ကမ္ဘာလှည့်ခရီးသည်နဲ့ တံငါသည်

ကမ္ဘာလှည့်ခရီးသည်တစ်ယောက်ဟာ ပင်လယ် ကမ်းခြေတစ်နေရာမှာ လမ်းလျှောက်နေတုန်း ဖမ်း မိသလောက်ငါးအနည်းငယ်ကို သယ်ပြီးပြန်လာတဲ့ တံငါသည်တစ်ယောက်ကို တွေ့လိုက်ပါတယ်။ သူ က တံငါးသည်ကို စကားနည်းနည်းလောက် ပြော ပါရစေလို့ ခွင့်တောင်းပြီး မေးမြန်းကြည့်ပါတယ်။

Read more...

ကျွန်ုပ်၏ မိတ်ဆွေမှ ကျွန်ုပ်အား ဓမ္မဒါန အဖြစ် ရေးပေးခဲ့သည့် ဂါထာတော် ရှိလေ၏။ ကျွန်ုပ် နေ့စဉ် နံနက်နှင့် ညပိုင်းတို့တွင် ထိုဂါထာတော်အား ပုတီးစိပ် ပူဇော်လျက်ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ ဖြစ်သည်။

Read more...

ကျွန်ုပ် နှစ်စဉ်ပြုလုပ်နေကြ သာသနာ့အမွေ ခံတဲ့ ပွဲကို ယခုနှစ် ၃-လပိုင်း ၂၆/၂၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်ပြုလုပ်တဲ့ပွဲမှာ သိက္ခာထပ်ကို အဓိကထား လုပ်လိုက်ပါတယ်။ ကျောင်းဝန်ကျင် မှာရှိတဲ့ ထေရ်ကြီး၊ ဝါကြီး ရဟန်းတော် ၂၂ ပါးကို သိက္ခာထပ်ပါတယ်။ ဒုလ္လဘ ၁ဝ ပါး၊ ကိုရင် ခြောက် ပါး စုစုပေါင်း ၃၈ ပါး ဖြစ်ပါတယ်။

နှစ်စဉ်ပြုလုပ်နေကြဖြစ်ပြီး ယခုနှစ်မှာ လေး ကြိမ်မြောက်ရှိပါပြီ။ ရဟန်းခံရှင်ပြုသိက္ခာထပ်တဲ့ပွဲကို သာသနာ့အမွေခံတဲ့ပွဲရယ်လို့ သတ်မှတ် လိုက်တာ ကတော့ သာသနာ့အမွေဆိုတာ အလှူတိုင်း ရနိုင် တာ မဟုတ်ပါဘူး။ နောက်ပြီးအလှူတွေထဲမှာ မြင့် မြတ်တဲ့ အလှူမျိုးဖြစ်တာကြောင့် ဒီအလှူကို သာသနာ့ အမွေခံတဲ့ပွဲရယ်လို့ အမည်သညာပြုလိုက်တာပါ။ 

Read more...

လူတိုင်း လူတိုင်းဟာ ကိုယ်လိုချင်တာကို ရချင်ကြတာ ဓမ္မတာပါပဲ။ လိုချင်တိုင်းရသလား။ လိုချင်တာကို ရအောင်ဘယ်လိုများ လုပ်ယူရပါလိမ့် မလဲ။ ဒါဟာ စိတ်ဝင်စားစရာ မေးခွန်းထုတ်စရာ ကိစ္စပါပဲ။ လိုချင်တိုင်း လိုချင်သလောက်ကို ရနိုင်ပါ တယ်။ ဒါပေမဲ့ လူတိုင်းအတွက်တော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ လိုချင်တာရနိုင်ဖို့အတွက်တော့ အကန့်အသတ်တွေ ရှိနိုင်တယ်။

လောကကြီးဟာ လိုချင်တိုင်းမရဘူးဆိုပေ မယ့် ပေးတဲ့လူတိုင်းအတွက်တော့ ပြန်ရတတ်ပါ တယ်။ တစ်စုံတစ်ရာကိုလိုချင်ရင် တစ်စုံတစ်ရာကို ပေးဆပ်ဖို့တော့ လိုအပ်ပါတယ်။ ဥပမာ - စာမေးပွဲ အောင်ချင်တဲ့ကလေးတစ်ယောက်ဟာ စာကိုတော့ မှန်မှန်ကျက်ဖို့လိုပါတယ်။ ပြီးတော့ စာမေးပွဲကိုလည်း ပိုင်ပိုင်နိုင်နိုင် ဖြေရပါလိမ့်မယ်။ ပြီးတော့ အောင်ချင် တဲ့စိတ်၊ အောင်ရမယ်ဆိုတဲ့ ယုံကြည်မျှော်ကိုးစိတ် လည်း အပြည့်အဝရှိဖို့လိုတယ်ဗျာ။ ဒါတွေဟာ ပေး ရတာပဲ။

Read more...

တစ်နေ့ ကျွန်ုပ်ဆီကို ရောက်လာကြတဲ့သူ နှစ်ယောက် ... သူတို့နှစ်ယောက်ကို သေသေ ချာချာတော့ မမှတ်မိပါဘူး။ ဒါပေမဲ့ ကိုယ့်ဆီလာခဲ့ ဖူးသူတွေဆိုတာတော့ မှတ်မိနေပါတယ်။ ဘာကြောင့် လာတယ်၊ ကိုယ်ဘာလုပ်ပေးလိုက်တယ်ဆိုတာကို မမှတ်မိတာ ဖြစ်ပါတယ်။

အလှည့်ကျစောင့်ရတဲ့ ကျွန်ုပ်ဘုရားခန်းရဲ့ စနစ်အရ ရှေ့လူတွေကိုကုသပြီးလို့ သူတို့ အလှည့် ရောက်တဲ့အခါ သူတို့ ကျွန်ုပ်ရှေ့ကို ရောက်လာ ကြပါတယ်။ သူတို့နှစ်ဦးက သီးခြားစီ လာကြတာ ဖြစ်ပြီး အလှည့်ကလည်း ရှေ့ဆင့်နောက်ဆင့်ပါ။ သူတို့ ရှေ့ရောက်လာကြတာမို့ ...

Read more...

တစ်နေ့ မိုးကုတ်ဆရာတော်ဘုရားကြီး ဥပနိသယျနှင့်အညီ ပြုစုရေးသားထားသော နိုင်ငံတော် ကမ္မဌာနာစရိယ မိုးကုတ်အဖွဲ့ချုပ်ဓမ္မကထိက ဘဒ္ဒန္တ ဥတ္တရဝံသ(မြန်အောင်ဆရာတော်)၏ အရိယာလမ်း ညွန်(ပဋိစ္စသမုပ္ပာဒ်အခြေခံ)စာအုပ်ကို ဖတ်မိပါသည်။ အန္တေဝါသိကဆရာတော်အား ဦးထိပ်ထားလျက် ရှိခိုး ကန်တော့ပါသည်။

ကျွန်ုပ်တို့ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာ တော်ဘုရားကြီးသည် ၁၃၂၄ ခု၊ သီတင်းကျွတ် လပြည့်ကျော် ၄ ရက် ဗုဒ္ဓဟူးနေ့တွင် (မီးမခတဲ့) မျက်လုံးတော်အစုံနှင့် အရိုး၊ အသား၊ အသွေးများမှ ဓာတ်တော်များကို ချန်ထားပြီး ခန္ဓာဝန်ချတော်မူခဲ့ သည်မှာ နှစ်ပေါင်းကြာခဲ့ပြီ။ ယခုအခါ၌ ဆရာတော် ကြီး၏ နိဗ္ဗာန်ကို လမ်းညွန်ပြသခဲ့တဲ့ အသံတော် တရားကောင်း၊ တရားမှန်များမှာ မြန်မာနိုင်ငံသာ မက ကမ္ဘာ့နိုင်ငံများအထိပင် ပျံ့နှံ့ကျော်ကြားလျက် ရှိပါသည်။ ထို့ကြောင့် ဆရာတော်ကြီး၏ ဥပနိသယ ခံတပည့်များ၊ ပုဂ္ဂိုလ်ထူးများအချို့ကို တင်ပြလိုပါ သည်။

Read more...

မီးထွန်းလို့မရတဲ့ဖယောင်းတိုင်

တစ်ခါတုန်းက မိခင်ကွယ်လွန်သွားတဲ့သမီး လေးကို ဖခင်က ဆက်လက်စောင့်ရှောက်ထားခဲ့ရ တဲ့အိမ်ထောင်တစ်ခုရှိခဲ့တယ်။ ဖခင်ဟာ တစ်ဦး တည်းသောသမီးလေးကို အရမ်းချစ်တယ်။ သူ အလုပ်ပြီး ငွေရှာတာဟာ သမီးလေးအတွက်ပဲ။ သမီး လေး ကောင်းကောင်းစားနိုင်ဖို့၊ ကောင်းကောင်းဝတ် နိုင်ဖို့ အလုပ်ကြိုးစားလုပ်ခဲ့တယ်။

တစ်နေ့မှာ သမီးလေးဟာ အပြင်းအထန် ဖျား တယ်။ သူက ဆေးဆရာခေါ်ပြတယ်။ ငွေဘယ် လောက်ကုန်ကုန် သက်သာအောင်ကုပေးပါလို့ သူ က ဆေးဆရာကို ပြောတယ်။ ဆေးဆရာလည်း အတတ်နိုင်ဆုံးကုသပေမယ့် ကုသချက်မအောင်မြင် ဘဲ သမီးလေး သေဆုံးသွားခဲ့တယ်။

Read more...

ကျွန်ုပ်တို့စီးနင်းလိုက်ပါလာသော ခရီးသည် တင်ကားကြီးသည် ကျောက်တောင်ကြီးများကို တစ် တောင်ပြီးတစ်တောင်၊ တစ်ကွေ့ပြီးတစ်ကွေ့ ကျော် ဖြတ်လာခဲ့ပြီးနောက် Nyalam မြို့လေးသို့ရောက် ရှိလာကြသည်။ ၎င်းမြို့လေးတွင် အပေါ့အပါးသွား ရန် ခေတ္တခဏရပ်နားပြီးနောက် ဆက်လက် ထွက်ခွာ လာသည်။ နေ့လယ် ထမင်းစားချိန်သို့ ရောက် သောအခါ ဇောင်းမူနယ်စပ်ဂိတ်နှင့် ၁၅၅ မိုင်ခန့် ကွာဝေးသည့် Tingri မြို့ကလေးသို့ရောက်လာ သည်။ ထမင်းစားရန်အတွက် Xueyu Restaurant အမည်ရှိ တိဗက်ရိုးရာ ထမင်းဆိုင်တစ်ဆိုင် ရှေ့တွင် ကားကို ရပ်ပေးလေသည်။ ကျွန်ုပ်တို့နှစ်ဦး လည်း တခြားခရီးသည်များနည်းတူ ကားပေါ်မှ ဆင်း လိုက်ကြပြီးနောက် ထမင်းဆိုင်အတွင်းသို့ ဝင်လိုက် ကြလေသည်။

Read more...

လွန်လေပြီးသောအခါက တက္ကသိုလ်ကြီး တစ်ခုတွင်၊ တက္ကသိုလ်ကျောင်းတော်သားများ ပညာ သင်ယူလျက်ရှိ၏။ ကျောင်းတော်သားများထဲတွင် မင်း၊ မှူးမတ်၊ စစ်သည်၊ သူကြွယ်တို့၏ သားတော် များ ပါရှိသလို ဆင်းရဲသားတစ်ယောက်လည်း ပါ၏။ အချိန်တန်၍ ပညာပြည့်စုံကြသောအခါ ကျောင်း တော်သားအားလုံးသည် မိမိတို့ တိုင်း၊ နိုင်ငံသို့ ပြန် ရန် စီစဉ်နေကြ၏။ ဤသို့မပြန်မီ ကျောင်းတော်သား များက ပညာသင်ကြားပေးသော ပါမောက္ခကြီးကို တစ်ဦးချင်း၊ တစ်ယောက်ချင်း ဝင်ရောက်နှုတ်ဆက် ၍ ဂါရဝပြုကြ၏။ မင်း၊ မှူးမတ်၊ စစ်သည်နှင့် သူ ကြွယ်သားတော်များက ပါမောက္ခကြီးအတွက် လက် ဆောင်ပဏာ ကိုယ်စီဖြင့် ချီးမြှင့်ပေးအပ်၍ ဂါရဝပြု ကြ၏။ သူဆင်းရဲသားကမူ မည်သို့သောလက်ဆောင် ပဏာမျှ မပါဘဲ -

Read more...

ကျွန်ုပ်သည် အငြိမ်းစားယူပြီးကတည်းက ပင် မိသားစုအရေးကိစ္စတို့တွင် အပူအပင်ကင်းနိုင် သမျှကင်းအောင်နေ၏။ စာဖတ်ခြင်းနှင့် ဘာသာရေး အလုပ်တို့ကိုသာ စိုက်လိုက်မတ်တပ် လုပ်ကိုင်ရင်း ဘဝ၏နေဝင်ချိန်ကို အသင့်ပြင်ဆင်စောင့်ဆိုင်းနေ လေသည်။

စနေ၊ တနင်္ဂနွေများတွင် ရွေတိဂုံဘုရားကြီး ပေါ်သို့ မပျက်မကွက်တက်၏။ ဘုရားကြီး၏ အထက် ပစ္စယံတက်ခွင့်လက်မှတ်လုပ်လျက် နံနက်စောစော ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်းများလည်း လုပ်လေ သည်။

တနင်္ဂနွေတစ်ရက်တွင် ကျွန်ုပ် ဘုရားကြီးမှ ပြန်လာစဉ် လမ်းထိပ်အရောက် လူငယ်များ တပျော် တပါး မဏပ်ထိုးနေသည်ကို တွေ့ရ၏။ ကျွန်ုပ်၏ မိတ်ဆွေတစ်ယောက်၏သားဖြစ်သူ မောင်ငြိမ်းချမ်း ပြည့်စုံဆိုသူ သူငယ်ကလေးက ကျွန်ုပ်အား -

Read more...