၂ဝ ရာစုနှစ်မှာ အတော်ဆုံး အကြားအမြင် ပညာရှင်၊ စိတ်တန်ခိုးရှင် မည်သူနည်းဟုမေးလျှင် ကမ္ဘာ့ဂန္ဓာရီဆရာများ၊ သိပ္ပံစိတ်တန်ခိုးရှင်များက ‘‘လက်ဘိတာ’’ဟု တစ်သံတည်းဖြေကြားလိမ့်မည်။ ထိုလက်ဘိတာအား ထိပ်တန်းဂမ္ဘီရပညာရှင်အဖြစ် လက်ခံသူများမှာ မဟာရီရှိကြောင်းများကိုပင် ရေး သားခဲ့သော မူနီဆာဒူး၊ ဆေးပါရဂူ သိပ္ပံပညာရှင်၊ ဂန္ဓာရီပညာရှင် ဒေါက်တာအလက်ဇန္ဒာကင်နွန်၊ ကုဏလိနိကျမ်းပြုဆရာ အာသာအဲလ်ဗလွန်ဗော့ ကာ့၊ ဒေါက်ကလပ်စ်ဟန့်နှင့် ဆူဖီစမစ်တို့ ဖြစ်ကြ သည်။

Read more...

နှစ်သစ်ကူး သင်္ကြန်ကာလ အခါသမယ ရောက်လေတိုင်း မြန်မာလူမျိုးတို့ရဲ့ ထုံးစံအရ နှစ် ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်ကိုပါမလာ ရလေအောင် ဘုရား၊ ကျောင်း၊ တန်ဆောင်း၊ ကန် တွေကို ပြုပြင်ကြ၊ အညစ်အကြေးတွေ သုတ်သင် ကြ၊ ရွေသင်္ကန်းတွေ ကပ်ကြ၊ ထုံးသင်္ကန်းတွေ ပူဇော်ကြနဲ့ ဆောင်ရွက်ခဲ့ကြတာ ထုံးစံပဲလေ။ မြန်မာ တွေ နှစ်ကူးမှာ မှတ်မှတ်ရရ လုပ်လေ့ရှိတာကတော့ ဦးခေါင်းဆေးမင်္ဂလာပါပဲ။

ဦးခေါင်းဆေးမင်္ဂလာကို ဆရာများက တစ် ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို နည်းအမျိုးမျိုးနဲ့ ပြုလုပ်ကြတယ်။ လာမယ့်နှစ်သစ်မှာ အညံ့တွေ ပြေပျောက်စေဖို့၊ အဟောင်းတွေရောက် လာစေဖို့ ယတြာအဖြစ် ပြုလုပ်ကြတာပါပဲ။ ရှေး ခေတ်ဘုရင်ဧကရာဇ်များက ခေါင်းဆေးမင်္ဂလာကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လုပ်ကြတယ်။ ကောင်းပါတယ်။ ဒါဟာ ကိုယ်တွေ(မြန်မာတွေရဲ့) ယဉ်ကျေးမှုအစဉ်အလာတစ်ရပ်မို့ မပျောက်မပျက် ရအောင် ထိန်းသိမ်းခဲ့ကြတာ ဝမ်းသာစရာပါ။ ဆက် လက် လက်ဆင့်ကမ်းရမယ့်ကိစ္စပါ။

Read more...

ဆရာကြီးကိုင်ရိုသည် ဗေဒင်လက္ခဏာဟော ပြောပေးခြင်းဖြင့် ဘဝရပ်တည်ခဲ့ရာတွင် သူ၏ဘဝ တွင် ဘုရင်အမျိုးမျိုးနှင့် ဆုံတွေ့ခဲ့ရသည်။ ဆရာကြီး ကိုင်ရိုသည် တိုင်းပြည်စုံမှ ဘုရင်များ၏ အန္တရာယ် နှင့် သေဆုံးမည့်အချိန်များကို တွက်ချက်၍ ဟော ကိန်းထုတ်ခဲ့သည်။ ဘုရင်များကလည်း ဆရာကြီး ကိုင်ရိုအားပင့်၍ တွက်ချက်ဟောပြောခိုင်းသည့်အခါ မှန်ကန်စွာဟောပြောပေးနိုင်ခဲ့သည်။ ၁၉ဝဝ ပြည့်နှစ် တွင် ပြင်သစ်၌ ပြပွဲကြီးတစ်ခုလုပ်၏။ ဆရာကိုင်ရို ၏ ဟောပြောချက်များကို ပါရှားပြည် ရှားဘုရင်ကြီး ၏ နန်းရင်းဝန်က ကြားသိသွားခဲ့သည်။

Read more...

လူအများစု အကျွမ်းကျင်ဆုံးပညာရပ်

အိန္ဒိယနိုင်ငံမှာ ‘မိုးဂိုလ်’ အင်ပါယာကို ၁၅၄၂ ခုနှစ်ကေန ၁၆ဝ၅ ခုနှစ် အထိ စိုးမိုးအုပ်ချုပ်ခဲ့တဲ့ ‘မဟာ အက်ကဘာ’ အမည်ရှိ ဧကရာဇ်ဘုရင် တစ် ပါး ရှိခဲ့ပါတယ်။ ‘ဘုရင်ကြီး ‘အက်ကဘာ’ ရဲ့ နန်း တွင်းမှာ ‘ဘာဘယ်’ အမည်ရှိ အကြံပေးအမတ်ကြီး တစ်ဦးလည်း ရှိပါတယ်။ သူ့ရဲ့ အကြံပေးချက်တွေ ဟာ အသုံးတည့်တာမို့ ဘုရင်ကြီးရဲ့ အားကိုးအား ထားပြုရာပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။

Read more...

မပြတ်ဆင်နွဲ နန္ဒမာလာ အလှူပွဲများ

နယ်လှည့်သာသနာပြု ယောဂီဆရာမကြီး ဒေါ်နန္ဒမာလာသည် ဂန္ဓာရီလှည့်လည်၍ တန်ခိုး ကြီးဘုရားများမှာ အဓိဌာန် ဝင်ခဲ့ရာမှ မကြုံစဖူးသော အသိအမြင်များ ရရှိခဲ့သည့်အတွက် ကျေးဇူးကြီးမား လှသော ဤသာသနာတော်မြတ်ကြီးမှာ လူအဖြစ် ကို ရခြင်းသည် လူ၏တန်ဖိုးရှိနေပြီး မိမိပြုခဲ့သော ဒါန၊ သီလ၊ ဘာဝနာကုသိုလ်သည် မပြောပလောက် သေးပါ။ သို့သော် အတိုင်းအတာတစ်ခုလောက်သာ ရှိပါလိမ့်မည်။ အားရကျေနပ်ခြင်းတော့ မရှိပါ။ မိမိ သက်ရှိထင်ရှား ရှိနေသမျှ ဤသာသနာတော်မြတ် ကြီးကို တာဝန်ကျေနိုင်အောင် ဤယောဂီဝတ်ဖြင့် ကျေးဇူးဆပ်နေပါမည်။ ဤယောဂီဝတ် ချွတ်သည့် နေ့သည် နန္ဒမာလာ အသက်ဆုံးသည့်နေ့ ဖြစ်ရပါ လို၏ ဟူသော ရဲရင့်ခိုင်မာသော သန်နိဌာန်ဖြင့် သစ္စာ ပြု ဆုပန်ထားသူလည်း ဖြစ်ပါ၏။

Read more...

အမေငယ်ငယ်က သူများကို မခံတာကြောင့် ငိုခဲ့ရတဲ့အကြိမ် များမှာပါတဲ့။ သမီးက သူ အကဲခတ် မိသလို ပြောပါတယ်။ အင်း ...အဲသည်လိုတွေ လည်း ငိုခဲ့ရတာပေါ့။ ပြီးတော့ မခံချင်ရင် ငယ်ငယ် ကလေးကတည်းက လက်တုံ့ပြန်တတ်တယ်လို့ ဆို တော့ သမီးက စိတ်ဝင်စားလာတယ်။ သားနဲ့ အဖေ ဆိုတော့ သိသင့်တာတွေကို ပြောရတာပေါ့။

Read more...

(၁)

လွန်ခဲ့တဲ့ ပြာသိုလပြည့်နေ့ဟာ အမေများနေ့ ရယ်လို့ သတ်မှတ်ထားခဲ့ပြီး မရှိတော့တဲ့ အမေတွေကို လွမ်းကြ၊ ရှိနေတဲ့အမေတွေကို ချစ်ပြကြတဲ့ စာတို စာရှည်တွေကို လက်ကိုင်ဖုန်းရဲ့ စာမျက်နှာ(Facebook)တွေမှာ တွေ့ရတယ်။ လင်းရောင်တင်လည်း ကောင်းကင်ဘုံကိုရောက်သွားခဲ့ပြီဖြစ်တဲ့ အမေ့ကို တသသ လွမ်းမိရတယ်။

ကောင်းကင်ဘုံကိုရောက်သွားပြီဆိုလို့ ကိုယ့် ကို သခင်ယေရှု ကိုးကွယ်သူလား၊ မယ်တော်မာရီယာ ကို ကိုးကွယ်သူလားရယ်လို့ ထင်မှတ်မမှားလိုက်ပါနဲ့။  ကိုယ်ဆိုလိုတာက ကောင်းကင်ဘုံဆိုတာ နတ်ပြည် ခြောက်ထပ်ကို ပြောချင်တာပါ။

နတ်ပြည်ခြောက်ထပ်မှာမှ အမေက တုသိ တာနတ်ပြည်ကို ရွေးချယ်ပြီးမှ တက်သွားခဲ့တာ။

Read more...

မြတ်စွာဘုရားဉာဏ်တော်ကွန့်မြူးရာ ပဌာန်း ဒေသနာတော်ကြီးသည်ကား နှိုင်းထောက်၍ မမီနိုင် လောက်အောင် နက်နဲ ကျယ်ပြောတော်မူလှပါပေ သည်။ 

ဘုရားရှင်သည် တာဝတံသာ၌ ဝါတွင်းကာ လပတ်လုံးတွင် လွန်စွာ လျှင်မြန်တော်မူသော ရွေ ဉာဏ်တော်ရွေနှုတ်တော်ဖြင့် ဟောကြားတော်မူခဲ့ သော ဒေသနာတော်ကြီးလည်း ဖြစ်ပါသည်။ 

ထိုမှတစ်ဖန် ဘုရားရှင်သည် ပညာဉာဏ် ဧတဒဂ်ရတော်မူသော လက်ယာတော်ရံအရှင်သာရိ ပုတ္တရာအရှင်မြတ်ကြီးအား ပဌာန်းဒေသနာတော်ကို အကျဉ်းဆုံးအမြွက်မျှ ဟောကြားတော်မူခဲ့ဖူးပါသည်။ 

အရှင်သာရိပုတ္တရာအရှင်မြတ်ကြီးက တပည့် ရဟန်းတော်ငါးရာတို့အား မကျဉ်းမကျယ် အလယ် အလတ် ပြန်လည် ဟောပြတော်မူခဲ့ပါသည်။ 

Read more...

ဆောင်းရာသီရောက်တိုင်း ကျွန်တော်သည် ‘‘ထမနဲ’’စားချင်သည်။ စားလည်း စားဖြစ်သည်။ တောသူတောင်သား မိသားစုမှ ပေါက်ဖွားခဲ့သူဖြစ်၍ ငယ်စဉ်ကပင် နှစ်စဉ်နှစ်တိုင်း ‘ထမနဲ’မစားဖြစ်ခဲ့ သည့်နှစ် မရှိ။ မြို့သို့ရောက်သောအခါ ထမနဲအလှူ ရှိသည်ဟုကြားခဲ့လျှင် ရင်းနှီးရာ ရင်းနှီးကြောင်းရှာ၍ တောင်းစားသည်အထိ ဖြစ်ခဲ့ရသည်။ မိမိအိမ်တွင် အိုးသေးဖြင့်ထိုးထားသော ထမနဲနှင့် စျေးများ ဆိုင် များတွင် ထိုးရောင်းသော ထမနဲတို့၏ အရသာကို အာသာပြေ စားခဲ့ရသော်လည်း ‘‘ဒယ်အိုးကြီး’’ဖြင့် ထိုးထားသော ‘ထမနဲ’၊ အချို့ကခေါ်ဝေါ်သော ‘နှမ်း မနဲ’ကို စားလိုက်ရမှ အရသာရှိသည်ဟု ခံစားရမိ ပါသည်။

Read more...

ကျွန်ုပ်သည် ဤမနောမယဂျာနယ်တွင် ‘‘မရေးချင်ဘဲ ရေးလိုက်ရပြီး မပေးချင်ဘဲ ပေးလိုက် ရသော ဂါထာ (သို့မဟုတ်) လူချစ် နတ်ချစ် မေတ္တာ စစ်ဂါထာအကြောင်း’’ကို ဝတ္ထုဇာတ်လမ်းလေးဆင်၍ ရေးခဲ့ရာ စာဖတ်ပရိသတ်များ၏ စိတ်ဝင်စားမှုကို များစွာရရှိခဲ့ပါသည်။ ထိုဂါထာနှင့် ပတ်သက်၍ ကျွန်ုပ် ထံ နေ့စဉ် ဖုန်းများဆက်၍ မေးမြန်းစုံစမ်းကြသည်မှာ လည်း လက်မလည်လောက်အောင် ဖြေကြားခဲ့ရ သည်အထိပါပေ။  ဤနေရာတွင် အလျဉ်းသင့်၍ ပြောလိုပါသည်မှာ ကျွန်ုပ်သည် ကိုယ်တိုင်လည်း ယခုအခါ ကုမ္ပဏီတစ်ခုတွင် ကြီးမားသောတာဝန်ကို ထမ်းဆောင်နေရသော ကုမ္ပဏီအရာရှိဝန်ထမ်းတစ် ဦးဖြစ်သဖြင့် အစည်းအဝေးပြုလုပ်နေစဉ်နှင့် လွန်စွာ အလုပ်များနေချိန်၌ အချို့သောဖုန်းများဆက်လာသူ များအား ကောင်းစွာလက်ခံစကားမပြောပေးနိုင်ခြင်း အား နားလည်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။

Read more...