ကမ္ဘာကြီးတွင် လူ၊ တိရစ္ဆာန်၊ တော၊ တောင်၊ ရေ၊ မြေ၊ လေထုများသည် သဘာဝရာသီဥတုဆိုး ဒဏ်ကို ခံရတတ်သည်။

ထို့အပြင် လူသားများ အ  ကြောင်းအမျိုးမျိုးကြောင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက် နှင့်တစ်ဖက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်ပွဲများဖြစ်ခဲ့ကြသည်။ ထိုစစ်ပွဲများကြောင့် ကမ္ဘာ ကြီးသည် စစ်ပွဲဒဏ်ကိုခံရတတ်သည်။

စစ်ပွဲဒဏ်ခံရ သောဒေသများတွင် အားလုံးပျက်စီးခြင်းနှင့် စစ်ပွဲ မီးလျှံခဲ့ရသည်။ စစ်ပွဲကြောင့် ပျက်စီးခြင်းထဲတွင် တည်ထား ပူဇော်ကိုးကွယ်လျက်ရှိသော ဘုရားစေတီ နှင့်အဆောက်အအုံများ ပြိုကျခဲ့ရသည်။ ထိုစစ်ဒဏ် ခံခဲ့ရသော ဘုရားစေတီထဲတွင် မွန်ပြည်နယ်ကျိုက် ထိုမြို့ရှိ ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ပါဝင်လေသည်။ ထို ရုပ်ပွားတော်နှစ်ဆူမှာ နောင်တော်နှင့် ညီတော်ရုပ်ပွား တော်နှစ်ဆူ ဖြစ်သည်။

ထိုရုပ်ပွားတော်နှစ်ဆူသည် စစ်ဒဏ်မခံရခင်က မြန်မာ့ယဉ်ကျေးမှုလက်မှုပညာ အလှနှင့် ခိုင်ခံ့သော အမိုးတန်ဆောင်းအောက်၌ ကြည်ညိုဖွယ် ပူဇော် ဖွယ် စံပယ်တော်မူလေ့ရှိသည်။ ထို့နောက် မြန်မာ နိုင်ငံတော်တွင် နယ်ချဲ့စစ်ပွဲများဖြစ်ပွားရာ အင်္ဂလိပ် မဟာမိတ်တပ်နှင့် ဂျပန်တပ်တို့ စစ်ပွဲများဖြစ်ပွားစဉ် စစ်မြေပြင်ဧရိယာနယ်ပယ်အတွင်း ကျရောက်နေသော နောင်တော်ညီတော် ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူမှာလည်း စစ်လက်နက်၏ဒဏ်ကို ထိမှန်ခံရကာ မြန်မာ့အနု ပညာလက်ရာမြောက် မွမ်းမံထားကာ ခိုင်ခန့်သော အမိုးတန်ဆောင်းတို့ ပြိုပျက်သွားခဲ့ကြသော်လည်း ထူးခြားအံ့ဖွယ် ယင်းဗုဒ္ဓရုပ်ပွားတော် နှစ်ဆူသာ ကြည်ညိုဖွယ် စံပယ်တော်မူလျက် ရှိနေသည်။ ဗုဒ္ဓ   ရုပ်ပွားတော်နှစ်ဆူ၏ ထူးခြားဆန်းကြယ်နေသည်မှာ စစ်ပွဲ၏ပြင်းပြင်းထန်ထန် စစ်ဒဏ်များ၏ယမ်းငွေ့ တစ်လူလူ သေနတ်သံမီးလျှံအောက်မှာ ပျက်စီးခြင်း မရှိဘဲ ကြံ့ကြံ့ခိုင် ကျန်ရှိ တင့်တယ်စွာ စံပယ်တော် မူလျက်ရှိသည်။ နောင်တော် ညီတော် ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူမှာ လေးပေလေးလက်မမြင့်သော အုတ်ပလ္လင် ထက်မှာ စံပယ်တော်မူပြီး နောင်တော်ရုပ်ပွားတော် ကြီးမှာ ခြောက်ပေခြောက်လက်မရှိသော အုတ်ပလ္လင် ထက်မှာ စံပယ်တော်မူ၏။ ညီတော်ရုပ်ပွားတော် ဉာဏ်တော်မှာ ၄၅ ပေရှိပြီး နောင်တော်ရုပ်

ပွားတော် ဉာဏ်တော်မှာ ၅ဝ ပေရှိသည်။ အရွယ်အစားပိုကြီး  သော ရုပ်ပွားတော်ကို နောင်တော်ရုပ်ပွားတော်ဟု  ခေါ်ဆိုပြီး ငယ်သော ရုပ်ပွားတော်ကို ညီတော် ရုပ် ပွားတော်ဟု ခေါ်ဆိုသည်။ ယခုအခါ နောင်တော် ညီတော်ရုပ်ပွားတော်နှစ်ဆူကို မွန်ပြည်နယ် ကျိုက်ထို မြို့နယ် ကြာဖြူကျေးရွာ မဟာမရမ်းချို ဘေးမဲ့တော ရွာကျောင်းတိုက် ပရဝဏ်အတွင်း၌ ကြည်ညိုဖွယ် တင့်တယ်စွာ စံပယ်တော်မူလျက်ရှိသည်ကို ဖူးမြော် ကြည်ညိုပူဇော်နိုင်ပါသည်။

နောင်တော်ညီတော်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူကို  လာရောက်ကြည်ညိုဖူးမြော်ကြသော ဘုရားဖူးခရီး သည်များ၏ နှလုံးသားဝယ် ချမ်းမြေ့ကြည်လင်ကျန်း မာရွင်လန်းခဲ့ရသည်။ ပလ္လင်ထက်၌ ကိုယ်တော်ကို ဖြောင့်မတ်၍ ထိုင်တော်မူနေသည်မှာ တင့်တယ် သပ္ပာယ်စွာ ဖူးမြော်နိုင်ကြသည်။ ဘူမိဖသမုဒြာ ရှိသော ရုပ်ပွားတော်ကြီးနှစ်ဆူစလုံးမှာ အချိုးအစား ကျလျက် ဖူးမြော်၍ မဝနိုင်အောင် အသရေတော် ထူးမြတ်လှပါသည်။ ဘုရားဖူးအလှူရှင် တချို့၏ ကောင်းမှုကြောင့် ညီတော်ရုပ်ပွားတော်မှာ ယခုအခါ အမိုးတန်ဆောင်းအောက်တွင် စံပယ်တော်မူလျက်ရှိ ပေသည်။ နောင်တော်ရုပ်ပွားတော်ကြီးမှာ စစ်ဒဏ် ခံခဲ့ရသည့်အတိုင်း လွင်တီးခေါင်တွင်  ကြံ့ကြံ့ခိုင်စွာ စံပယ်တော်မူလျက်ရှိသည်ကို ထူးခြားဖွယ် အမြင် ဆန်းဆန်းနှင့် ဖူးမြော်ကြည်ညိုနိုင်ကြပါသည်။ ဗုဒ္ဓ ရုပ်ပွားတော်နှစ်ဆူ၏ရှေ့တွင် အမိုးမရှိသော လွင် ပြင်ကျယ်ကြီးရှိနေသောကြောင့် ပြည်တွင်းပြည်ပမှ လာရောက်ဘုရားဖူးခရီးသည်များ လွင်ပြင်ကျယ် ရှေ့တွင် အေးအေးလူလူ နားနေနိုင်ပြီး စိတ်ချမ်းမြေ့ ကြည်လင်စွာ ရုပ်ပွားတော်ကြီးနှစ်ဆူကို ဖူးမြော် ကြည်ညိုနိုင်ကြပါသည်။

ခေတ်တစ်ခေတ်၏ စစ်ပွဲမီးလျှံပုံရိပ်ကိုလည်း  ယင်းရုပ်ပွားတော်နှစ်ဆူက မီးမောင်းထိုးပြနေသဖွယ် ရှိနေပါသည်။ ကမ္ဘာကြီးတွင် စစ်ပွဲကြောင့် အမုန်းမီး များလောင်ကျွမ်းကာ ဒုက္ခပင်လယ်ဝင်ခဲ့ရသည့် အတိတ်ဆိုးများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ လူသား အားလုံးသည် ငြိမ်းချမ်းသာယာလှပနေသော  ကမ္ဘာ ကြီးအတွင်း၌ပင် နေထိုင်ချင်ကြပါသည်။ ကမ္ဘာကြီး တွင် မေတ္တာတည်းဟူသော ငြိမ်းချမ်းရေး ပန်းများ ဖူးပွင့်လှပနေနိုင်အောင် နောင်တော်ညီတော် ဗုဒ္ဓ ရုပ်ပွားတော်ကြီးနှစ်ဆူအား ဖူးမြော်ကြည်ညို နှလုံး သွင်းလျက် ဆုတောင်းနိုင်ကြသည်။

ဗညာဦး(အိမ်မဲ)

Share