ကျန်းမာရေးအတွက် ဟင်းတစ်ခွက်

-မေညွန့်-

မေကြီးရေ ...ဒီမှာဘာဝယ်လာလဲ လာ ကြည့်ပါဦး။ 

အိမ်ရှေ့ဧည့်ခန်းကနေပြီး အသံဝါဝါကြီးနဲ့ အော်ခေါ်နေတာ ဖေအေးပေါ့။ ဒီကမီးဖိုခန်းထဲမှာ ရေနွေးအိုးဆူလို့ ဓာတ်ဘူးတွေထဲ အခါးခြောက်နဲ့ ရေနွေးထည့်နေတာလေ။

"လာပြီ လာပြီ ဖေကြီးရေ" ပြောပြောဆိုဆိုဧည့်ခန်းကို အသော့လေးလာခဲ့ တယ်။ အိမ်ရှေ့စားပွဲခုံပေါ်မှာတော့ ပလတ်စတစ် အိတ်ကြီး နှစ်အိတ်၊ တစ်အိတ်မှာတော့ ကြက်သား ဝယ်လာမှန်း သိအောင် ကြက်ခြေထောက်ကြီးနှစ် ချောင်းကထောင်လို့။ ဘူးသီးစိပ်တစ်စိပ်၊ ကြာဆံ ထုပ် တစ်ထုပ်နဲ့ တို့စရာ ခရမ်းကျွတ်သီးငါးလုံး၊ မြင်းခွာရွက်တစ်စီး၊ သရက်ကင်း အတက်လေး ငါးခုတို့ပါတယ်။ နောက် တစ်အိတ်မှာတော့ ပန်း သစ်တော်သီး နှစ်လုံးနဲ့ နဂါး မောက်သီးတစ်လုံး ပါတယ်လေ။ 

 

"အဲ ဖေကြီး ဒါတွေက"

"ပြောမယ် ပြောမယ် မေကြီးဈေးမသွားခင် အမီ သားကြီးက ဝယ်ပို့ ပေးသွားတာဗျာ။ ဖေကြီး ဘာစားချင်လဲ။ သားတို့ အခု ၂၇ လမ်းဈေး ရောက် နေလို့ဆိုပြီး ဖုန်းဆက်တယ်။ ဒါနဲ့ကိုယ်လည်း စား ချင်တာလေးပြောလိုက်တာ အဆင်ပြေတယ် မဟုတ်လား" တစ်ခါတလေ မေညွန့်စီမံရာ ဟင်းလျာအစား ဖေအေးစီစဉ်တဲ့ ဟင်းသုံးခွက်ပေါ့ကွာ ဟုတ်လား"

"ဒါလည်း ခပ်ကောင်းကောင်းပါပဲ။ ဟင်း ချက်ရတာက မပင်ပန်းဘူး၊ အဆင်ပြေအောင်၊ ဟင်း အစပ် စဉ်းစားရတာက ခက်တာ။ ဒီနေ့အဖို့တော့ မစဉ်းစားရတော့ဘူး။ ချက်ဖို့ပဲလိုတယ်။ ချက်ရမယ့့် မိသားစု   ကျန်းမာရေးအတွက် ခံတွင်းမြိန်စေမယ့် ဟင်းသုံးခွက်က အဆင်သင့်ဝယ်ပြီးလို့ ရောက်လာ ပြီလေ"

 

ကဲ တူမရေ ... မေညွန့်ဘယ်လိုချက်နေ တယ်ဆိုတာကို လှုပ်လှုပ်ရှားရှားနဲ့ ချက်ပြတော့မယ် နော်၊ အခုခေတ်အိမ်ရှင်မတွေကတော့ အသားဟင်း ချက်ရင် မီးအရှိန်ကြည့်နေရ၊ ရေကြည့်နေရတာတွေ သိပ်အလုပ်မရှုပ်တော့ဘဲ ဟင်းပေါင်းအိုးတွေ သုံးလာ ပြီလေ။ အခုဆို ရှူးရှူးရှဲရှဲ မမြည်တော့ဘဲ ပေါင်းအိုး တွေက အချိန်အလိုက်သင့် ခလုပ်လေးနှိပ်ထားရုံပဲ လေ။ မေညွန့်ကတော့ အများလိုက်ချက်နိုင်အောင်လို့ ရိုးရိုးဟင်းအိုး ဖြစ်ဖြစ်၊ ဒယ်အိုးဖြစ်ဖြစ် ချက်ပုံလေးပဲ တင်ပြပေးမယ်နော်။

 

#ကျန်းမာရေးအတွက် ဟင်းတစ်ခွက်ကဏ္ဍ

ကြက်သားဆီပြန်၊ ဘူးသီးဟင်းခါးနဲ့ ငပိရည်  တို့စရာတွေ ပြင်ဆင်ချက်ကြမယ်နော် ...

ကြက်သားသုံးဆယ်သားကို ရေဆေးပြီးမှ တန်ရုံ အတုံးတုံးပါ။ နနွင်း၊ ဆား ဟင်းခတ်မှုန့်တို့နဲ့ ရောနယ်ပြီးနှပ်ထားပါ။ နှပ်ထားတုန်းကို ငါးပိရည် ဖျော်ဖို့ပြင်မယ်လေ။ ငါးပိရည်အတွက် ငရုတ်စိမ်း ခြောက်တောင့်၊ ကြက်သွန်ဖြူခြောက်မြွှာ(တစ်ခု)ပေါ့။  ရောပြီး ရေနည်းနည်းနဲ့ပြုတ်လိုက်မယ်။ ငရုတ်သီးစိမ်း တွေ အရောင်ပြောင်းသွားရင် အားလုံးဆယ်ထား ပန်းကန်နှစ်လုံးစာရေထည့်ပြီး ကြိုပါ။ ငါးရိုးနဲ့ အသား ကွဲပြီး ကြေသွားရင် ဇကာနဲ့ အရည်စစ်ယူထားပါ။ ပြုတ်ပြီးသား ငရုတ်သီးနဲ့ ကြက်သွန်ဖြူတို့ကို အရင် ထောင်း၊ ပုဇွန်ခြောက်မှုန့် အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ အရောင်လှအောင် ငရုတ်အလှော်မှုန့် နည်းနည်းတို့ထည့်ပြီး အားလုံးထောင်းပါ။ ပြီးရင် စစ်ပြီးသား ငါးပိရည်ထဲထည့်မွှေလိုက်ပါ။ အကောင်း ဆုံးငါးပိရည်ရသွားပြီ။ တို့စရာကတော့ ကြိုက်တာ အစုံထည့်ပေါ့။ သရက်သီးစိမ်းနုနုလေး ဆိုရင် ပို ကောင်းတယ်လေ။ 

ရေစိမ်ထားတဲ့ ငရုတ်သီးပွလေးထောင့်၊ ကြက်သွန်နီနှစ်လုံး၊ ကြက်သွန်ဖြူတစ်လုံးကို ညက် အောင်ထောင်းပြီး ဆီငါးကျပ်သားနဲ့ဆီသပ်ပါ။ အနံ့ လေးမွှေးလာရင် နှပ်ထားတဲ့ကြက်သားတုံးတွေထည့် မွှေပါ။ ရေကိုချက်ချင်းမထည့်နဲ့ဦးနော်။ ကြက်သားနဲ့ ဆီသပ်ထားတာတွေ လုံးမိလို့ ခြောက်သွားတော့မှ ရေလေးကြက်သားမြှုပ်ရုံ ထည့်ပါ။ တစ်ရေခန်းသွား မှ နောက်တစ်ရေထည့်ပါ။ အသားနူးလို့ ဆီပြန် လာရင် ကြက်သားဆီပြန်ဟင်းရပါပြီ။ 

ဘူးသီးဟင်းခါးကတော့ ကြာဆံလေးနဲ့ ဟင်း ချိုရည်ဆူရင် ထည့်ဖို့ပါပဲ။ ဟင်းချိုရည်က ငပိလေး မန်ကျည်းစေ့လောက်နဲ့ ပုဇွန်ခြောက်မှုန့်လေးကို ရေ မတ်ခွက်တစ်ခွက်ခွဲ တည်ပေးရင်ရပါပြီ။ ဆားနဲ့ ဟင်း ခတ်မှုန့်၊ ကြက်သွန်ဖြူသုံးမြွှာထည့်၊ ရေဆူလာရင် ပဲကြာဆံလက်တစ်ဆုပ်နဲ့ ဘူးသီးတန်ရုံ ခပ်လိုက်ရုံ ပဲလေ။ ဒါပဲပေါ့ 

 

ကဲချက်ကြည့်တော့လေ ...မေညွန့် တော့ ရေးပြနေရင်းနဲ့ သွားရည်တွေယိုနေပြီ။

 

မေညွန့်

စားတော့မယ်ဆိုမှ ငရုတ်ကောင်းလေးခပ် လိုက်နော်။


 

Zawgyi Version

က်န္းမာေရးအတြက္ ဟင္းတစ္ခြက္

-ေမညြန္႔-

*****************

ေမႀကီးေရ ...ဒီမွာဘာ၀ယ္လာလဲ လာ ၾကည့္ပါဦး။ 

အိမ္ေရွ႕ဧည့္ခန္းကေနၿပီး အသံ၀ါ၀ါႀကီးနဲ႔ ေအာ္ေခၚေနတာ ေဖေအးေပါ့။ ဒီကမီးဖိုခန္းထဲမွာ ေရေႏြးအိုးဆူလို႔ ဓာတ္ဘူးေတြထဲ အခါးေျခာက္နဲ႔ ေရေႏြးထည့္ေနတာေလ။ "လာၿပီ လာၿပီ ေဖႀကီးေရ" ေျပာေျပာဆိုဆိုဧည့္ခန္းကို အေသာ့ေလးလာခဲ့ တယ္။ အိမ္ေရွ႕စားပြဲခံုေပၚမွာေတာ့ ပလတ္စတစ္ အိတ္ႀကီး ႏွစ္အိတ္၊ တစ္အိတ္မွာေတာ့ ၾကက္သား ၀ယ္လာမွန္း သိေအာင္ ၾကက္ေျခေထာက္ႀကီးႏွစ္ ေခ်ာင္းကေထာင္လို႔။ ဘူးသီးစိပ္တစ္စိပ္၊ ၾကာဆံ ထုပ္ တစ္ထုပ္နဲ႔ တို႔စရာ ခရမ္းကြၽတ္သီးငါးလံုး၊ ျမင္းခြာရြက္တစ္စီး၊ သရက္ကင္း အတက္ေလး ငါးခုတို႔ပါတယ္။ ေနာက္ တစ္အိတ္မွာေတာ့ ပန္း သစ္ေတာ္သီး ႏွစ္လံုးနဲ႔ နဂါး ေမာက္သီးတစ္လံုး ပါတယ္ေလ။ 

 

"အဲ ေဖႀကီး ဒါေတြက"

"ေျပာမယ္ ေျပာမယ္ ေမႀကီးေစ်းမသြားခင္ အမီ သားႀကီးက ၀ယ္ပို႔ ေပးသြားတာဗ်ာ။ ေဖႀကီး ဘာစားခ်င္လဲ။ သားတို႔ အခု ၂၇ လမ္းေစ်း ေရာက္ ေနလို႔ဆိုၿပီး ဖုန္းဆက္တယ္။ ဒါနဲ႔ကိုယ္လည္း စား ခ်င္တာေလးေျပာလိုက္တာ အဆင္ေျပတယ္ မဟုတ္လား" တစ္ခါတေလ ေမညြန္႔စီမံရာ ဟင္းလ်ာအစား ေဖေအးစီစဥ္တဲ့ ဟင္းသံုးခြက္ေပါ့ကြာ ဟုတ္လား"

"ဒါလည္း ခပ္ေကာင္းေကာင္းပါပဲ။ ဟင္း ခ်က္ရတာက မပင္ပန္းဘူး၊ အဆင္ေျပေအာင္၊ ဟင္း အစပ္ စဥ္းစားရတာက ခက္တာ။ ဒီေန႔အဖို႔ေတာ့ မစဥ္းစားရေတာ့ဘူး။ ခ်က္ဖို႔ပဲလိုတယ္။ ခ်က္ရမယ့့္ မိသားစု   က်န္းမာေရးအတြက္ ခံတြင္းၿမိန္ေစမယ့္ ဟင္းသံုးခြက္က အဆင္သင့္၀ယ္ၿပီးလို႔ ေရာက္လာ ၿပီေလ"

 

ကဲ တူမေရ ... ေမညြန္႔ဘယ္လိုခ်က္ေန တယ္ဆိုတာကို လႈပ္လႈပ္ရွားရွားနဲ႔ ခ်က္ျပေတာ့မယ္ ေနာ္၊ အခုေခတ္အိမ္ရွင္မေတြကေတာ့ အသားဟင္း ခ်က္ရင္ မီးအရွိန္ၾကည့္ေနရ၊ ေရၾကည့္ေနရတာေတြ သိပ္အလုပ္မ႐ႈပ္ေတာ့ဘဲ ဟင္းေပါင္းအိုးေတြ သံုးလာ ၿပီေလ။ အခုဆို ႐ွဴး႐ွဴးရွဲရွဲ မျမည္ေတာ့ဘဲ ေပါင္းအိုး ေတြက အခ်ိန္အလိုက္သင့္ ခလုပ္ေလးႏွိပ္ထား႐ံုပဲ ေလ။ ေမညြန္႔ကေတာ့ အမ်ားလိုက္ခ်က္ႏိုင္ေအာင္လို႔ ႐ိုး႐ိုးဟင္းအိုး ျဖစ္ျဖစ္၊ ဒယ္အိုးျဖစ္ျဖစ္ ခ်က္ပံုေလးပဲ တင္ျပေပးမယ္ေနာ္။

 

#က်န္းမာေရးအတြက္ ဟင္းတစ္ခြက္က႑

ၾကက္သားဆီျပန္၊ ဘူးသီးဟင္းခါးန႔ဲ ငပိရည္  တို႔စရာေတြ ျပင္ဆင္ခ်က္ၾကမယ္ေနာ္ ...

ၾကက္သားသံုးဆယ္သားကို ေရေဆးၿပီးမွ တန္႐ံု အတံုးတံုးပါ။ နႏြင္း၊ ဆား ဟင္းခတ္မႈန္႔တို႔နဲ႔ ေရာနယ္ၿပီးႏွပ္ထားပါ။ ႏွပ္ထားတုန္းကို ငါးပိရည္ ေဖ်ာ္ဖို႔ျပင္မယ္ေလ။ ငါးပိရည္အတြက္ င႐ုတ္စိမ္း ေျခာက္ေတာင့္၊ ၾကက္သြန္ျဖဴေျခာက္ျမႊာ(တစ္ခု)ေပါ့။  ေရာၿပီး ေရနည္းနည္းနဲ႔ျပဳတ္လိုက္မယ္။ င႐ုတ္သီးစိမ္း ေတြ အေရာင္ေျပာင္းသြားရင္ အားလံုးဆယ္ထား ပန္းကန္ႏွစ္လံုးစာေရထည့္ၿပီး ႀကိဳပါ။ ငါး႐ိုးနဲ႔ အသား ကြဲၿပီး ေၾကသြားရင္ ဇကာနဲ႔ အရည္စစ္ယူထားပါ။ ျပဳတ္ၿပီးသား င႐ုတ္သီးနဲ႔ ၾကက္သြန္ျဖဴတို႔ကို အရင္ ေထာင္း၊ ပုဇြန္ေျခာက္မႈန္႔ အနည္းငယ္၊ ဟင္းခတ္မႈန္႔ အနည္းငယ္၊ အေရာင္လွေအာင္ င႐ုတ္အေလွာ္မႈန္႔ နည္းနည္းတို႔ထည့္ၿပီး အားလံုးေထာင္းပါ။ ၿပီးရင္ စစ္ၿပီးသား ငါးပိရည္ထဲထည့္ေမႊလိုက္ပါ။ အေကာင္း ဆံုးငါးပိရည္ရသြားၿပီ။ တို႔စရာကေတာ့ ႀကိဳက္တာ အစံုထည့္ေပါ့။ သရက္သီးစိမ္းႏုႏုေလး ဆိုရင္ ပို ေကာင္းတယ္ေလ။ 

ေရစိမ္ထားတဲ့ င႐ုတ္သီးပြေလးေထာင့္၊ ၾကက္သြန္နီႏွစ္လံုး၊ ၾကက္သြန္ျဖဴတစ္လံုးကို ညက္ ေအာင္ေထာင္းၿပီး ဆီငါးက်ပ္သားနဲ႔ဆီသပ္ပါ။ အနံ႔ ေလးေမႊးလာရင္ ႏွပ္ထားတဲ့ၾကက္သားတံုးေတြထည့္ ေမႊပါ။ ေရကိုခ်က္ခ်င္းမထည့္နဲ႔ဦးေနာ္။ ၾကက္သားနဲ႔ ဆီသပ္ထားတာေတြ လံုးမိလို႔ ေျခာက္သြားေတာ့မွ ေရေလးၾကက္သားျမႇဳပ္႐ုံ ထည့္ပါ။ တစ္ေရခန္းသြား မွ ေနာက္တစ္ေရထည့္ပါ။ အသားႏူးလို႔ ဆီျပန္ လာရင္ ၾကက္သားဆီျပန္ဟင္းရပါၿပီ။ 

ဘူးသီးဟင္းခါးကေတာ့ ၾကာဆံေလးနဲ႔ ဟင္း ခ်ဳိရည္ဆူရင္ ထည့္ဖို႔ပါပဲ။ ဟင္းခ်ဳိရည္က ငပိေလး မန္က်ည္းေစ့ေလာက္နဲ႔ ပုဇြန္ေျခာက္မႈန္႔ေလးကို ေရ မတ္ခြက္တစ္ခြက္ခြဲ တည္ေပးရင္ရပါၿပီ။ ဆားနဲ႔ ဟင္း ခတ္မႈန္႔၊ ၾကက္သြန္ျဖဴသံုးျမႊာထည့္၊ ေရဆူလာရင္ ပဲၾကာဆံလက္တစ္ဆုပ္နဲ႔ ဘူးသီးတန္႐ံု ခပ္လိုက္႐ံု ပဲေလ။ ဒါပဲေပါ့ 

 

ကဲခ်က္ၾကည့္ေတာ့ေလ ...ေမညြန္႔ ေတာ့ ေရးျပေနရင္းနဲ႔ သြားရည္ေတြယိုေနၿပီ။

 

ေမညြန္႔

စားေတာ့မယ္ဆုိမွ င႐ုတ္ေကာင္းေလးခပ္ လိုက္ေနာ္။

Share