင်မှု၊ အိမ် ထောင်ပြုမှုက ဘယ်လိုရှိပါသလဲ ဘုရား။

တန်ခိုးရှင်ကြီး။။ ဥစ္စာပစ္စည်းပိုင် ဆိုင်မှုကတော့ ပုဂ္ဂလိကပိုင်ဆိုင်မှု မရှိပါဘူး။ အား လုံးနိုင်ငံတော်ကပိုင်တာပါ။ လူသုံးကုန်၊ စားသောက် ကုန်၊ ပစ္စည်းထုတ်လုပ်တဲ့စက်ရုံအားလုံးကို နိုင်ငံတော် ကပိုင်တာပါ။ လူတွေစားဖို့ စိုက်ပျိုးထားတဲ့စိုက်ကွင်း ကြီးတွေကလည်း နိုင်ငံတော်ပိုင်စိုက်ကွင်းကြီးတွေပါပဲ။ လူတွေခရီးသွားလာရာမှာလည်း ဘယ်နေရာသွားသွား နိုင်ငံတော်ပိုင်ယာဉ်တွေနဲ့ အခမဲ့ စီးနင်းလိုက်ပါနိုင် ပါတယ်။ လူတွေနေတဲ့အိမ်တွေကလည်း နိုင်ငံတော် ပိုင် အိမ်တွေပါပဲ။ ကာယလုပ်သားတွေနေတဲ့အိမ်နဲ့၊ ဉာဏလုပ်သားတွေနေတဲ့အိမ်ဆိုပြီး ရှိတယ်။ ဉာဏ လုပ်အားတွေနေတဲ့အိမ်က အဖြူရောင်၊ အမည်း ရောင်များနဲ့ ဆောက်လုပ်ပေးထားတယ်။ ကာယ လုပ်သားတွေ နေတဲ့အိမ်က အပြာရောင်သုတ်ပေး ထားတယ်။ ဉာဏလုပ်သားတွေနေတဲ့ အိမ်က နည်း နည်း ပိုကြီးတယ်။

ကျွန်ုပ်။။ ငွေကြေးသုံးစွဲတဲ့စနစ်ရှိပါ သလား ဘုရား။

တန်ခိုးရှင်ကြီး။  ။ ငွေကြေးသုံးစွဲတဲ့ စနစ်ရှိပါတယ်။ ကြေးဝါပြားကိုငွေကြေးအဖြစ် ခပ် နှိပ်သုံးစွဲပါတယ်။ တစ်ဖက်က တိုင်းပြည်အုပ်ချုပ်တဲ့  ဘုရင်ပုံကို ခပ်နှိပ်ထားပြီး ကျန်တစ်ဖက်က ‘နေ’အ မှတ်အသားကို ခပ်နှိပ်ထားပါတယ်။ စျေးဆိုင်အမျိုး မျိုးရှိပါတယ်။ အားလုံး နိုင်ငံတော်ပိုင်ပါတယ်။ ပျော် ပွဲ၊ ရွင်ပွဲ၊ ကပွဲရုံတွေလည်း ရှိပါတယ်။ နိုင်ငံတော်က လစာချီးမြှင့်ထားတဲ့ ဝန်ထမ်းတွေပါပဲ။ သူတို့က ကပြ ဖျော်ဖြေမှုအမျိုးမျိုးရှိပါတယ်။ ပွဲကြည့်သူက ပိုက်ဆံ ပေးကြည့်ရပါတယ်။ ဆေးရုံကြီးတွေလည်း မြို့တိုင်း မှာ ရှိပါတယ်။ အခမဲ့ ဆေးဝါးကုသပေးပါတယ်။

ကျွန်ုပ်။။ အိမ်ထောင်ရေးက တစ်လင် တစ်မယားစနစ်ပါလား ဘုရား။

တန်ခိုးရှင်ကြီး။။ အိမ်ထောင်ရေး ကတစ်လင်တစ်မယားစနစ်ကို တင်းတင်းကျပ်ကျပ် သတ်မှတ်ထားပါတယ်။ အိမ်ထောင်ရေး ဖောက်ပြန်  လျှင် ဖောက်ပြန်သူကို ရပ်ကွက်က လူစုလူဝေးနဲ့ ဝိုင်း ဝန်းရှုတ်ချတဲ့အပြင် အနဲဆုံးထောင်ဒဏ်သုံးနှစ် ကျခံရပါတယ်။ ဒါ့ကြောင့် အိမ်ထောင်ရေး ဖောက် ပြန်တာ မရှိသလောက်ပါပဲ။ အိမ်ထောင်ပြုတဲ့အခါမှာ ရပ်ကွက်လူကြီးက လူပျိုအပျိုတွေကို ရပ်ကွက်ရုံးမှာ တစ်နှစ်တစ်ကြိမ် စုဝေးစေပြီး ရပ်ကွက်လူကြီး ဦး ဆောင်တဲ့ ငါးဦးကော်မတီက လူပျိုအပျိုများကို စေ့ စပ်ညှိနှိုင်းပြီး လက်ထပ်ပေးပါတယ်။ ကြီးကြီးကျယ် ကျယ်မင်္ဂလာအခမ်းအနားတွေလည်း မရှိပါဘူး။ အပြင်မှာ ကိုယ့်သဘောနဲ့ကိုယ်လည်း ယူခွင့်မရှိပါ ဘူး။ အဲဒီ ငါးဦးကော်မတီက စေ့စပ်ပေးလို့ရတဲ့ အိမ်ထောင်ဖက်ကိုမှသာ အသိအမှတ်ပြုပါတယ်။

ကျွန်ုပ်။။ လူတွေ ဘယ်လိုလုပ်ကိုင်ကြ ပါသလဲ ဘုရား။

တန်ခိုးရှင်ကြီး။။ အလုပ်ကတော့  ယောက်ျား မိန်းမ အလုပ်လုပ်ကြရတယ်။ အရွယ် ရောက်တဲ့ ယောက်ျား မိန်းမ ပညာသင်ကြားမှု ကဏ္ဏပြီးဆုံးတဲ့အခါ သင့်လျော်တဲ့ စက်ရုံအလုပ်ရုံ  လုပ်ငန်း ဌာနတွေမှာ အလုပ်လုပ်ကြရတယ်။ တစ်နေ့ အလုပ် အချိန်က ၁ဝ နာရီ လုပ်ကိုင်ကြရတယ်။

ကျွန်ုပ်။။ တစ်ရက်မှာ ဘယ်နှစ်နာရီ ရှိပါသလဲဘုရား တစ်နှစ်မှာ ရောရက်ပေါင်း ဘယ် လောက်ရှိပါသလဲ ဘုရား။ 

တန်ခိုးရှင်ကြီး။။ တစ်ရက်မှာ နာရီပေါင်း ၃၂ နာရီရှိပါတယ်။ နေ့နာရီက ၁၈ နာရီ ညနာရီက ၁၄ နာရီရှိပါတယ်။ တစ်နှစ်ကိုရက်ပေါင်း  ၂၈ဝ ရှိပါတယ်။

ကျွန်ုပ်။။ အဲဒီကမ္ဘာက နိုင်ငံဘယ်နှစ်  နိုင်ငံရှိပါသလဲ ဘုရား။

တန်ခိုးရှင်ကြီး။။ နိုင်ငံပေါင်း ၉၆  နိုင်ငံရှိပါတယ်။ တချို့က ဘုရင်စနစ်နဲ့ အုပ်ချုပ်တယ်။ တချို့က လူထုက ရွေးချယ်တင်မြှောက်တဲ့ စနစ်နဲ့ အုပ်ချုပ်ပါတယ်။ ဘာသာယုံကြည်ကိုးကွယ်မှု နှစ်မျိုး ရှိပါတယ်။ ဗုဒ္ဓဘာသာက လူအများစုကိုးကွယ်တဲ့ ဘာသာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာလည်း လူပေါင်း ၂၇ဝ,ဝဝဝ ကျော်ရှိပါတယ်။

ကျွန်ုပ်။။ စက်မှုလက်မှုထွန်းကားမှုက ဘယ်လိုအခြေအနေ ရှိပါသလဲ ဘုရား။

တန်ခိုးရှင်ကြီး။။ မင်းတို့ကမ္ဘာ ထက် ပိုထွန်းကားတယ်။ လူတွေလုပ်ကိုင်ရတဲ့လုပ်ငန်း ပမာဏရဲ့ ၇ဝ ရာခိုင်နှုန်းလောက် စက်ကိုခိုင်းစားကြ တယ်။ လက်နဲ့လုပ်ကိုင်ရတာ အလွန်နည်းတယ်။

ကျွန်ုပ်။။ ယခုကဲ့သို့ ကြွရောက်ပြီး အရှင်မြတ်တို့ကမ္ဘာက လူတွေအကြောင်း အကျယ် တဝင့်ရှင်းပြတဲ့အတွက် ကျေးဇူးတင်စကား ဝမ်း မြောက်လှပါတယ် ဘုရား။

အခုက ကျွန်တော် တင်ပြခဲ့တဲ့ ကမ္ဘာလူ့အဖွဲ့ အစည်းက ဆိုရှယ်လစ်လူ့အဖွဲ့အစည်း အဆင့်တော့ အောင်မြင်တယ်လို့ ဆိုရမှာပါ ကျွန်တော်တို့ကမ္ဘာက ကွန်မြူနစ်ဆိုရှယ်လစ် ခေါင်းဆောင်တွေ အကောင်  အထည်ဖော် မအောင်မြင်တာ ဘာကြောင့်လဲ။ နည်း  လမ်းမမှန်လို့လား။ လူ့သက်တမ်းက သူတို့လောက် မရှည်လို့ အသိဉာဏ်ပညာလေ့ကျင့် သင်ကြားနိုင်မှု အချိန် မလုံလောက်လို့လား။ တချို့သော တွေးခေါ် ပညာရှင်တွေက လူ့သမိုင်းဟာ ဆိုရှယ်လစ်ဝါဒ အောင်မြင်မှသာလျှင် နိဂုံးချုပ်လိမ့်မည်လို့ ပြောဆို နေမှုများလည်း ရှိနေပါကြောင်း။

သတ္တဝါများကျန်းမာချမ်းသာကြပါစေ။

ဆရာဝင်း(သာကီနွယ်)

Share