တစ်နေ့သ၌ စာရေးသူဟာ ကပ္ပိယကြီး နေ ထိုင်ရာ အောင်ဗောဓိကျောင်းသို့ ဆွမ်းချိုင့်ပို့ရင်း ကပ္ပိယကြီးနှင့် လေကြောတည့်နေခဲ့ပါတယ်။ ဒီလို နေတုန်း ကပ္ပိယကြီးရဲ့ သက်ငယ်တဲကျောင်းလေး ရှေ့မှာ လူငယ်တစ်ယောက်ဟာ မြေစာမြက်တွေကို   တစ်ကုန်းကုန်းနဲ့ နှုတ်နေတာ တွေ့ရပါတယ်။



" ဟဲ့ကလေး မြေစာမြက်တွေကို ဘာလုပ်ဖို့ မင်း နှုတ်နေရတာလဲကွယ့် " လို့ ကပ္ပိယကြီးဦးဖြူသီး က ကလေးသာသာလူငယ်ကို မေးမြန်းစုံစမ်းလိုက်ပါ တယ်။"

ကျွန်တော့်အမေက မြင်းဖြူရှင်နတ်ကို မြေ စာမြက် မြင်းစာကျွေးဖို့ နှုတ်ခိုင်းတာပါ အဘကပ္ပိယကြီးရယ် " လို့ ပြန်ဖြေပါတယ်။ ကပ္ပိယကြီးက ခေါင်း ကို တဆတ်ဆတ်ညိတ်လိုက်ရင်း

" အေး အေး ... နှုတ်ပါဗျာ၊ နှုတ်ပါဗျာ " လို့ ပြန်ပြောလိုက်ပါတယ်။
စာရေးသူကတော့ ဦးဖြူသီးခေါင်းကို ပုတ် သင်ညိုတစ်ကောင်လို တဆတ်ဆတ်ညိတ်နေက တည်းက တစ်စုံတစ်ခုတော့ အဓိပ္ပာယ်ရှိနေပြီဆိုတာ ကို ရိပ်စားမိပါတယ်။ ဦးဖြူသီးနဲ့ပေါင်းသင်းလာတာ ကြာပြီဆိုတော့ သူ့အမူအရာ နောက်ကွယ်မှာ ရှိတဲ့ အဓိပ္ပာယ်ကို အထိုက်အလျောက် ခန့်မှန်းနိုင်တာ ပေါ့လေ။

" ကပ္ပိယကြီးက ခေါင်းတဆတ်ဆတ်ညိတ် နေပုံထောက်တော့ မြေစာမြက်နဲ့ ပတ်သက်ပြီး တစ် စုံတစ်ခုသော လျှို့ဝှက်ချက် ရှိနေပြီနဲ့တူတယ်ဗျ " လို့ စာရေးသူက ဦးဖြူသီးကို စကားလမ်းကြောင်းဖွင့် ပေးလိုက်ပါတယ်။

" ဟုတ်ပါ့ဗျာ လူတွေက မရောင်ရာ နနွင်းလူး   ပြဒါးရှင်ကို ဝတ်ငုံပြီး မိုးပေါ်ပျံတာမျိုးတွေတယ်လုပ် ကြသဗျ။ ဘာမှမသိတော့ အဖိုးတန် ပြဒါးရှင်လုံးဟာ ဝက်တစ်ကောင်အတွက် အစားတစ်လုပ်လောက်သာ ထင်စရာ ဖြစ်ရတာပေါ့ဗျာ "

" ကပ္ပိယကြီးရယ် မြေစာမြက်ပင်အကြောင်း ပြောဖို့နိဒါန်းကလည်း တယ်ကြီးကျယ်ခမ်းနားလှပါကလားဗျာ "

" ဟုတ်တယ် ...မြေစာမြက်အကြောင်းကို လူတွေကမသိဘူးဗျ။ သိတာက နွားတွေကျွဲတွေလို့ ဆိုရမယ်။ ကျုပ်တို့လူသားတွေဟာ ကိုယ့်ကိုယ်ကို အသိဉာဏ်ပညာ ကြီးမားတယ်လို့ထင်ပြီး ဘဝင်မြင့် တတ်ကြတယ်ဗျ။ ကျုပ်တို့မှာ တိရစ္ဆာန်တွေဆီက သင်ယူစရာတွေ အများကြီးရှိနေတာကို သတိမထား မိကြဘူး။ ဥပမာဗျာ ကြက်တွေမှာ လက်ပတ်နာရီ မရှိဘူး။ ဘယ်ကြက်မှ နှိုးစက်မလိုဘဲ အိပ်ပျော်ရာက နေ နိုးကြတယ်။ အချိန်မှန်မှန် တွန်ကြတယ်မဟုတ် လား။ ဒါဟာ ကြက်တွေရဲ့ နိုးကြားစိတ်သတ္တိပဲဗျ။ မြေစာမြက်အကြောင်းကို ကျုပ်တို့လူတွေက ကြီး ကြီးကျယ်ကျယ်တွေပြောပြီး မှတ်သားခဲ့ကြတယ်။ ကမ္ဘာနဲ့မြေစာ ရေနဲ့ကြာလို့ ပြောကြတယ်။ မြေစာ မြက်ဆိုတာ မဟာပထဝီမြေကြီးနဲ့တွဲလျက် ချိတ် ဆက်ပြီး ရှင်သန်ပေါက်ရောက်တဲ့ ကမ္ဘာဦးအပင်တစ် မျိုးလို့ ပြောနိုင်တယ်ဗျ။ မြေစာမြက်ကို ဘယ်သူက မှ ပျိုးထောင်စိုက်ပျိုးဖို့ မလိုဘူးဆိုတာ လူတိုင်းသိကြ တယ်လေ။ နေရာတိုင်းမှာ မြေကြီးရှိရင် မြေစာမြက် ဟာ ပေါက်လာတာပဲဗျ။ ခင်ဗျားက ပြောမယ် ... ကန္တာရထဲမှာ ဘယ်လိုမြေစာမြက်ရှိနိုင်မလဲလို့ "
စာရေးသူဟာ ကပ္ပိယကြီးဦးဖြူသီး ခရားရေ လွှတ် တတွက်တွက်ပြောနေတာတွေကို မှတ်သား ရင်းက စကားအရှိန်ရသွားအောင် အောက်ပါအတိုင်း ထောက်မေး လိုက်ပါတယ်။

" ဟုတ်သားပဲဗျ၊ ကန္တာရမှာ ဘယ်မြက် ပေါက်နိုင်မလဲ၊ မဟုတ်ဘူးလား "

" ဟား ဟား ဟား ဆရာကတော့ လုပ်ရော့ မယ်။ ဘုရားရှင်ရဲ့ ဇာတ်တော်တစ်ပုဒ်မှာ အလွန် ကြမ်းတမ်းတဲ့ မရုကန္တာရခရီးကို လှည်းသားငါးရာနဲ့ ခရီးထွက်တဲ့အကြောင်း မဖတ်ဖူးဘူးနဲ့တူတယ်ဗျ။ အဲဒီမှာ လိုရင်းပြောရရင် အစာငတ်ရေပြတ်ပြီး သေရ မလို အခြေအနေမျိုးမှာ ဘုရားလောင်းပညာရှိက မြေစာမြက်ကလေးတွေ ပေါက်နေတဲ့နေရာတစ်ခုကို တွေ့ခဲ့ရတယ်ဗျ။ သူ့ပရိသတ်ကို အဲဒီနေရာဟာ ရေ ရှိတယ်ဆိုပြီး ရေတွင်းတူးခိုင်းခဲ့တယ်။ နောက်ဆုံးမှာ ကျောက်ဖျာကြီးပိတ်နေလို့ သူ့တပည့်အလုပ်အကျွေးကို ကျောက်ဖျာကြီးကို ထုရိုက်ဖြိုခွင်းခိုင်းတာမှာ ကျောက်ဖျာကြီး ကွဲပြီး ထန်းလုံးလောက်ရှိတဲ့ ရေ တွေ ပန်းထွက်လာခဲ့တယ်တဲ့ဗျ။ အဲဒီရေကို သောက် သုံးလို့ရလို့ ဘုရားလောင်းဦးဆောင်တဲ့ လှည်းသား ငါးရာဟာ အသက်ဘေးက လွတ်မြောက်ခဲ့ရတယ်။ သေသေချာချာ တွေးကြည့်တော့ လှည်းသားငါးရာကို ကယ်တင်လိုက်တာ အဓိက မြေ စာမြက်တွေပဲ မဟုတ်လား ...။ ဒုတိယကတော့ ဘုရားလောင်း ပညာရှိရဲ့ အသိပညာပဲ။ တတိ ယအချက်ကတော့ ဇွဲမလျော့ တတ်တဲ့ ဘုရားလောင်းရဲ့ အလုပ် အကျွေးပဲဆိုတာ တွေ့ရလိမ့် မယ်ဗျ။ ဒါ့ကြောင့် မြေစာမြက်အ ကြောင်းကိုလည်း သိရမယ်။ သုံး လည်း သုံးတတ်ရမယ်။ သုံးရင် လည်း ဇွဲကောင်းကောင်းနဲ့ သုံး ရမယ်လို့ သင်ခန်းစာယူနိုင်တာ ပေါ့ ကျောင်းဆရာရယ် "  လို့ ရှည် လျားစွာပြောပြပါတော့တယ်။

" ကပ္ပိယကြီး ပြောမှပဲ ငယ်ငယ်က ကြားဖူးတာကို ပြန် သတိရမိတယ်ဗျာ။ ကျွန်တော် ဖတ်ဖူး တဲ့မြက်ပင်အကြောင်းကို ကပ္ပိယကြီးစကားကို ထောက်ခံ ရင်း ပြောကြည့်ဦးမယ်။ ဆရာ လုပ်တယ်လို့တော့မထင်ပါနဲ့ ခင်ဗျား "

" ဟား ဒီလိုဘယ်ဟုတ်မလဲဗျာ။ သဘောတူ တဲ့အချင်းချင်း နှီးနှောပြောဆိုပြီး အသိဉာဏ်တိုးပွား ရတာ မင်္ဂလာတရားတစ်ပါးမဟုတ်လားဗျာ။ ပြောပြ ပါဦး ..."
စာရေးသူက မိမိ ဖတ်ထားဖူးသော လတ် လတ်ဆတ်ဆတ် ဖြတ်ထားရိတ်ထားတဲ့ မြက်သုတေ သနတစ်ခုအကြောင်းကို ပြောပြလိုက်ပါတယ်။ ဩ စတြေးလျနိုင်ငံရဲ့ လေ့လာမှုမှတ်တမ်းတစ်ခုမှာ လတ် လတ်ဆတ်ဆတ် ရိတ်ထားတဲ့ မြက်တွေဟာ လူသား တွေကို အပန်းပြေစေတယ်။ ပျော်ရွှင်မှုကို ပေးတယ်။  အထူးသဖြင့် အသက်အရွယ်ကြီးတဲ့ အဘိုးအဘွား   တွေ စိတ်ဓာတ်မကျအောင် ကာကွယ်ပေးတယ်လို့ ဖတ်ဖူးကြောင်း ပြောပြလိုက်ပါတယ်။

" အေးဗျာ ...ဩစတြေးလျနိုင်ငံဆိုတာ ကျုပ်တို့နိုင်ငံထက် ချမ်းသြွာကယ်ဝပြီး တိုးတက်နေ တဲ့ နိုင်ငံကြီးက အခုမှ သုတေသနလုပ်တာပါဗျာ။ လူတွေကလည်း ချမ်းသာတဲ့ ခေတ်မီတဲ့နိုင်ငံတွေက ပြောမှ အထင်ကြီးကြတာဗျ။ ကျုပ်တို့နိုင်ငံမှာလည်း နှစ်ပေါင်းများစွာကတည်းက မြက်ပင်အကြောင်းကို ကောင်းကောင်းသိခဲ့ရလို့ ဝါဇီကရဏ အားတိုးဆေးကို မြေစာမြက်တစ်မျိုးတည်းသုံးစွဲပြီး ဖော်စပ်ခဲ့တာပါ ဗျာ " လို့ ကပ္ပိယကြီးကပြောပြပါတယ်။

" ကပ္ပိယကြီးရယ် ဝါဇီကရဏဆိုတဲ့ စကား အဓိပ္ပာယ်က ဘယ်လိုများပါလဲဗျာ။ ကျွန်တော့်ကို ရှင်းပြပါဦး "

" အေးဗျ ကျုပ်လည်းကောင်းကောင်းမသိလို့ ခေါင်းတော်တော်စားသွားခဲ့တဲ့ နာမည်ပဲဗျ။ မြန်မာ့ ဆေးကျမ်းတွေမှာ ဝါဇီကရဏဆေးနည်းတွေအမျိုး မျိုးဖတ်ရှုရပေမယ့် အဓိပ္ပာယ်မသိလို့ ကျုပ်ဒုက္ခ တော်တော်များခဲ့ရတယ်ဗျ။ နောက်ဆုံးကျမှ ယော မင်းကြီးဦးဘိုးလှိုင်ရဲ့ ဥတုဘောဇာနသင်္ဂဟကျမ်းမှာ အဓိပ္ပာယ်ကို သိရတာပါလားဗျ။ ၂၀ဝ၄ ခုနှစ်က (၁၃) ကြိမ်မြောက်ထုတ်ဝေတဲ့ စာအုပ်၊ စာမျက်နှာ (၆၅)မှာ ပြထားတဲ့အတိုင်း ပြောပြမယ်ဗျ " ဟု ပြောဆိုတာ သူ့ဘေးတွင် အသင့်ရှိနေသော ဥတုဘောဇနကျမ်း ကိုယူ၍ အောက်ပါအတိုင်း ဖတ်ပြခဲ့ပါတယ်။

" ဝါဇီကရဏမှာ အင်္ဂါဇာတ်ကြောကို ထကြွ စေ၍ မိန်းမတို့ကို အကြိမ်များစွာ မေထုန်မှီဝဲစေ နိုင်သော ဆေးမျိုး၊ ရှဉ့်မတက်ကြီးငယ်စွာမြစ်၊ ဒ ဟတ်သကိုင်း၊ ကဝန်းစသည်တို့ကဲ့သို့တည်း လို့ဆို ထားပါတယ်။
အဲဒါဝါဇီကရဏရဲ့ အဓိပ္ပာယ်ပါပဲ။ မြေစာ မြက်ဟာလည်း အဲဒီဝါဇီကရဏဆေးအဖြစ်နဲ့ အသုံး ဝင်တယ်ဗျ။ ကျောင်းဆရာရယ် နွားတွေမြင်းတွေ ကျွဲကြီးတွေဟာ ဘာအသားမှမစားပါဘူးဗျာ။ မြက် တွေသာ စားကြတာပါ။ စိမ်းစိုလတ်ဆတ်တဲ့မြက် တွေထဲမှာ မြေစာတို့ ဆင်ငိုမြက်တို့ဆိုတာ ပစ်မလွဲ ပါဝင်နေတဲ့ မြက်မျိုးတွေ မဟုတ်လား။ ဒီသတ္တဝါ တွေလောက် ခွန်အားဗလ ကောင်းတာ ခပ်ရှားရှားပဲ မဟုတ်လားဗျာ "

" ဝါဇီကရဏဆေးဖြစ်တဲ့ မြေစာမြက်စိမ်းဟာ    ဘာကြောင့် ဒီလောက်အာနိသင်ကြီးမားရတာလဲ ကပ္ပိယကြီးရယ် "

" သြော် ကျောင်းဆရာရယ် ကျားကိုက်ပါ တယ်ဆိုမှ အပေါက်ကလေးနဲ့လားဆိုသလိုဖြစ်နေပြီ။ ဒီဆေးကို အချို့က မြင်းလားအားတိုးဆေးလို့ခေါ်ကြ တယ်ဗျ။ ဆရာသိတဲ့အတိုင်း နွားတွေ မြင်းတွေ လားတွေဆိုတဲ့ သတ္တဝါတွေဟာ အားကြီးကြတယ် မဟုတ်လား။ အဲဒါက သက်သေခံနေပြီမဟုတ်လား။ ဘာ့ကြောင့် အာနိသင်ကြီးလဲဆိုတော့ ကမ္ဘာ့လူသား တွေရဲ့ မိခင်ဖြစ်တဲ့ ပထဝီမြေကြီးနဲ့တွဲဖက်အသက် ရှင်နေလို့ပါပဲ။ မြေကြီးပျောက်မှ မြေစာမြက်ပျောက်ပြီးဆိတ်သုဉ်းသွားမှာဗျ။ ဒီတော့ ပထဝီမိခင်ရဲ့ သား ဖြစ်တဲ့ မြေစာမြက်မှာ ခိုင်ခံ့တဲ့သဘော မာကျော တောင့်တင်းစေတဲ့ သဘောတွေ ကိန်းအောင်းနေတာ ပေါ့ဗျာ သိပ္ပံနည်းပညာ ခေတ်ကြီးမှာ ခေတ်နဲ့အညီ တွေးခေါ်ကြည့်ရင်တော့ ယနေ့ဆေးပညာရှင်တွေ ပြောပြောနေတဲ့ ကလိုရိုဖီးလ်(ခ့သမသစ့ပူ)တွေအ လွနြွ်ကယ်ဝနေလို့ပါပဲ။ ကလိုရိုဖီးလ်ရဲ့ အစိမ်းရောင် ဓာတ်သတ္တိဟာ အပင်ရဲ့ရှင်သန်ရေးအတွက် အရေး ပါတဲ့ မော်လီကျူးတွေပဲဗျ။ ကလိုရိုဖီးလ်ဓာတ်ဟာ   ကျုပ်တို့လူသားတွေရဲ့ ခန္ဓာထဲမှာစီးဆင်းနေတဲ့ ဟေမို ဂလိုဘင်ဓာတ်နဲ့ အလွန်ပုံစံတူပါတယ်ဗျ။ ခန္ဓာကိုယ် ရဲ့အက်စစ်ဓာတ်ကိုရော ဘေစ်ကိုပါ မျှတ ထိန်းညှိ ပေးတယ်။ ဆဲလ်တွေထိခိုက်သွားရင် အစားထိုးပေး တာတွေကို လုပ်ဆောင်ပေးပါတယ်။ ကလိုရိုဖီးလ်ဆိုတာသွေးသန့်စင်တဲ့စက်လို့ ပြောနိုင်တယ်ဗျ။ သွေးနီဥကိုထုတ်လုပ်ပေးတယ်။ ဆဲလ်တွေကို အင်အားဖြည့်ပေးတယ်။ သံဓာတ်၊ ပရိုတင်းဓာတ်တွေ ကြွယ်ဝတယ်။ ပြီးတော့ ခန္ဓာ ကိုယ်က အဆိပ်တွေကို ဖယ်ရှားသုတ်သင်ပေးတယ် "

" ဒါဆိုရင် ဝါဇီကရဏဆေးကို မြေစာမြက် နဲ့ဘယ်လိုဖော်ရမယ်ဆိုတဲ့ လိုရင်းကိုပြောပြပါဦး။ သိ ချင်လှပါပြီဗျာ "

စာရေးသူက အလောတကြီးပြောသော ကြောင့် ကပ္ပိယကြီးက စာရေးသူကိုမျက်စိကိုမှေးစင်း ပြီး ကြည့်နေပါတယ်။ ဘာမှစကားမဆက်ဘဲ အသံ တိတ်ကြည့်နေတာပါ။ အဓိပ္ပာယ်ကတော့ လောရန် ကောဗျာဆိုတာမျိုးပေါ့။ ပြီးမှဆက်၍

" ကျောင်းဆရာ ကသိပ်သိချင်နေတယ်ဟုတ်စ၊ ကျုပ်ဆေးနည်းပေး လို့ ဒုက္ခရောက်သွားတဲ့လူတွေရှိတယ်နော် ကျုပ်က စေတနာထားပေမယ့် သဘာဝတရားကိုဆန့်ကျင် ချင်တဲ့လူတွေရဲ့ ရာဂစိတ်ကြောင့် ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်ကုန်ကြတယ်ဗျ "

" ဟာ ကပ္ပိယကြီးရယ် ကျွန်တော်နဲ့ ပေါင်း လာတာကြာပါပြီဗျာ။ အကျင့်သိက္ခာပျက်တဲ့အလုပ် မျိုးကို ကျွန်တော်ဝါသနာမရှိပါဘူးဗျာ။ သစ္စာဆိုရဲပါ တယ် "

" ဟား ဟား ဟား ကျောင်းဆရာကို ကျုပ်က ယုံပါတယ်ဗျာ။ စကားဥပမာကိုသာပြောရတာပါ။ ကဲ   ခင်ဗျားသိချင်တဲ့ မြေစာမြက်ဝါဇီကရဏဆေးက ပြောစရာများများမရှိပါဘူးဗျာ။ ဆေးနည်းက လွယ် လှပါတယ်။ မြေစာမြက်ပင် လက်နှစ်ဆုပ်လောက်ကို ရအောင်နှုတ်ယူပြီး ရေစင်အောင်ဆေးရမယ်ဗျ။ ပြီး တော့ သံဆုံမှာ ထောင်းရတယ်။ ကျောက်ဆုံတွေက  ကျောက်မှုန့်တွေပါပြီး ဆီးကျောက်တည်တတ်လို့ ကျုပ်ကတော့ အားမပေးဘူးဗျ။ သတ္တုရည်ညစ်ရင်   ကျောက်စိမ်းရောင်သတ္တုရည် လက်ဖက်ရည် အကြမ်း တစ်ပန်းကန်စာလောက်ရနိုင်တယ်။ အဲဒါကိုတစ်လ လောက် ဆက်တိုက် ပုံမှန်တစ်နေ့တစ်ခါသောက်ရုံ ပါပဲ။ ဆေးကတော့ သိပ်ညွှန်းစရာမလိုလောက်ပါဘူး ဗျာ။ ယနေ့ဆေးသိပ္ပံစကားနဲ့ ပြောရရင် အင်တီ အောက်စီးဒင့်ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ဖယ်ရှားပြီး ခွန်အားသတ္တိစွမ်းအားကို ဖြစ်စေတဲ့ ရှေး မြန်မာသမားတော်ကြီးများရဲ့ လက်သုံးဆေးကြီးပါပဲ ဗျာ "

" ဒီဆေးကြောင့် သွေးအားနည်းတာ၊ နှလုံး သွေးကြောကျဉ်းတာ၊ တီဘီရောဂါ၊ လူကီးမီးယား လို့ခေါ်တဲ့ သွေးကင်ဆာနဲ့ တခြားရောဂါတွေကိုပါ ပျောက်စေနိုင်တယ်ဗျ။ ဘာကြောင့်လဲဆိုရင် အစိမ်း ရောင်အာဟာရတွေဟာ ဒီလိုရောဂါမျိုးတွေကို ပျောက်ကင်းပါတယ်လို့ ဇီဝဓာတုဗေဒပညာရှင်တွေ က အဖြေထုတ်ခဲ့ကြလို့ပါပဲဗျာ "ဟူ၍ မြေစာမြက်ဝါ ဇီကရဏအားတိုးဆေးရည် အကြောင်းကို ရှင်းပြ နိဂုံးချုပ်ခဲ့ပါသတည်း။

(မေတ္တာရည်လျက်)
မျိုးတင့် (ညောင်လေးပင်)

Share