‘‘နဂါးသိုက်ဆိုတာ ဘယ်မှာရှိတာလဲဆရာ’’ ဆိုတဲ့ မေးခွန်းကို မေးခံခဲ့ရဖူးပါတယ်။ အမှန်တော့ သူတို့ပြောနေတဲ့ နဂါးသိုက်ဆိုတာ နေရာတကာမှာ ရှိနိုင်ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ကျွန်ုပ်သိုက် တွေကို စစ်ဆေး မေးမြန်းကြည့်တဲ့အခါ အထူးသဖြင့် တော့ နဂါးသိုက်၊ မြွေသိုက်၊ ရှမ်းသိုက်နဲ့ ကုလား သိုက်တွေကိုသာက အတွေ့များတတ်ပါတယ်။ 

တချို့ ရှမ်းဆက်တွေဆိုရင် မြွေလို နဂါးလို နေကြတယ်လို့ ပြောကြပါတယ်။ သိုက်နန်းထဲကို တော့ မရောက်ဖူးပါဘူး။ ဒါပေမဲ့ တချို့ သိုက်နန်း တွေက ဘုရားစောင်းတန်းကြီးလိုပဲလို့ ပြောပြပါ တယ်။ စောင်းတန်းတစ်လျှောက် တက်သွားရင် အလှူခံတွေရှိတတ်ပြီး လူသူတော်၊ ဖိုးသူတော် တွေလည်း ရှိတယ်လို့ပြောပါတယ်။ သူတို့က အရိမေတ္တယျမြတ်စွာဘုရားရှင် ပွင့်တော်မူတဲ့အခါ ကျောင်းဆောက်ဖို့ လှူသွားကြပါဦး။ သိမ်ဆောက်ဖို့ လှူသွားကြပါဦး စသဖြင့် ပြောဆိုအလှူခံကြပါတယ် တဲ့။

ဒေသဆိုင်ရာတွေမှာ သိုက်တွေ အများကြီး ရှိတတ်ပါတယ်။ ဥပမာ - လူတစ်ယောက်က သူ့ ပစ္စည်းတွေကို နှမြောစိတ်နဲ့ မြေမှာမြှုပ်နှံလိုက်မိ တယ်ဆိုပါစို့။ သူသေသွားတဲ့အခါ အဲဒီပစ္စည်းကို စွဲပြီးသေခဲ့ရင် ပစ္စည်းစောင့်ကြီး ဖြစ်နေရမှာပါ။ ကိုယ့်ပစ္စည်းကိုယ်စောင့်နေရာက နှစ်အပိုင်း အခြား တစ်ခုရောက်ရင် အဲဒီပစ္စည်းရော အစောင့်ပါ သက် ဆိုင်ရာကသိမ်းသွားပါတယ်။ သက်ဆိုင်ရာဆိုတာက ဒေသမှာရှိနေတတ်တဲ့ သိုက်အကြီးတွေကပါ။ သိမ်း လိုက်တော့မှ သိုက်လို့ သတ်မှတ်လို့ရတာပါ။

နောက်တစ်မျိုးကတော့ ကျွန်ုပ် တော်တော် အံ့သြသွားရတဲ့ကိစ္စတစ်ခုပါ။ တစ်ခါက ကလေး တစ်ယောက်ကို ရှစ်နှစ်နဲ့ပြန်ခေါ်ဖို့ဖြစ်ပါတယ်။ အဲဒါ ကြောင့် ကျွန်ုပ်ဆီ ရောက်လာဖူးပါတယ်။ စစ်ဆေး ပြီး ခေါ်သွင်းလိုက်တော့ သူတို့သိုက်က ရွေတိဂုံ လို့ ပြောပါတယ်။ ဒါပေမဲ့ သူတို့တွေပြန်တော့မှာမို့ သူတို့မောင်လေးကို တစ်ပါတည်း ပြန်ခေါ်သွားပါရ စေလို့လည်း ပြောပါတယ်။ ဒါကြောင့် မင်းတို့က ရွေတိဂုံကို စောင့်ရှောက်နေရတာ မဟုတ်ဘူးလား လို့ မေးတော့မှ မဟုတ်ပါဘူးတဲ့။ သူတို့က ရွေတိဂုံက မဟုတ်ဘူးတဲ့ ရှမ်းပြည်မြောက်ပိုင်းက လာတာပါတဲ့။ ရွေတိဂုံမှာ တာဝန်ကျလို့လာခဲ့တာပါတဲ့။ ဘယ် လောက်တာဝန်ကျတာလဲဆိုတော့ နှစ် ၁ဝဝ တဲ့။ ခု သူတို့ တာဝန်ပြီးဆုံးလို့ ပြန်တော့မှာမို့ ကလေးကို မထားခဲ့နိုင်ပါဘူး။ ဒါကြောင့် တစ်ပါတည်း ခေါ် သွားမှာမို့ ပြန်ခေါ်ဖို့ လုပ်ရတာပါလို့ ပြောတယ်။

ဒီတော့ ရွေတိဂုံလို တခြားတန်ခိုးကြီးဘုရား တွေမှာလည်း တာဝန်ယူစောင့်ပေးရသလားဆိုတော့ အလှည့်ကျစောင့်ပေးရတယ်တဲ့။ သူတို့မှာလည်း သူတို့တာဝန်ပိုင်းဆိုင်ရာ ရှိနေတတ်တာပဲလေ။ နိုင်ငံ အဝန်းနဲ့ တစ်ကမ္ဘာလုံးမှာ သိုက်ပေါင်း ဘယ်လောက် များနေမလဲဆိုတာ တွေးသာကြည့်ကြပါတော့။

အရင်က ကျွန်ုပ်ရေးခဲ့ဖူးပါတယ်။ ရန်ကုန် မှာဆိုရင် အစ်မတော်မြနန်းနွယ်ပွဲသွားပေး ... မန္တလေးမှာကြတော့ အစ်မတော်စောမွန်လှပွဲသွား ပေး ... ပြည်ဘက်ကြတော့ အစ်မတော် မမြစိမ်း ကိုပွဲသွားပေး ... ပေါင်းတလည်ဘက်ကြတော့ အစ်မတော် မြသိန်းတန်မင်းသမီးကိုပွဲသွားပေး စသဖြင့် သူတို့နီးစပ်ရာတွေကိုပဲ ပေးခိုင်းလေ့ရှိတတ် ကြပါတယ်။ ပွဲပေးရမယ့်သူဟာ အဲဒီသိုက်က အမှန် တကယ်လာတာဆိုရင် အကြောင်းမဟုတ်ပေမယ့် တခြားသိုက်ကလာတာဆိုရင် အမေရင်းရှိပါလျက်နဲ့ မိထွေးကို ဖားနေသလိုဖြစ်တာကြောင့် မိခင်က ဘယ် စိတ်ကောင်းပါ့မလဲ။ မိခင် စိတ်မကောင်းဖြစ်ရင် ကိုယ့်အတွက်လည်း မကောင်းနိုင်ဘူးလေ။ ဒါ ကြောင့် ကိုယ့်သိုက်အမှန်ကို သိအောင်လုပ်ပြီး ပွဲပေး စရာရှိလည်း ကိုယ့်သိုက်ကိုပေးမယ်ဆိုရင် ပို အကျိုး ရှိနိုင်မယ် ထင်ပါတယ်။ 

ရမ်းဖြီးသိုက်တော့ မလုပ်သင့်ပါဘူး။ သိုက် ဆိုတာက နေရာအနှံ့ ဒေသအနှံ့ရှိနေတတ်တာမို့ပါ။ သိုက်နဲ့ပတ်သက်ရင် ပြောစရာတွေက အများကြီး ရှိနေတတ်ပါတယ်။ အင်း ...စကားကြော ရှည် သွားလိုက်တာ အပေါ်ကအကြောင်း ပျောက်သလို ဖြစ်သွားတယ်။ ကလေးကို ပြန်ခေါ်သွားပါရစေ။ သူတို့ မထားခဲ့ရက်လို့ပါတဲ့။ သနားဖို့တော့ ကောင်း ပါတယ်။ ဒါပေမဲ့ သိုက်နဲ့ပဲ ပတ်သက်သည်ဖြစ်စေ၊ နတ်တို့ အောက်လမ်း ရွာသူတို့နဲ့ပတ်သက်ရင်ဖြစ်စေ အဓိကကတော့ ခံနေရတဲ့ ခုနစ်ရက်သားသမီး (လူ) မျက်နှာကိုပဲကြည့်ပြီး စီရင်ရတာမို့ သူတို့ကို သနား ပေမယ့် ကိုယ့်ရှေ့က လူသားကို ပိုသနားသောအား ဖြင့် ဒီကလေးရဲ့အသက်ကို လူ့ဘဝသက်တမ်းစေ့ ပေးခဲ့ဖို့ အလှူခံရပါတယ်။ 

သူတို့ခမျာလည်း မလှူခဲ့ချင်ပေမယ်လို့ မဖြစ်နိုင်တဲ့ အဆုံးမှာတော့ ကလေးရဲ့အသက်ကို လှူသွားခဲ့ရပါတယ်။

သိုက်နဲ့ပတ်သက်လာရင် သူတို့ကို သွားဆွ လို့လည်း မဖြစ်ပါဘူး။ မနိုင်မနင်းနဲ့ သွားလုပ်လို့ ဒုက္ခရောက်ခဲ့ရသူတွေ အများကြီးရှိနေပါတယ်။ သူတို့ ပုံစံကို နမူနာပြောပြပါ့မယ်။ ဒါမှလည်း ကိုယ်ဖြစ်နေ တာနဲ့ နှိုင်းယှဉ်ပြီး ဘာဆက်လုပ်သင့် တယ်ဆိုတာ ဆုံးဖြတ်လို့ရမှာပါ။ 

နယ်မြို့လေးတစ်ခုကနေ ရန်ကုန်မှာ လာနေ ကြတဲ့မိသားစုလေးပါ။

သူတို့က တော်တော်လေး အခြေအနေ မကောင်းကြပါဘူး။ အထူးသဖြင့်တော့ စီးပွားရေး ဖြစ်ပါတယ်။ သူတို့အပြောအရ သူတို့နေခဲ့တဲ့မြို့ မှာ သူတို့မိသားစုက စီးပွားရေး တော်တော် ကောင်း ခဲ့ပါတယ်။ ကိုယ်ပိုင်တိုက်နဲ့ကားနဲ့ နေခဲ့ကြတာပါ။ ဒါပေမယ့် မမျှော်လင့်ဘဲ သူတို့စီးပွားရေး တော် တော်ဆိုးပြီး နောက်ဆုံး တိုက်တွေ၊ ကားတွေရောင်း ရန်ကုန်မှာ အိမ်လေးတစ်လုံးငှားပြီး မိသားစု ပြောင်း ရွေ့လာနေကြတာပါ ...တဲ့။ သူတို့ အထင်ကတော့ သူတို့ကို မနာလိုသူတွေက ပညာစက်တွေနဲ့ လုပ် ထားတယ်လို့ ထင်နေကြပါတယ်။ ဒါကြောင့် ဆရာ တွေနဲ့လည်း တော်တော်လေး ကုသခဲ့ပြီးပါပြီ။

သိပ်မထူးတာကြောင့် ကျွန်ုပ်ဆီ ရောက်လာ တာပါ။ ကျွန်ုပ် စစ်ဆေးကြည့်လိုက်တော့ သူတို့မှာ သူများလုပ်ထားတဲ့ ပညာစက်မတွေ့ရပါဘူး။ သူတို့ အတိုက်တွေ သူတို့ပြန်မိနေကြတာပဲ တွေ့ပါတယ်။ ဒါပေမဲ့ အဓိက တွေ့တာကတော့ သိုက်ဆက်ပါ။ သိုက်ကသူတို့ကို မီးလောင်အောင် လုပ်ထားလို့ သူတို့ပူလောင်နေသလို ကာယကံရှင်တွေကိုလည်း ပူလောင်အောင် ပြန်လုပ်ထားတာပါ။

အဓိကကာယကံရှင်က သူတို့မိသားစုရဲ့ မိခင်ဖြစ်ပါတယ်။ သူတို့မိခင်က သိုက်ဆက်ပါ။

သူတို့မိနေတဲ့ ကိုယ့်အတိုက် ကိုယ်ဆိုတာ ကတော့ သူတို့ သွားရောက်ကုသထားမိတဲ့ ဆရာ များက သိုက်ကို သွားဆွသလို လုပ်ထားကြပါတယ်။ အမှန်က သိုက်ကို အဆင်ပြေအောင် လုပ်ပေး လိုက်ရင် ပြီးသွားနိုင်တာကို မလုပ်ပေးဘဲနဲ့ ဆရာ တွေက သူတို့အစောင့်တွေကို ထည့်ပေးလိုက်တဲ့ အခါမှာ မိခင်ရဲ့သိုက်တွေ မီးလောင်တိုက်သွင်းခံရ သလိုဖြစ်ပြီး စိတ်ဆိုးလို့ သူ့ကို ဆော်လိုက်တာပါ။

အဲဒီ အောက်မလွတ်တဲ့အစောင့်တွေကို ကျွန်ုပ် ထုတ်ပေးလိုက်ပါတယ်။ နောက်မှ သိုက်ကို ခေါ်တွေ့လိုက်တော့ သိုက်နန်းရှင်တွေ စိတ်ဆိုး ဒေါသ ဖြစ်ပြီး ဆော်ထားတဲ့အကြောင်း ဝန်ခံကြ ပါတယ်။ ဒါကြောင့် သိုက်နန်းရှင်ကိုမေတ္တာရပ်ခံပြီး နဂါးစာချ၊ ပွဲလှူ၊ ဒါန၊ သီလ၊ ဘာဝနာ ဘာပဲလုပ်လုပ် သူတို့ကို အမျှပေးဖို့တွေပါပြောဆိုပြီး ကာယကံရှင်ရဲ့ အသက်ကိုလည်း လူ့ဘဝသက်တမ်းစေ့နေဖို့ အလှူ ခံလိုက်ပါတယ်။

ဒါကြောင့် သိုက်နဲ့ပတ်သက်လာရင် ပေါ့ပေါ့ လေး မစဉ်းစားကြဘဲ လေးလေးနက်နက် စဉ်းစားပြီး နားလည်သူနဲ့ တွေ့ဆုံ ညှိနှိုင်းတိုင်ပင် လုပ်ဆောင် သင့်ပါတယ်။ နောက်လည်း ကြုံရင်ကြုံသလို သိုက်နဲ့ ပတ်သက်ပြီး ရေးသားတင်ပြသွားပါဦးမယ်။

သတ္တဝါတွေကောင်းရာမွန်ရာမှာ ကောင်း ကျိုးတွေ ရနိုင်ကြပါစေ .....

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁ဝ)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂ဝ၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁ဝဝ၇

Share