Image result for ေထာပတ္သီးခေါင်းစဉ်အရဆိုရင်တော့ ထောပတ်အသီးအစေ့ကိုတော့ လူတိုင်းကတော့ သိမှာပါ။ တစ်ကယ်က ထောပတ်သီးအစေ့ရဲ့စွမ်းဆောင်မှုကိုတော့ လူတိုင်းသိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ထောပတ်သီးတစ်လုံးကို မှည့်လာလို့ ဖျော်ရည်ဖြစ်ဖြစ် စားစရာတစ်ခုအဖြစ် ပြုလုပ်တဲ့နေရာမှာ ထောပတ်သီးအစေ့ကို ထုတ် အခွံအတွင်းက ထောပတ်အသားတွေကို ခြစ်ထုတ်ပြီး စားတတ်ကြပါသည်။

ပြီးရင် ကျန်သော အခွံနဲ့အတူ ထောပတ်သီးအစေ့ကိုတော့ လွှင့်ပစ်တတ်ကြပါသည်။ အဲ့ဂလို ထောပတ်အစေ့ကို လွှင့်ပစ်လိုက်ခြင်းသည် ထောပတ်သီးတစ်လုံးတွင် ပါဝင်သော အာဟာရ (၇၀)ရာနှုန်းကိုပါ လွှင့်ပစ်လိုက်တာနဲ့ အတူတူပါပဲ။ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေမှာ ထောပတ်သီးအစေ့ သို့မဟုုတ် ထောပတ်သီးအစေ့ကနေ ရလာတဲ့ဆီကိုပါ စားပေးနုုိင်တယ်ဆိုရင် ခန္ဒာကိုုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ရှင်းလင်းပေးတဲ့အပြင် အတွင်းကလီစာများကိုပါ အဟာရဖြစ်စေပါသည်။ ထောပတ်သီးကရတဲ့ဆီဟာ ဝက်ခြံတွေကိုလဲပျောက်ကင်းစေနိုင်တဲ့အပြင် အသားအရေတွန့်ခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ Encyclopedia of Common Naturals Used In Foods, Drugs and Cosmetics က ထောပတ်သီးအစေ့ကို ကြွက်ကလေးတွေနဲ့ စမ်းသပ်ကြည့်တဲ့အခါ ထောပတ်သီးအစေ့ထဲမှာ အသည်းရောဂါ နှင့် ကင်ဆာရောဂါကို တိုက်ထုတ်ပေးနိုင်သော Anti-tumor ၊ Procyanidin Trimmers A ၊ 3-O - caffeoylquinic acid နဲ့ 3-op - coumaroylquinic acid ဓာတ်များလည်း ကြွယ်ဝလွန်းတာကိုု လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ထိုု့အပြင် အစာခြေစနစ်အတွက် အရမ်းကိုအရေးကြီးတဲ့ Soluble Fiber ဆိုတာဟာလဲ အစေ့ထဲမှာအရမ်းကို ပါဝင်နေပါသည်။ ထိုအစေ့ထဲတင်ပဲ့ Antioxidant ကြွယ်ဝလွန်းတာကြောင့်လဲ ခန္ဓာကိုုယ်ရဲ့ အဆီတက်ခြင်းကို ထိန်းသိမ်းပေးနိုင်ပြီး နှလုုံးရောဂါနှင့် အသက်ကြီးလာတဲ့အခါ ဖြစ်တတ်တဲ့ Stroke ဖြစ်ခြင်းတို့ကိုလည်း လျော့နည်းစေနိုင်ပါသည်။ Cyanide , Tannin တွေအပြင် Green Tea မှာတွေ့ရတဲ့ Natural polyphenols တွေ၊ Soluble Fiber ဆိုတဲ့ ပျော်ဝင် အမျှင်ဓာတ်တွေ နဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီဓာတ်တွေ ကြွယ်ဝနေပါသည်။ နှလုံးသွေးလည်ပတ်မှုဆိုင်ရာ ရောဂါတွေမှာ သွေးမခဲစေတဲ့ သတ္တိကြောင့် လေဖြတ်တာကိုလည်း ကာကွယ်ပေးသလို မကောင်းတဲ့ Cholestrol ကိုလည်း ကျစေပါသည်။ အရောင်ကျစေခြင်း အာနိသင်ကြောင့် အဆစ်ရောင်အမျိုးမျိုး နဲ့ အဆစ်အဆက်ရောဂါတွေမှာ သုံးနိုင်ပါသည်။ အစေ့မှာ အုတ်ဂျုံထက် ပိုများတဲ့ ပျော်ဝင်အမျှင်ဓာတ်တွေ ပါဝင်နေလို့ အစာကို ကြေစေပါသည်။ Phenolic compounds တွေ အများကြီးပါလို့ အစာအိမ်အနာတွေ မဖြစ်အောင် နဲ့ ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ မှိုရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါသည်။ တောင်အမေရိက မှာ ဝမ်းကိုက် နဲ့ အခြား အစာလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမှာ သုံးကြပါသည်။ ထောပတ်သီးအသားလိုပဲ့ အစေ့သည် အရေပြား တစ်သျှုးတွေ ကို ပိုအကျိုးရှိစေလို့ အရေတွန့်တာတွေ မဖြစ်စေဘဲ နုပျိုတောက်ပနေစေပါသည်။ ရောဂါကာကွယ်နိုင်စွမ်းမြင့်မားစေတဲ့အတွက် လွယ်လွယ်ကူကူရောဂါ မဖြစ်တော့တဲ့အပြင် အိုမင်းရင့်ရော်ခြင်းဖြစ်စဉ် ကိုပါ နှေးသွားစေပါသည်။

ထောပတ်သီးအစေ့အကြောင်းကလည်း သိသွားပြီ လွှင့်ပစ်မရက်တော့ဘူးဆိုတာလည်း နားလည်ပြီ မေးခွန်းတစ်ခုတော့ ရှိနိုင်လိမ့်မယ်လို့ ထင်မိပါသည်။ ထောပတ်သီးအစေ့က အနံ့ပြင်းပြီး အရမ်းလည်းခါးတာလေ အဲ့ဒါကို ဘယ်လိုမျိုးစားရမလဲ့။ အဲ့ကိစ္စအတွက်လည်း မပူပါနဲ့။ အဲ့အတွက် နည်းလမ်းလေးနှစ်ခုကို စာဖတ်သူတွေကို ပေးပါရစေ။

ပထမနည်းလမ်းကတော့ ထောပတ်သီးအစေ့ကို ဓားနဲ့လေးစိတ်လောက်စိတ်ပြီး အမှုန့်ကြိတ်စက်ဖြင့် အမှုန့်ပြုလုပ်လိုက်ပါ။ အမှုန့်ကြိတ်စက်မရှိတဲ့သူတွေအဖို့တော့ အစေ့ကို ပလတ်စတစ်အိတ်ထဲထည့်ပြီးတော့ တူနဲ့ထုပစ်လိုက်ပါ။ အဲ့ဒါဆိုရင် အမှုန့်တွေ ရလာပါလိမ့်မည်။ ထိုအမှုန့်ကို ဖျော်ရည်ထဲ ဟင်းရည်ထဲ ဖြူးပြီးသောက်လို့ရပါသည်။ ထောပတ်သီးကိုခွဲပြီး အစေ့တွေကို ချက်ချင်းအမှုန့်လုပ်လို့မရနိုင်သေးတဲ့သူတွေအနေနဲ့တော့ အစေ့ကို နေပူလှန်းပြီး အခြောက်ခံထားပေ့ါ။ လိုအပ်တဲ့အချိန်ကျ အမှုန့်လုပ်ပြီး သုံးဆောင်နိုင်ပါသည်။ အဲ့အမှုန့်ကတော့ အနံ့တော်တော်တော့ ပြင်းပါတယ်နော်။ အန့ံပြင်းတာမခံစားနိုင်တဲ့လူတွေအတွက်ကတော့ ဒုတိယနည်းလမ်းလေးကို လုပ်ပေ့ါနော်။

ဒုတိယနည်းလမ်းကတော့ သစ်သီးဖျော်စက်ထဲကို ထဲကို ထောပတ်သီး အစေ့ နဲ့ ထောပတ်သီးအသားထည့် ပီးရင် အရသာ ပြင်းရှတဲ့ ဘယ်ရီသီး၊ ဟင်းနုနယ်ရွက်၊ နာနတ်သီး စတာတွေ နဲ့အတူ ရောဖျော်သောက်ကြတာပါပဲ့။ တချို့ကတော့ ငှက်ပျောသီး၊ ကီဝီသီး၊ သစ်တော်သီး၊ ပန်းသီး၊ စွန်ပလွန်သီး၊ စပျစ်သီး၊ အုန်းနို့ ၊ ဂျင်း စတာတွေ ထည့်ပီး အစေ့ရဲ့ ပြင်းထန်တဲ့ အနံ့အရသာ ပျောက်အောင် ရောဖျော်ကြပါသည်။ နောက်ပြီးတော့ ထောပတ်အစေ့နဲ့ ဖျော်ရည်လုပ်သောက်နည်းတစ်ခုကိုတော့ ထပ်ဆင့်ပြီး ပေးပါရစေ။ ထိုဖျော်ရည်ရဲ့ ပါဝင်ပစ္စည်းများကတော့ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ ထောပတ်သီးစေ့တစ်ဝက်
၂။ ထောပတ်သီးတစ်ဝက်
၃။ ရေနို့ဆီဗူးနှစ်ခွက်ခွဲ
၄။ သစ်တော်သီးအမှည့်တစ်လုုံး(အတုုံးလေးတွေလှီးထား)
၅။ သရက်သီးအမှည့်တစ်လုုံး (အတုုံးလေးတွေလှီးထား)
၆။ ဟင်းနုနွယ်ရွက်လက်၃သုံးဆုပ်စာ

ပါဝင်ပစ္စည်းများအားလုုံးကိုုပေါင်းပြီး သစ်သီးကြိတ်စက်ထဲထည့်ပြီး ကြိတ်ပေးရုံပါပဲ။ ပြီးရင် အာဟာရရှိတဲ့ ထောပတ်သီးအစေ့အသီးဖျော်ရည်ကို သုံးဆောင်လို့ရပါပြီ။

လင်းညို့တာရာ

Share